Sunday, September 13, 2009

Poverty and premature death still firmly linked

၂၀ရာစုအတွင်း ဆေးပညာ၊ လူမှုရေး၊ နိုင်ငံရေး၊ စသည်တို့ တိုးတက် ပြောင်းလဲလာသော်လည်း ဆင်းရဲမွဲတေမှု နှင့် အသေစောကြရခြင်းတို့၏ ဆက်စပ်မှုမှာ မပြောင်းလဲကြောင်း အင်္ဂလန်တွင် ၁၉၉၀ မှ ၂၀၀၁ ခုနှစ်များ အတွင်း ၆၃၄ ခရိုင်အား လေ့လာရာမှ သိရှိလာရသည်။

သေဆုံးမှုနှုန်းကမူ သိသိသာသာ လျော့ကျခဲ့သည်။ ဥပမာ ၁၉၉၀ ခုနှစ်များက ၅ နှစ်အောက်သေနှုန်း ၃၃% ရှိခဲ့ရာမှ ၁၃% သို့လျော့လာသည်။ လူ့သက်တမ်းလည်း ယောက်ျားများတွင် ၄၆ နှစ်မှ ၇၇ နှစ်၊ အမျိုးသမီးများတွင် ၅၀ နှစ်မှ ၈၁ နှစ်သို့ တိုးတက်လာသည်။

ယခင်က သေဆုံးရသည်မှာ ကူးစက်ရောဂါများ၊ အဆုပ်နှင့်ပတ်သက်သည့် ရောဂါများကြောင့်ဖြစ်ခဲ့ပြီး ယခုမူ ကင်ဆာ၊ နှလုံးရောဂါတို့က လူတွေကို ပို၍သေစေလာသည်။

ဆင်းရဲမွဲတေမှု၏ အဓိပ္ပါယ်အား ဖွင့်ဆိုရာတွင် ယခင်က လူတဦး၏ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံ လိုအပ်ချက်များ မပြည့်စုံခြင်းဟု ယူဆခဲ့ရာမှ ယခုမူ လူတဦး၏၀င်ငွေနှင့် အခြားလူတို့၏၀င်ငွေ ခြားနာခြင်း ဖြစ်သည်ဟု ယူဆလာကြသည်။

သို့ရာတွင် ယင်း ပြောင်းလဲမှုများ ရှိစေကာမူ ဆင်းရဲမွဲတေမှု နှင့် စောစောသေဆုံးကြရခြင်းတို့၏ ဆက်စပ်မှုမှာ မပြောင်းလဲပါ။

Poverty and premature death still firmly linked


Related Posts :



2 comments:

Dr. Yi Yi Win said...

Non communicable disease တွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ စိတ်ရောဂါတွေကလည်း relatively poor တွေမှာ အဖြစ်များတာပါပဲ ဆရာ။ ချမ်းသာတဲ့နိုင်ငံတွေက စခဲ့ပေမယ့် အခုနောက်တော့လည်း သိပ်ချမ်းသာပြီး Health Behavior ကောင်းကောင်းထိမ်းနိုင်တဲ့သူက အသက်ရှည်လာကြတာကိုးနော်။

Anonymous said...

ဟုတ်မှာပါ။ ကျွန်တော်တို့တိုင်းပြည်မှာ သုတေသန ဆိုတာ အင်မတန် နည်းလွန်လွန်း နေသေးတော့ စာရင်းဇယားနဲ့ ပြောဘို့ ခက်တယ်။ လုပ်နိုင်ရင် သိပ်စိတ်ဝင်စားစရာတွေ တွေ့လာမယ်ထင်တယ်။ အကျိုးလဲ ရှိမယ်။

ဥပမာလေး နဲနဲပြောရအုံးမယ်။ ကျွန်တော် ၁၅ နှစ် လုပ်ခဲ့တုံးက သားဦးမိခင် ၃ ယောက်မှာ ၁ ယောက် လောက် နို့နာဖြစ်တာ သတိထားခဲ့တယ်။ ဟော ဒီတိုင်းပြည်မှာ ကလေးမွေးပေးရတာ ၈၇ ယောက် ထဲမယ်၊ သားဦး ၂၆ ယောက်ပါတယ်။ ဘယ်မိခင်မှ နို့နာမဖြစ်ကြပြန်ဘူး။

နောက် ယောက်ျားလေး ကလေးတွေ အထဲတုံးက ဆီးအိမ်ကျောက်ကို ခဏခဏ တွေ့ရ-ခွဲရဘူတာ။ ဟော အခု တယောက်မှ မတွေ့ဘူး။

အူကျ-မုတ္တ အထဲတုံးက ပေါမှပေါ။ ဒီမှာ ရှားပြန်ရော။ ချင်းလူမျိုးတွေဖြစ်လို့လား မသိဘူး။ သုတေသန စစ်တမ်းလို့တော့ မပြောနိုင်ဘူးပေါ့နော်။

ကူးစက်ရောဂါ ဆိုတာတွေကတော့ များတာ မဆန်းဘူးပေါ့လေ။ ဒုက္ခသည်ဖြစ်ကြပေမဲ့ သွေးတိုး ပေါသလား မမေးနဲ့။ နှလုံးကတော့ နည်းတယ်။ ခက်ပြန်တာက ချင်းတွေဟာ ဗမာတွေလောက် ဆား-ငါးပိ-ဆီစားတာ နည်းတယ်။