Saturday, September 26, 2009

အမျိုးသမီးဆရာဝန်များသည် အမျိုးသားများထက် စိတ်ချရသည်။ ပို၍သတိကြီးကြသည်။ အကြင်နာလည်းပိုကြသည်။


၂၂-၉-၀၉ နေ့က အင်္ဂလန်မှာ ထုတ်ပြန် လိုက်တဲ့ သုတေသန စစ်တမ်းအရ “အမျိုးသမီး ဆရာဝန်များသည် အမျိုးသား ဆရာဝန်များထက် စိတ်ချရပြီး၊ အလုပ် ထုတ်ပြစ်ခံရခြင်းလည်း နည်းသည်။”ဟု ဆိုပါသည်။ ဒါတွင်မက “အမျိုးသမီး ဂျီပီ ဆရာဝန်၊ ဆေးရုံဆရာဝန်၊ သွားဆရာဝန်များသည် စုံစမ်း စစ်ဆေးခံရမှုမှာလည်း နည်းပါကြသည်။”လို့ ပါရှိပါတယ်။

၂၀၀၁ ကနေ ၂၀၀၉ ခုနှစ်များအတွင်း အမျိုးသားဆရာဝန်ပေါင်း ၃၆၈၅ ဦးဟာ အလုပ်ဝတ္တရားပိတာကို ကျော်လွှား နိုင်စွမ်းနဲ့ အရည်အချင်း ပြည့်ဝမှုအတွက် အမျိုးသားဆေးဘက်ဆိုင်ရာ ဆန်းစစ်ရေးဌာနကို စစ်ဆေးခံဘို့ ပို့လွှတ် ခံခဲ့ကြရပါသတဲ့။ အဲဒီကာလအတွင်းမှာ အမျိုးသမီး ဆရာဝန်ပေါင်း ၈၇၃ ဦးသာ အဲလို စေလွှတ်တာ ခံခဲ့ကြရပါတယ်။ အလုပ်လုပ်နေသူ စုစုပေါင်းရဲ့ ၄၀% ဟာ အမျိုးသမီး ဆရာဝန်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အလုပ်တာဝန်ကနေ ထုတ်ပယ်ခံရသူ အရေအတွက်မှာလည်း ဒီအတိုင်းဘဲလို့ ဆိုပါတယ်။ ဥပမာ ထုတ်ပယ်ခံရတဲ့ ဂျီပီ အမျိုးသား ဆရာဝန် အရေအတွက်က ၂၀၀ ဦးရှိပေမဲ့ ၂၉ ဦးသာ အမျိုးသမီး ဆရာဝန်တွေ ဖြစ်ကြတယ်။ လူနာကို မကြည့်တော့ဘို့ တားမြစ်ခံရတဲ့ အမျိုးသား ဆေးရုံဆရာဝန် ၂၉၀ ရှိပေမဲ့၊ အမျိုးသမီး ဆရာဝန်က ၅၀ ဦးသာ အဲလို အတားခံရပါတယ်။

“အမျိုးသမီး ဆရာဝန်များဟာ အမျိုးသား ဆရာဝန်များထက် ပိုတော်ကြတယ်လို့ မဆိုချင်ပေမဲ့ ပြုစုယုယမှု (ဂရုစိုက်မှု) ကတော့ ပိုကြတယ်လေ။ လူနာကို ဦးစားပေတာမှာလဲ သာကြတယ်။” လို့ သုတေသန လက်ထောက် ဒါရိုက်တာ (အမျိုးသမီး)က ပြောလိုက်ပါသေးတယ်။

Bravo Lady Doctors!

Dr. တင့်ဆွေ


Related Posts :



6 comments:

Sai Wai Aung said...

အမျိုးသားဆရာဝန်က အိမ်ကမိန်းမနဲ့ အဆင်ပြေလာမှ အလုပ်ပေါ်မှာ စိတ်ဖြောင့်လက်ဖြောင့် စိတ်ပါလက်ပါ လုပ်လို့ရတဲ့ သဘော ၊ အဆင်ပြေမလာရင် ရုပ်နဲ့နာမ် ကွဲလို့ လွတ်လွတ်နေပြီး တလွဲတွေ လုပ်မိတာ လဲ ဖြစ်နိုင်တာပဲ ။အမျိုးသမီး အများစုကတော့ အဲလို မဖြစ်ကြဘူးကိုးဗျ။ မှန်ချင်မှ မှန်မှာပါ။ ကျွန်တော်ထင်တာ ပြောကြည့်တာ။

Nge Naing said...

ဒေါက်တာ စိုင်းဝေအောင် ပြောတာမှန်ရင်တော့ အဲသည်လို အိမ်ကပါလာတဲ့ မိမိရဲ့ Stress, တွေ Emotion တွေကို အလုပ်ကို သယ်လာတယ် ဆိုကတည်းက အဲဒါဟာ Professional တယောက်မှာ မရှိသင့်တဲ့ ပျော့ညံ့မှုတခုလို့ ယူဆလို့ ရပါတယ်။ Professional တယောက်မှာ ခံစားမှု မရှိရဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် Professional တယောက်ဟာ ကိုယ်ခံစားရတဲ့ ခံစားမှုကို အလုပ်နဲ့ မရောထွေးမိအောင် အလုပ်က လူတွေနဲ့ ဆက်ဆံရာမှာ Emotional intelligence ဆိုတာ ရှိဖို့လိုပါတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ အိမ်တွင်းရေး စိတ်ဖိစီးမှုဟာ ကိုယ့်ပြဿနာသာ ဖြစ်ပြီး လူနာတွေ Client တွေနဲ့ ဘာမှမဆိုင်တဲ့အတွက် အဲဒီရဲ့ သက်ရောက်မှုကို သူတို့ဆီ မကူးစက် မထိခိုက်အောင် ထိန်းသိမ်းဖို့ ကိုယ့်မှာ တာဝန်ရှိပါတယ်။ (တက္ကသိုလ်က အွန်လိုင်း forum မှာ ဆွေးနွေးနေကျ အကြောင်းအရာတွေနဲ့ ဆင်တူတာ ကြုံလို့ ဆွေးနွေးတာပါ)။

Dr. Yi Yi Win said...

နောက်တစ်ခါဆိုရင် လူပျိုလူလွတ်ဆရာဝန်တွေ၊ အပျိုဆရာဝန်မတွေနဲ့ study လုပ်ကြည့်ဦးမှထင်တယ်နော်:D
ယောက်ျားလေးတွေကတော့ အပြုစုခံ၊ အယုယခံဘ၀မှာနေသားကျလာတော့ သူတို့ ကိုယ်တိုင်က စက်ရုပ်တွေလို၊ စစ်သားတွေလိုပဲ ဦးနှောက်ခိုင်းတာလုပ်ရုံလောက်ပဲ heart ကိုသုံးတာသိပ်အလေ့အထမရှိကြဘူးလေ(အားလုံးမဟုတ်ပါ)။ ဘာပဲဖြစ်ဖြစ် အိမ်သူနဲ့ စိတ်ဆိုးလာတဲ့ Pilot မောင်းတဲ့ လေယာဉ်ကြီ်းတော့ မစီးရဲဘူး(သိရင်ပြောပါတယ်)။

Anonymous said...

ကျွန်တော်ထင်တာကတော့ ပြဿနာအတက်ဆုံးဆရာဝန်တွေက surgeon တွေဗျ။ သူတို့ဆီမှာ surgeon တွေက တခြား speciality ထက်စာ၇င် တကယ့်ကို stress များပါတယ်။ သူတို့အများစုက အမျိုးသားတွေ ဖြစ်တတ်ပြီး surgeon တွေ လုပ်ချင်သလို လုပ်ကြတယ်ဆိုတာ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ တိုက်ခိုက်တာ မဟုတ်ပေမယ့် တရားစွဲခံရတဲ့ ဆရာဝန်တွေထဲမှာ အရိုးဆရာဝန်တွေက အများဆုံးပါ။ အဲဒီတော့ အရည်အတွက် က စကားပြောသွားတယ်ထင်ပါတယ်။
ဒီကိစ္စမျိုးကတော့ research လုပ်ပြီး general idea ယူလို့ရတဲ့ ကိစ္စ မဟုတ်ဘူးထင်ပါတယ်။ တော်ကြာ လူနာတွေက male ဆရာဝန်ဆိုရင် အစမ်းသပ်မခံဘဲနေကြရင် ဘယ်လိုလုပ်ကြမလဲ။

Anonymous said...

Dear Sayar Ziwaka
အခုတင်ထားတာက သုတေသနစစ်တမ်း ဖြစ်ပါတယ်။ ဗြိတိန်မှာပါ။ ဆရာပြောတာ သဘောမတူစရာ မရှိပါ။ ကျွန်တော့်အထင်တော့ သူ့နေရာနဲ့သူ တော်ကြပါတယ်။

ဆရာရေးတာ ထင်တဲ့ အောက်ပါ စာ ၃ ပုဒ်ကို ကနေ့ တယောက်ယောက်က ပို့တာနဲ့ ကျွန်တော့် ဆိုက်မှာ တင်လိုက်ပါတယ်။
၁။ ဆေးလိပ်ဖြတ် လိုပါသလား
၂။ မျက်စိ အင်အား ကောင်းစေရန်
၃။ သင့် မျက်လုံးကို သနားရင်
http://dts-medicaleducation.blogspot.com/

Unknown said...

အင်း..အင်္ဂလန်က research ကိုတော့ မဝေဖန်လိုပါဘူး။ လက်ရှိမှာတော့ Mdy, Yng က HS တွေမှာ လုပ်ရဲကိုင်ရဲရှိမှုမှာတော့ ယောက်ျားလေးတွေက များဦးဆောင်နေသလိုဘဲ။ ဘယ်သူ လုပ်ပေးနိုင်မလဲ။ အဖြေထွက်လာရင် ပိုပြောလို့ဆိုလို့ကောင်းတာပေါ့။ သတိရလို့ပြောဦးမယ်.. မလုပ်.မရှုပ်.မပြုတ် ဆိုတာတော့ ၀န်ထမ်းလောကမှာပြောပြောကြတာရှိတယ်
smartbug946@gmail.com