Sunday, September 27, 2009

အယူအဆ အလွဲများ


ပြီးခဲ့တဲ့ ပို့စ်မှာ လာမေးထားတဲ့ မေးခွန်းကလေးကြောင့် ဒီ အဖြစ်အပျက်ကလေးကို ကျွန်မ ပြန်သတိရသွားမိတာပါ။
ကျွန်မတို့ လူတွေကို အသိပညာပေးဖို့ ဘယ်လောက် လိုအပ်နေသေးသလဲ၊
သူ့တို့ရဲ့ အစွဲအလမ်းတွေ၊ အယူမှားတွေကို နားလည်အောင် ဖော်ထုတ်ဖို့ ဘယ်လောက် လိုသေးသလဲ ဆိုတာ သိသာထင်ရှားပါတယ်။
အသိပညာပေးတဲ့ အခါ ကိုယ် ပြောချင်တာချည်းပဲ ပြောနေလို့ မရပါဘူး။
သူတို့ ဘာတွေ ယုံကြည်ထားတယ်ဆိုတာကို သိမှ လိုအပ်ချက်တွေကို ပြောပြပေးနိုင်မှာ။



ဒီအဖြစ်အပျက်ကလေးကို ဘာသာပြန်ပေးချင်ပေမယ့် အားထုတ်ပြီး မရေးနိုင်တဲ့ ကာလမို့ ဒါလေးကိုပဲ ကြိုးစားပြီး ဖတ်ကြပါလို့။
link ကို ၀င်လို့ မရတဲ့ သူတွေပါ ဖတ်လို့ ရအောင် ဒီမှာ ကူးပြီး တင်ပေးလိုက်ပါတယ်။

AIDS Myth Fuels South Africa's Child-Rape Scourge
November 6, 2001

South Africa is in shock over a surge in the rape of children and even babies -- fueled, activists say, by the myth that sex with a virgin will protect a man against AIDS. On Monday, 3,000 demonstrators outside the courthouse in Upington demanded the reinstatement of the death penalty for six men accused of raping a 9-month-old girl. "South Africa has reached a new low . . . it's one of many," said Kelly Hatfield, director of People Opposed to Women Abuse.
"A lot of it has to do with the myth that a man will be cured of AIDS by having sex with a virgin, and how much more virginal can you get than a baby?" Hatfield asked. Rather than decreasing with AIDS education, the myth has taken hold in South Africa, which already has the world's highest incidence of rape. Police statistics reveal that 21,000 cases of child rape or assault were reported last year. Most of the crimes were committed by male relatives of the victims.

Three days before the 9-month-old was attacked last week, a 3-year-old was raped, allegedly by her grandfather. In the same week, a 14-month-old was assaulted by two uncles. With one South African in nine living with HIV/AIDS, such attacks are often a death sentence for the victims, said Glenys van Halter of South Africa Stop Child Abuse. She said that while the AIDS myth is driving the rapes, unemployment, poverty and alcoholism are also factors.

Hatfield said that in South Africa, whose constitution is billed as one of the world's most liberal, progressive laws are often at odds with reality. "South Africa has a history of violence, we communicate through violence, and it will be a long time before we move away from that," she said.


Related Posts :



8 comments:

Dr. Yi Yi Win said...

“ဆေးဝါးတွေလည်း ပေါ
ကြွယ်ဝနေပြီး ဒါကိုအရေးကြီးတဲ့ကိစ္စလို့တောင် မသတ်
မှတ်ကြတော့ပါဘူး။” ဆိုတဲ့ အယူမှားလေးလည်း အားရင်ရှင်းပြပေးလိုက်ပါဦး Tune ရေ။ AIDS ကြောင့်မြန်မြန် အသက်မဆုံးရသေးအောင် ထိမ်းပေးထားရုံတတ်နိုင်တဲ့ဆေးတွေဘယ်လောက်ဈေးကြီးတယ်ဆိုတာလေ။ ရေးထားပြီးသားရှိရင်လည်း ပြန်ညွှန်းပေးစေချင်တယ်။ ကျေးဇူး။

tune said...

ဟုတ် .. အစ်မ
အဲဒါကို သူတို့ လက်ခံအောင် ဘယ်လို ရှင်းရမလဲ ဆိုတာ စဉ်းစားနေတာ။
တစ်ခုခုကို ယုံကြည်ပြီး ဆုတ်ထားရင် အဲဒါကို မဟုတ်ဘူး ပြောလဲ ရုတ်တရက် လက်ခံဖို့က ခက်တတ်ကြတယ်လေ။
အချက်အလက်တွေကလဲ လိုက်ရှာပြီး မရေးပေးနိုင်သေးဘူးဆိုတော့ တစ်ယောက်ယောက် ရေးပေးမလားလို့ စောင့်နေတာ။
အခုအချိန်အထိလဲ အပျိုစင်နဲ့ အိပ်ရင် ကာလသား မပျောက်ဘူး၊ အိတ်ခ်ျအိုင်ဗွီ မပျောက်ဘူး ဘယ်လို ပြောပြော ယုံတဲ့ သူတွေက ယုံတုန်း၊ အဲဒါကို ကျင့်သုံးတုန်း။
အိတ်ခ်ျအိုင်ဗွီပိုးက ကိုယ် မရှိရင်ရော ကိုယ် အကူးခံမှာလားဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးကပဲ စပြောရမယ် ထင်တယ်။
ပိုး ရှိပြီး အေအာတီနဲ့ ထိန်းမယ် ဆိုတောင် အေအာတီက လူတိုင်း လက်လှမ်း မမီတာ။
ပြီးတော့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလဲ အများကြီး၊
ပိုးက ကိုယ့်ဆဲလ်ထဲမှာ နေတော့ သူတို့ကို သတ်တိုင်း ကိုယ်ပါ လိုက်သေရတဲ့ အဖြစ်မျိုး။
အဲဒါတွေကို အသေးစိတ် ရှင်းမှ ရမယ် ထင်တယ်။
ပြီးတော့ တခြားနိုင်ငံတွေမှာ ဒါကို အရမ်းကို အရေးကြီးတဲ့ ကိစ္စလို့ သတ်မှတ်နေကြတုန်း။
အင်း .. အဲဒီလောက်နဲ့ သဘောမပေါက်ဘူး ထင်တယ်။
ကျွန်မတို့ အများကြီး အလုပ်တွေ လုပ်ဖို့ လိုနေသေးတယ်ဆိုတာ ဒီမေးခွန်းက ပြတယ်လို့ ထင်တယ်။
ဒီမေးခွန်းရဲ့ နောက်ကွယ်မှာ သူ့လို ထင်နေတဲ့သူတွေ ဘယ်လောက်များနေဦးမယ် မသိနိုင်ဘူး။

Anonymous said...

ကျွန်တော်တို့နိုင်ငံသူ မိန်းကလေးငယ်များလဲ ထိုင်းမှာ ဒီစီးပွါးရေးလုပ်ငန်းကြီးရဲ့ ဓားစာခံတွေဖြစ်နေကြတယ်။ အပျိုစစ်စစ်က ဘတ် ၁၅၀၀၀ ပေါက်သတဲ့။ အခု ၅၀၀၀ တန် ထုတ်လိုက်ရင် ဈေးတက်ချင် တက်မှာပေါ့။ ဒါတောင် နယ်စပ်မှာတဲ့။ သူတို့ ကြော်ညာကြတာကတော့ နုပျိုစေတယ်ဆိုဘဲ။

ပပျောက်ရေး လုပ်ဘို့ဆိုတာ အဖက်ဖက်က လုပ်ရလိမ့်မယ်။ ဒီလို (ဘလော့ခ်)ပညာပေးနဲ့ မရဘူး။ အဖက်ဖက်ထဲမှာ မိဘတွေလဲ ပါနေပြန်တယ်။ မိဘဆိုတာ ကိုယ့်သမီးနုနုထွတ်ထွတ်ကလေး ဆိုတဲ့ ချစ်စိတ်တော့ ရှိကြမှာပါဘဲ။ ဒီထက် အားပြင်းတဲ့ တွန်းပို့မှုကြီးက စီးပွါးရေး။ စီးပွါးရေးရဲ့ ဇစ်မြစ်က သိတဲ့အတိုင်းပါဘဲ။

၁၃-၄ နှစ်သမီးကနေ စရောက်ရတဲ့ အသက်မွေးမှုကနေ ရောဂါပေါင်းစုံကို ဖိတ်ခေါ်တာမို့ တိုင်းပြည်မှာ မိအေး ၂ ခါမက နာရတယ်။

ငါတို့ ဘာလုပ်နိုင်သလဲ။ Crime ပါဘဲ။ Crime against humanity ထဲမှာ မပါဘူးထင်တယ်။

Anonymous said...
This comment has been removed by the author.
tune said...

ယူတာက ကိုယ့်အန္တရာယ်ကို သေသေချာချာ နားလည် သဘောပေါက်ပြီး ဘယ်လို ကာကွယ် ရမယ် ဆိုတာ သိရင် ယူလို့ရပါတယ်။
ညာပြီး ယူတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။
နှစ်ယောက်စလုံး သေသေချာချာ နားလည်ကျွမ်းကျင်တဲ့သူနဲ့ counseling လုပ်ပြီးမှ ယူသင့်တယ်။
ကွန်ဒုံးကတော့ သုံးမှ ဖြစ်မယ်။
ပိုးရှိတဲ့ သူ အချင်းချင်း ယူရင်တောင် ကွန်ဒုံး သုံးသင့်တယ်။
တစ်ယောက်ကို တစ်ယောက် ပိုဆိုးအောင် လုပ်မိနိုင်တယ်လို့ နားလည်ထား။
အရမ်း အလုပ်များနေလို့ သေသေချာချာ မဖြေနိုင်သေးဘူး။
အဲဒီအတွက် ပို့စ်တစ်ခု ရေးပေးဖို့ စဉ်းစားထားပါတယ်။

Anonymous said...
This comment has been removed by the author.
Anonymous said...

Sometimes, the world is meant to be in chaos. There are many things that we do not fully understand why they are happening and how they are happening. All we can do is to reduce these chaos into acceptable minimal level. Raping a yound child is nothing compared with killing hundreds of people for one's own justified cause. I think people are just naturally self destructive and we have to suppress our innate tendency.

Dr.Nay Oo (Burma) said...

အေအိုင်ဒီအက်စ်ရောဂါနှင့် ပတ်သက်သော အာဖရိကမှ အယူလွဲမှားမူ

ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ထောက်ခံ၊တင်ပြလိုက်ပါတယ်။ ဗမာလို ပြောလေ့ရှိတဲ့ မယုံရင်ပုံပြင် မှတ် ဆိုပေမဲ့ ဒီမှာ မြင်တွေ့မိတာတွေ ကတော့ ပုံပြင်ဆိုရင်တောင် မယုံချင်စရာ ပုံပြင်တွေပါပဲ။ ကျွန်တော် ရောက်ရှိအလုပ်လုပ်နေတာက တောင်အာဖရိကနိုင်ငံ နယ်နမိတ်အတွင်းမှာ ကွက် ကွက်လေး တည်ရှိနေပြီး သီးသန့်လွတ်လပ် တဲ့ နိုင်ငံငယ်လေး “လီဆိုသို” ပါ။
ကိုယ်က သွားဖက်ဆိုင်ရာဆရာဝန်မို့ ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ပေမဲ့ ဆေးရုံမှာ အတူလုပ်ကိုင်နေရင်း အမြဲတွေ့နေမိတာကတော့၊ အလွန်များပြားတဲ့ ကိုယ်ထိလက်ရောက်တိုက်ခိုက်ခံရမှုတွေနဲ့ အတင်းအဓမ္မ ပြုကျင့်ခံရမှုတွေပါ။ ဒါကြောင့် မကြာခဏပဲ၊ လူစိတ်ရှိတဲ့ လူတွေမှ ဟုတ်ပါလေစ လို့ထင်မိပါတယ်။
အဓမ္မပြုကျင့်ခံရမှုနဲ့ ပါတ်သက်ရင် အသက် အငယ်ဆုံး ၉လသမီး ကနေ အသက်အကြီးဆုံး ၇၈ နှစ် အထိ တွေ့ခဲ့ ဖူးပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့သူကို ဆေးစစ်၊သုတ်ပိုးရှိ၊ မရှိစစ်ဆေးနေတာလဲ နေ့စဉ်လိုတွေ့နေရတယ်။ ဒါတောင် လူဦးရေက ၁.ဂသန်းကျော်လောက်နဲ့ ကယားပြည်နယ်လောက်ပဲ ကျယ်တဲ့နိုင်ငံလေးမှာပါ။
အဲဒီ၉လသမီးလေး ပြုကျင့်ခံရတာဟာ ဒီပို့စ်မှာ ရေးထားသလို လွဲမှားတဲ့အယူအဆကြောင့် အဖိုးဖြစ်သူ က သူ့မှာအေအိုင်ဒီအက်စ်ရောဂါ ဖြစ်နေလို့ ပျောက်ကင်း ချင်လို့ ပြုကျင့်တာပါ။ အရွယ်ငယ်တဲ့ အသက်၅နှစ် အောက် ကလေးသူငယ်တွေ အဓမ္မပြုကျင့်ခံရမှု တွေမှာ အေအိုင်ဒီအက်စ်ရောဂါ ပျောက်ချင်လို့ ပြုကျင့်တာလို့ တွေ့ရတာများပါတယ်။ အများစုဟာလဲ သွေးသား တော်စပ်နေတာတွေ့ရပါတယ်။ ကိုယ့်ရောဂါ ပျောက်မယ် ထင်လို့ သွေးသားအရင်းချာကို ဒီလိုပြုကျင့်တယ်ဆိုတာ ဘယ်လိုမှစဉ်းစားနားလည်လို့ မရနိုင်ပါဘူး။
ကျန်းမာရေး အသိပညာပေးမှုနည်းပါးတယ်လို့တော့ မထင်လိုက်နဲ့နော်။ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ နိုင်ငံအလိုက် လာရောက်ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းမျိုးစုံ အကုန်လောက် ရှိသလို၊ တကယ်လဲ လုပ်ကိုင်ပေးနေပါတယ်။
ဝေဒနာသည်တွေအတွက်အေအာရ်တီဆေးဝါးဆိုတာလဲ အခမဲ့ပေးနေနိုင်ပါတယ်။ လွဲမှားတဲ့ အယူအဆတွေ ဖြန့်ဝေနေတဲ့ ပျောက်စေဆရာတွေကိုလည်း ပညာပေးတွေ လုပ်နေတာပါပဲ။ အခုထိတော့ အဲသလို အယူအဆမှားတွေ ရှိနေတုံးပါ။
ကြုံတုန်း ကွန်မင့်န် ပေးထားတဲ့ (ကို) Mg Kyaw ကို ပြောလိုက်ပါရစေ။ အိပ်ခ်ျအိုင်ဗီ ဗိုင်းရစ်ပိုးဟာ မျိုးတူပုံစံကွဲ ရောဂါပိုး အသစ်တွေ အမြောက်အများ ထုတ်နိုင်တဲ့ ပိုးမျိုးပါ။ ဒါကြောင့် အေအာရ်တီဆေးကို ယဉ်ပါးသွားတာ၊ဆေးမတိုးတာလဲ ဖြစ်နိုင်လို့ ကုသမှုကို အစဉ်အမြဲ စေါင့်ကြည့်လေ့လာပြီး လိုအပ်သလို အဆင့်မြင့် ဆေးဝါး တွေ ပေါင်းထည့်၊ ဆေးပြောင်းပေးရတာတွေ လုပ်ပေးရပါတယ်။ ဆေးဝါးတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးကိုလဲ ခံစား ရပါတယ်။ ရောဂါနဲ့ကုသမှုကို ဆေးပြင်းတွေသုံးပြီး ဘဝတလျှောက်လုံး တိုက်ပွဲ ဝင်နေသလို၊ အမြဲမပြတ် စေါင့်ကြည့် စမ်းသပ်၊လိုသလို ကုသ နေရတာမျိုးမို့ ဆေးဝါးအားကိုးနဲ့ အရေးမကြီးဘူးလို့ မှတ်လို့ မဖြစ်နိုင်ပါဘူး။
သူငယ်ချင်းဖြစ်သူဟာ သူ့ချစ်သူနဲ့ လက်ထပ်ပေါင်း
သင်းနိုင်တာ အမှန်ပါ။ ဒါပေမဲ့ Safe Sex အကာ အကွယ်သုံး ပေါင်းသင်းမှုကို တဘဝလုံး ကျင့်သုံးရမှာ ဖြစ်သလို၊ သားသမီးရယူဖို့ တော့ မဖြစ်နိုင်ပါဘူး။ တခြားရောဂါပိုးရှိသူကို လက်ထပ်ရင် ရောဂါပိုးရှိသူချင်းမို့ မထူးဘူးမထင်ပါနဲ့။ ပြောခဲ့သလို အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ဟာ မျိုးတူ ပုံစံကွဲတွေ အများကြီးမို့ တယောက်နဲ့ တယောက်ပုံစံကွဲတွေ အပြန်အလှန် ကူးစက်ပြီး ဆေးဝါးနဲ့ ထိန်းသိမ်းရ ခက်တဲ့မျိုးကွဲတွေ ဖြစ်လာနိုင်တာမို့ ၂ယောက်လုံးအတွက် ဆိုးကျိုးကို ဖြစ်လာစေပါတယ်။
လောကကြီးကို အရွဲ့တိုက်စေချင်တဲ့ ဆန္ဒကိုလည်း ရှင်းပါရစေဗျာ။ ကိုယ့်သူငယ်ချင်းအတွက် ခံပြင်း၊ဝမ်းနည်းရသလို၊ သူငယ်ချင်းလိုခံစားရမယ့်သူတွေ တိုးလားအောင် လုပ်ရာကျမနေဘူးလား။ လူဆိုတာ သေ မျိုးချည်းပါပဲဗျာ။ လောကကြီးကို ဆိုးကျိုးတွေ လုပ်ပြီး သေသွားမလား။ ကိုယ့်ကြောင့် လောကကြီး အနာတရ ဖြစ်မသွားအောင် နေခဲ့မလား။
စဉ်းစားစေချင်တာက အာဖရိကတိုက်က ရောဂါ ပျောက်ချင်လို့ ၉လသမီးမြေးကို အဓမ္မကျင့်တဲ့ သူထက် ပိုဆိုးတဲ့သူ ဖြစ်သွားမှာပေါ့ဗျာ။
အေအိုင်ဒီအက်စ်ရောဂါအကြောင်းပိုမိုလေ့လာ သိရှိ နိုင်ပြီး လောကကြီး နေကောင်းအောင် အကျိုးပြု နိုင်ပါစေ။