Monday, November 9, 2009

ကြွက်နို့ဟု ခေါ်သော Wart ရောဂါ

ကြွက်နို့ဟု ခေါ်သော Wart ရောဂါ

Wart ဆိုတာဘာလဲ ?



ဝါ့တ်ဆိုတာဟာ မြန်မာလို အခေါ်တော့ ကြွက်နို့လို့ ခေါ်ပါတယ် ။ သူက သေးငယ်ပြီး မာကျောတဲ့ အစိ အလုံးလေးတွေ အထူးသဖြင့် လက်တွေ ခြေထောက်တွေမှာ အဖြစ်များလေ့ရှိပြီး တခါတရံမှာတော့ အခြားနေရာတွေမှာ ပါ ဖြစ်လေ့ရှိပါတယ် ။ ကြွက်နို့ဟာ အဖြစ်များလေ့ရှိပြီး အရည်ကြည်ဖုပုံစံ ဒါပေမယ့် အခဲစိလေးတွေ ဖြစ်ပါတယ် ။ အဓိကကတော့ ဗိုင်းရပ်စ် ပိုးဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။ ဗိုင်း ရပ်နာမည်ကိုတော့ Human papillomavirus (HPV ) လို့ခေါ်ပါတယ် ။ ရောဂါ ရှိနေသူရဲ့ အရေပြားနဲ့ နီးနီးကပ်ကပ်နေမိရင်ထိမိရင် ကူးစက်တတ်တဲ့ ရောဂါ ဖြစ်ပါတယ် ။ ဒါ့အပြင် ကြွက်နို့ ဖြစ်နေသူရဲ့ လက်သုတ်ပုဝါတွေ အခြား ပစ္စည်းတွေကို သုံး မိရင်လည်း ဖြစ်နိုင်ပါတယ် ။ သူတို့ဟာ လအနည်းငယ်မှာ ပြန်ပျောက်တတ်ပေမယ့် နှစ်ပေါင်း များစွာတိုင်အောင်လည်း ဆက်လက် ဖြစ်နိုင်ပါသေးတယ် ။

ကြွက်နို့ဘာကြောင့် ဖြစ်စေသလဲ ?

ဝါ့တ်ဟာ Human papilloma virus - HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး ကြောင့် ဖြစ်တာဖြစ်ပါတယ် ။ အဲဒီ HPV အမျိုး အစားပေါင်းကလည်း ၁၃၀ လောက် ရှိနေပါသေးတယ် ။ အဖြစ်အများဆုံးကတော့ type 1 , type 2 နဲ့ type 3 တို့ ပဲဖြစ်ပါတယ် ။

Type 1 ကတော့ ခြေဖ၀ါးတွေ လက်ဖ၀ါးတွေမှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့ပဲ ဖြစ်ပါတယ် ။
Type 2 ကတော့ ကြွက်နို့အမျိုးမျိုး အထူးသဖြင့် မျက်ခွံတွေပေါ်မှာ အသားပိုဖုလေးတွေအနေနဲ့ ထွက်ပေါ်လာ တတ်တဲ့ Filiform warts , နဲ့ mosaic plantar warts တွေပဲဖြစ်ပါတယ် ။
Type 3 ကတော့ ပြင်ညီကြွက်နို့plane warts တွေဖြစ်ပြီးသူတို့ကို ကြွက်နို့ပြား flat warts လို့ အသိများပါတယ် ။

စအိုဝနဲ့ မျိုးပွားလမ်းကြောင်းမှာ ဖြစ်လေ့ရှိတဲ့ ကြွက်နို့တွေကတော့ type 6, 11, 16, 30, 34 , 35 , 39 , 40 စတဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကြောင့် ဖြစ်ပါတယ် ။
Type 6 နဲ့ 11 ကတော့ မျိုးပွားလမ်းကြောင်း ကြွက်နို့ကို ၉၀% ထိ အဖြစ်များစေပါတယ် ။
Type 16 နဲ့ 18 ကတော့ လတ်တလော မှာတော့ သားအိမ်ခေါင်းကင်ဆာ ကို ၇၀% ထိ ဖြစ်ပွားစေပြီး မိန်းမကိုယ် အပြင်အတွင်း ယောက်ျားအင်္ဂါ နဲ့ စအိုကင်ဆာတွေ ကို ဖြစ်ပွားစေပါတယ် ။

ကြွက်နို့ အမျိုးအစားတွေက ဘာတွေလဲ ?



သူ့ရဲ့ ပုံသဏ္ဍာန်နဲ့ နေရာပေါ်မူတည်ပြီး အမျိုးအစားပေါင်းမြောက်များစွာ ရှိပါတယ် ။ ဖြစ်ပွားစေတဲ့ ဗိုင်းရပ် အမျိုးအစားပေါ်မူတည်ပြီး တော့လည်း ကွဲပြားပါသေးတယ် ။ အဲဒီထဲကမှ

၁ ။ အဖြစ်များဆုံး ကြွက်နို့(Veruca vulgaris ) - ကြမ်းတမ်းတဲ့မျက်နှာ ပြင်ရှိပြီး အသားပြင်ညီမှ အပေါ်ကို မြင့်တတ်နေလေ့ ရှိပြီး အထူးသဖြင့် လက်နဲ့ ဒူးခေါင်းမှာ အဖြစ်များပါတယ် ။
၂ ။ ကြွက်နို့ပြား (Verruca plana) - သေးငယ်ပြီး ချောမွတ်ပြီး ပြားတဲ့ မျက်နှာပြင် ရှိပါတယ် ။ လူ့အရေပြားအရောင်ပဲ ဖြစ်ပြီး အရေအတွက် အများကြီးပေါက်တတ်ပါတယ် ။ အထူးသဖြင့် မျက်နှာတွေ လည်ပင်းတွေ လက်ကောက်ဝတ်တွေ နဲ့ ဒူးခေါင်းတွေမှာ အဖြစ်များပါတယ် ။
၃ ။ မျက်ခမ်းစပ်ကြွက်နို့(Filiform or Digitate wart ) - သူကတော့ လက်ချောင်းပုံစံ အပ်ချည်ပုံစံရှိပြီး မျက်နှာမှာ အထူးသဖြင့် မျက်ခွံအနီး နှုတ်ခမ်းအနီးမှာ ပေါက်လေ့ရှိပါတယ် ။
၎ ။ Plantar wart (verruca , Verruca pedis) - မာကျောပြီး တခါတရံ နာကျင်တဲ့ အလုံး ပုံစံရှိပါတယ် ။ တခါတရံ များပြားတဲ့ အမဲစက်လေးတွေက ကြွက်နို့ အလယ်မှာ ရှိနေတတ် ပါတယ် ။ သူ့ကိုတော့ အဖိခံရတဲ့နေရာ အထူးသဖြင့် ခြေဖနောင့်မှာ သာလျှင် တွေ့ရပါတယ် ။
၅ ။ Mosaic wart - planter wart တွေချည်း စုစည်ထားတဲ့ အစုတစ်ခုဖြစ်ပြီး လက်နဲ့ ခြေဖ၀ါးမှာ အဖြစ် များပါတယ် ။
၆ ။ မျိုးပွားအင်္ဂါ ကြွက်နို့ (venereal wart , Condyloma acuminatum , Berruca acuminata ) - သူကတော့ မျိုးပွားအင်္ဂါမှာသာ တွေ့ရလေ့ ရှိပါတယ် ။

ကြွက်နို့ကို ဘယ်လိုကုမလဲ ?

ကြွက်နို့ဖယ်ရှားတဲ့ ကုသမှုတွေ အများကြီးရှိပါတယ် ။ စမ်းသပ်စစ်ဆေးထားတဲ့ လေ့လာတွေ့ရှိချက်တွေအရ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ စမ်းသပ်မှုတွေမှာ အပေါ်ယံလိမ်းပေးရတဲ့salicylic(ဆယ်လီဆလစ်) acid ပါဝင်တဲ့ ဆေးတွေက အကောင်းဆုံး ဖြစ်ပါတယ် ။ သူက အခြားဆေးတွေနဲ့စာရင် ၇၅% လောက်ကို ပိုကုသမှုနှုန်းကောင်းပါတယ် ။ ဒါ့အပြင် salicylic acid ပေါ်မှာ cryotherapy ပေးခြင်းသို့မဟုတ် ပလာစတာတိပ် (duct tape ) ကပ်ခြင်းကလည်း ပျောက်ကင်းစေနိုင်ပါတယ် ။

အခြားနည်းလမ်းတွေကတော့
၁ ။ podophyllum resin paint လို့ခေါ်တဲ့ လိမ်းဆေးလိမ်းပေးခြင်း
၂ ။ Imiquimod လိမ်းဆေးကတော့ ခန္ဓာ ကိုယ်ရဲ့ ခုခံအားကိုတက်စေပြီး ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်ကို တိုက် ထုတ် ပေးနိုင်ပါတယ် ။ ဒါပေမယ့် US FDA ( အမေရိက ဆေးဝါးနဲ့အစားသောက်ဆိုင်ရာ ခွင့်ပြုချက်)တော့ မရသေးပါဘူး ။ ဈေးလည်းအရမ်းကြီးပါတယ် ။
၃ ။ Cantharidin ဆိုတာကတော့ ပိုးတောင်မာဖြစ်တဲ့ Meloidae အကောင်ကနေ သဘာဝအတိုင်းတွေ့တဲ့ ဓါတုပစ္စည်း ဖြစ်ပါတယ် ။ သူ့ကို podophyllin နဲ့လည်းရောသုံးနိုင်ပြီး သူ့ဘာသာ သီးသန့်လည်း သုံးနိုင်ပါတယ် ။ သူလည်း FDA ထောက်ခံချက်မရသေးပါဘူး ။ ဒါပေမယ့် ကနေဒါနဲ့ အမေရိက အချို့သော ဆေးဝါးဆိုင်တွေမှာ ရနိုင်ပါတယ် ။
၎ ။ Bleomycin ကလည် US FDA မရသေးပါဘူး ။ ထိုးဆေး တစ်ခါ သို့မဟုတ် နှစ်ခါလောက်တော့ ထိုးရပါတယ် ။ ဒါပေမယ့် သူက ခြေချောင်းလက်ချောင်းတွေကို ပုပ်စေပြီး Raynaud ရောဂါကို ဖြစ်စေပါတယ် ။ ဈေးကြီးပြီး USD$ 200-300 လောက်ရှိပါတယ် ။
၅ ။ Salicylic acid ကဲ့သို့ Dinitrochlorobenzene (DNCB) ကလည်း ကြွက်နို့အပေါ်ကို တိုက်ရိုက် လိမ်း ပေးရတာပါ ။ သူကလည်းကောင်းတော့ကောင်းတယ် ဒါပေမယ့် Salicylic acid ထက်ကို သတိထားပြီး သုံးရပါတယ် ။ သူ့ကို Mutagen လို့ခေါ်ပြီး gene တွေကို ပုံပြောင်းသွားစေပါတယ် ။ ခန္ဓာကိုယ်ကို ယားယံရောင်ရမ်း လာစေပြီး ကြွက်နို့ဖြစ်စေတဲ့ဗိုင်းရပ်ကို တိုက်ထုတ်ပစ်တဲ့ နည်းဖြစ်ပါတယ် ။
၆ ။ Fluorouracil ကတော့ ဗိုင်းရပ်ရဲ့ ဒီအန်အေကို ပျက်ဆီးစေပါတယ် ။ သူကတော့စမ်းသပ် တဲ့ကုသမှုတွေမှာ အသုံးများပါတယ် ။ သူ့ကို ကြွက်နို့ပေါ်မှာ တိုက်ရိုက် လိမ်းပေးနိုင်ပါတယ် ။ Planter warts တွေမှာပေါ့ ။ သူက pumic stone နဲ့ တွဲသုံးရပါတယ် ။ ဖြည်းဖြည်းချင်းအလုပ် လုပ်တဲ့အတွက် ပျောက်ကင်းချိန်ကြာပါတယ် ။
၇ ။ Salicylic acid ကတော့ တစ်ကမ္ဘာလုံးမှာ တိုင်းပြည်တိုင်းမှာ အသုံးများနေတဲ့ ကြွက်နို့ကုသတဲ့ဆေး ဖြစ်ပါတယ် ။ သူ့ကို Elorac ဆေးကုမ္ပဏီကနေတင်သွင်းပြီး Durasal ဆိတဲ့ နာမည်နဲ့ ရရှိနိုင်ပါတယ် ။

ပြောပြချင်တဲ့ အချက်တွေ များပြားတဲ့အတွက် အပိုင်း ၂ ကို ဆက်လက် စောင့်မျှော်ပေးကြပါ ။

စာရေးသူ....သက်တန့်ချို(၁၁း၃၅ ည ၈.၁၁.၀၉)

Ref: Wikipedia
:http://thettantcho.blogspot.com


Related Posts :



13 comments:

Nge Naing said...

Contributor တယောက် တိုးလာတာ ၀မ်းသာပါတယ် ဆရာ သက်တန့်ချို။ တဆက်တည်းမှာပဲ C-Box က မေးခွန်းတချို့ကိုလည်း အချိန်ရရင် လိုရင်းတိုရှင်းလေး ဖြေပေးစေချင်ပါတယ်။

မမိုး said...

ကျွန်မ ၈နှစ်သမီးအရွယ်လောက်က လက်ခလယ်မှာ ကြွက်နို့တလုံးပေါက်ဖူးတယ်။ ၃၊၄လလောက်ကြာတဲ့ထိ
မပျောက်တော့ အိမ်နားချင်းတယောက်က ပြောလို့ ကြက်အမြစ်အရေခွံနဲ့
အဲ့ဒီကြွက်နို့ကို ၂မိနစ်လောက်
နာနာလေးပွတ်တိုက်ပေးပြီး
အသက်ခုနှစ်ချက်အောင့် နောက်ပြန်လွှတ်ပစ်လိုက်တာ
နောက်၂ရက်၃ရက်ကြာတော့
ပျောက်သွားတယ်။ သိပ္ပံနည်းကျတော့မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆေးခန်းအလွယ်တကူ မပြနိုင်ခဲ့တုန်းက ဆေးမြီးတိုနဲ့
တပွဲတိုးလုပ်ခဲ့ရတာလေးကို
ပြောပြတာပါ။

ကျော်မင်းနိုင် said...

ကြွက်နို့ဟု ခေါ်သော Wart ရောဂါ ကိုအသုံးပြုသင့်တဲ့ဆေးတွေပါစုံစုံလင်လင် သိတော့ဝမ်းသာမိပါတယ်။ ဒါပေမယ့် ဒေါက်တာသက်တန့်ချိုကို တခုထက်ပြီးမေးချင်မိပါတယ်။ မေးခွင့်ပြုပါ။ ငါးမျက်စိ နဲ့ ကြွက်နို့က ဘယ်လိုကွာတာလည်းမသိဘူး။ အတူတူပဲလား။ ငါးမျက်စိ က ကြွက်နို့ နဲ့ပေါက်တဲ့နေရာချင်းတူနေတယ်။ မင်းနိုင် သူငယ်ချင်းတယောက်က ခြေဖ၀ါးမှာငါးမျက်စိ ပေါက်နေတယ်။ အရမ်းနာတယ်လို့ပြောတယ်။ ဒေါက်တာသက်တန့်ချို သိရင်ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။ ဒေါက်တာသက်တန့်ချို ကျန်းမာချမ်းသာပါစေ......

သက်တန့်ချို said...

ဟုတ်ကဲ့ပါ ကိုကျော်မင်းနိုင်ရေ...ငါးမျက်စိနဲ့ ကြွက်နို့က ဆင်တူပေမယ့် ကြွက်နို့က အခိုင်လိုက် ပေါက်တာများပါတယ် ။ ငါးမျက်စိကတော့ လက်ဖ၀ါး ခြေဖ၀ါး နဲ့ ဖနောင့်တွေမှာ လက်အဆစ်လေးတွေမှာပေါက်လေ့ရှိပါတယ် ။ သူက နာကျင်မှုလည်း ရှိပါတယ် ။ သေချာကြည့်မယ်ဆိုရင် အလယ်မှာ အမည်းစက်လေးတွေ ပါလေ့ရှိပါတယ် ။ ကြွက်နို့ကတော့ စူတက်နေပြီး အခိုင်လိုက်ပြွတ်နေတတ်ပါတယ် ။ 2 ခုလုံးကို surgery လုပ်လို့ရပါတယ် ။ ငါးမျက်စိက ပိုကုရတာလွယ်ပြီး ဆေးပလာစတာ (အလယ်မှာ အနီမှုန့်လေးတွေပါ) ကပ်လည်းရပါတယ် ။ ဒါမှမဟုတ် Salicylic acid ပါတဲ့လိမ်းဆေးတွေကို တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်လိမ်းပေးလည်းရပါတယ် ။ စိတ်ရှည်ဖို့တော့လိုပါတယ် ။ လမ်းလေးက ကြွက်နို့ကုသည်ဘာညာတော့သွားမစမ်းပါနဲ့ ။ ပိုး(infection) ၀င်နိုင်ပါတယ် ။ ခွဲစိတ်မယ်ဆိုရင်တော့ ဆေးခန်းမှာ စနစ်တကျနဲ့ ပိုးသတ်ဆေး (antibiotic)သောက်ပြီးလုပ်တာပိုကောင်းပါတယ် ။

ကျော်မင်းနိုင် said...

ဒေါက်တာသက်တန့်ချို ရဲ့ ကျေးဇူးကြီးပါပေတယ်ခင်ဗျာ။ ဆရာဝန်ကောင်းပီသပါပေတယ်ဗျာ။ ရင်ထဲက လိုက်လိုက်လဲလဲနဲ့ ကိုကျေးးဇူးတင်မိပါတယ်။ ဒေါက်တာသက်တန့်ချို ရှေ့ဆက်ရမယ့်ဘ၀ခရီးသာယာပါစေ.........

nayminnaing said...

ကျနော့်လက်မမှာ ငါးမျက်စိလား ကြွက်နို့လားတော့ မသိဘူး တစ်လုံးပေါက်နေပါတယ်... အရင်ကတော့ သေးသေးလေးပါဘဲ.... နောက်တော့ ကျနော် လက်သည်းညှပ်နဲ့ ညှပ်ထုတ်လိုက်တယ်... ပြန်တက်လာပါတယ်... နောက်တော့ အမြစ်ပါ ပြတ်အောက်ဆိုပြီး အသားပါ ပါအောင် ညှပ်ထုတ်လိုက်တယ်... သွေးတွေထွက်လာတယ်... ဒါပေမဲ့ ပျောက်မသွားဘူး ပြန်တက်လာတယ်.. အရင်ကထက်လည်းကြီးလားတယ်.. ဘယ်လိုကုသရမလဲ ဘယ်လိုပျောက်ကင်းနိုင်မလဲ ဆေးကပ် ဆေးလိမ်းရမယ်ဆို ဆေးညွန်းကို ဘယ်လိုမေးပြီး ၀ယ်လို့ရမလဲဆိုတာ ပြောပေးစေချင်ပါတယ်... ကျေးဇူးတင်ပါတယ် ဒေါက်တာ...

Mone Mone said...

My hubby had a genital wart at his penis and he removed it with his finger nail and a lot of blood came out. After that he made love with me by using condom. After one week, he did not use condom whenever we made love.

Now, as I've got white discharge and I checked with O.G. Pap Smear and Ultra Sound had been made. The result showed CIN1. O.G asked me to check pap Smear after six months or make Biopsy. As I have no time to make Biopsy, I told my OG, I will check by pap smear.
Please advise me should I make biopsy.

Awaiting your advice.

Anonymous said...

Cervical intraepithelial neoplasia (CIN) ကို Cervical dysplasia နဲ့ Cervical interstitial neoplasia လို့လဲခေါ်တယ်။ တချိန်မှာ အဆင်မသင့်ရင် ကင်ဆာကို ပြောင်းချင် ပြောင်းသွားနိုင်တယ်။ Cervix သားအိမ်အဝ မျက်နှာပြင်မှာ Squamous cells (စကွေးမတ်စ်-ဆဲလ်) တွေက ပုံမှန်မဟုတ်ဘဲ ဖြစ်လာတယ်။

CIN ဟာ Cancer မဟုတ်ပါ။ ကုလိုရနိုင်တာ ဖြစ်တယ်။ အများစုဟာ ဒီအဆင့်မှာဘဲ ငြိမ်သက်နေတယ်။ ကိုယ်ပိုင် Immune system ခုခံအားစနစ်ကနေ ရှင်းထုတ်ပြစ်နိုင်တယ်။ ဆေးမလိုဘူး။ ရာနှုန်း နည်းနည်းကတော့ Cervical cancer ဖြစ်သွားနိုင်တယ်။ ဖြစ်ရင် Cervical squamous cell carcinoma (SCC) ခေါ်တယ်။

CIN ဖြစ်ရတဲ့အကြောင်းရင်းကတော့ Chronic infection of the cervix သားအိမ်အဝမှာ ရက်ရှည် (အင်ဖက်ရှင်) ပိုးဝင်လို့ဘဲ။ အတိအကျဆိုရင် လိင်လမ်းကနေကူးစက်တဲ့ Sexually transmitted human papillomavirus (HPV) ဗိုင်းရပ်စ် ဖြစ်တယ်။ အမျိုးအစား HPV types ၁ဝဝ ကျော်ထဲက ၁၆ နဲ့ ၁၈ ကနေဖြစ်တာအများဆုံးဘဲ။ ဆယ်မျိုးမကကနေ CIN cervical dysplasia ကို ဖြစ်စေပြီး ကျန်တာတွေက Warts ကြွက်နို့ဖြစ်စေတယ်။ Pap" smear လုပ်မှသိတယ်။ လူနာက ဘာမှ မခံစားရဘူး။ လိုအပ်သူတွေကို တခြားစစ်ဆေးနည်းတွေဆက်လုပ်တယ်။ Colposcopy of the cervix နဲ့ Biopsy တွေလုပ်နိုင်တယ်။

CIN ကို 1, 2, 3 အဆင့်တွေ ခွဲထားတယ်။ အမေရိကားမှာ ၂ သိန်းခွဲကနေ ၁ သန်းလောက်အထိ CIN ရှိနေနိုင်တယ်လို့ ခန့်မှန်းတယ်။

HPV 16, 18, 31, or 45 အမျိုးအစားတွေ ကူးစက်ခံရရင်၊ ယောက်ျားဖေါ် များရင်၊ ဆေးလိပ်သောက်သူဖြစ်ရင်၊ HIV ပါရှိနေရင်၊ အသက်ငယ်ငယ်နဲ့ ကလေးမွေးဘူးရင် ပိုဖြစ်နိုင်ခြေများတယ်။
CIN-1 ရှိပြီး ဆေးမကုဘဲနေသူထဲက ၇ဝ-၉ဝ%ဟာ ၂ နှစ်နေရင် ပျောက်သွားမယ်။ CIN 2 ရှိသူ ၅ဝ% ဟာ ၂ နှစ်နေရင် ပျောက်သွားမယ်။

အဆင့်နောက်ပိုင်းရှိနေသူတွေကို Cryocautery, Electrocautery, Laser cautery, Loop electrical excision procedure (LEEP), Cervical conization နည်းတွေသုံးပြီး ကုသတယ်။
ပြန်ဖြစ်နိုင်တာလဲ ၂ဝ% ရှိတယ်။

Dr. တင့်ဆွေ
၇-၁၂-၂ဝ၁၁

Mone Mone said...

Thanks for your advice, Saya.

Colposcopy နဲ့သားအိမ်ထဲကိုတော့စစ်ဆေးပြီးပါပြီ။ သားအိမ်အထူလည်းကောင်းပါတယ်၊ ကလေးမမွေးဘူးလို့  အလုံးသေးသေးလေး၃ ခုရှိတယ်။ လို.ပြောပါတယ်။ ကျွန်မရဲ့ အမျိုးသားက ကိုယ်တိုင်ဆမ ရထားသူဆရာဝန်ဖြစ်ပေမဲ့ငယ်စဉ်က အရမ်းပွေခဲ့သူဖြစ်လို့ ဆစ်ဖလစ်(2)ကြိမ်ကုသခဲ့ရ ဘူးကြောင်းသိရတဲ့အပြင်၊ ကာမဆက်ဆံပြီးချိန် သုတ်လွှတ်တဲ့အခါမှာ သုတ်ရည်နဲ့အတူ သွေး ပါတတ်တဲ့အတွက် ကျွန်မပိုပြီးစိုးရိမ်မိ ပါတယ်။
ကျွန်မရဲ့ Body Weight က Over 200LB ရှိနေတယ်။ PID နဲ့ Lumber Spondylosis ရှိပြီး ရံဖန်ရံခါခါးနာတတ်လို့ပိုစိတ်ပူမိပါတယ်။

Anonymous said...

Thanks for your advice, Saya.

Colposcopy နဲ့သားအိမ်ထဲကိုတော့စစ်ဆေးပြီးပါပြီ။ သားအိမ်အထူလည်းကောင်းပါတယ်၊ ကလေး မမွေးဘူးလို့  အလုံးသေးသေးလေး၃ ခုရှိတယ်။ လို.ပြောပါတယ်။ ကျွန်မရဲ့ အမျိုးသားက ကိုယ်တိုင်ဆမ ရထားသူဆရာဝန်ဖြစ်ပေမဲ့ငယ်စဉ်က အရမ်း ပွေခဲ့သူဖြစ်လို့ ဆစ်ဖလစ်(2)ကြိမ်ကုသခဲ့ရ ဘူးကြောင်းသိရတဲ့အပြင်၊ ကာမဆက်ဆံပြီးချိန် သုတ်လွှတ်တဲ့အခါမှာ သုတ်ရည်နဲ့အတူ သွေး ပါတတ်တဲ့အတွက် ကျွန်မပိုပြီးစိုးရိမ်မိ ပါတယ်။
ကျွန်မရဲ့ Body Weight က Over 200LB ရှိနေတယ်။ PID နဲ့ Lumber Spondylosis ရှိပြီး ရံဖန်ရံခါ ခါးနာတတ်လို့ပိုစိတ်ပူမိပါတယ်။
ဒီမေးခွန်းကို ဒီနေရာမှာ မတွေ့ဘဲ ကျွန်တော့် (အီးမေးလ်) ဆီရောက်လာတယ်။ တိုက်ရိုက်လဲ ဖြေဘ်ု့ (အီးမေးလ်) လိပ်စာ မပါလို့
Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://www.yamunaclinic.org/index.php?option=com_content&view=article&id=452:sperm-color-hematospermia-&catid=34:adult-readings&Itemid=49 မှာ ဖတ်နိုင်ပါတယ်။

Unknown said...
This comment has been removed by the author.
Unknown said...

ဆရာ Dr.Tint Swe နှင့်ဆရာမ သက်တန့်ချို ကျွန်တော် သိချင်တာလေးတစ်ခုမေးချင်လို့ပါ။ Salicyclic acid ပါတဲ့ Durasal ကိုအမျိုးသားစအို နှင့် အမျိုးသမီးအင်္ဂါအတွင်းအပြင်မှာ ကြွက်နို့ဖြစ်ရင်ကော treatment အဖြစ်အသုံးပြုလို့ရပါသလားခင်ဗျား။ဆေးဆိုင်မှာ ဘယ်လိုနာမည်ပြောပြီးဝယ်ရင်ရနိုင်ဘာမလဲ။ မိန်းကလေး နဲ့ ယောကျာ်းလေးtreatment တူတူပါ ဘဲလား။ သေချာလေးသိချင်ပါတယ်။ အပြောအဆိုမှားတာများရှိခဲ့ရင် တောင်းပန်ပါတယ် ခင်ဗျား။

လေးစားစွာဖြင့်

ကိုကျော်စွာ

Ko+Kcalay said...

ဟုတ် ကျေးဇူးပါဗျ
အမျိုးသမီး လိင်အင်္ဂါမာဖြစ်တဲ့ ကြွက်နို့ကို ဖြတ်တောက်ကုသမယ်ဆိုရင် အမြစ်ပြတ်နိုင်ပါသလားဗျ