Friday, July 31, 2009

အဖြူဆင်းခြင်း

အဖြူဆင်းခြင်း (အမျိုးသမီးများ မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း)

အများအားဖြင့် (နော်မယ်) လို့ပြောနိုင်တယ်။ (နော်မယ်)ဆိုတာက ကုသဘို့ မလိုတာကိုဆိုတာပါ။ လစဉ် ရာသီသွေး ဆင်းသလိုဘဲ၊ အမျိုးသမီး ဟော်မုန်းတွေက နေ့စဉ်လိုလို အချိုးအဆ ပြောင်းနေတယ်။ အနဲနဲ့အများ အဖြူ ဒါမှမဟုတ် အရည်လိုမျိုး ဆင်းတယ်-စိုတယ်ဆိုတာ သတိမထားရင်တောင်မှ ရှိနေတယ်။ သားအိမ်အ၀နဲ့ မွေးလမ်းမှာ အရည်ထွက်နိုင်တဲ့ (ဂလင်း)ခေါ် အိပ်တွေရှိလို့၊ သူတို့ကနေ အဟောင်းတွေပျက်စီး အသစ်တွေဖြစ်နေတာ။ အနိစ္စပါဘဲ။

ပုံမှန်အားဖြင့် ဆင်းတာက ကြည်တယ်။ မကြည်ရင် နို့လိုနေတယ်။ ဒါပေမဲ့ အနံ့မရှိဘူး။ အရောင်နဲ့ အပျစ်အချွဲကတော့ ပြောင်းလဲနေတယ်။ လအလယ်လောက်ဆိုရင် များလာမယ်။ တိတိကျကျပြောရရင် အဆ ၃၀ တောင် များလာတယ်။ လအစမှာ ပြစ်ပြီး ဖြူတယ်။ လအယ်မှာ မပြစ်ဘဲ ချွဲမယ်။ ရာသီအပြီးမှာ ညိုမယ်။

နောက်ပြီး ကလေးနို့တိုက်နေတာတို့ ကျား-မ စိတ်ဖြစ်လာချိန်တို့မှာ ပိုဆင်း-ပိုစိုတယ်။

ဂရုစိုက်ရတော့မှာကတော့ အရောင်ပြောင်း အဆင်းများ၊ အနံ့ရှိလာရင်ဖြစ်တယ်။ နောက် ယားမယ်၊ ပူစပ်မယ်ဆိုရင် ဆေးလိုလာပါပြီ။ ပိုးတမျိုးမျိုး ၀င်တာပေါ့၊ (အင်ဖက်ရှင်)ပြောတာ။ ၀င်တဲ့ ပိုးအမျိုးအစားအလိုက် ဆင်းတာတွေမတူဘူး။ ၀ါမယ်။ စိမ်းမယ်။ အဖတ်အဖတ်ဖြစ်မယ်။ ယားမယ်၊ ပူစပ်မယ်။ ဗက်တီးရီးယားတွေသာမက (ရိစ်)တို့ (ဖန်းဂတ်စ်)တို့ကလဲ ၀င်နိုင်တယ်။

အတူနေဖက်မရှိရင် တမျိုး၊ ရှိရင် STD/STI လိင်ကတဆင့် ကူးစက်ရောဂါ တခုခုဖြစ်နိုင်ပြီ။ အဲဒါမျိုးဆိုရင် နှစ်ယောက်လုံးကို တစ်ပြိုင်နက် ဆေးကုရမယ်။ ရာသီချိန်မဟုတ်ဘဲ သွေးပါရောနေရင် ပြဿနာရှိလာပြီး။

ကုတဲ့နေရာမှာ အများအားဖြင့် Metronidazole ပေးလေ့ရှိတယ်။ ဈေးလဲမကြီး၊ ဆေးရှာရလဲလွယ်။ အတော်များများလဲ ပျောက်လို့။ ၁ ခါသောက် ၁ ပြား၊ တနေ့ ၃ ခါ၊ ၅-၇ ရက်ပေးတယ်။ တချို့က ဒီဆေးကိုသိပ်မခံနိုင်ဘူး။ အစားပျက်၊ ပျို့-အန် ဖြစ်တတ်တယ်။ စားချင်စိတ်နဲတာက ဆေးရပ်လိုက်ရင် ပြန်ကောင်းတယ်။ ဆေးက မသောက်မဖြစ်လို့ မှိတ်ကြိတ် သောက်ဘို့ တိုက်တွန်းချင်တယ်။ မွေးလမ်းထဲ ညအချိန် ဆေးပြား ၅-၆ ရက် ထည့်ခိုင်းရတာလဲ ရှိနိုင်တယ်။

ဆောင်းပါမဟုတ်ဘဲ၊ ဖြေတာများသွားတယ်။

Dr. တင့်ဆွေ


Related Posts :



5 comments:

kokochit said...

ပိုးဝင်တဲ့အကြောင်းနဲ့ ပက်သက်ပြီး အသေးစိတ်သိချင်ပါတယ် ဆရာ။
ဘာဖြစ်လို့လဲဆိုတော့ ဟိုတလောက စာထဲမှပြောသလို အဖြူတွေဆင်းတယ်ဆရာ။ နောက် ပူပြီး ယားတယ်။ ၀ါဖန့်ဖန့် အရောင်မျိုးတွေပါ။ ဒါနဲ့ အိမ်မှာရှိတဲ့ ဘန်နိုဘိတ် အန်(န) ကို လိမ်းလိုက်မိတယ် ၃ရက်လောက်။ နောက်တော့ မယားတော့ဘူးဆရာ။ ဒီနေ့ အပေါ့သွားတော့ အနီတွေပါလာတယ်။ ရာသီကလဲလိုသေးတယ်ဆရာ။ ပြီးတော့ တူနေသူတို့ ခွဲနေသူတို့လဲ မရှိပါဘူး။ အဲဒါ ဘာကြောင့်လဲ ဘယ်လိုလုပ်ရမလဲ သိချင်လို့ပါ။ ကြောက်လို့ပါ ပြီးတော့ ရေခြားမြေခြားမှာ တခုခုဖြစ်ရင် ဒုက္ခရောက်မှာ စိုးလို့ပါဆရာ။

Anonymous said...

ဘန်နိုဘိတ် N ဆိုတာ က အရေပြားယားယံတဲ့နေရာမှာ အဓိက သုံးရတာပါ။ မိန်းမကိုယ်ကို တော်ရုံတန်ရုံ မလိမ်းရပါဘူး။ ဆီးထဲမှာ အနီတွေပါတယ်ဆို က သွေးရောင်သန်းတာကို ပြောတာလားခင်ဗျာ။ Betnovate N ကို တစ်ခါ နှစ်ခါလိမ်းလိုက်ရုံနဲ့တော့ ဆီးထဲမှာ သွေးပါစရာအကြောင်းတော့ မရှိပါဘူး။ တကယ်လို့အဖြူထပ်ဆင်းနေသေးတယ်ဆိုရင် မိန်းမကိုယ်ကနေထည့်တဲ့ဆေးရှိတယ်။ Clotrimazole ဆိုတာ ကို သုံးကြည့်ပါ။ ညအိပ်ခါနီး ဆေးတစ်လုံးကို မိန်းမကိုယ်ထဲကို ထည့်ရပါမယ်။ ၃ ည ဆက်တိုက်ပါ။ စုစုပေါင်း ၃ လုံးပေါ့။ ဆီးက နီနေသေးတယ်ဆိုရင် နီးစပ်ရာဆရာဝန်နဲ့ သေသေချာချာပြစေချင်ပါတယ်။ အသေးစိတ်ထပ်မံမေးလိုပါက yemyatko09@gmail.com ကို mail ပို့ပြီးမေးနိုင်ပါတယ်။

sweetpeony said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.