Friday, July 31, 2009

မဖြေရသေးတာများရှိရင် သိချင်ပါတယ်။

ကူဖြေပေးပါအုံးဆိုလို့ အမေးတွေကို လိုက်ရှာနေပါတယ်။ ကနေ့တော့ အချိန်ရတယ်။ နောက် ၃ ရက်လောက် ခရီးသွားရဦးမယ်။
စီဘောက်မှာ လိုက်တော့ ရှာတာ။ အပေါ်ဆုံးတခုတော့ သေခြာမှာဘဲဆိုပြီး ဖြေလိုက်တယ်။ အောက်က အမေးတွေအတွက် အဖြေတွေ ရပြီးပြီလား။ မရသေးရင် ပြောပါခင်ဗျား။ မေးတဲ့လူကို ထပ်မေးနေရတာ သိပ်တော့ မကောင်းဘူးပေါ့။

Dr. တင့်ဆွေ

S.Love: ကွန်ဒုံး ရဲ့ အသုံးဝင်ပုံ၊ အကျိုးပြုပုံ ရှင်းရှင်းလေး ပြောပြပေးပါနော်.. လို့..
su: ခါးနာ၊ ခါးညောင်းတဲ့ အခါမျိုးမှာ အဖြူဆင်းပါတယ်.. ဘာကြောင့်ပါလဲ ဘယ်လို လုပ်သင့်ပါသလဲ..
nyi nyi: သွေးဆုံးပြီးတဲ့ မိန်းမမှာ ယောက်ျားတယောက်နဲ့ ဆက်ဆံလိုစိတ်ပါ ကုန်ခမ်းသွားတာလား ... အဲဒီနောက်မှာ ယောက်ျား အတွက်ရော ဘယ်လိုခံစားမှုကို ပြောင်းလဲစေလဲဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါ ...
miemie: ဆီးသွားလျှင် စီမ်းရွှေစော်နှင့် ဆေးအနံနံသည်မှာ ဘာကြောင့်လဲ သိချင်ပါသည်.... မှတ်ချက် (မည်သည့်ဆေးမှ မသောက်ထါးပါ)
sunflower: ဆီး tester နဲ့ စမ်းတဲ့ result က ကိုယ်ဝန်ဆောင်တွေအတွက် သေချာရဲ့လား သိချင်လို့ပါ။
nyi nyi: မိန်းခလေးတွေရဲ့ရောဂါအကြောင်းပါဆရာ .. အဖြူဆင်းတာ ဘာလို့လဲ သိချင်လို့ပါ ..
baihua: ဒေါက်တာရှင့်-------thyroid နဲ့ပတ်သက်ပြီးလည်ပင်းခွဲပြီးတဲ့နောက်မှာ-----ထုံကျင်တဲ့ဝေဒနာက ဘယ်လောက်ထိဖြစ်မှာလဲရှင့်----အစားအစာအနေနဲ့ကုသမှု ရှိနိုင်မလား----ဆေးက ဘယ်လောက်ထိ သောက်ရမှာလဲ----
ယုယ: ပန်းနာ ရင်ကျပ်ရောဂါ အခံရှိသူ အမျိုသမီး ကိုယ်ဝန်ဆောင်လို့ ရပါသလား။ ကိုယ်ဝန်ဆာင်ရင်ရော မည်သည့် အခက်အခဲမျိုးနှင့် ရင်ဆိုင်ရနိုင်သနည်း။ ကျေးဇူးပြု ပြီး ဖြေကြားပေးစေလိုပါသည်။
ကိုလတ်: HIVရောဂါက သာမန်ရောနေကြလို့ မကူးနိုင်ပေမယ့် သူ့တကိုယ်လုံးမှာ ဖြစ်နေတဲ့ ယားနာနဲ့ညင်းတွေကြတော့ ကူးစက်နိုင်ပါသလား
ko gyi: လူတွေမှာ Stephen Johnson syndrome ဆိုတာဘာကြောင့် ဖြစ်တာပါလဲခင်ဗျာ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်။


Related Posts :



5 comments:

Anonymous said...

ကျမမှာ အသက် ၉နှစ် ၁၀နှစ် လောက်ကတည်းက ခံတွင်းနံ့ဆိုးရောဂါ ခံစားခဲ့ရပါတယ်၊ လူတွေနဲ့စကားပြောမယ်ကြံတိုင်း ပီကေ၀ါးဝါးပြီး ခပ်လှမ်းလှမ်းကနေ ပြောနေခဲ့၇ပါတယ်။ သွားဆရာဝန်၊ နားနှာခေါင်းလည်ချောင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်တွေနဲ့စုံအောင်စစ်ဆေးခဲ့ဘူးပါတယ်၊ ကြံရာမရတဲ့အဆုံး အမေက သွေးသားပြောင်းသွားရင် ပျောက်သွား နိုင်တယ်ဆိုပြီး နယ်ကအသက်ခပ်ကြီးကြီး လူတယောက်နဲ့ အိမ်ထောင်ချပေးပြီး ချက်ချင်းကလေးယူစေပါတယ်။၂နှစ်ခြားပြီး နောက်တယောက်ထပ်ယူခဲ့ပါတယ်။ကျမရောဂါမပျောက်တဲ့အပြင် သားကြီးမှာပါ ဒီရောဂါဆိုးကထပ်ပါလာပြန်တယ်။ ခင်ပွန်းကလဲ ပစ်သွားခဲ့ပါပြီ။ အကြံတခုခုပေးစေချင်ပါတယ်ရှင့်။ ကျောင်းသားဘ၀မှာရော လုပ်ငန်းခွင်မှာပါ လူအများရဲ့ရှောင်ကျဉ်မှု့ကြောင့် တဖြေးဖြေး အသက်ရှင်ချင်စိတ်ပါ ကုန်ခန်းလာရပါပြီရှင့်။

Aye said...

အမည်မသိ အစ်မရေ။ စိတ်ဓာတ်မကျပါနဲ့။ အသက်ရှင်ချင်စိတ်လဲ မကုန်ပါနဲ့။ ဒါ ဒီဘဝမှာ ဖြစ်တဲ့ ကိုယ့်အပြစ် မဟုတ်ပါဘူး။ ဘာလုပ်ရမလဲဆိုတဲ့ နည်းလမ်းတော့ ဆရာဝန်တွေ ဖြေပါလိမ့်မယ်။ ဖတ်ပြီး စာနာလို့ ဝင်အားပေးတာပါ။ စိတ်မညစ်နဲ့နော်။

Aye said...

rape case အကြောင်း စပ်မိလို့ ဆွေးနွေးမိရင်း ဒါမျိုး ကြုံရတဲ့ မိန်းကလေးတွေ ကိုယ်ဝန်ရမလာအောင် လုပ်တဲ့နည်း သိချင်လာလို့ပါ။

မလိုချင်တဲ့ သန္ဒေသားကို ဘာဆေးနဲ့ ဖြေရှင်းလို့ ရနိုင်မလဲ။ မိခင်စိတ် အပြည့်နဲ့ မွေးခိုင်းရမယ်ဆိုပေမယ့် တကယ်ကျ သူ့လူမှုရေးပြဿနာတွေ ပတ်ဝန်းကျင်က ပစ်ပယ်တာတွေကို လိုက်ရှင်းမပေးနိုင်လို့ပါ။

တောရွာတွေ ဆေးခန်းမရှိတဲ့ တောင်ပေါ်တွေမှာဆို ဂျင်းသောက်ခိုင်းတဲ့နည်းက ဖြစ်နိုင်မလား။ ကျေးဇူးတင်ပါတယ်

Anonymous said...

တခုကိုတော့ ရေးတင်လိုက်ပါပြီ။ ကျန်းမာ-ချမ်းသာပါစေ။ DTS

Unknown said...

ုဆရာရှင့်
ရာသီမလာခင် ၅-ရက်လောက်ကစပြီး ညိုမည်းမည်း အရောင် အကျိအချွဲတွေ ဆင်းပါတယ်။ ပုံမှန် အဖြူဆင်း သလောက်ပါပဲ..မများပါ။ အနံ့အသက်ဆိုးရွားခြင်း လည်းမရှိပါ။ နာကျင်ခြင်းလည်းမရှိပါ။ ဒီလိုဖြစ်တာ ၃-၄ လလောက်ပဲ ရှိပါသေး တယ်ရှင့်။ ရာသီလည်း လစဉ် မှန်ပါသည်။ အိမ်ထောင်မရှိ အပျိုစင်ဖြစ်ပါတယ်ရှင့်..အသက်က ၃၀ ပါ။ အရင်က ဒီလိုမဖြစ်ဘူးတဲ့ အတွက် စိုးရိမ်စရာ ရှိ မရှိသိပါရစေရှင့်...