Friday, July 31, 2009

လည်ပင်းခွဲပြီးတဲ့နောက် ထုံကျင်တဲ့ဝေဒနာ

baihua: ဒေါက်တာရှင့်-------thyroid နဲ့ပတ်သက်ပြီးလည်ပင်းခွဲပြီးတဲ့နောက်မှာ-----ထုံကျင်တဲ့ဝေဒနာက ဘယ်လောက်ထိဖြစ်မှာလဲရှင့်----အစားအစာအနေနဲ့ကုသမှု ရှိနိုင်မလား----ဆေးက ဘယ်လောက်ထိ သောက်ရမှာလဲ----

ဆောရီးဘဲ။ လည်ပင်ကြီးခွဲပြီးလို့ဖြစ်ရတဲ့ ထုံတာ ပျောက်သွားဘို့ မဖြစ်နိုင်တော့ပါ။ ခွဲပြီးတာ မကြာသေးရင်တော့ ဖြေးဖြေး ပြန်တိုးတက်လာနိုင်ပါတယ်။

ဒါးနဲ့ခွဲရတယ်ဆိုတာ လည်ပင်းမှ မဟုတ်ပါ၊ ဘယ်နေရာခွဲခွဲ အလှီးဖြတ်ခံရရင် ထိခိုက်ရတယ်။ အရိုး၊ ကြွက်သား၊ အဆီ၊ အရေပြား၊ အမှေးပါး၊ အရွတ်၊ ဒါတွေက အသစ်ပြန်ဖြစ်နိုင်တယ်။ သွေးကြောဆိုရင်တောင် ပြန်ဖြစ်သေးတယ်။ အာရုံကြောခေါ်တဲ့ Nerve ကတော့ ဒါးနဲ့ခွဲတာ မဟုတ်ဘဲ၊ ထိခိုက်မိတာဖြစ်ဖြစ်၊ လေဖြတ်တာဖြစ်ဖြစ်၊ ပြန်ကောင်းဘို့ မဖြစ်နိုင်ပါ။

ဒါ့ကြောင့် ဒါးမသုံးဘဲ ခွဲစိတ်နည်းတွေ အတော်အောင်မြင်လာနေပြီ။ အကြီးအကျယ်လုပ်နေတဲ့ stem cell သုတေသနဆိုတာ အောင်မြင်လာရင် ဖြစ်လာနိုင်ပါတယ်။

ထုံနေတာအတွက် Neurobion ဆေး သောက်ရင် အထောက်အကူပေးပါလိမ့်မယ်။ ခွဲထားတာမကြာသေးရင် ပိုတော့သက်သာလာမှာပါ။ အာဟာရပြည့်တဲ့အစားအစာတွေကလည်း တိုးတက်လာစေနိုင်ပါတယ်။

Dr. တင့်ဆွေ


Related Posts :



1 comment:

ဘကျော် said...

ဒါဆို လေဖြတ်တဲ့ လူနာတွေ ပြန်မကောင်းနိုင်တော့ဘူးလားခင်ဗျာ။

မိတ်ဆွေတွေထဲမှာ လေဖြတ်တာတွေ ရှိပါတယ်။ ကျွန်တော်လဲ ဝတော့ လေဖြတ်မှာ ကြောက်လို့ပါ။