Friday, July 31, 2009

သွေးဆုံးပြီး မိန်းမ-ယောက်ျား

nyi nyi: သွေးဆုံးပြီးတဲ့ မိန်းမမှာ ယောက်ျားတယောက်နဲ့ ဆက်ဆံလိုစိတ်ပါ ကုန်ခမ်းသွားတာလား။ အဲဒီနောက်မှာ ယောက်ျားအတွက်ရော ဘယ်လိုခံစားမှုကို ပြောင်းလဲစေလဲဆိုတာ ကျေးဇူးပြုပြီးဖြေကြားပေးပါ။

သွေးဆုံးပြီးတဲ့ အမျိုးသမီးများမှာ ကလေးမရနိုင်တော့ပါ။ ဆက်ဆံလိုစိတ် ကုန်ခမ်းမသွားပါ။ ယောက်ျားများမှာလဲ အတူတူပါဘဲ။

ဒါပေမဲ့ စိတ်ဆိုတာ သိပ်အရေးကြီးပါတယ်။ “သွေးဆုံးပြီ မလိုတော့ဘူး”လို့ တရားသေ ယူဆသူများအတွက် အဲလိုစိတ် နဲနေပါလိမ့်မယ်။

ဆက်ဆံချင်စိတ်ဆိုတာ စိတ်အလုပ်ဖြစ်ပါတယ်။ အရွယ်ကြောင့်တော့ အနဲအများကွာနိုင်ပေမဲ့ ကုန်သွား-ခမ်းတယ် မရှိပါ။

ပြောကြတာရှိတယ်မဟုတ်လား။ “ယောက်ျားများ ဖွဲတဆုပ် နိုင်နေသ၍ ၄င်းစိတ် မကုန်”တဲ့။

ကနေ့ခေတ်က Genda equality ခေတ် မဟုတ်ပါလား။ အမျိုးသမီးများလဲ ဖွဲနိုင်ပါတယ်။ စိတ်ဆောင်ရင် ဘာမဆို အောင်ပါတယ်။

တနှစ်က အမေရိကားမှာ နာမည်ကျော် (အင်တာဗျူး-ဆီးရိးစ်) တခုမှာ ၇၀ ကျော်အမျိုးသမီးများ သူတို့ထက် ငယ်ရွယ်တဲ့ ယောက်ျားများနဲ့ ဆက်ဆံခြင်းအားဖြင့် ပိုပြီးကျန်းမာပါသတဲ့။

ဒီဘာသာရပ်ကို ကျွန်တော်တို့နိုင်ငံရဲ့လက်ရှိအခြေအနေအရ ဒီထက် ပိုပြော-ပိုရေးရင် မကောင်းနိုင်သေးပါ။ သူများနိုင်ငံတွေမှာတော့ လမ်းဒေါင့်မှာ ဆိုင်းဘုတ်ကြီးထောင်ထားတဲ့ ဆေးခန်းတွေရှိတယ်။ Gas and Sex specialist "လိင်နဲ့လေ အထူးကုသည်" တဲ့။

Dr. တင့်ဆွေ


Related Posts :



4 comments:

Anonymous said...

ဆေးပညာက သွေးဆုံးပြီးသား မိန်းမကို ဟော်မုန်းဆေးတွေ ပေး၊ တခြားသောက်ဆေးတွေ ပေးပြီး ရာဂစိတ် ဆက်ရှိနေအောင် လုပ်လို့ ရပေမယ့် ကြီးတဲ့အသက်ကတော့ ပြန်ငယ်အောင် လုပ်ပေးလို့ မရပါဘူး။ ဒီအခါ အဲဒီအမျိုးသမီးကြီးတွေဟာ ငွေပေးပြီး သားလောက် မောင်လောက်လေးတွေကို အတွဲရှာရတဲ့ ဘဝတွေ ရောက်ကုန်ပါတယ်။

လူကြီးပိုင်း ရောက်လာရင်တော့ သဘာဝတရားက သူ့အချိန်နဲ့သူ ကိုယ့်ဆီက ထွက်ခွာသွားတာတွေ ရှိတတ်တယ်။ ပညာဥာဏ်တို့၊ ရင့်ကျက်မှုတို့၊ စိတ်ထားဖြူစင်မှုတို့က ကိုယ်ထိန်းသိမ်းရင် ထွက်မသွားအောင် ဆွဲလို့ ရပါတယ်။

သွေးသားဆန္ဒက ကိုယ့်မှာ ဒီစိတ်တွေ ဒီအာရုံတွေ ဆက်ရှိနေသရွေ့ ရှိနေဦးမှာပါပဲ။ ဒါပေမယ့် ကိုယ်က ဆန့်ကျင်ဘက်လိင်တွေ ပြစ်မှားချင်စရာ အရွယ်လေးလားဆိုတာ သတိထားဖို့ လိုမယ်ထင်တယ်။ ဒီစိတ်တွေ ဆက်ထကြွအောင် လုပ်ထားတာက အရွယ်က လူကြီးပိုင်း ရောက်နေရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်တတ်ပါတယ်။

Anonymous said...

ကူညီဖြည့်စွက်ရေးပေးတာ ကျေးဇူးတင်ဘို့ ကောင်းပါတယ်။ ယဉ်ကျေးမှုစံတွေ၊ အခြေခံတွေ မတူကြတာကို သတိမပြုဘဲ၊ သူများတွေ ဒီလိုလုပ်နေတာဘဲ ဘာဖြစ်လဲဆိုပြီး အရမ်းအတုခိုးချင်တာတို့၊ အဲလိုမျိုးတွေ ဒို့ဆီမှာ ရှိရမှာပေါ့တို့၊ ဒါ (ရိုက်)ဘဲတို့၊ လူကြီးသူမလို ပြောတဲ့သူတွေဟာ အောက်နေပြီတို့၊ စသဖြင့် ပြောနေကြတာတွေ အတော် ကျယ်ကျယ် လောင်လောင် ဆူဆူပူပူ ရှိတယ်။ သတိပေးရေးသူကို ကျေးဇူးတင်တယ်ဗျာ။ အောက်နေသူအချင်ချင်းပေါ့။

tune said...

ဆွေးနွေးတာလေးကို သဘောကျပေမယ့် ဘာလို့ မိန်းမကိုပဲ ပြောသလဲလို့ အထွန့်တက်ချင် မိတယ်။
ယောက်ျားတွေကျရင် အဆင်ပြေသလား?
နည်းနည်းလောက် ဖောက်ထွက် တွေးပြီး ကျား၊ မနဲ့ ပတ်သက်တဲ့ ယုံကြည်ထားမှုလေးတွေကို ပြန်ဆန်းစစ်ကြည့်ကြစေလိုပါတယ်။

soetint said...

မိန်းမအင်္ဂါ မရှိတာရှိပါသလား