Tuesday, March 3, 2009

How To Cope With Culture Shock ?


ကာလ်ချာရှော့ခ်ကို ရင်ဆိုင်ရန် နည်းလမ်း အချို့


- ပထမဆုံး အနေနဲ့ ကိုယ် ခံစားနေရတာက ကာလ်ချာရှော့ခ်ရဲ့ လက္ခဏာတွေ ဖြစ်တယ်ဆိုတာကို ကိုယ့်ဖာသာကိုယ် သတိပြုမိဖို့ လိုပါတယ်။

ခံစားရလေ့ရှိတဲ့ လက္ခဏာတွေက
- အိမ်လွမ်းတာ
- အထီးကျန်တယ်လို့ ခံစားရတာ
- အလွန်အကျွံ အိပ်တာ၊ (ဒါမှမဟုတ်) ကောင်းကောင်း အိပ်မပျော်တာ
- စိတ်ဓာတ်ကျတာ
- ပင်ပန်းနွမ်းနယ်ပြီး ခွန်အား မရှိတော့သလို ခံစားရတာ
- လူမှုရေး ကိစ္စရပ်တွေကို ရှောင်တာ
- အလွန်အကျွံ စားတာ (ဒါမှမဟုတ်) စားချင်စိတ် မရှိတာ
- ကိုယ်ရောက်နေတဲ့ နေရာဒေသ အပေါ်မှာ အဆိုးမြင်၊ စိတ်တိုမှုတွေ ဖြစ်နေတာ
- စိတ်တိုလွယ်တာ
- ပျို့ချင်၊ အန်ချင်နေတာ
- ခေါင်းကိုက်တာ
စတာတွေ ဖြစ်ပါတယ်။



- နောက်ထပ် နားလည်သင့်တာက ဒီလို ခံစားရတာ ကိုယ် တစ်ယောက်တည်း မဟုတ်ဘူး။ ကိုယ့်လို နေရာဒေသ အသစ်ကို ရွှေ့ပြောင်းတဲ့ သူတွေတိုင်း ခံစားနေရတဲ့ အရာ ဖြစ်တယ်။ ပြီးတော့ ဒီခံစားရမှု အမြဲတမ်း တည်နေမှာ မဟုတ်ဘူး။ အချိန်အတိုင်းအတာ တစ်ခုကို ရောက်တဲ့အခါ ပတ်
ဝန်းကျင် အသစ်နဲ့ နေသားတကျ ဖြစ်လာပြီး ကြုံတွေ့နေရတာတွေကို နှစ်သက် လက်ခံနိုင်လာမယ် ဆိုတာပါပဲ။ ဒီတော့ ဒါဟာ သူများကို ပြောပြလို့ ဖြစ်တဲ့ ကိစ္စတစ်ခု၊ အခြားသူတွေ နားလည်လက်ခံ ပေးနိုင်တဲ့ အရာတစ်ခုဆိုကို သတိပြုမိဖို့ လိုပါတယ်။

- ကိုယ့် မူရင်းဒေသမှာ ကျန်ခဲ့တဲ့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ အားလပ်ချိန် အားလုံးကို အီးမေးလ်ပို့ရင်း ကုန်စေတာ၊ ဂျီတော့ခ် ထဲမှာ ကုန်စေတာ၊ ကိုယ့် မူရင်းဒေသ အကြောင်းတွေကို ဖတ်ရင်း ကုန်စေတာ မျိုးတော့ မဖြစ်သင့်ပါဘူး။

- ကိုယ့်ဒေသက လူတွေနဲ့တင် ဆက်သွယ် မနေဘဲ တခြား နိုင်ငံက သူတွေနဲ့လဲ ကြိုးစားပြီး မိတ်ဆွေ ဖွဲ့ပါ။ ရောက်ရှိရာ ဒေသက သင်ယူမှု အသစ်တွေကို ရရှိဖို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါနိုင်ပါတယ်။

- လေ့ကျင့်ခန်း ပြုလုပ်ပါ။ အဲဒါက ပူပန်မှုတွေကို လျော့ကျစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ခုပါ။

- ကိုယ့်မူရင်းဒေသက အစားအစာမျိုး ၀ယ်ယူ ရရှိနိုင်မယ့် နေရာမျိုးတွေကို ရှာပါ။

- စိတ်ထိုင်ညစ်နေမယ့် အစား အပြင်ထွက်ပြီး တစ်ခုခု လုပ်ပါ။

- ကိုယ့် စိတ်ထဲမှာ မသေမချာ ဖြစ်နေတာတွေ ခံစားနေရတာတွေကို ချရေးပါ။ ချရေးတဲ့ အကျင့်က ကိုယ့်ကိုယ်ကို ပြန်မြင်ဖို့၊ အဲဒီအခြေအနေက ကျော်လွှားသွားဖို့ အများကြီး အကူအညီ ပေးနိုင်ပါတယ်။

- ၀ါသနာ ပါတဲ့ အရာတစ်ခုခုကို လုပ်ပါ။ ဥပမာ- ဘလော့ဂ် ရေးတာ၊ ပန်းချီဆွဲတာ၊ ကဗျာရေးတာ စတာတွေ

- ကိုယ်ကိုးကွယ်တဲ့ ဘာသာနဲ့ ပတ်သက်တဲ့ ဘာသာရေး အလုပ်တွေကလဲ စိတ်သက်သာရရဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဥပမာ - ဆုတောင်းတာ၊ တရားထိုင်တာ


စာဖတ်သူတွေဆီက ကောင်းတဲ့ နည်းလမ်းလေးတွေ၊ အတွေ့အကြုံတွေ ရှိရင်လဲ ပြန်မျှပေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်။


( စာကိုး -
http://www.harzing.com/cultshock.htm က အဓိက ယူထားတာပါ။ ဒါပေမယ့် ပြန်ရှာလို့ မတွေ့တော့တဲ့ အရင်က ဖတ်ထားတာတွေကိုပါ ပြန်ထည့်ထားပါတယ်။)


Related Posts :



11 comments:

Anonymous said...

ဒီဆောင်းပါးမှာ ပါတဲ့ လက္ခဏာတွေ တော်တော်များများ ကြုံရပါတယ်။ ပင်ပန်းနွမ်းနယ်ပြီး အားမရှိတော့သလို ခံစားရတာက ကိုယ့်မှာ ရောဂါတစ်ခုခု ၀င်တာနဲ့ ရောထွေး အထင်မှားတတ်လို့ ဘယ်လို ခွဲခြားရလဲ၊ ဘယ်လို ပြန်ထိန်းယူရလဲ။ အိပ်ချိန် စားချိန်တွေ ပုံမှန် မဟုတ်တော့ဘဲ စည်းပျက်ကမ်းပျက် ဖြစ်နေတာက ပြင်ရခက်လို့ ဘယ်လို ပြန်ညှိယူသင့်သလဲ။

tune said...

အဲလောက်လေး သိရရုံနဲ့တော့ ပြန်ဖြေရတာ ခက်တယ်။ အဲဒီ လက္ခဏာတွေက တခြား ကိစ္စတွေမှာလဲ ကြုံရနိုင်တာကိုး။
နိုင်ငံရပ်ခြားကို ရောက်နေတာလား။ ရောက်နေတာက ဘယ်လောက် ကြာပြီလဲ။
တခြား ဘာဝေဒနာတွေ နဂိုက ရှိထားလဲ။
တခြားရော ဘာတွေ ဖြစ်နေနိုင်တယ်လို့ ထင်သလဲ။
အဲဒါတွေကို ကိုယ့်ဖာသာကိုယ် ဖြေပြီး ဖြစ်နိုင်ခြေကို စဉ်းစားကြည့်ပါ။
ဒီဆောင်းပါးက ကိုယ့်အတွက် ကိုယ်ဖတ်ပြီး ပြန်မျှလိုက်တာမို့ သိပ်တော့ မပြည့်စုံလှဘူး။
ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်ဖို့ ချရေးတဲ့ နည်းလမ်းကို သုံးကြည့်ပါ။
အဲဒါက ကိုယ့်ဖာသာကိုယ် ပြန်မြင်တယ်။
ကိုယ် ဘာကြောင့် အိပ်ချိန်၊ စားချိန် ပုံမှန် မဟုတ်တာလဲ။
ကော်ဖီနဲ့ ကဖင်းပါတာတွေ သောက်နေတာ များလား။
များရင် တတ်နိုင်သလောက် ပြန်လျှော့ ကြည့်ပါ။
အစားအသောက်ကရော အာဟာရ ပြည့်ဝသလား။
အာဟာရ သုံးအုပ်စုလုံး ပါအောင် စားဖြစ်သလား။ (အသားဓာတ်၊ ကစီဓာတ် နဲ့ အသီးအရွက် အသီးအနှံ )
တစ်ခုခု လုံလောက်အောင် မစားဖြစ်ရင် အာဟာရဓာတ်ချို့တဲ့ပြီး အားနည်းလာနိုင်တယ်။
အရက်တို့၊ ဆေးလိပ်တို့ ရော သောက်လား။
အဲဒါတွေကလဲ ပင်ပန်းစေ၊ မောစေနိုင်တာပဲ။
အဲဒီမှာ ပြောထားသလိုပဲ စိတ်တည်ငြိမ်မယ့် ဘာသာရေး လုပ်ငန်း တစ်ခုခု ( ကျွန်မက တရားထိုင်တာကို ကြိုက်တယ်) ပုံမှန် မဖြစ်မနေ ဘယ်မိနစ် နေ့စဉ်လုပ်မယ်လို့ သံန္နိဌာန်ချပြီး လုပ်တာမျိုး လုပ်ကြည့်ပါလား။
ကျွန်မ ကိုယ်တိုင်လဲ အခု လုပ်ကြည့်နေတော့ နည်းနည်းတော့ သက်သာတယ်။
အမှန်တကယ် ကာလ်ချာရှော့ခ်ဆိုရင်တော့ ကိုယ် ဖြစ်နေတာတွေကို သတိပြုပြီး၊ အဲဒီမှာ ပြောထားတဲ့ သက်သာရာ ရနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားကြည့်ရင်း ပြီးဆုံးသွားမယ့် အချိန်အတိုင်းအတာ တစ်ခုကို စိတ်ရှည်ရှည်နဲ့ စောင့်ရမှာပါပဲ။ အချိန်က ကုစားသွားမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်မလဲ မျှော်လင့်နေဆဲပါ။

May Burma said...

ကာချာ ရှော့ ကတော့ နိုင်ငံခြားရောက် မြန်မာတိုင်းခံစားကြရမှာပါဘဲ။ မြန်မာပြည်ပြန်တဲ့ မြန်မာတွေ ရော မြန်မာပြည်လာ နေတဲ့ နိုင်ငံခြားသားတွေလည်း ခံစားကြရမှာပါဘဲ။ ဘုံပျောက်ရောဂါဆိုပါတော့။ နေသားကျနေတဲ့နေရာကနေ အသွင်မတူတဲ့နေရာတွေမှာေ၇ှာ့ရိုက်မှုတွေဖြစ်ကုန်တာပါဘဲ။

ဘလော့ ရေး တာ တော့ သက်သာပေမဲ့ လက်ရှိ ပါတ်ဝန်းကျင်နဲ့ ဝေးသွားပြန်လိမ့်မယ်။

လေ့ကျင့်ခဏ်းလုပ်တာ ကောင်းပါတယ်။ ပတ်ဝန်းကျင် ကလူတွေနဲ့ ဆက်ဆံလေ့လာတာလည်းကောင်းပါတယ်။

ပျော်ရာမှာ မနေ ရ တော် ရာမှာနေရသူတွေအတွက် ရောက်ရာ အရပ် မှာ နေသားကျအောင်ကျိုးစားကြစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

မသက်ဇင် said...

ဖြန့်ဝေပေးတာကျေးဇူးပါရှင်--

တောကျီးဂန်း said...

Hello i am one of ur fun ! I like ur post and read when i got opportunity. I also froward ur blog post at our social site http://mmarmydoctor.ning.com but i didn't take any authority from you.I am sorry about that. Somebody told me that i am guilty about posting ur blog without your permission at our site.I wrote my apology at Cbox and Ko ye Mon said " u can posted our blogs but u have to mention the original writer's name and identity '". last 2 days ago i posted ur blog at our site without ur identity . So i invite u to our site .Its small and inexperience ones.I hope u to forgive me

tune said...

>မမေဘားမားရေ
ကျွန်မ တစ်ခုတော့ ပြောပါရစေ။
ညီမလေး တစ်ယောက်က IEC နဲ့ ပတ်သက်လို့ ရေးပေးပါလို့ ပြောထားတော့ အဲဒီ သဘောတရားလေကို အစပျိုးတဲ့ သဘောလဲ ပါတာပေါ့နော်။
" ဘုံပျောက်ရောဂါ " ဆိုတဲ့ အသုံးအနှုန်းက နာမည်ဆိုး သတ်မှတ်ခြင်း (putting stigma ) လို့ ခံစားမိပါတယ်။
အဲဒီလို အဆိုး မြင်၊ အဆိုး နာမည်တပ်ခံရမယ်ဆိုရင် ခံစားရတဲ့သူတွေက ကိုယ့်ဖာသာကိုယ် ဖြစ်နေတာတွေကို ၀န်ခံရ ပိုခက်လာပါတယ်။
အဲဒီအခါမှာ ပြဿနာတွေက ပိုကြီးမားသွားတတ်ပါတယ်။
အဲဒါကြောင့် အသိပညာပေးတဲ့အခါမှာ စကားလုံး အသုံးအနှုန်းလေးတွေကိ အရေးပါပါတယ်။
ကျွန်မတို့ ခံစားရသူကို အပြစ်တင်ဖို့ ဆိုတာ လွယ်ပါတယ်။
ဒါပေမယ့် အဲဒါတွေက ဘာကိုမှ ပိုကောင်းမလာစေနိုင်ဘူးလို့ ထင်ပါတယ်။
ဆွေးနွေးတာပါနော်။
ပြန်ဆွေးနွေးလို့ ရပါတယ်။

>မသက်ဇင်
welcome ပါ။
လာပဲ မဖတ်ဘဲ အမြင်လေးတွေလဲ ပြန်မျှပေးပါအုံး။

>(ကို (သို့) မ) တောကျီးဂန်းရေ
ယူလို့ ရတယ်လို့ အစကတည်းက ပြောပြီးသားပါ။
နာမည်လေး ပြန်ထည့်ပေးဖို့ပဲ တောင်းဆိုတာပါ။
စာရေးသူ တစ်ယောက်ရဲ့ အတ္တပဲ ဆိုပါတော့။
ဖြစ်နိုင်ရင် ဒီwebsite က ယူတယ်ဆိုတဲ့ link ကလေးပါ ထည့်ပေးစေချင်ပါတယ်။
ခွင့်က လွှတ်ပြီးသားပါ။
အခုလို လာရေးပေးတာလဲ ကျေးဇူးတင်ပါတယ်။
လာလည်နိုင်အောင်လဲ ကြိုးစားပါ့မယ်။

Ye-Mon said...

ကိုတောကျီးဂန်းရေ

ဒီဘလောက်မှာ ရေးထားတာတွေကို ပြန်ပြီး ဖြန့်ဝေပေးတော့ ဖတ်ရတဲ့လူတွေ ကျန်းမာရေး ဗဟုသုတ ရတာပေါ့ဗျာ။ ကောင်းပါတယ်။ ဆက်လုပ်ပါ။

အဲဒီလို ပြန်တင်တိုင်းလည်း ကျွန်တော်တို့ကို ခွင့်တောင်းစရာ မလိုပါဘူးဗျာ။ မကျွန်းပြောသလို ... ဘယ်သူရေးထားတာ၊ ဘယ်ကယူပြီး ပြန်တင်ပါတယ် လို့ ထည့်ပေးရင် ပြီးပါတယ်။

အဆင်ပြေပါစေ။

Z said...

မျက်လုံးတွေ စင်းစင်းပြီး အလိုလိုနေရင်း မျက်ခွံညောင်းသလို ဖြစ်ဖြစ်နေတာ၊ ကြာကြာ ပြူးမထားနိုင်ဘဲ မျက်စိမှေးထားရတာကို ဆရာဝန်က မျက်လုံးအတွင်းနဲ့ မဆိုင်ဘဲ အာရုံကြော အားနည်းတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မျက်စိကိုလဲ စစ်ကြည့်ပြီးပါပြီ။
မျက်လုံးက အမှောင်ထုထဲမှာနေရင်၊ ဒါမှမဟုတ် မျက်စိမဖွင့်ဘဲ မှိတ်ထားရင် သက်သာပါတယ်။ ဒီလိုအချိန်ပြည့် နေဖို့ကလဲ မဖြစ်နိုင်လို့ပါ။ မျက်ရိုးလဲ ကိုက်လာပါတယ်။ မြင်အားကတော့ မျက်စိတစ်ဖက်က ဘာမျက်မှန်မှ မလိုတဲ့ အကောင်းပါ။
ဆရာဝန်နဲ့ ခဏခဏ ထပ်တွေ့ဖို့လဲ မလွယ်လို့ ဘာလုပ်ရမလဲ၊ ဘာဆေးသောက်ရမလဲ ညွှန်ကြားပါခင်ဗျား။

tune said...

ကျွန်မ ပို့စ်အောက်မှာ လာမေးတာဆိုတော့ ကျွန်မ ဖြေရမယ့် တာဝန်လို့ ထင်မိတာနဲ့ သိသလောက် ဖြေမယ်နော်။
မျက်စိ ဆရာဝန်တော့ မဟုတ်ဘူ။
မေးချင်တာက သွားပြတော့ သူက ဘာပြောသလဲ။
ပြောတာလေးတွေကို လုပ်ဖို့။
ကွန်ပျူတာ ကြည့်တာ များသလား။
စာဖတ်တာ များသလား။
အဲဒါတွေကြောင့် မျက်လုံး ကြွက်သားတွေ ညောင်းလွန်းတာ ဖြစ်နိုင်တယ်။
လုပ်သင့်တာက အမြဲတမ်း ကြားထဲမှာ ခဏရပ်ဖို့ သတိရပါ။
ဆက်တိုက်ကြီး စာဖတ်တာ၊ ကွန်ပျူတာ ကြည့်တာ မလုပ်ပါနဲ့။
တစ်မျက်နှာလောက် ဖတ်ပြီးရင် စာအုပ်၊ ကွန်ပျူတာက မျက်လုံး ခွာပြီး ခပ်ဝေးဝေးကို လှမ်းကြည့်ပေးပါ။
အစိမ်းရောင်တွေကို ကြည့်တာ ကောင်းတယ်။
ကျောင်းစိမ်း ထမိန်တွေကို ပြောတာ မဟုတ်ဘူးနော်။
စိမ်းစိမ်းစိုစို အပင်တွေ၊ အရွက်တွေ။
လောလောဆယ်တော့ ခေါင်းထဲမှာ ဒီလောက်ပဲ ရှိတယ်။
တခြားသူတွေလဲ ဖြည့်ပြောပေးပါအုံး။

ziwakka said...

ကျွန်တော်တို့လို မြန်မာပြည်က တောသားဆရာဝန်တွေအတွက်တော့ culture shock ဆိုတာ ရချင်လွန်းလို့။ မရရအောင် tuition တွေတက် scholarship တွေ တင် usmle,AMC တို့ကိုဖြေဖို့ကြိုးစားရသေးနဲ့။ culture shock ဆိုတာ နိုင်ငံခြားသွားမှ မဟုတ်ဘူး၊ ပြည်တွင်းမှာလည်း ရနိုင်တယ်ဗျာ၊ ကျောင်းပြီးပြီးချင်း ဆရာဝန်တွေရနေကြတာ။ occupational shock ပေါ့။ culture shockမှာ ရတဲ့ အဆင့် ၅ ဆင့် အတိုင်းပဲလေ။

tune said...

ဟုတ်ကဲ့။
ပြည်တွင်းမှာ ရခဲ့တဲ့ culture shock ကလေး အကြောင်းလဲ ကျွန်မ စာတိုကလေး ရေးဖူးပါတယ်။
ဖေဖော်ဝါရီလ ၂ရက်နေ့ ၂၀၀၄ခုနှစ်ထုတ် အတွေးသစ်ဂျာနယ် ထဲမှာပါ။
ခေါင်းစဉ်က ကာလ်ချာရှော့ခ်ပါပဲ။
စကောလားရှစ်ရချင်ရင် ဆက်သာ ကြိုးစားပါ။
အခွင့်အရေးတွေ အများကြီး ရှိပါတယ်။
ပိစပ်ရွက်အကြောင်း ပို့စ်ကလေးကို ဒီမှာ ပြန်တင်ပေးပါလား။
ကျွန်မကို လာပြောနေ၊ မေးနေကြတဲ့သူတွေ အများကြီးပဲ။
အဲဒါလေးက လူ တော်တော်များများအတွက် အကျိုးရှိမယ်လို့ ထင်ပါတယ်။