Sunday, January 25, 2009

Events Unrelated to Public Health ???

လူထု ကျန်းမာရေး နဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်များ
(တွေးမိတဲ့ အတွေးလေးတစ်စကို သူငယ်ချင်းတွေ ဖတ်ဖို့ ရေးပေးခဲ့တာကို ပြန်တင်ပေးလိုက်တာပါ။)


ကျန်းမာတယ်ဆိုတာ ရောဂါ မရှိရုံ တင်မကဘဲ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းဆိုင်ရာတွေ ပြည့်ဝ ကောင်းမွန်နေမှ ခေါ်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကျန်းမာခြင်းဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ကြားဖူးသူတိုင်း သိပြီးသား ဖြစ်မှာပါ။ ဒီတော့ ကျန်းမာဖို့ အတွက် လိုအပ်ချက်တွေ ဘယ်လောက် များမယ်ဆိုတာ ထင်ရှားပါတယ်။

လူထုတစ်ရပ်လုံး ကျန်းမာရေးနဲ့ ပြည့်စုံဖို့အတွက်ဆိုရင် ဘာတွေ လိုအပ်မယ်လို့ ထင်ပါသလဲ။

အဲဒီလိုအပ်ချက်တွေကြောင့် ရှိသမျှ နည်းပညာတွေ၊ အလုပ်တွေထဲမှာ လူထုကျန်းမာရေးနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ပြောလို့ရမယ့် အလုပ်မျိုး ရှိဖို့ ခဲယဉ်းလှပါတယ်။

ဥပဒေရေးရာ၊ လူမှုရေး ဘာသာဗေဒ၊ စီးပွားရေးပညာ၊ ပထ၀ီ၊ အကြမ်းဖက်မှုတွေကို လေ့လာတဲ့ နည်းပညာ၊ ကျန်းမာရေးဆိုင်ရာ ဆက်သွယ်မှု နည်းပညာ၊ စိတ်ပညာ၊ ကျန်းမာရေးနဲ့ စပ်ဆိုင်တဲ့ ပတ်ဝန်း ကျင် ထိန်းသိမ်းမှု ဆိုင်ရာ နည်းပညာနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေပညာရပ်၊ အာဟာရပညာ၊ ကိုယ်လက် လှုပ်ရှားမှု ဆိုင်ရာ နည်းပညာ စတာတွေက ယနေ့ခေတ်မှာ လူထု ကျန်းမာရေးရဲ့ လှုမှုရေးနဲ့ အပြုအမူပိုင်းဆိုင်ရာ ရှုထောင့် (social and behavioral aspects of public health) နဲ့ဆက်နွယ်ပတ်သက်နေတဲ့ နည်းပညာရပ် တွေလို့ လက်ခံလာကြပါပြီ။

အဲဒီထဲမှာ မပါတဲ့ တခြားကိစ္စရပ်တွေကို တွေးကြည့်ရအောင်။


ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အင်ဂျင်နီယာ နည်းပညာဆိုပါတော့။ လူထုကျန်းမာရေးနဲ့ သက်ဆိုင်ပါသလား။
လမ်းတွေ၊ တံတားတွေ ပြိုကျတာ၊ လမ်း တည်ဆောက်ပုံ မကောင်းလို့ ယာဉ်တိုက်မှု ခဏခဏ ဖြစ်တာတွေက လူထုကျန်းမာရေးကို ထိခိုက်သလား၊ မထိခိုက်ဘူးလားဆိုတာ တွေးကြည့်လိုက်ရင် အဖြေပေါ်ပါတယ်။

သဘောင်္မောင်းတဲ့ နည်းပညာကရော။
သဘောင်္နစ်လို့ လူတွေ သေဆုံးပျက်စီးတာ၊ ထိခိုက်တာမျိုးတွေက လူထု ကျန်းမာရေးနဲ့ ဆိုင်၊ မဆိုင် တွေးကြည့်ပါ။

မြောင်းရှင်းတဲ့ သန့်ရှင်းရေး အလုပ်သမားကရော။
မြောင်းကို သူရှင်းပေးလို့၊ သန့်ရှင်းသွားတာ၊ ခြင်တွေ မခိုတော့တာက လူထု ကျန်းမာရေးနဲ့ ဆက်စပ် ပါသလား။

အမှိုက်သိမ်းတဲ့သူကရော။
သူ အမှိုက်ကို မှန်မှန် လာသိမ်းပေးတဲ့အတွက် လူတွေ အမှိုက်ကို စနစ်တကျ စွန့်ပစ်ကြမယ်ဆိုရင် ယင်တလောင်းလောင်းနဲ့ လမ်းဘေးက အမှိုက်ပုံတွေ မရှိတော့တာမျိုးက လူထု ကျန်းမာရေးနဲ့ သက်ဆိုင်မယ် ထင်ပါသလား။

လမ်းဘေးက အသုတ်သည်ရော။
သူ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိရင် စားတဲ့သူတွေ ဘာဖြစ်သွားနိုင်ပါသလဲ။

စာရေးဆရာ၊ သတင်းသမားတွေကရော လူထု ကျန်းမာရေးနဲ့ ပတ်သက် နေပါသလား။
ကျန်းမာရေးဆိုင်ရာ သတင်းအမှားတွေ၊ ယုံကြည်မှု အမှားတွေကို ရေးသားခဲ့ရင် လူတွေ ဘယ်လို ထိခိုက်မယ် ဆိုတာ မြင်သာပါတယ်။

တကယ်တော့ ကိုယ် ဘာအလုပ်ကိုပဲ လုပ်လုပ်၊ စေတနာမှန်မှန်နဲ့ လူတွေကို မထိခိုက်အောင်၊ မနစ်နာအောင်၊ မျှတမှု ရှိအောင် ဆောင်ရွက်ပေးနေသူတွေ အားလုံးဟာ လူထုကျန်းမာရေးအတွက် ပါဝင် ကြိုးပမ်း ဆောင်ရွက်ပေးနေသူချည်းပဲလို့ ပြောရင် မှားမယ်လို့ မထင်ပါဘူး။


Related Posts :



3 comments:

Anonymous said...

it's short but good. i like the last sentence.

Anonymous said...

စာဖတ်သူတယောက်အနေနဲ့ သတိထားမိတာက ဒုတိယအကြိမ် ဖတ်တဲ့အချိန်မှာ မှတ်ချက်ပေးတဲ့အချိန်က မပါပဲ ထပ်ဖြည့်ထားတဲ့ စာပိုဒ်တွေကို တွေ့ရပါတယ်။ အပေါ်မှာ ပေးထားတဲ့မှတ်ချက်က ထပ်မဖြည့်ခင်က အချက်အလက်အပေါ်မှာ ပေးထားခြင်းသာ ဖြစ်ပါတယ်။ ဆိုလိုတာက စာဖတ်သူတွေအပေါ် အသိအမှတ်ပြူစေချင်တယ်။

tune said...

ထပ်ဖြည့်ထားတာ မဟုတ်ပါဘူး။
တင်တာ အဆင်မပြေလို့ တစ်ပိုင်းပဲ ပါသွားတာပါ။
ဒီပို့စ်ကို တင်တာ ၄ခါလောက် ပြင်ယူရတယ်။
ဘာမှ ပြန်မရေးလဲ စာဖတ်သူတွေကို အသိအမှတ်ပြုပါတယ်။
ပျင်းလို့ ပြန်မရေးတာလို့ မှတ်ယူစေချင်ပါတယ်။
ဘာပြောပြော အပြောခံတဲ့သူလို့ မှတ်ထားလို့ ရပါတယ်။
လူတိုင်းမှာ ကိုယ်ပြောချင်တာ ပြောခွင့်ရှိတယ်လို့ ယုံကြည်ထားတဲ့သူပါ။
comment အတွက် ကျေးဇူးတင်ပါတယ်။