Monday, June 1, 2009

When will medical doctors become 'pro' like footballers ?

ဘောလုံးသမားတွေတော့ ပြောင်းကုန်ပြီ။ ဆရာဝန်တွေကော ဘယ်တော့လဲ?

မြန်မာနိုင်ငံမှာ ဘောလုံးသမားတွေတော့ pro တွေဖြစ်ကုန်ကြပြီ။ pro ဆန်ဆန်ကျင့်ပြီး ကြိုးစားအားထုတ်ကြမယ်လို့ ကတိတွေပေးနေကြပြီ။ ဘောလုံးအသင်းတွေကလည်း pro အသင်းတွေဖြစ်လာကြပြီ။ ကျွန်တော်တို့ရဲ့ ဆေးပညာရေးစနစ်ကြီးကော ဘယ်တော့ pro စနစ်ပြောင်းမလဲ မသိဘူး။ professional institute မဟုတ်တောင် professional ဆန်တဲ့ ဆရာဝန်ကောင်းတွေ မွေးထုတ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်။ ဆေးကျောင်းသားတွေကို ဗုန်းဗောလအော ပေးအောင်ပြီး ဘာမှ သေသေချာချာ မတတ်သေးခင်မှာ လူနာတွေကို ဆေးကုခိုင်းတယ်ဆိုတာ ငရဲတော်တော်ကြီးမည့် အလုပ်တစ်ခုပါ။



ဆေးကျောင်းသားတွေခမျာ aircon စာသင်ခန်းကြီးတွေ၊ computer အကောင်းစားကြီးတွေ မလိုအပ်ပါဘူး။ တက္ကသိုလ် ပညာရေးကို တက္ကသိုလ် စတိုင် သင်ပေးမယ့် ဆရာတွေ၊ တက္ကသိုလ်ကျောင်းရဲ့ ရှိသင်တဲ့ စည်းကမ်းတွေ၊ ပြင်းထန်တွေ punishment ၊ မက်မောစရာကောင်းတဲ့ reward တွေ ရှိဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အ၀တ်အစားကို ကြိုက်သလိုဝတ်၊ စာမကျက်ဘဲ ကန်တော့ပြီး မေးခွန်းရပြီး ခိုးချပြီး စာမေးပွဲ အောင်လာတဲ့ ဆေးကျောင်းသားတွေကို clinicalေ၇ာက်လာရင် ဆရာတွေက ဘယ်လိုဆက်သင်ပေးရမှာပါလဲခင်ဗျာ။ teaching ပိုင်းက ဆရာတွေ စဉ်းစားစေချင်ပါတယ်။ house surgeon ဖြစ်လာတာတောင် ကလေးစိတ် မကုန်သေးတဲ့ မြန်မာ ဆရာဝန်ပေါက်စတွေကို Continued medical education(CME), Continued professional development (CPD) စတဲ့ သဘောတရားတွေကို သဘောပေါက်အောင် ဘယ်လိုများပြောပါမလဲခင်ဗျာ။
သူတို့လေးတွေ ကျောင်းမှာ ရှိစဉ်ကတည်းက သူတို့စာကြိုးစားချင်လာအောင် လှုံ ဆော်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှာ မဟုတ်ရင် နောင် အနှစ် ၂၀ လောက်ကြာလာရင် ဆရာဝန်ဆိုတာ imported လုပ်ရတဲ့ လူတန်းစားတစ်ရပ်ဖြစ်လာပါလိမ့်မယ်။


Related Posts :



9 comments:

Dust In the Wind said...

It is correct. I think it is also true not only in medical field, but also in other academic fields.

Ko Tun said...

You highlighted the main weak point of medical education in Myanmar.

Anonymous said...

ဆေးကျောင်းသားတွေကို ဗုန်းဗောလအော ပေးအောင်ပြီး ဘာမှ သေသေချာချာ မတတ်သေးခင်မှာ လူနာတွေကို ဆေးကုခိုင်းတယ်....မတော်တဆ အကွက်ချမူ လား စနစ်တကျ လွဲချော်မူ လား ?????

Nge Naing said...

ဆရာ ဇိဝကကရေ- Professional or Academic Education ဖြစ်ဖို့ ဆရာက မလိုအပ်ဘူး ထင်တဲ့ Aircon တို့ ကွန်ပြူတာတို့ကို ကျွန်မကတော့ တကယ်လိုအပ်တယ်လို့ ထင်တယ်။ မိုးရာသီနဲ့ ဆောင်းရာသီကတော့ မိုးကာအင်္ကျီနဲ့ အနွေးထည် ၀တ်ပြီး ဖြေရှင်းလို့ ရသေးတယ်။ နွေရာသီဆိုရင်တော့ မြန်မာနိုင်ငံလို ပူတဲ့နိုင်ငံမှာ စာသင်ခန်းကို သင့်တော်တဲ့ ရာသီဥတု ဖြစ်စေဖို့အတွက် aircon ဒါမှမဟုတ် အနည်းဆုံး ပန်ကာတော့ လိုပါလိမ့်မယ်။ ပူအိုက်လွန်းလို့ နဖူးကချွေး ခြေအထိရောက်အောင် ကျပြီး စာသင်ခဲ့ရတဲ့ ၉ တန်းနှစ်ကို ပြန်သတိရမိပါတယ်။(ရှစ်တန်းနှစ်အထိတော့ သစ်ကာပြီး ဖက်မိုးထားတဲ့ ရွာက ကျောင်းမှာ တက်ခဲ့လို့ သွပ်မိုးပြီး ထုံးဖြူသုတ်ထားတဲ့ မြို့ကအထက်တန်းကျောင်း တိုက်ကျောင်းလောက် မပူဘူး)။ ပြီးတော့ Health Care prefessional ဆိုတာ Skill တခုတည်းအတွက် သက်မွေးဝမ်းကျောာင်း သင်တန်းတခုကို တက်နေတာ မဟုတ်ပဲ နောက်ဆုံး ရှာဖွေတွေ့ရှိထားတဲ့ အချက်အလက်တွေကို ဘက်ပေါင်းစုံက လေ့လာပြီး Evidence based practice ကို အင်တာနက်မှာ ရှာပြီး သုံးဖို့လိုတဲ့အတွက် ကွန်ပြူတာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ စာကြည့်တိုက်က စာအုပ်တွေကိုပဲ အားထားပြီး ကိုးကားမယ်ဆိုရင် စာအုပ်ထဲက အချက်အလက်တွေက အဲဒီ စာအုပ်ကို ထုတ်တဲ့နှစ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်လောက်က လုပ်ထားတဲ့ Research တွေ ဖြစ်နေပြီး Database က အချက်အလက်လောက် Current မဖြစ်လို့ ကွန်ပြူတာနဲ့ အင်တာနက် မရှိပဲနဲ့ Academic study အတွက် လုံလောက်တဲ့ အချက်အလက် မရနိုင်ပါဘူး။

AHlaTaya said...

သုတေသန -ပညာရေး-ကျန်းမာရေးစောင့်ရှောက်မှုစနစ်။

သူတို့ကနေ အဆွယ်အပွားအနေနဲ့ အရေအတွက်ကော အရေအချင်းကော တိုးလို့လိုအပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။

tune said...

အပြစ်အနာအဆာတွေ ရှိတာ အမှန်ပါ။
ဒါပေမယ့် ပြန်ကြားရတာလေးတွေလဲ ရှိတယ်။
ကိုယ်တိုင် ကြုံရတာ မဟုတ်တော့ မှန်ကို မှန်တယ်လို့တော့ အတိအကျ မပြောနိုင်ဘူး။
စင်္ကာပူကို ရောက်နေတဲ့ သူငယ်ချင်း အဲဒီမှာ ကျောင်းတက်နေတုန်းက ဒီက ဆေးကျောင်းသာတွေ pressure တောင် မတိုင်းတတ်ဘူးလို့ ပြောတယ်။
နောက် အခု US မှာ ရောက်နေတဲ့ အစ်မ တစ်ယောက်က ခွဲခန်းကို ၀င်ကြည့်ရင်း ဒီမှာ လူနာနဲ့ လက်တွေ့ စမ်းရတာ နည်းလို့ လက်တွေ့ပိုင်းမှာ ကိုယ့်နိုင်ငံထက် ပိုအားနည်းကြောင်း ပြောတယ်။
ဒီက လူတွေကလဲ သူ ပြောတာကို လက်ခံသတဲ့။
ပြောချင်တာက တစ်ဖက်သတ် အထင်သေး၊ တစ်ဖက်သတ် အထင်ကြီး မဖြစ်ဖို့ပါ။
နိုင်ငံခြား ထွက်ကြည့်လိုက်တဲ့အခါ ကိုယ့်နိုင်ငံက လူတွေ အရမ်းကြီးညံ့မနေဘူးဆိုတာ သိတန်သလောက် သိနိုင်ပါတယ်။
စိတ်ဓာတ်တွေကျပြီး မကြိုးစားဘဲ မနေကြဖို့ကိုဘဲ တိုက်တွန်းချင်တာပါ။

Anonymous said...

ဒီအနောက်တိုင်းက ဆရာဝန်တွေ တော်ကြပါတယ်။ ကမ္ဘာကျော် ဆေးတက္ကသိုလ်တွေက ဆင်းတာဆိုတော့ တော်တယ်ဆိုတာ ကျွန်တော် ဝင်ပြောနေစရာတောင် မလိုပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ မြန်မာ ဆရာဝန်တွေ သူနာပြုတွေမှာလဲ လူနာကို စာနာကြင်နာတဲ့စိတ် လူတန်းစေ့ ရှိတာ တစ်ခုနဲ့တင် သူတို့ကို ကျွန်တော် အားကိုးပါတယ်။ မြန်မာပြည်မှာ ငွေမတတ်နိုင်ရင် ကုမပေးတဲ့ ဆရာဝန်တို့၊ အပေါက်ဆိုးတဲ့ သူနာပြုတို့တော့ သူ့ဟာနဲ့သူ ရှိကြမှာပေါ့။ ဒါကတော့ ခြွင်းချက်ပေါ့။
စေတနာကောင်းရင်တော့ အရည်အချင်း မပြည့်ဘူးဆိုလဲ စေတနာ ထားတာ တစ်ခုနဲ့ပဲ အားကိုးတာပဲဗျာ။
ကျွန်တော် မြန်မာပြည်ပြန်တုန်းက ဆေးခန်းသွားပြတော့ ဒီက ဆေးခန်းတွေနဲ့ တစ်ခြားစီပဲဆိုတာ ကြည့်လိုက်တာနဲ့ သိပါတယ်။ ဆရာဝန်က ဘာစက္ကထရီမှ မရှိဘူး။ သူနာပြုလဲ မရှိဘူး။ ဆေးခန်းမှာ သူပဲ ရှိတယ်။ ဒေတာတွေ ထည့်သိမ်းစရာ ကွန်ပျူတာလဲ မရှိဘူး။ မှတ်စရာရှိရင် သူ့ဟာသူ စာအုပ်ထဲ လက်ရေးနဲ့ ရေးမှတ်ပဲ။ အသေးစား ခွဲစိတ်စရာ ရှိရင်လဲ နာ့စ်လဲသူ၊ ကွန်ပေါင်ဒါလဲ သူ ကိုယ်တိုင် လုပ်ရတာပဲ။
ဒါပေမယ့် ကျွန်တော် အထင်မသေးမိဘူး။ သူ့ဆေးခန်းထဲက ကုတင်ပေါ်တက်၊ သူ စမ်းသပ်တာ ခံနေရတာလဲ ယုံယုံကြည်ကြည်ပဲ။ ဒီမှာ ကြီးသွားတဲ့လူမို့လို့လားတော့ မသိဘူးဗျာ။ ကိုယ့်အမျိုးနဲ့ ကိုယ်ပြန်တွေ့နေရသလို နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်းပါပဲ။ ဒီက ဆရာဝန်တွေထက်တောင် ပိုအားကိုးမိသေးတယ်။
ကျွန်တော် ဆရာဝန် မဟုတ်ပါဘူး။ မြန်မာဆရာဝန်တွေ စိတ်ဓာတ်ကျမှာစိုးလို့ မဆီမဆိုင် ရှေ့နေဝင်လိုက်တာပါ။ အားနည်းချက်တွေ ရှိမရှိကတော့ ကျွန်တော် ဆရာဝန် မဟုတ်လို့ အသေးစိတ် မသိပါဘူး။ ဒါပေမယ့် စိတ်မညစ်စေချင်လို့ ဘာဖြစ်ဖြစ် အားကိုးနေတုန်းပဲဆိုတာ ဝင်ရေးတာပါ။

Nu Thwe said...

ပြည်သူကြားမှာ ဘ၀ကို နှစ်မြှုပ်ပြီး ကုသပေးနေတဲ့ စေတနာ အရင်းခံဆရာဝန်တွေကို လေးစားပါတယ်။ သူတို့ မရှိရင် လူများစု ဘယ်လို ဖြစ်သွားမလဲဆိုတာ ရှင်းနေတာပဲ။

ဒါပေမယ့် လူတိုင်းဟာ စေတနာကြောင့်သက်သက် ဒီအလုပ်ကို လုပ်နေတာ မဟုတ်ဘူးဆိုရင် မှားမယ် မထင်ဘူး။ ဒါကြောင့်လည်း မကြားချင်ခဲ့တဲ့ ဇာတ်လမ်းတွေ ကြားခဲ့ကြရတာပေါ့။

သူတပါးရဲ့ အသက်နဲ့ ဝေဒနာကို မူတည်ပြီး သက်မွေးဝမ်းကျောင်းပြုတဲ့ ဆရာဝန် သူနာပြုတွေမှာ စေတနာ ရှိဖို့ အဓိက ကျသလို ကိုယ့်အလုပ်ကို ကိုယ် ကျွမ်းကျင်ဖို့လည်း မရှိမဖြစ် လိုအပ်ပါတယ်။ အလုပ်ကို အလုပ်အနေနဲ့ လေးစားခြင်း Professionalism လည်း ရှိကို ရှိရမယ်။ လူအမျိုးမျိုး ရှိတဲ့အတွက် စနစ်ကျတဲ့၊ အားလုံးအတွက် တပြေးညီ စည်းမျဉ်းစည်းကမ်းဆိုတာလည်း လိုပါတယ်။

ကိုယ့်လူမျိုးတွေ ညံ့တယ်လို့ မထင်ပါဘူး။ စနစ်ကောင်း မရှိခြင်းရဲ့ ဒဏ်ကို လှိမ့်ခံနေရတာကတော့ ငြင်းလို့ မရတဲ့ အချက်ပဲ။ ဒါကို denial လုပ်နေရင် ပိုဆိုးလာဖို့ပဲ ရှိတယ်လို့ မြင်တယ်။ ဝေဖန်မှုကို ပြုံးပြုံးလေး နားထောင်ပြီး ဆင်ခြင်တွေးဆတဲ့ အကျင့်နဲ့ ယဉ်ပါးသင့်နေပြီ။ ဒါက လုပ်ယူလို့ ရပါတယ်။ မနေသာလို့ ထောက်ပြတဲ့သူတွေဟာ ရန်သူတွေ မဟုတ်ဘူး ဆိုတာလည်း သိသင့်ပါတယ်။

ကောင်းသော ပြောင်းလဲခြင်း ဆိုတာ လိုလားအပ်တဲ့၊ ကြံဆအပ်တဲ့ အရာပါ။ တတ်နိုင်သမျှ အပြုသဘောနဲ့ ဆန်းစစ်ပြီး ပြင်နိုင်သလောက် ပြင်ဖို့ အချိန်တန်နေပြီ မဟုတ်ဘူးလား။

Nge Naing said...

Opperatig therater တခုထဲမှာ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက် လက်မခံတာ၊ အကန့်အသတ်တွေရှိတာ လက်ခံတယ် ဒါအမှန်ပဲ။ ဒါပေယ့် ဒါတွေက အားနည်းချက်လား အားသာချက်လားဆိုတာတော့ သတ်မှတ်သူ တဦးချင်းစီနဲ့သာ ဆိုင်ပါလိမ့်မယ်။ Clinical ကို မစေလွှတ်ခင်မှာ ကိုယ့်အချင်းချင်း ဒါမှမဟုတ် ရိုးရိုးအရုပ် (ဆေးထိုးဆေးသွင်း စသည်အတွက်) ကွန်ပြူတာ စနစ် တပ်ထားတဲ့ အရုပ်တွေ (VE လုပ်ခြင်း အပါအ၀င်Tube အသွင်းအထုတ်တွေ ပါတဲ့ အရေးကြီးတဲ့ Scnerio တွေအတွက်)၊ နဲ့ practical ကို Compentency အရ အလှန်လှန် လေ့ကျင့်ထားပြီးမှ၊ legal and ethnical နှင့် Professional practice တွေကို Tutorial တွေမှာ အပြန်အလှန် ဆွေးနွေးထားပြီးမှ လာရတာ ဖြစ်တယ်။ ကျောင်းသားဘ၀မှာ တကယ်လူနာနဲ့ တိုက်ရိုက် စမ်းသပ်ဖို့ အခွင့်အလမ်းနည်းရခြင်း အကြောင်းရင်း အပါအ၀င် အနောက်နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ Clinical compentency, code of ethic နှင့် Code of professional conduct နဲ့ လူနာအခွင့်အရေး တွေအကြောင်းကို ကျွန်မ နောက်ပိုင်း အချိန်ရမှ ပို့စ်တခုတင်ပြီး ထပ်ဆွေးနွေးမယ်။ ဒါဆိုရင် ကိုယ့်နိုင်ငံက health care system မှာ ဘာတွေ အားသာပြီး ဘာတွေ အားနည်းတယ် ဆိုတာ ပိုမြင်သွားနိုင်ပြီး ဘယ်လိုမြှင့်တင်ဖို့ သင့်တယ်ဆိုတာကိုလည်း ၀ိုင်းဝန်းအဖြေရှာလို့ ရနိုင်လိမ့်မယ်။