Saturday, January 9, 2010

HIV handbook 1


မနက်တုန်းက စာအုပ်စင်က စာအုပ်တွေ ရှင်းနေတုန်း UNDP မှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ကျွန်တော့်ကို ဖတ်ဖို့ ဆိုပြီး လာပေးထားတဲ့ စာအုပ်ထုတ် တစ်ထုတ် ထွက်လာတယ်။ အထုတ်ကို ဖြေလိုက်တော့ အထဲမှာ HIV နဲ့ ပတ်သက်တဲ့ ပညာပေးစာအုပ်လေးတွေ ထွက်လာတယ်။ အဲဒါနဲ့ ထိုင်ဖတ်နေလိုက်တာ။ ထမင်းစားချိန်တောင် ကျော်သွားတယ်။ စာအုပ်လေးတွေကကောင်းတယ်။ လူတိုင်းနားလည်နိုင်အောင် ဆေးပညာ အသုံးအနှုံးတွေကို အနည်းဆုံးနည်းအောင် သုံးပြီး ရေးထားတယ်။ လူထုကို ပညာပေးဖို့ ဖြန့်ချီထားတဲ့ စာအုပ်လေးတွေပါ။ အဲဒါနဲ့ ညနေရောက်တော့ စာအုပ်တစ်အုပ်ကို scanner ဖတ်ပြီး တင်အုံးမပဲဆိုပြီး E version သို့ ပြောင်းလိုက်ပါတယ်။ အောက်ပါ link ကနေ download လုပ်လို့ ရပါတယ်။ ပထမစာအုပ်နာမည်က " ခုခံအားကျဆင်းမှုရောဂါ သိကောင်းစရာ" ဖြစ်ပါတယ်။

Download Link



Related Posts :



4 comments:

EEK said...

စာအုပ်အတွက် ကျေးဇူးတင်ပါတယ်။ ဒေါင်းပြီး ဖတ်ကြည့်တဲ့အခါ စာမျက်နှာ ၅၃ နဲ့  ၆၂ကြား စာမျက်နှာတွေ မပါလာတာ တွေ့ ရပါတယ်။

Anonymous said...

ဟုတ်ပါတယ်။ UNDP ရဲ့ Project ကို ရှင်းပြထားတာမိုလို့ ကျွန်တော့်အနေနဲ့ ဖော်ပြခွင့်မရှိဘူးလို့ ယူဆလို့ပါ။ နောက်ပြီး အဲဒီ project က ပြီးသွားပြီလေ။ အဲဒါမို့လို့ပါ။

Anonymous said...

ကျေးဇူးဘဲ ဆရာရေ။ အသုံးချလိုက်အုံးမယ်။ ပညာပေးဆိုတာ အမျိုးမျိုးမှ၊ ဘယ်လောက် ကောင်းကောင်း၊ တရားပြသူနဲ့ နာယူသူ တိုက်ဆိုင်မှ တရားရတတ်တယ် မဟုတ်လား။

Anonymous said...

ကျေးဇူးပါ ဆရာ။
လေးစားလျှက်
မွန်းသက်ပန် (ဆေး ၁)