Thursday, January 28, 2010

HIV needle ရှင်းတမ်း

ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစ်မတစ်ယောက်ဆီက email တစ်ခုရလို့ ဖတ်ကြည့်လိုက်တော့ India မှာ HIV positive needle တွေ ရုပ်ရှင်ရုံတွေမှာ မြှုပ်ထားလို့ အပြစ်မဲ့ပြည်သူတွေ အပ်ဆူးကုန်ကြတဲ့ သတင်း ဖြစ်နေတယ်။ အဲဒါနဲ့ အများသိပါစေဆိုပြီး ဘာသာပြန်ပြီး public health in myanmar ရယ်၊ new world ရယ်၊ ကျွန်တော့် blog မှာရယ် တင်ပေးလိုက်တယ်။ ဒီနေ့ရောက်တော့ PHIM member တစ်ယောက် ပေးတဲ့ link ကို ဖတ်ကြည့်လိုက်တော့မှ အဲဒီသတင်းက အစစ်အမှန် မဟုတ်ဘဲ အင် ကြီး ဖြစ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် HIV ထက်ကြောက်စရာကောင်းသောလူများ post ကို ဖယ်ရှားထားလိုက်ပါတယ်။ စာဖတ်သူအားလုံးကို စိတ်အနှောက်အယှက်ပေးမိပါက တောင်းပန်ပါကြောင်း....။

အောက်ပါ link များမှ တဆင့် အဆိုပါ email အကြောင်းကို ဖတ်ရှုနိုင်ပါသည်။

http://www.hoax-slayer.com/hiv-needle-hoax.html

http://www.cdc.gov/hiv/resources/qa/hoax1.htm


Related Posts :



6 comments:

Dr Phyo Wai Kyaw said...

ကျနော် ထူးထူးခြားခြား ဖော်ဝါဒ့်မေးမှန်သမျှကို ပြန်စစ်လေ့ရှိတယ်ဗျ။ ထိုင်းနိုင်ငံက သူယောင်သီးတို့ ဟန်ချက်ညီ ကျောက်တုန်းတို့၊ မလေးရှားနိုင်ငံက ငရဲပြည်အထိနက်တဲ့ တွင်းပေါက်ကြီး ရေသူမအလောင်းကိုတွေ့ရှိခြင်းတို့ ဘာတို့ညာတို့။ တစ်ခုမှ မမှန်ပါဘူးဗျာ။

Unknown said...

ကျွန်တော်ဆံပင်တွေအရမ်းကျွတ်နေလို့ပါ..ဗွေနားမှာဆိုရင် မရှိလောက်အောင်ပါပဲ...ကျွန်တော့်အသက်22နှစ်ပါ ပြင်းထန်သော ဘယ်ဆေးဝါးမှလည်း မသောက်ခဲ့ဖူးပါ...ဘာကြောင့် ကျွတ်ရတယ်ဆိုတာနဲ့ ဆောင်ရန်ရှောင်ရန်လေး
တွေကို ညွှန်ပြပေးစေလိုပါတယ်..။

လေးစားလျှက်ပါ

ဆောင်း said...

ကိုအလှတရား ပြောတဲ့ ထိုင်းနိုင်ငံက သူယောင်သီး ဓါတ်ပုံ စစ်မစစ် မသိပေမဲ့ သူယောင်သီး အခြောက် ကို ဘုန်းကြီးကျောင်းတွေမှာ ပြထားတာသိရပါတယ်။ အသိတယောက် ကိုယ်တိုင် လက်နဲ့ ကိုင်တွယ်ကြည့်ဖူး။ မြင်ဖူးပါတယ် ဆိုလို့  သူယောင်သီး ဆိုတာ လက်တွေ့ မှာ ဖြစ်နိုင်တယ် လို့ ထင်ပါတယ်။ ကျမကို ငယ်ငယ်က ထိန်းပေးတဲ့ အမ သူ့ ရွာ (ပြွန်တန်ဆာနားက ရွာ တရွာ) မှာ သူယောင်ပင် ရှိတယ်လို့ ပြောဖူးတာ မှတ်မိပါတယ်။
ဒါကြောင့် သူယောင်သီးဓါတ်ပုံ မမှန်ဖူး မပြောချင်ပေမဲ့ သူယောင်သီးခြောက်ဆိုတာ ထိုင်းမှာ တကယ်ရှိနိုင်မယ် ထင်ပါတယ်
ဘာဘဲ ဖြစ်ဖြစ် ဗဟုသုတ ရတာပေါ့နော်

Unknown said...

ကျွန်တော်က အကြောတွေ မကြာခဏတုန်နေတယ်။ နေရာတိုင်းမဟုတ်ဖူး။လက်မောင်းတုန်ရင် ကျန်တဲ့ နေရာကမတုန်ဘူး။ တစ်ခါတစ်ခါ ရင်ဖက်ထဲကတုန်တယ်။ ကျွန်တော် ဆေးလိပ်တော့ သောက်တယ်။အရင်ကတော့ အဲဒီလိုမတုန်ပါဖူး။ အဲဒီလို တုန်တာ (၆)လလောက်ရှိသွားပြီး၊ ကျေးဇူးပြုပြီး ဖြေ ကြားပေးပါခင်ဗျား...........
လေစားစွာဖြင့်

Unknown said...

ကျွန်တော် အသားတွေတုန်တယ်။မကြာခဏပဲ။ ညအိပ်ရာ ၀င်ချိန်မှာဆို ပိုဆိုးတယ်။တစ်ကိုယ်လုံး တုန်တာမဟုတ်ဘဲ လက်မောင်းဆို လက်မောင်းတစ်ခုပဲ တုန်တယ်။အများသောအားဖြင့် လက်မောင်းကတုန်တာ များပါတယ်။ကျွန်တော်ဆေးလိပ်တော့သောက်တယ်။ အဲဒါဘာဖြစ်တယ်ဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေးပါ ခင်ဗျား..........
လေစားစွာဖြင့်

Unknown said...

ကျွန်တော်က အကြောတွေ မကြာခဏတုန်နေတယ်။ နေရာတိုင်းမဟုတ်ဖူး။လက်မောင်းတုန်ရင် ကျန်တဲ့ နေရာကမတုန်ဘူး။ တစ်ခါတစ်ခါ ရင်ဖက်ထဲကတုန်တယ်။ ကျွန်တော် ဆေးလိပ်တော့ သောက်တယ်။အရင်ကတော့ အဲဒီလိုမတုန်ပါဖူး။ အဲဒီလို တုန်တာ (၆)လလောက်ရှိသွားပြီး၊ ကျေးဇူးပြုပြီး ဖြေ ကြားပေးပါခင်ဗျား...........
လေစားစွာဖြင့်