Saturday, January 9, 2010

တင်ပါးဆုံရိုး ကျိုးခြင်း ၏ ဂယက်များ


အောင်ရတနာဆေးခန်း မှ ဖြစ်ခဲ့တဲ့ လူနာသေဆုံးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီ မှာ တင်ထားတာတွေ့လို့ စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်နေတာနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။ သတင်းကို မဖတ်ရှုရသေးသူတွေအတွက် http://www.irrawaddy.org/bur/index.php/news/1-news/2391-2010-01-08-12-06-02 မှာ ဖတ်ရှုလို့ ရပါတယ်။ ကျွန်တော်စာရေးလိုတဲ့ ရည်ရွယ်ချက် က မည်သူ့ကိုမျှ အပြစ်တင်လိုတဲ့ ဆန္ဒနဲ့ မဟုတ်ပါဘူး။ စာဖတ်ပရိသတ်တွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်စေချင်လို့ပါ။  ဆောင်းပါးမှာပါဝင်တဲ့ အချက်တွေကိုပဲ သုံးသပ်ပြီး ရေးသားပါမယ်။


ပထမဆုံးပြောချင်တာက ဒီ case ဟာ ဧရာဝတီ ကရေးသားသလို မှားယွင်းသော ဆုံးဖြတ်ချက်ကြောင့် လူနာသေဆုံးရတာ မဟုတ်ပါဘူး။ အခုလူနာသေဆုံးရတာ က ခွဲစိတ်ရင်း အဆုတ်သွေးကြောထဲမှာ သွေးခဲသေဆုံးတာလို့ ဖော်ပြထားပါတယ်။ အဲဒီ သွေးကြောပိတ်တယ်ဆိုတာက နှလုံးသွေးကြောပိတ်သလိုမျိုး တဖြည်းဖြည်းချင်းဖြစ်လာတာ မဟုတ်ပါဘူး။ ရုတ်တရက် ကောက်ခါငင်ကာ ထဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။ ဖြစ်ရင်လည်း ဘာမှ မလုပ်နိုင်ခင် လူနာသေဆုံးရတာ များပါတယ်။ အနောက်နိုင်ငံတွေမှာတောင် မိခင်တွေ သေဆုံးရသောအကြောင်းအရင်းရဲ့ ထိပ်ဆုံးမှာ အဆုတ် သွေးကြော ပိတ်တာ ပါဝင်ပါတယ်။ အသက်ငယ်ငယ် ကြီးကြီး မည်သူမဆို diagnosis မရပါက အသက်မမှီနိုင်ပါ။ Diagnosis လုပ်ရသည်မှာလည်း အလွန်ခက်ပါတယ်။ အထူးသဖြင့် ခွဲစိတ်နေတုန်း မေ့ဆေးပေးထားတုန်း ထဖြစ်ရင် အရမ်း မြန်တတ်သောကြောင့် ဆေးမမှီတတ်ပါ။ အသက်ကြီးသူတွေ လှုပ်ရှားမှု နည်းသူတွေ အရိုးခွဲစိတ်ရသူတွေ မှာ ဖြစ်တတ် ပါတယ်။ သို့ပေမယ့် ဖြစ်နိုင်ချေရာခိုင်နှုန်းက အရမ်းနည်းတဲ့အတွက် ဆရာဝန်တွေက သူ့ကို မခွဲစိတ်ခင် လူနာကို ရှင်းပြတဲ့ အခါမှာ ထည့်ပြီး ပြောလေ့မရှိပါဘူး။ ကျန်တဲ့ အချက်အလက်တွေကို ဆေခန်းက ရှင်းပြလား မပြလားတော့ ကျွန်တော်လည်း မသိပါ။ ထို့ကြောင့် လူနာကသာ အဆုတ်သွေးကြောပိတ်လို့ သေဆုံးရတာဆိုရင် ဒီ case ဟာ လွဲမှားတဲ့ ဆုံးဖြတ်ချက်ကြောင့် သေဆုံးရတာ မဟုတ်ပါဘူး။ ခွဲစိတ်ကုသရတဲ့ ဖြစ်စဉ်တစ်ခုမှာ ကြုံတွေ့နိုင်တဲ့ ရှောင်လွှဲလို့ မရတဲ့ အခြေအနေ တစ်ခုပါ။

အဲဒီတော့ မခွဲရင်ကောလို့ မေးစရာ ရှိပါတယ်။ အရိုးကျိုးပြီး အထဲမှာ သွေးဘယ်လောက်ထွက်သလဲ ဆိုတာကို မသိနိုင်တဲ့အတွက် ပြော၍ မရပါ။ သို့သော် မခွဲဘဲ ထားပါက ထိုအဖွားသည် အနည်းဆုံးအိပ်ယာထဲတွင် တစ်နှစ်ခန့် မလှုပ်ဘဲ ငြိမ်ငြိမ်လေးနေရမည် ဖြစ်သည်။ ဒါတောင် ပြန်ကောင်းဖို့ မသေချာ။ အဲဒီ တစ်နှစ်အတွင်းမှာ အသက်အန္တာရယ်ကို ထိခိုက်နိုင်တဲ့အထိ ဆိုးရွားတဲ့ ရောဂါတွေ ၀င်နိုင်သေးသည်။ ခွဲစိတ်လိုက်ပါက လျင်မြန်စွာ ပြန်ကောင်းလာနိုင်မည်ဖြစ်သည်။ ဒါက quality of life ရှုထောင့်ကပြောတာပါ။ ကျွန်တော်သာလူနာဆိုရင်တော့ အသက် ၉၀ ဆိုလည်း ခွဲမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ quality ချင်းကွာသောကြောင့်ဖြစ်သည်။ တင်ပါးဆုံရိုးကျိုးခြင်းသည် လူနာရှင် ကပြောသကဲ့သို့ အသေးအမွှား ပြဿနာကလေးမဟုတ်ပါ။ Major operation တစ်ခုဖြစ်ပါတယ်။ 

နောက်တစ်ချက်က ဒေါက်တာဝင်းရှိန်က ဒီ case ကိုသုံးသပ်ပြီးမှ အဲဒီစကားပြောတာလား။ ဒါမှ မဟုတ် တစ်ခြားနေရာမှာ အခြားကိစ္စကိုဆွေးနွေးရင်းနဲ့ ပြောတာလား။ ဘီယာဆိုင်မျာ ဘီယာသောက်ရင်းပြောတာလား ဆိုတာကိုလည်း ထည့်ပြောစေချင်တယ်။ မဟုတ်ရင် ဒီစကားက အခြေအမြစ်မရှိတဲ့ statement တစ်ခုဖြစ်နေမှာပေါ့။

ဧရာဝတီအနေနဲ့လည်း ဆောင်းပါးကို ဖော်ပြမယ်ဆိုရင် ကိုယ့်ဆောင်းပါးက တတ်သိတဲ့သူတွေ ဖတ်ကြည့်ပြီး ဟားစရာကြီး ဖြစ်နေလား ဖြစ်မနေဘူးလားဆိုတာ အရင်သုံးသပ်စေချင်တယ်။ ကျန်းမာရေး ဆေးပညာနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးမယ်ဆိုရင် validity ကို check မလုပ်ဘဲရေးရင် သတင်းမဖြစ်ဘဲ အတင်းအဖျင်းသာ ဖြစ်နေလိမ့်မည်။ မကောင်းဘူး မကောင်းဘူး ပြောနေပြီး ကောင်းအောင် ကျတော့ ကူညီလိုတဲ့ ဆန္ဒမရှိရင် အလကားပါပဲ။ အဲဒီ ဆောင်းပါးနဲ့ ပတ်သက်ပြီး ဆရာဝန်တစ်ယောက်က သူ့အမြင်ကို ဧရာဝတီမှာ comment ပေးဖို့ ကြိုးစားတာ လက်မခံဘူးလို့ သိရပါတယ်။ ထို့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။


Related Posts :



9 comments:

Unknown said...

Dear Sayar,
I absolutely agree with your opinion on the article in Irrawaddy. I am not in the field of medical profession. I think that we need one like you. Great!

Nge Naing said...

ဆရာဇီဝကရေ ကျွန်မလည်း မနေ့က ကျွန်မပို့စ်တခု အောက်မှာ စာဖတ်သူ ဒေါက်တာကျော်ဇင် လာရေးထားတဲ့ မှတ်ချက်မှာ ဒီသတင်းအကြောင်း ပြောထားတာ တွေ့လို့ သွားဖတ်ဖြစ်ပါတယ်။ ဒီသတင်းက သိသိသာသာကြီး လွဲမှားမှုကြောင့် ဆိုတဲ့ judgment လုပ်ထားတဲ့ ၀ါကျနဲ့ စထားပြီး ဘယ်လို၊ ဘာကြောင့်၊ ဘယ်နေရာမှာ လွဲမှားတယ်ဆိုတဲ့ အချက်အလက် ထပ်မလာတော့ ဒေါက်တာကျော်ဇင်လည်း ဆရာဇိဝကလို ထောက်ပြထားတာကို လက်ခံပါတယ်။ ဒါပေမဲ့ ဧရာဝတီမှာတော့ အချိန်မရလို့ ပြီးတော့ ကျွန်မ မှတ်ချက်ကို ဖေါ်ပြပေးဖို့ မသေချာလို့ မှတ်ချက်တော့ ဘာမှ ပြန်မရေးဖြစ်ခဲ့ဘူး။ ဆေးပညာဆိုင်ရာ အခြအနေတွေနဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း နားမလည်ပဲ ရေးလိုက်လို့ သတင်းက သတင်းပုံစံ မဟုတ်ပဲ မိမိထင်တာကို လူတယောက်က ပြောထားသလို ဖြစ်နေတာ ကျွန်မလက်ခံတယ်။ ဒါကို ဆရာဇိဝက အကျိုးသင့်အကြောင်းသင့် ဘက်မလိုက်ဘဲ တင်ပြ ထောက်ပြထားတာလေး သိပ်ကောင်းပါတယ်။ စာဖတ်သူ အများအတွက်လည်း အကျိုးရှိပါတယ်။ ဒီပို့စ်အတွက် ကျေးဇူးတင်ပါတယ်။

William Thargi said...

အိုင်ဆေး … ဧရာဝတီမှာတော့ ဒေါက်ဒေါက် တွေကို ဘုံရန်သူ အဖြစ် သတ်မှတ်ချေမှုန်းနေကြ ပြီ။ လွတ်လပ်ပွင့်လင်းမှုကို (ကိုယ့်အတွက်) အဆင်ပြေသလို အဓိပ္ပါယ် ဖွင့်ကျင့်သုံးနေကျ ဆရာသမားတွေ ကတော့ ပွင့်ပွင့်လင်းလင်းကြီး ကို သင်းတို့ ရဲ့အရည်အချင်း၊ အဆင့်အတန်း နဲ့ ရပ်တည်ချက်ကို ဖွင့်ပြနေကြပြီ။ ကွန်မင့် တွေကို ဝမ်းဝေးဘဲ တင်ပေးတယ် ကျုပ်ရေးတာ ကို လည်း ဧရာဝတီက အယ်ဒီတာမင်းတွေက တင်ပေးဖို့ ငြင်းပယ်ကြတယ်။
ဆရာဇီ ခင်ဗျား … ဧရာဝတီအနေနဲ့ သူတို့ရဲ့ဆောင်းပါးက တတ်သိတဲ့သူတွေ ဖတ်ကြည့်ပြီး ဟားစရာကြီး ဖြစ်နေ တာကို ရိပ်မိကောင်း ရိပ်မိ နိုင်ပါတယ် သို့ပေမယ်လို့ တတ်သိတဲ့ သူထက် မတတ်သိတဲ့ သူကအဆပေါင်းများစွာပိုတာ၊ မြန်မာ အများစုဟာ ကျိုးကြောင်းထက် အီမိုရှင်နယ် တော့ မဟုတ်ဘူးပေါ့နော် ရင်ဘတ်ကြီးနဲ့ ခံစားတတ်တာ၊ ကောက်ရိုးမီး သွေးဆူ တတ်တာ တွေကို ပိုပြီး အဓိကထား သုံးသပ်ထားပုံရပါတယ်။
မြန်မာနိုင်ငံ ဆရာဝန်များအသင်း(မန္တလေး) ဒု ဥက္ကဌ (၂) ဒေါက်တာဝင်းရှိန် အနေနဲ့လည်း
“နည်းပညာရော ကျင့်ဝတ်တွေကင်းမဲ့နေတာကိုလည်း ထည့်တွက်ရမယ်” လို့ ထော့နင်း ထော့နင်း ဆို နေမယ့် အစား၊ ထည့်တွက်ရုံတွက် နေမယ့်အစား ဆရာဝန်များ အသင်း (မန္တလေး) ဒု ဥက္ကဌ (၂) တစ်ယောက် အနေနဲ့ တစုံတရာ အပြု သ ဘော ဆောင်ရွက်ပေး နိုင်ရင် နတ်လူ သာဓု ခေါ်စရာဖြစ်မယ်ထင်ပါတယ်။
အဓိက အနေနဲ့ တော့ ကျန်းမာရေးဝန်ကြီး အနေနဲ့ ဘဘ ဗိုလ်ချုပ်ကြီး သိန်းစိန် ရဲ့ ဖိနပ်ကို ပြေးပြေး ချွတ်ပေးဖို့ ထက် ကျန်းမာရေး ကဏ္ဍကို မြှင့်တင်ပေးဖို့ ကျိုးစားရင်၊ ဆရာဝန်တွေကို ရှာကြံပြီး ဒုက္ခပေးဖို့ထက် ဆရာဝန် တွေကို မြေတောင်မြှောက်ပေးမယ် ဆိုရင် ဖီဇီရှင်ကြီး ရဲ့ “မယ်တော်” ကလေးကလည်း သိပ်စိတ်ကွက်မယ် မထင်ပါဘူး။
အိုင်ဆေး … အခါအခွင့် ကားသင့် ချေပြီ ဆရာဝန်တွေကို သရော်စော်ကားဖို့ စိတ်အားထက် သန်ကြသူများ အမနာပရေးနိုင် ပြောနိုင်ရန် ဧရာဝတီ သို့ကြွကြကုန်။
အပ္ပမာဒေန
ဝီလျှံသာဂိ

Liu Kailai said...

This blog showed the real reason why we are ruled by military since we got independence from English. We all are not trained to know the meaning of FREEDOM.

Liu Kailai said...

This blog (AYEYARWADDY) showed the real reason why we are ruled by military since we got independence from English. We all are not trained to know the meaning of FREEDOM. I think this blog represent the people fighting for DEMOCRACY.

Unknown said...

ဆရာဇီဝကရေ
မြန်မာနိုင်က မီဒီယာတွေက ဘယ်အရာက မှန်တယ်၊မှားတယ်ဆိုတာ သေချာမသိဘဲ၊ လူနာရှင်ပြောသမျှကို အမှန်လုပ်ပြီးဆရာဝန်တွေကို အပုပ်ချနေတော့မှာလား။ မီဒီယာ ဥပဒေတွေနဲ့ တားဆီးလို့မရဘူးလား။ မဟုတ်ရင် ရိုးသား ယုံလွယ်တဲ့ မြန်မာပြည်သူတွေကို ဆရာဝန်တွေကို လူသတ်ကောင်တွေ၊ မတတ်ဘဲနဲ့ လူ့အသက်ကို မညှာမတာလုပ်တဲ့သူတွေလို့ထင်သွားနိုင်လို့ပါ။ ဆရာဝန်ဆိုတာ သိပ်ကိုမွန်မြတ်ပြီးကိုယ်ကျိုးစွန့်ရတဲ့ အလုပ်လို့ ကျွန်မတို့သိထားပါတယ်။ ကျွန်မတော့ ဒီသတင်းနဲ့ အောက်မှာရေးထားတဲ့ comment တွေကို ကြည့်ပြီးစိတ်တောင် မကောင်းဘူး။

Anonymous said...

Thanks to all of u. Whatever the reason of attacking us, we have to maintain our quality of care. Don't see that kind of media with no responsibility as enemies but rather as feedbacks. Blame is easy, change is not.

Unknown said...

ဧရာဝတီ Blog က ဒေါက်ဒေါက်တွေ ကိုမှမဟုတ်ပါဘူး။ မြန်မာပြည်မှာ နေထိုင် လုပ်ကိုင် စားသောက် နေတဲ့ လုပ်ငန်းရှင် အသိပညာရှင် အတတ်ပညာရှင် တွေအားလုံးကို ဘုံရန်သူလို သတ်မှတ်ပြီး တိုက်ခိုက်နေတာပါ။ သူတို့ရဲ့ ရည်မှန်းချက်က ဒီမိုကရေစီရရှိရေး ဆိုတာ လူကြားကောင်းအောင်နဲ့ ထောက်ပံ့ကြေး များများ ရရှိအောင်လို့ပါ။ မူရင်းရည်မှန်းချက်က မြန်မာပြည်ပျက်သုန်းရေး နဲ့ထောက်ပံ့ကြေး ရရှိရေးပါ။

Unknown said...

......................