Sunday, November 29, 2009

“ အကယ်၍သာ “

(ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်မားစွာနဲ့ ထင်မြင်ယူဆချက်၊ မှတ်ချက်တွေ တက်လာလိုက်ကြတာအမျိုးအမျိုးပါပဲ။ ဒါနဲ့ပတ်သက်ပြီး အခုစိတ်ဝင်စားနေကြတဲ့ ရင်နင့်စရာ ဇတ်လမ်းမျိုး များ အင်္ဂလန်ခေါ် ဘိလပ်ရွှေပြည်ကြီးမှာ ဖြစ်ခဲ့တာဆိုရင် ဘယ်လိုနေမှာလဲဆိုတဲ့ လက်တွေ့အခြေပြု စိတ်ကူးပုံရိပ် ကလေးကို တကယ်ကျင်လည် လှုပ်ရှားနေသူတဦးရဲ့ သရုပ်ဖေါ်ချက်အတိုင်း ဖတ်ကြည့်ကြရအောင်လားခင်ဗျာ။ ဗဟုသုတ အနေနဲ့ပေါ့။)

(ကားလိပ်ဖွင့်)


တခုပါဘဲဗျာ ---- ဘယ်နေရာမဆိုလေ သူ့ စံနစ်နဲ့  သူ ကောင်းတာတွေရော ဆိုးတာတွေပါရှိတာဘဲ။
စံနစ်တခုကိုသေသေချာချာ မသိသေးပဲနဲ့ကောင်းပါတယ်လို့  အပြင်ကနေပြောတာမျိုးတော့ မကောင်းဘူးဗျာ။
ကဲပါလေ
UK NHS (အင်္ဂလန်နိုင်ငံ ကျန်းမာရေးစေါင့်ရှောက်မှုစံနစ်) မှာ ဒီလိုလူနာရဲ့  သွားရာ လမ်းကြောင်းလေး ကြည့်ရအောင်။ ( ) ကွင်းထဲက ကုန်ကျစရိတ်က အစိုးရပေးတာနော် ။ လူနာကတော့ တပြားမှမကုန်
ကောင်းတာဆိုးတာ ခဏထားနော်

Read More...

Thursday, November 26, 2009

Myanmar Medical Council


မြန်မာနိုင်ငံ ဆေးကောင်စီ ဆိုင်ရာ ဥပဒေ


အောက်တွင် ဖော်ပြထားသည်မှာ ၂၀၀၀ ခုနှစ် ဇန္န၀ါရီလက ထုတ်ပြန်ထားသော အခန်း ၁၅ ခန်းပါသည့် ဥပဒေဖြစ်ပါသည်။ ဥပဒေ ရှိသည်ကို မသိခြင်းသည် ဥပဒေကို မလိုက်နာရန် အကြောင်းမဟုတ်ပေ။

အရောင်ဖြင့် မှတ်သားထားသော စာပိုဒ်များမှာ လတ်တလော ဆွေးနွေးနေကြသော ကျန်းမာရေး ၀န်ထမ်းများ၏ သံသယဖြစ်ဖွယ် ပေါ့လျော့မှု၊ အရည်အချင်း မပြည့်ဝမှု စသည့် အကြောင်းတို့နှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံ ဆေးကောင်စီ၏ ရည်ရွယ်ချက်၊ တာဝန်ဝတ္တရား နှင့် လုပ်ပိုင်ခွင့်များ ဖြစ်ပါသည်။

The State Peace and Development Council
Myanmar Medical Council Law
(The State Peace and Development Council Law No.1/2000)
The 9th Waxing Day of Pyatho, 1361 M.E.
(14th January, 2000)


The State Peace and Development Council hereby enacts the following Law:

Read More...

တရားမျှတမှုနှင့် ၀န်ဆောင်မှုဆိုင်ရာ ပြဿနာများ

မြန်မာစကားပုံမှာ “မမှားသော ရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတဲ့ စကားပုံ တခုရှိပါတယ်။ ဒီစကားပုံ အစပြုခဲ့သူတွေဟာ ရှေ့နေတွေလား၊ ဆေးသမားတွေလား ဆိုတာကိုတော့ အတိအကျ မည်သူမျှ ပြောနိုင်မှာ မဟုတ်ပါ။ လူတွေက ကျန်းမာရေး အခက်အခဲတွေ ဖြစ်တဲ့အခါ ဆေးပညာရှင်တွေကို အားကိုးကြပါတယ်။ တရားရေးပြဿနာတွေ ဖြစ်တဲ့အခါ ရှေ့နေတွေကို အားကိုးကြပါတယ်။ သေရေး၊ ရှင်ရေး၊ ဘ၀ရေး ကိစ္စတွေမို့ ဆေးသမားတွေနဲ့ ရှေ့နေတွေဆိုရင် အလွန်လေးစား အားထားကြပါတယ်။ နောက်ဆုံး တချို့ ရပ်ကွက်လေးတွေမှာဆို ဆေးရုံ၊ ဆေးခန်း မသွားနိုင်လို့ လမ်းဘေး ကွမ်းယာဆိုင်လေးကနေ ဆေးဝယ်သောက်ကြရပါတယ်။ အဲဒီအခါကျရင် ဒီကွမ်းယာရောင်းသမားလေးက သိပ်မျက်နှာရတာပဲ။ ဝေးလံခေါင်ဖျားဒေသတွေမှာ ဒေါက်တာရမ်းကုတွေ ပေါ်ထွက်နေရခြင်း၊ လုပ်စားလို့ ရနေခြင်းကလဲ ဒီသဘောပဲ ဖြစ်ပါတယ်။ လူတွေက ဆေးသမားနဲ့ ရှေ့နေတွေကို ကယ်တင်ရှင်တွေလို့ သတ်မှတ်ယူဆထားကြပါတယ်။ ဒီတော့ တခုခု အမှားအယွင်းနဲ့ သေသွားတာ၊ တစုံတရာ ဆိုးကျိုးတွေ ဖြစ်သွားတာဆိုရင်လဲ “မမှားသောရှေ့နေ၊ မသေသော ဆေးသမား“ ဆိုတာ မရှိပါဘူးလေ ဆိုပြီး ခွင့်လွှတ်လိုက်ကြတာပါပဲ။

Read More...

Tuesday, November 24, 2009

Presumption of innocence


မြန်မာ့ သတင်းမီဒီယာအချို့ စည်းဘောင်လွတ်နေခြင်း


ဒီရက်ပိုင်းအတွင်း ပြည်တွင်းက သတင်းဂျာနယ် နှစ်စောင်မှာ ပါဝင်တဲ့ အမျိုးသမီးငယ် တစ်ဦး ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သေဆုံးခြင်း သတင်းကို ဖတ်မိပြီး ဤဆောင်းပါးကို ရေးရန် အကြံဖြစ်ပါသည်။

သတင်းအကျဉ်းမှာ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီးစ အမျိုးသမီးငယ်တစ်ဦးသည် ဗိုက်နာသဖြင့် ပုဂ္ဂလိက ဆေးရုံတစ်ရုံတွင် သွားရောက်ပြသသည်။ ဆရာဝန်တစ်ဦးက စမ်းသပ်စစ်ဆေးပြီး အူအတက်ရောင်ရောဂါ ရှိသည်ဟု ဆိုကာ ခွဲစိတ်ကုသသည်။ ခွဲစိတ်ကုသအပြီး နှစ်ရက်အကြာတွင် အမျိုးသမီးငယ် သေဆုံးသွားခဲ့သည်။ သတင်းနှစ်ပုဒ်လုံး၏ သုံးသပ်ချက်မှာ ဆရာဝန်၏ အမှားကြောင့် အမျိုးသမီးငယ် အသက်ဆုံးရှုံးရသည်ဟု ဆိုထားပြီး နောင်တွင် အလားတူ အမှားမျိုးမဖြစ်ရန် အကြံဥာဏ် ပေးထားလေသည်။

သတင်းဆောင်းပါး အကျယ်ကို အောက်ပါ ဂျာနယ်နှစ်စောင်တွင် ဖတ်ရှုနိုင်ပါသည်။

Snap-shot
weekly 11

ကျွန်တော့်အနေဖြင့် တရားဥပဒေ ရှုထောင့်နှင့် ဆေးပညာရှုထောင့် တို့မှကြည့်၍ ပြန်လည် ဆွေးနွေးလိုသည်။

Read More...

Monday, November 23, 2009

ပြုစားခံရနေရခြင်းမဟုတ်သော Down's Syndrome

ပြုစားခံရနေရခြင်းမဟုတ်သော Down's Syndrome






Down's Syndrome ဆိုတာဘာလဲ ?

ဒီရောဂါကို တစ်ချို့က ပြုစားခံနေရတယ်လို့ဆိုပါတယ် ။ တောရွာတွေဖက်မှာဆို လူပြုစားသလိုလို စုန်းနဲ့ပဲလုပ် သလိုလိုနဲ့ ပြောလေ့ရှိပါတယ် ။ Down's Syndrome အကြောင်းမပြောခင် အရင်ဆုံး Karyotyping ဆိုတာဘာလဲ ရှင်းပြပါမယ် ။ Chromosone အရေအတွက်နဲ့ ပုံသဏ္ဍာန် တစ်စုံပါဝင်တဲ့ Cellular chromosone profile တစ်ခုကို Karyotype လို့ခေါ်ပါတယ် ။ လူတွေမှာ Chromosone အပြည့်အစုံ 46 ခုရှိပါတယ် ။ တူညီတဲ့ Gene တွေပါဝင်တဲ့ Homologous autosomes ၂၂စုံပါဝင်ပြီး မျိုးပွားအင်္ဂါ ခရိုမိုစုန်း တစ်စုံပါဝင်ပါတယ် ။ မိန်းမကလေးမှာ 46XX ဖြစ်ပြီး ယောက်ျားလေးမှာ 48XY ဖြစ်ပါတယ် ။ အဲဒီလို Chromosone အရေအတွက် သို့မဟုတ် ပုံသဏ္ဍာန်မှာ ချို့ ယွင်းချက်ရှိနေတာကို Abnormal Karyotype လို့ခေါ်ပါတယ် ။ Down ရောဂါဟာ Abnormal Karyptype ပါဝင်နေခြင်းဖြစ်ပါတယ် ။ သူက 47XY(+21) ဖြစ်နေပါတယ် ။ +21 ကတော့
ပဲဖြစ်ပါတယ် ။ Down's Syndrome ရဲ့ ၉၅%ဟာ အမေဖက်က နေပြီး
ကြောင့်ဖြစ်ပါတယ် ။ ၂ - ၃ % မှာတော့ Trisomy 21 ဟာ Genetic ပစ္စည်းတွေကို Chromosone တစ်ခုကနေ တစ်ခုကိုလွှဲပြောင်းပေးတဲ့နေရာ Translocations မှာဖြစ်ပါတယ် ။

Down's Syndrome ရဲ့ ဖြစ်ပွားနိုင်မှုက အသက်အရွယ်မျိုးစုံမှာ ၆၅၀ မှာ ၁ ယောက်ဖြစ်နိုင်ချေရှိပါတယ် ။

Down's Syndrome ရဲ့ ရောဂါ လက္ခဏာတွေက ဘာတွေလဲ ?

Read More...

Saturday, November 21, 2009

World AIDS Day 2009






More

Friday, November 20, 2009

Screening Breast Cancer

ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်း

အခုရက်ပိုင်း အမေရိကန်နိုင်ငံ ကျန်းမာရေး သတင်းတွေမှာ ရေပန်းစားနေတာကတော့ အမျိုးသမီးများ ရင်သားကင်ဆာ ရှိမရှိ ကြိုတင်စစ်ဆေးခြင်းကို ဘယ်အသက်အရွယ်မှာ စပြီး လုပ်သင့်တယ်၊ ဘယ်လောက်တစ်ခါ လုပ်သင့်တယ် ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီသတင်းနဲ့ ဆက်ဆိုင်တဲ့ သုတေသန စာတမ်းတွေ၊ ထောက်ခံအကြံပြုချက်တွေကို ပြန်လည် တင်ပြပြီး ဒီအချက်အလက်တွေဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ ဘယ်လို ဆက်စပ်နိုင်လည်း ဆိုတာကိုပါ ဆက်လက် ဆွေးနွေးတင်ပြသွားပါမယ်။ ဆွေးနွေးချက်က နည်းနည်းရှည်တော့ အနှစ်ချုပ်ကို အရင်ဖော်ပြပြီး အသေးစိတ် အချက်အလက်တွေကို နောက်ပိုင်းမှာ ဖော်ပြထားပါတယ်။

အနှစ်ချုပ်

အမေရိကန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (U.S. Department of Health and Human Services) ရဲ့ ဌာနခွဲ တစ်ခုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး မြှင့်တင်ရေး နဲ့ သုတေသန ဌာနခွဲ (Agency for Healthcare Research and Quality) က အရပ်ဖက် ပညာရှင်များ ပါဝင်တဲ့ အဖွဲ့တစ်ခု (U.S. Preventive Services Task Force) ဖွဲ့စည်းပေးပါတယ်။ ဒီအရပ်ဖက် ပညာရှင်တွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ စွက်ဖက်မှု၊ ကြိုတင်အဖြေထုတ်ပေးမှုတွေ မပါပဲ မိမိတို့ တတ်ကျွမ်းတဲ့ ပညာနဲ့ လွတ်လွတ်လပ်လပ် သုတေသနပြုပြီး ရလဒ်ကို အများပြည်သူ သိရှိရအောင် ထောက်ခံအကြံပြုချက် အနေနဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ အခုလို ထုတ်ပြန်ပါတယ်။
  • အမေရိကန်နိုင်ငံရှိ အသက် ၅၀ မှ ၇၄ နှစ်အတွင်း အမျိုးသမီးများ အားလုံး အနည်းဆုံး ၂ နှစ် ၁ ကြိမ် ရင်သားဓာတ်မှန်ရိုက်ပြီး စစ်ဆေးသင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၄၀ မှ ၄၉ အတွင်းရှိ အမျိုးသမီးများ အနေဖြင့်မူ ပုံမှန် စစ်ဆေးရန်မလို။ အကယ်၍ ရင်သားကင်ဆာ ဖြစ်စေနိုင်သော မျိုးရိုးဗီဇ ရှိပါက ရင်သားဓာတ်မှန် ရိုက်သင့်မရိုက်သင့်ကို ဆရာဝန်နှင့် တိုင်ပင်ပြီး ဆောင်ရွက်သင့်သည်။
  • အမေရိကန်နိုင်ငံရှိ အသက် ၇၅ နှစ်ကျော် အမျိုးသမီးများအတွက်မူ မည်သည့် ထောက်ခံအကြံပြုချက်မျှ မပေးနိုင်သေးပါ။ (သုတေသနပြုချက်များ ပြည့်စုံလုံလောက်မှု မရှိ။)
ဒီလို ထောက်ခံအကြံပြုချက်ဟာ အမေရိကန်နိုင်ငံသူတွေ အတွက်သာ အဓိကဖြစ်လို့ မြန်မာနိုင်ငံသူတွေ အနေနဲ့ ဒီအတိုင်း ထပ်ချပ် ဆောင်ရွက်သင့်တယ်လို့ ပြောဖို့ခက်ပါတယ်။ နောက်တစ်ချက်က ရင်သားဓာတ်မှန်ရိုက်တဲ့ စက်နဲ့ ဓာတ်မှန်ဖတ်တတ်သူက မြို့တိုင်း နယ်တိုင်းမှာ မရှိပါ။ ရောဂါတွေ့လာလျှင် စနစ်တကျ ကုသပေးနိုင်တဲ့ ဆရာဝန်၊ ဆေးရုံများကလည်း အကန့်အသတ်နှင့်သာ ရှိပါတယ်။ ကုန်ကျစရိတ်ကလည်း ထည့်စဉ်းစားစရာ အချက်တစ်ခု ဖြစ်ပါတယ်။ မြန်မာအမျိုးသမီးများကို ကိုယ်စားပြုတဲ့ ရင်သားကင်ဆာဆိုင်ရာ သုတေသန ပြုချက်တွေ ပိုပြီး ထွက်ပေါ်လာစေဖို့နဲ့ သုတေသန တွေ့ရှိချက်တွေကို ပြည်သူအများ သိရှိနိုင်အောင် ချပြ ပြောဆိုဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။

Read More...