Wednesday, February 11, 2009

Answers for C-Box questions (1)

C-Box မေးခွန်းများအတွက် အဖြေများ (၁)


တင်ထားတဲ့ ပို့စ်တွေနဲ့ မဆိုင်ပဲ စာဖတ်သူတွေက C-Box မှာ သီးသန့် လာမေးထားတဲ့ မေးခွန်းတွေထဲက C-Box မှာ ဖြေဖို့ နေရာမဆံ့နိုင်တဲ့ မေးခွန်း တချို့နဲ့ အရင် မဖြေဖြစ်ခဲ့တဲ့ မေးခွန်းဟောင်းတချို့ကို စုပေါင်းပြီး ပို့စ်တစ်ခု အနေဖြင့် မေးခွန်း မေးသူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဖြေထားတဲ့ အဖြေတွေက ကျွန်မ လက်လှမ်းမီသလောက် တင်ပြထားတာသာဖြစ်ပြီး ပြည့်စုံလုံလောက်မှု ရှိနိုင်မည် မဟုတ်တဲ့အတွက် မပြည့်စုံမှု (သို့) ချွတ်ယွင်းမှု တစ်ခုခု ရှိနေပါက စာရေးဖော်တွေ အပါအ၀င် မည်သူမဆို ဖြည့်စွက် ဖြေကြားပေးခြင်း၊ ဆွေးနွေးပေးခြင်းကို ပြုလုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ မေးခွန်းမေးသူများ အနေဖြင့်လည်း ဖြေထားသည်များကို မရှင်းလင်းပါက ထပ်မေးနိုင်ကြောင်းနှင့် ဒီလို ထပ်မေးလာရင်လဲ
ဝိုင်းဝန်း ဖြေကြားပေးဖို့ကို စာရေးဖော်တွေ အားလုံးကို ဖိတ်ခေါ်ပါတယ်။

ကိုသက် ။ ။ မျက်ကွင်း အရမ်းညိုတာဘာကြောင့်လည်းဆိုတာသိပါရစေဆရာ။

မျက်ကွင်းညို ရခြင်းရဲ့ အကြောင်းတွေက- - မျိုးရိုးကြောင့် - Allergy (ဓာတ်မတည့်မှု ရှိခြင်း)- အိပ်ရေး မ၀ခြင်း- နှာပိတ်ခြင်း- ခန္ဓာကိုယ်မှ ရေဓာတ်ဆုံး ရှုံးခြင်း (ဥပမာ။ ။ဝမ်းလျှောခြင်း ၊ အန်ခြင်း.... စသည်တို့ကြောင့်)- သံဓာတ်ချို့တဲ့၍ သွေးအားနည်းခြင်း- အသက်ကြီးလာခြင်း- စိတ်ဖိစီးမှုများခြင်း- အာဟာရ လုံလောက်စွာ မစားသောက်ခြင်း- ဆေးလိပ်သောက်ခြင်း- အလွန်အကြူး ကိုယ်အလေးချိန်ကျသွားခြင်း- Vitamin –K ဓာတ်ချို့တဲ့ခြင်း- အရမ်း နေရောင် အထိခံခြင်း ကုသမှုကတော့-မိမိမှာ အထက်က ပြဿနာတွေ ရှိနေရင် အဲဒါတွေ ကိုပြုပြင်ဖို့ ၊ ကုသဖို့ လိုပါတယ်။ Hydrating Facial mask ကို တစ်ပတ်နှစ်ကြိမ်ခန့် အသုံးပြုခြင်း ၊ သခွားသီးပါးပါး
အ၀ိုင်းလေးများကို မျက်လုံးနားတွင် ကပ်ခြင်း(တစ်ခါလျှင် ၁၀မိနစ်ခန့်) ၊ မနက်နှင့် ညတွင် ရေအေးအေးဖြင့် မျက်နှာသစ်ခြင်း ၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း ၊ ဂေါ်ဖီ ၊ လိမ္မော် ၊ သခွားသီး၊ စတော်ဘယ်ရီ စသော လတ်ဆတ်သော အသီးအရွက် များများစားခြင်း ၊ ကောင်းကောင်း အနားယူခြင်း ၊ Vitamin–K နှင့် ရှားစောင်းလက်ပတ် ပါဝင်သော Eye cream မျိုးကို လိမ်းခြင်း၊ မသက်သာလျှင် အရေပြား ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ (Dr စိုင်းဝေအောင်)


Khinethin ။ ။ လေဖြတ်တာ အကြောင်း ဆောင်းပါး ရေးပါဦး။ နောက် အေးတဲ့ဒေသမှာ နေရင် ဘယ်လို ကျန်းမာရေး အကာအကွယ် လုပ်ရမလဲ။ ရေချိုးတာတို့ အစားစားတာတို့ နောက်ဘယ်လိုနေသင့်သလဲ။ ကျေးဇူးတင်ပါတယ်။

လေဖြတ်ခြင်းမှာ အဓိကကတော့ ဦးနှောက်ကို ပို့ပေးနေတဲ့ သွေးကြော ပိတ်ဆို့ပြီး ဦးနှောက် တစ်ရှူးတချို့ ပျက်စီးသွားလို့ ဦးနှောက်မှာ အောက်စီဂျင် အထောက်အပံ့ မရတော့တဲ့အတွက် ဦးနှောက် ထိန်းချုပ်ထားတဲ့ သက်ဆိုင်ရာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ဦးနှောက်ကြား အဆက်အသွယ် ပြတ်သွားတာ ဖြစ်တယ်။ ဒီလို အဆက်အသွယ် ပြတ်သွားတော့ ဦးနှောက်က သက်ဆိုင်ရာ အစိတ်အပိုင်းကို ထိန်းချုပ်လို့ မရဖြစ်သွားပြီး ခန္ဓာကိုယ် အစိတ်အပိုင်း အလုပ်မလုပ်နိုင် ဖြစ်သွားပါတယ်။ ဘယ်လိုအမျိုးအစား လေဖြတ်တာပဲ ဖြစ်ဖြစ် လေဖြတ်တဲ့သူ အားလုံးကတော့ နွေးနွေးထွေးထွေး ရှိသင့်ပါတယ်။ ဒုတိယအကြိမ် ထပ်မဖြစ်ဖို့ အတွက်နှင့် နောက်ဆက်တွဲ ရောဂါတွေ မ၀င်နိုင်အောင် ကျန်းမာရေးကို ပုံမှန်အတိုင်း ထိန်းသိမ်းနိုင်ဖို့အတွက် အစာအဟာရ မျှတဖို့၊ အ၀မလွန်အောင် ကာကွယ်ဖို့နဲ့ လှုပ်ရှားမှုရှိနေဖို့ အမြဲလိုအပ်ပါတယ်။

ကုသမှုကို ပြန်လည် ပြုစုပျိုးထောင်တဲ့ လေ့ကျင့်ခန်း (Rehabilitations) တွေ လုပ်ရင် ဦးနှောက် တစ်ရှူးပျက်စီး ဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး အနည်းအကျဉ်း ဒါမှမဟုတ် လုံးဝ ပြန်လည် သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အလုပ်မလုပ်နိုင် ဖြစ်သွားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ် မူတည်ပြီး လုပ်ရမည့် လေ့ကျင့်ခန်းက ကွဲပြားတဲ့အတွက် တွေ့ဖို့လိုအပ်တဲ့ ကျန်းမာရေး ပညာရှင်တွေကလည်း ကွဲပြားပါတယ်။ ဥပမာ စကားပြောမရ၊ စကားပြောမပီ ဒါမှမဟုတ် အစာမျိုရခက် ဖြစ်သွားရင် လေ့ကျင့်ခန်းအတွက် Speech Pathologist နဲ့ Dietician ကို တွေ့ရမယ်။ ကိုယ်ကာယ ခန္ဓာကိုယ်အစိတ်အပိုင်း မသန် ဖြစ်သွားရင် Physiotherapist နဲ့ Occupational therapist ကို တွေ့ရမယ်။ လေဖြတ်တဲ့ အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်တွေနဲ့ တွေ့ပြီးရင် အိမ်မှာ ဆက်လက် ဆောင်ရွက်ဖို့ နေ့စဉ် ကိစ္စတွေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့အတွက် အသေးစိတ်ကို သင်ပြပေးလိမ့်မယ်။ Khinethin က မြန်မာပြည်ထဲက လူနာအတွက် မေးတယ်ဆိုရင်တော့ မြန်မာပြည်မှာ ဒီလို Rehabilitation Services တွေ ရှိမရှိ ကျွန်မ အတိအကျ မသိတဲ့အတွက် အကောင်းဆုံးကတော့ ဆက်လုပ်သင့်တာကို လေဖြတ်လို့ ဆေးရုံတက်တုန်းက အဓိက တာဝန်ယူ ကုသပေးခဲ့တဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ လေဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ပို့စ်တစ်ခုကို သီးသန့် မတင်နိုင်သေးတဲ့အတွက် တောင်းပန်ပါတယ်။


Ko Zaw ။ ။သွေးပျစ်တဲ့ ရောဂါကို ဘယ်လို ကုသရပါသလဲ။ ထိုရောဂါအကြောင်း ပြောပြပေးစေလိုပါသည်။


သွေးပျစ်ခဲတာက သွေးထဲမှာ ပါဝင်တဲ့ Chemical တွေ မမျှတလို့ ဖြစ်နိုင်သလို သွေးထွက်လွန်ခြင်း၊ သွေးယိုစီးခြင်းကို ကာကွယ်ပေးတဲ့ Clotting Factor ခေါ် သွေးထဲမှာရှိတဲ့ အင်ဇိုင်းတွေ ပုံမှန်ထက် ပိုများနေလို့လဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို ခန့်မှန်းရုံနဲ့ မသိနိုင်ပဲ သွေးစစ်ပြီး သွေးထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ရေတွက်ခြင်း (Full blood Count) နှင့် Clotting Factors တွေရဲ့ အခြေအနေကို ကြည့်ပြီးမှ သိနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ မမျှမတ ဖြစ်နေရင် မျှတအောင် ကုသရမယ်။ Clotting Factor တွေ လွန်ကဲနေခြင်းကြောင့် ဖြစ်တယ်ဆိုရင်တော့ Anticoagulant လို့ ခေါ်တဲ့ သွေးကို မခဲစေနိုင်တဲ့ ဆေးတွေကို ဆရာဝန် ညွန်ကြားချက်အတိုင်း သုံးစွဲနိုင်ပါတယ်။ သွေးပျစ်လွန်းခြင်းနှင့် ကျဲလွန်းခြင်း နှစ်ခုစလုံးက အန္တရာယ်ရှိတဲ့အတွက် ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်သင့်ပါတယ်။


Uranusaquarian ။ ။ အမျိုးသမီးတွေအတွက် မီးယပ်ကျန်းမာရေးကိစ္စတွေကိုရော မေးမြန်းလို့ ရပါသလားရှင်။


အမျိုးသမီးတွေ မီးယပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို Labels အောက်က Reproductive Health ကိုနှိပ်လိုက်ရင် အဲဒီထဲက ပို့စ်တွေထဲမှာ ရှာကြည့်နိုင်ပါတယ်။ သိချင်တဲ့ အကြောင်းအရာ အဲဒီထဲမှာမပါလို့ မေးခွန်းသီးသန့် ထပ်မေးရတော့ မေးတဲ့မေးခွန်းအပေါ် မူတည်ပြီး ဖြေပေးလို့ရပါတယ်။

mr.lupay။ ။ B ပိုးကါကွယ်ဆေးထိုးနည်းနဲ့ မအောင်ရင် ဘာဆက်လုပ်ရလဲ ဆိုတာလေးနဲ့ လိပ်ခေါင်းရောဂါ အကြောင်းတွေကို အပြည့်အစုံ ရှင်းပြပေးပါရန် တောင်းဆိုပါတယ် အစ်မ။ ကျေးဇူးတင်ပါတယ်။

ဒီမေးခွန်းကို မဖြေခင် labels အောက်က Hepatitis ခေါင်းစဉ်ထဲမှာရှိတဲ့ ပို့စ်သုံးခုကို အရင်သွားဖတ်ဖို့ Mr Lupay ကို အကြံပြုချင်ပါတယ်။

Hepatitis B & C (1)
Hepatitis B & C (2)
Hepatitis B

Hepatitis B အတွက် ထိရောက်တဲ့ ကာကွယ်ဆေး ရှိပါတယ်။ ကာကွယ်ဆေးကို စနစ်တကျ ထိုးထားရင် ကူးဖို့ ခဲယဉ်းပါတယ်။

ကာကွယ်ဆေး စနစ်တကျ ထိုးရမယ့် နည်းလမ်းကတော့ အကြမ်းဖျင်းဆိုရင် ၀-၁-၆ လို့ မှတ်သားပါတယ်။ ဆိုလိုတာက ဆေး သုံးကြိမ် ထိုးရမယ်။ ပထမ တစ်ကြိမ်ထိုးပြီးရင် ဒုတိယ တစ်ကြိမ်ကို ၁ လ ခြားပြီး ထိုးရပါမယ်။ တတိယ အကြိမ်ကို ဒုတိယအကြိမ်နဲ့ ၆ လ ခြားပြီး ထိုးရပါမယ်။

ကာကွယ်ဆေး ထိုးပြီးတိုင်း အသည်းရောင် အသားဝါ ဘီပိုးကို ရာနှုန်းပြည့် ကာကွယ်နိုင်တယ်လို့ ပြောလို့ မရပါဘူး။ ၉၀ရာခိုင်နှုန်း လောက်တော့ ကာကွယ်တယ်လို့တော့ ပြောပါတယ်။ တိတိကျကျ သိချင်ရင်တော့ ရောဂါ ကာကွယ်နိုင်တဲ့ အင်အား (Antibody titer) ဘယ်လောက် ရှိသလဲ ဆိုတာကို တိုင်းရပါတယ်။ အဲဒီလို တိုင်းလို့ ဆရာဝန်က စိတ်တိုင်းမကျရင် စတုတ္ထအကြိမ် ကာကွယ်ဆေး တစ်လုံး ထပ်ထိုးရတတ်ပါတယ်။

အသည်းရောင် အသားဝါ B ရုတ်တရက် (Acute) ရရှိပါက ခေါင်းကိုက်ခြင်း၊ အဖျားဝင်ခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း အဆစ်အမြစ်နဲ့ ကိုယ်လက်ကိုက်ခဲခြင်း တစ်ခါတစ်ရံ အရေပြား ယားယံခြင်း စတဲ့ လက္ခဏာတွေကို တွေ့နိုင်ပြီး ဒီလက္ခဏာတွေပဲ ထိန်းချုပ်လို့ရပြီး ရောဂါအတွက် သီးသန့်ဆေး မရှိပါဘူး။ အစာအာဟာရ လက္ခဏာထိန်းချုပ်တဲ့ ဆေးတွေနဲ့ကု အနားယူပြီး နှစ်ပတ်၊ သုံးပတ်အတွင်း သက်သာပျောက်ကင်း သွားနိုင်ပါတယ်။ ဒါပေမယ့် ရောဂါရတဲ့ ဆယ်ယောက်မှာ တစ်ယောက်နှုန်းခန့် နာတာရှည် (Chronic) ဖြစ်သွားနိုင်ပါတယ်။ နာတာရှည် အသည်းအရာင် အသားဝါ ရထားသူဟာ အသည်းနဲ့ပတ်သက်တဲ့ တခြား ဆက်ပွားရောဂါတွေ ၀င်ဖို့ သိပ်ကို နီးစပ်လို့ အထူး ဂရုပြုသင့်ပါတယ်။ အစာအာဟာရကို အသားဓာတ် အလွန်အမင်း မစားဘဲ အရက်ကို လုံးဝ ရှောင်သင့်ပါတယ်။ နေမကောင်းမှ ဆရာဝန်ပြခြင်း မဟုတ်ပဲ ဆရာဝန်နှင့် တစ်နှစ် ဘယ်နှစ်ကြိမ် တွေ့မယ်ဆိုတာ တိုင်ပင်သတ်မှတ်ပြီး အမြဲတမ်း ညွန်ကြားမှုခံယူ၊ အနေအထိုင် အစားအသောက် ဆင်ခြင်ရင် ရောဂါမရှိသူ နီးပါး နေသွားနိုင်ပါတယ်။

လိပ်ခေါင်းရောဂါနဲ့ Hepatitis B တိုက်ရိုက် ပတ်သက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် အသည်းက ခန္ဓာကိုယ်ထဲမှာ အကြီးဆုံး အတွင်းအင်္ဂါ အစိတ်အပိုင်း ဖြစ်ပြီး တခြား ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် အလုပ်လုပ်ရတော့ အသည်းနဲ့ ပတ်သက်ပြီး ရောဂါတစ်ခုဖြစ်တိုင်း တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ တစ်နည်းနည်းနဲ့ ထိခိုက်မှု ရှိပါတယ်။ အထူးသဖြင့် အသည်းက အစာအိမ်မှ ပို့လာတဲ့ အာဟာရတွေကို ပြန်လည် စိစစ်ပြုပြင် နေရာချပြီး ခန္ဓာကိုယ်အနှံ့ ပြန်လည်ဖြန့်ဖြူးပေးတဲ့ နှလုံးကို ရောက်အောင် ပို့ပေးရတော့ ရောဂါတခုခုကြောင့် အသည်း အလုပ်လုပ်မှု အားနည်းသွားတာနဲ့ အစာခြေဖျက်မှု စနစ်နဲ့ အစာပို့ဆောင်မှု စနစ်မှာလည်း အားနည်းသွားပါတယ်။ လိပ်ခေါင်းရောဂါ အကြောင်းကို နောက်ပိုင်း အချိန်ရရင် သီးသန့်ပို့စ်တစ်ခု တင်ပေးပါမယ်။


Linn ။ ။ သွား အနည်းငယ်ခေါနေတာကို ပြင်ချင်ပါတယ် သွားပြင်ရင် အကျိုးအပြစ် ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာ သိချင်ပါတယ်ခင်ဗျာ။

သွားနဲ့ ပတ်သက်တဲ့ ကျန်းမာရေးကဏ္ဍကို ၀န်ဆောင်တဲ့ Professionals သီးသန့်ရှိလို့ တခြား Health Care Professionals တွေအနေနဲ့ ဒီမေးခွန်းကို ဖြေနိုင်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။ သွားကို ပြုပြင်ပေးနေတဲ့ Dental Surgeon တွေ ကိုယ်တိုင်ကလည်း လူနာကိုယ်တိုင်ကို တွေ့ပြီး ပြုပြင်ရမည့် အခြေအနေ လူနာရဲ့ သွားဖုံးနဲ့ သွားအရင်းရှိ အရိုး တည်ဆောက်ပုံ အနေအထားတွေကို အတိအကျ စစ်ဆေးပြီးမှ သိနိုင်ပါလိမ့်မယ်။ တချို့က သွားကိုပဲ ပြန်တည့်မတ်ပေးဖို့ လိုပြီး တချို့ကျတော့ အရိုးကွင်းကိုပါ ပြုပြင်ရတာ ရှိတယ်ဆိုတာ သိရပါတယ်။ ပြုပြင်ရမည့် အခြေအနေအပေါ်မူတည်ပြီး အချိန်ကာလနဲ့ အကျိုးအပြစ်တွေက ကွာခြားနိုင်ပါတယ်။ အခြေခံ ကျန်းမာရေးကို အစိုးရက တာဝန် ယူတဲ့ နိုင်ငံတွေမှာတောင် Dental Health အတွက် မိမိပိုက်ဆံနဲ့ အိတ်စိုက် အသုံးပြုရပါတယ်။ ပြီးတော့ Dental Health က တခြား ကျန်းမာရေးကိစ္စတွေထက် ပိုပြီး ဈေးကြီးပါတယ် ရိုးရိုး Dentist ကို တခါတွေ့ရင်တောင် အထွေထွေ ဆရာဝန်ကို တခါတွေ့တာထက် ပိုဈေးကြီးတယ်ဆိုတာ သိရတယ်။ ဒါကြောင့် သွားအလှပြုပြင်တဲ့ Dental Surgeon ဆီက Information pack ဒါမှမဟုတ် Leaflet တွေကို အရင် ဖတ်ကြည့်ပြီး မိမိပြုပြင်ရမည့် အခြေအနေကို အကြမ်းဖျင်းတော့ သိအောင် အရင်လုပ်ပါ။ ပြီးတော့မှ Dental surgeon နဲ့တွေ့ ကိုယ် သိချင်တာ မေးပြီး တိုင်ပင်တာ အကောင်းဆုံးပဲလို့ ကျွန်မ အကြံပြုချင်ပါတယ်။


အဖြေများကို ဖတ်ရန် "Read More ..." ကို နှိပ်ပါ။


Related Posts :



35 comments:

Anonymous said...

မျက်နှာမှာ မှဲ့ခြောက်တွေ )က်ခြံတွေ ရှိနေပါတယ်။ အလှပြင်ဆိုင်တွေက ဖျက်ပေးနိုင်တယ်ဆိုပေမယ့် အရေပြားနဲ့ ဆိုင်တတဲ့ ကိစမှာ ဆရာ)န် မပါဘဲ မလုပ်ရဲ ဖြစ်နေပါတယ်။ အရေပြား အထူးးကု ဆရာဝန်ဆိုလဲ ဈေးကြီးတော့ မတတ်နိုင်မှာ စိုးပါတယ်။ ဗျူတီပါလာမှာ လုပ်သင့်ပါသလား

Anonymous said...

ခိုက်မိလို့ ခြေထောက်ကြီး ရောင်တက်လာတာ အထိမခံနိုင် ဖြစ်နေလို့။ အရိုးထိသွားနိုင်ပါသလား

Nge Naing said...

Dear Anoymous
I can read your question by transfering it into other site where Zawgyi Burmese fount can be read but I can't type Burmese here because I'm using a university computer and thre's no Zawgyi font in it. I'd like to strongly suggest you that you need to see a doctor as soon as possible. It's doesn't matter to know if your bone is affected or not, in this situation, you definitely need to get a treatment. Once your let is swelling, don't take it easy and go to see a doctor right now.

)ိုင်း > I'll reply you when I get home.

Nge Naing said...

)ိုင်း
ဝက်ခြံတို့ မှဲ့ခြောက်တို့က မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်နှာပြင်ရှိ အရေပြားမှာ ကပ်နေတဲ့ ဖုန်နဲ့ ဆဲလ်အသေတွေက အရေပြားအောက်မှာ ရှိတဲ့အဆီကြိတ်က အဆီတွေကို အပြင်မထွက်နိုင်အောင် ပိတ်ဆို့ထားတဲ့အတွက် အဆီအောင်းနေလို့ ၀က်ခြံတွေ၊ မှဲ့ခြောက်တွေကို ဖြစ်စေပါတယ်။ မျိုးရိုးဗီဇကြောင့် မဟုတ်ရင် မျက်နှာကို အမြဲတမ်း တနေ့နှစ်ကြိမ် သုံးကြိမ်ခန့် ညင်သာစွာ ပွတ်တိုက် သန့်ရှင်းပေးပြီး ၀က်ခြံကို ကာကွယ်နိုင်ပါတယ်။ ရောဂါပိုး ၀င်တဲ့အထိ ဖြစ်ရင် ဆေးဆိုင်တွေမှာ ၀က်ခြံအတွက် အရေပြားလိမ်းတဲ့ Lotion, Cream တွေ ရနိုင်ပါတယ်။ Pharmacist ကို မေးလို့ ရပါတယ်။ မြန်မာပြည်မှာတော့ ဆေးရောင်းသမားတွေက Pharmacist မဟုတ်ဘူးဆိုတာ သိရလို့ ဆရာဝန်ကို မေးတာသာ အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်တယ်။ မျိးရိုးဗီဇကြောင့် ဖြစ်တယ်ဆိုရင်တော့ Infection ကို ကာကွယ်လို့ပဲ ရမယ် ၀က်ခြံထပ်မထွက်အောင် လုပ်ဖို့ မလွယ်ဘူး။ အလှပြင်တဲ့ လုပ်ငန်းပဲဖြစ်ဖြစ် ဘယ်လုပ်ငန်းမဆို Occupational Health and Safety (လုပ်ငန်းခွင် ကျန်းမာရေးနှင့် လုံခြုံမှု) ရှိရလိမ့်မယ်။ အလှပြင်တဲ့နေရာမှာ လုပ်သင့်မလုပ်သင့်ဆိုတာက အလှပြင်ပေးတဲ့သူက အရေပြားနဲ့ပတ်သက်ပြီး ဘယ်လောက်ဗဟုသုတရှိတယ်၊ ဘေးထွက်ဆိုးကျိုး ဘာတွေ ရှိနိုင်ပြီး အဲဒီအတွက် ဘယ်လောက် အာာမခံချက် ရှိတယ်ဆိုတဲ့ အချက်တွေကို ကိုယ်တိုင် မေးမြန်းစုံစမ်းပြီးမှ ဆုံးဖြတ်သင့်တယ် လို့ပဲကျွန်မ အကြံပြုချင်ပါတယ်။ အလှပြင်တဲ့ နေရာမှာ Safety ရှိရှိနဲ့ ပြင်ပေးနိုင်တယ် ဆိုရင်တောင်မှ ကျွန်မထင်ပါတယ် ဆံပင်ဆေးဆိုးတာတို့ မျက်နှာပေါင်းတင်တာလိုမျိုး ခဏအတွက်ပဲ ရမှာဖြစ်ပြီး တကယ်အရေပြား ကျန်းမာရေးကို ဂရုစိုက်ဖို့ကျတော့ မိမိအရေပြား အခြေအနေကို မိမိကိုယ်တိုင် နားလည်မှ ဖြစ်လိမ့်မယ်။

Anonymous said...

ကျေးဇူးပါခင်ဗျား။ နောက်ဆက်တွဲ အဖြေကို စောင့်နေပါ့မယ်

Nge Naing said...

Anoymous က ခြေတောက် ခိုက်မိတဲ့ Anonymous ဆိုရင် ခြေတောက် ရောင်ပြီး အထိမခံနိုင်လောက်အောင် ဖြစ်နေတယ်ဆိုလို့ ကျွန်မက ဆရာဝန် ချက်ချင်းပြဖို့ အကြံပြုထားပြီး ဖြစ်တဲ့အတွက် နောက်ဆက်တွဲ အဖြေက ခြေတောက်သွားပြတဲ့ ဆရာဝန်ဆီကပဲ သိရမှာ ဖြစ်ပါတယ်။ အရိုးထိမထိဆိုတာကို သိဖို့ ဆရာဝန်က ဓါတ်မှန်ရိုက်ကြည့်ပြီး ဆက်လက် လုပ်ဆောင်စရာတွေကို လမ်းညွှန်ပေးပါလိမ့်မယ်။ ဆရာဝန်နဲ့ တွေ့နောက်ကျသွားလို့ ခြေတောက် ဖြတ်လိုက်ရတာအပါအ၀င် တခြားနောက်ဆက်တွဲ ရောဂါတွေ အမျိုးမျိုးဖြစ်နိုင်လို့ ဆရာဝန်နဲ့ မပြရသေးရင် ချက်ချင်း ဖြစ်အောင် သွားပြပြီး ကုသမှု ခံယူဖို့ကိုပဲ ကျွန်မထပ်ပြီး အကြံပြုချင်ပါတယ်။ Anonymous အဆင်ပြေပါစေ။

Nge Naing said...

Tune ရေ
Layout လုပ်ပေးပြီး Hepatitis B မှာ ဖြည့်စွက်ပေးထားတဲ့အတွက်နှင့် စာလုံးပေါင်း တချို့လည်း ပြင်ပေးထားတယ်ဆိုတာ သိရလို့ အထူးကျေးဇူးတင်ပါတယ်။ ကျွန်မက ဘာသာစကားမှာ သိပ်အားနည်းလို့ မြန်မာစာရော အင်္ဂလိပ်စာပါ ဟိုမရောက်ဒီမရောက် ဆိုတော့ ခါတိုင်းလည်း Dr စိုးထက်က အမြဲပြင်ပေးရပါတယ်။ ကျွန်မကို Dr စိုးထက်က စာရေးဖို့ ဖိတ်တုန်းက လိုအပ်တာရှိရင် ပြောဖို့ သူနဲ့ Dr ရဲမွန် နှစ်ယောက် နာမည်ပဲပေးထားတော့ သူတို့နှစ်ယောက်ပဲ Admin မှာ ၀င်ပြင်လို့ရတယ် ထင်နေတယ်။ ဒီမေးခွန်းတွေကို စာဖတ်သူတွေက မေးထားတာလည်း ကြာနေပြီ ဒီပို့စ်ကလည်း ဇယားတွေ ပုံတွေမပါပဲ စာသားသက်သက် ဆိုတော့ Dr ရဲမွန် Layout လုပ်ဖို့ မအားသေးရင်တောင်မှ အကြမ်းတော့ ဖတ်လို့ရနိုင်တယ်ဆိုပြီး ဘလော့ဂ်ထဲကို တခါတည်း တင်လိုက်တာ ဖြစ်တယ်။ ခါတိုင်းဆိုရင်တော့ Save လုပ်ထားပြီး Dr စိုးထက်ကို အကြောင်းကြားရင် သူက save လုပ်ထားတဲ့ Draft နေရာမှာ Layout လုပ်ပြီးမှ တင်ပေးပါတယ်။ နောက်ပိုင်း Dr ရဲမွန်ကလည်း Phd ကိစ္စနဲ့ အလုပ်များနေတယ် Dr စိုးထက်ကလည်း ခရီးခဏခဏထွက်ရတော့ အရင်လို ဘလော့ဂ်မှာ အချိန်မပေးနိုင်တော့ဘူးဆိုတာ ကျွန်မ သိထားလို့ အခုလို Dr စိုးထက်ခရီးထွက်တဲ့အချိန် ကျွန်မ ပို့စ်တင်ဖြစ်ရင် Layout လုပ်ဖို့ကို Tune ကိုပဲ ဦးတည်ပြီး အကြောင်းကြားချင်ပါတယ်။ Tune ရဲ့ G-mail လိပ်စာရှိရင် ပေးထားလို့ ရမလားဆိုတာ သိပါရစေ။

Ye-Mon said...

မ Nge Naing ရေ

ကိုစိုးထက်ရှိနေတုန်းကတော့ ကျွန်တော် ဒီဘက် သိပ်မလှည့်ဖြစ်ဘူး။ အခုနောက်ပိုင်းတော့ ပိုရောက်ပါတယ်။ လိုတာရှိပြောပါ။

Layout ပြင်ရင်းနဲ့ Hep-B Vaccine Schedule လေးလည်း ထည့်လိုက်ပါတယ်။ စိတ်မရှိလောက်ဘူးထင်ပါတယ်။

Tune ကတော့ အရင်က Admin မဟုတ်သေးပါ။ အခု သူလည်းကူညီနိုင်မယ်ဆိုတော့ သူ့ကို Admin တွဲလိုက်ပါတယ်။ နောက်ပိုင်း သူ့ကိုဖြစ်ဖြစ် ကျွန်တော့်ကို ဖြစ်ဖြစ် အီးမေးလ် ပို့လို့ ရပါတယ်။

အမေး၊ အဖြေ တွေ အတွက် ကျေးဇူးပါ။

tune said...

မငယ်နိုင်ရေ
ဆရာပြောတဲ့ အတိုင်းပဲ။
အခုမှ စမလို့။
ပြီးတော့ ကျွန်မက သိပ်မကျွမ်းကျင်ဘူး။
နိုင်သလောက်လေးပဲ ကူမှာ။
ကျွန်မ ဒီကို အမြဲတမ်းလောက်ရောက်ဖြစ်နေမှာပါ။
စီဘောက်စ်မှာ ဖြစ်ဖြစ်၊ ကျွန်မရဲ့ စာမျက်နှာတစ်ခုခုမှာ ဖြစ်ဖြစ် ရေးထားရင် မြင်လောက်ပါတယ်။
ဆရာစိုးထက်ဆီက ကျွန်မ အီးမေးလ်လိပ်စာ တောင်းထားလို့လဲ ရပါတယ်။

tune said...

Ma Nge Naing ရေ
ကျေးဇူးကြိုတင်ထားတဲ့ အကြွေးတွေ ကျေအောင် နှမ်းဖြူး ပေးထားပါတယ်။

Nge Naing said...

စာလုံးပေါင်းတွေ ပြင်ထားပေးတဲ့ Tune နဲ့ စာကို layout လုပ်ပေးပြီး Hepatitis B ကာကွယ်ဆေးအတွက် အချက်အလက် ထပ်ဖြည့်ထားပေးတဲ့ Dr ရဲမွန်ကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်မက မြန်မာစာ သိပ်ညံ့ပါတယ် မြန်မာပြည်မှာ ကိုးတန်းအောင်တဲ့အထိကျောင်းတက်ဖူးတာ တခြားဘာသာတွေအားလုံးကို ဂုဏ်ထူးရဖူးပေမယ့် သူငယ်တန်းကနေ ကိုးတန်းအထိ မြန်မာစာမှာ အခုလို သတ်ပုံမှားတာနဲ့ပဲ အမှတ် ၇၀ ပြည့်အောင်တောင် တခါမှ မရခဲ့ဖူးဘူး။ မြန်မာစာ သတ်ပုံစာအုပ်တော့ ရထားပြီးပြီ ဆိုတော့ နောက်မမှားအောင် တဖြည်းဖြည်းတော့ ပြင်သွားပါ့မယ်။

Dr ရဲမွန်ဖြည့်စွက်ထားပေးတာ သိပ်ကောင်းပါတယ်။ ဆရာဖြည့်ပေးလိုက်လို့ ပြည့်စုံသွားတာ တကယ်ကိုကျေးဇူးတင်ပါတယ်။ အခုကျွန်မ ဒီမှာ ရေးနေတဲ့ပို့စ်တွေနဲ့ စာဖတ်သူတွေအတွက် ဖြေပေးနေတာတွေ အားလုံးက ကျွန်မ ကျောင်းမှာ လေ့လာသင်ကြားထားတဲ့ အထဲက စေတနာအလျောက် ပြန်ပြီးမျှဝေနေတာသာ ဖြစ်လို့ စာဖတ်သူတွေအတွက် တစုံတရာ အထောက်အကူ ဖြစ်နိုင်ပေမယ့် အချက်အလက်အရ ဘယ်လိုမှ ပြီးပြည့်စုံမှု မရှိနိုင်ပါဘူး။ နောက်တခုက ကျွန်မတို့ သင်ရတာ Pathophysiology subjects တွေနဲ့ပတ်သက်ပြီး Hepatitis တို့လို အပူပိုင်းဒေသမှာ အဖြစ်များတဲ့ ရောဂါတွေကို သင်ရုံပဲ သင်ရပြီး အဲဒါနဲ့ ပတ်သက်လို့ Assignment တွေ၊ Case Study တွေ သိပ်မပေးတော့ Research တွေ Investigtation တွေ သိပ်မလုပ်ရတဲ့အတွက် အဲဒီရောဂါတွေနဲ့ပတ်သက်ပြီး ကျွန်မမှာ ဒီဘက်နိုင်ငံတွေမှာ အဖြစ်များတဲ့ ရောဂါတွေလောက် ဗဟုသုတမရှိတာလည်း အမှန်ပဲ။ ဒါအပြင် ဒီဘက်မှာ အဖြစ်နည်းတဲ့ ရောဂါဖြစ်လို့ Clinical ဆင်းတဲ့အချိန်တွေမှာလည်း အဲဒီရောဂါ ရနေတဲ့ လူနာတွေ့ရနည်းတော့ ဒီရောဂါတွေကို လက်တွေ့မှာလည်း တခြားရောဂါတွေလောက် မကြုံခဲ့ရတာ အမှန်ပဲ။

ဒါကြောင့်မို့ ကျွန်မရေးထားတဲ့ စာတွေ၊ အချက်အလက်တွေကို ဖြည့်စွက်ပေးတာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်စရာပဲ ရှိပါတယ် စိတ်ရှိစရာအကြောင်း လုံးဝမရှိပါဘူး ဆိုတာနဲ့ ပါဝင်ကူညီသူအားလုံးကိုလည်း ကျေးဇူးတင်မှာ ဖြစ်ကြောင်းကို Dr ရဲမွန်နဲ့ Tune နှစ်တယောက်တည်းကိုမှ မဟုတ်ဘူး အားလုံးကို ကျွန်မအသိပေးခြင်း ဖြစ်ပါတယ်။

tune said...

မ Nge Naing ရေ
မပြောခင်ကတည်းက နားလည်ကြပြီးသားလို့ ထင်ပါတယ်။
Actions speak louder than words ပါ။
ကျွန်မ ပြင်ထားတဲ့ စာလုံးပေါင်းတွေကလဲ အမှား လုံးဝကင်းတယ်လို့ မဟုတ်ပါဘူး။
တတ်သလောက်၊ သိသလောက် ၀ိုင်းလုပ်ပေးတာပါ။

Khin said...

hey sorry that I accidentally post something not relevant here . I have delete it now.

Anyway keep up your good work.

thanks and regards

Anonymous said...

ကျေးဇူးပါအစ်မ။ကျွန်တော့်မေးခွန်းများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ခဲ့မယ်ဆိုရင်တောင်းပန်ပါတယ်။ပို့စ်တော်တော်များများကျွန်တော်ဖတ်ဖြစ်ပါတယ်။အားလုံးကိုခြုံပြီးရေးထားတာများပါတယ်။ကျွန်တော်မေးတယ်ဆိုတာလည်းဘ၀တူတွေဖတ်ဖြစ်ခဲ့ရင် ဗဟုသုတရစေချင်လို့လည်း ပါပါတယ်။.....ကျေးဇူးတင်စွာဖြင့်..mg.ma

Anonymous said...

ကျေးဇူးပါအစ်မ.. ။ကျွန်တော့်မေးခွန်းများကြောင့်စိတ် စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့မယ်ဆိုရင် တောင်းပန်ပါသည်။ပို့စ် တော်တော်များများကျွန်တော်ဖတ်ဖြစ်ပါသည်။အားလုံးကို ခြုံရေးထားတာများပါသည်။ကျွန်တော်မေးသည်ဆိုရာတွင် ဘ၀တူများဖတ်မိပါက ဗဟုသုတရစေရန်လည်းရည်ရွယ်ပါသည်။မည်သို့ဆိုစေ မေးသည့်မေးခွန်းများကို အလေးထားဖြေကြားပေးခဲ့သော အစ်မကိုကျေးဇူးတင်မိပါသည်။...mg.ma

Nge Naing said...

ဒီဘလော့ဂ်ကစာကို ဖတ်ပြီး အားလုံးကိုခြုံပြီး ရေးထားတဲ့ အချက်အလက်ကိုပဲ mg.ma ရနိုင်ပါလိမ့်မယ်။ ဆေးဆိုတာက အသုံးပြုမှုက တခုပဲ ရှိနိုင်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေက အများကြီးရှိတော့ လူနာကိုယ်တိုင်ကို၊ ကြည့်ရှု စမ်းသပ်စစ်ဆေးမှု မပြုလုပ်ပဲနဲ့ ဘယ်ဆေးနဲ့ သင့်တော်တယ်ဆိုတာ ဘယ်သူမှ အတိအကျ ပြောလို့မရနိုင်ဘူး။ ရောဂါတခုခု ရှိသူအတွက် ဆေးတခုခုကို သုံးဖို့ဆိုတာ ဆရာဝန်ညွှန်ကြားမှု မပါပဲ ဘယ်လိုမှ အန္တရယ် မကင်းနိုင်တဲ့အတွက် ကွန်ဒွန်သုံးတဲ့နည်းကို မကြိုက်ရင် နှစ်ယောက်စလုံး ဆရာဝန်ဆီကို ကိုယ်တိုင်သွား အစစ်ဆေးခံပြီး အကြံညာဏ်နဲ့ လမ်းညွှန်မှု ယူဖို့ ကျွန်မတိုက်တွန်းပါတယ်။ Mg.ma က Reproductive Health အောက်က ပို့စ်တွေ အကုန်လုံးဖတ်ပြီးပြီဆိုရင် KogyiThu ရေးတဲ့ Method of Contraception ရေးထားတာ အသည်းရောဂါရှိတဲ့သူဟာ ဆေးကိုရှောင်ဖို့ ပြောထားတာ သတိထားမိပါလိမ့်မယ်။ mg.ma က ကွန်ဒွန်ဘာကြောင့် မသုံးချင်ဆိုတာ မသိပေမယ့် ကျွန်မက mg.ma တို့ စုံတွဲအတွက် အတွက်သာမကဘူး ဘယ်သူအတွက်မဆို သန္ဓေတားချင်သူ အကုန်လုံးအတွက် ကွန်ဒွန်ဟာ အလွယ်ဆုံးလည်းဖြစ်၊ ရောဂါလည်းကာကွယ် သန္ဓေလည်းတား နှစ်ခုစလုံး ထိရောက်လို့ အကောင်းဆုံး ဖြစ်တယ်လို့ အကြံပြုမှာ ဖြစ်တယ်။ ကွန်ဒွန်သုံးပြီး လိင်ဆက်ဆံတာနဲ့ ကွန်ဒွန်မပါပဲ လိင်ဆက်ဆံတာ ဘာမှမကွာဘူးဆိုတာ ကွန်ဒွန်သုံးဖူးသူတွေကို မေးကြည့်ရင်သိနိုင်ပါတယ်။ ကွာတာက ကွန်ဒွန်မှာ အဆီဓါတ်ရှိပြီးသား ဖြစ်လို့ တချို့ ရောဂါကြောင့်ဖြစ်စေ၊ ဟော်မုန်းအားနည်းလို့ ဖြစ်စေ၊ စိတ်မ၀င်စားလို့ ဖြစ်စေ အရည်ထွက်နည်းတဲ့ အမျိုးသမီးတေနွဲ့ လိင်ဆက်ဆံရင် နှစ်ယောက်စလုံးမှာ ရတတ်တဲ့ နာကျင်မှုတွေနဲ့ အ၀င်ခက်တဲ့ပြဿနာတွေ ကို ကွန်ဒွန်မှာ ရှိတဲ့ အဆီက ဖြေရှင်းပေးတယ်။ ကွန်ဒွန်ကို မသုံးဖူးရင် စမ်းကြည့်လို့ အဆင်မပြေမှ တခြားနည်းနဲ့ တား ဖို့ စဉ်းစားသင့်ကြောင်း မောင်မတို့ စုံတွဲကို ထပ်ဆင့်အကြံပြုချင်ပါတယ်။ ဆေးကိုပဲ သုံးမယ်ဆိုရင်တော့ ဆရာဝန်တယောက်ကို မဖြစ်မနေ သွားတွေ့လိုက်ပါ။ အဆင်ပြေပါစေ။

Anonymous said...

Dear Dr, my eye unintentionally came to close even in daytime (even though I am not tired and do not want to sleep). I cannot be able to see or watch any thing so long and also cannot open my eye widely. Pls. advice what shall I do and what I have to do.
aZmf(sDazmifh r/SdvkdY jrefrmazmifh ajymiføzwfayøyg- jrefrmpm pufrSm r/Sdayr,fh /rfø/kdufvkdufwmyg-
uRefawmfhrsufvHkøu tvdkvdkae/ifø arSøjyDø rsufcGJHu ydwfydwfusoGmøvkdY- tdyfikdufwm råkwfbJ tvkdvkd jzpfawmyg- wpfckck \um\umMunfh/if rsufvHkøu aea/miftvxdkøcH/wJh rsufvHkøvkd twifø arSøarSøoGmøw,f- rsufpd temøayøjyDø \um\umtdyfvJ rxløblø- tvkyfvsdefrSm rsufvHkøu tjrJpiføaewm- vlawGeJY pumøajym/if olwkdYpumøukd pdwfr0ifpmøovkd rsufvHkø piføusoGmøvkdY ajz/Siføjy/wmawG /SdvmvkdY- ulnDygcifAsmø-- bmvkyf/rvJqkdwm-
(rsufpdtxløukqD oGmøzkd h vuf/Sdtaetxmøt/ rvG,fulyg=

Nge Naing said...

Pho Chin
ဘာဖြစ်တယ်ဆိုတဲ့ အချက်အလက် လုံလုံလောက်လောက် မသိရတော့ အကြံပြုရခက်ပါတယ်။ အောက်က Font ကလည်း ဇော်ဂျီ font မဟုတ်တော့ ဖတ်လို့မရဘူး။ Pho Chin ဖြစ်တာ မျက်လုံးရောဂါ သက်သက်ဖြစ်နိုင်သလို မျက်လုံးနဲ့ ပတ်သက်တဲ့ အာရုံကြောတခုခု ပြဿနာလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ခန္ဓကိုယ်မှာ ဓါတ်တခုခု ချို့တဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ တခြားနေရာ ဘာမှမဖြစ်ပဲ မျက်လုံးကြွက်သားတွေပဲ အလုပ်မလုပ်နိုင် ဖြစ်နေတယ်ဆိုတော့ မျက်လုံးတခုတည်း ဆိုင်တာ ဖြစ်နိုင်တဲ့အတွက် မျက်လုံးဆရာဝန်နဲ့ ပြဖို့တခုပဲ အကြံပေးလို့ရလိမ့်မယ်။ မျက်လုံးဆရာဝန် မဟုတ်ပဲ တခြား အထွေထွေကု ဆရာဝန်တွေအနေနဲ့ ကူညီပေးနိုင်မှာ မဟုတ်ဘူး။ ခန္ဓာကိုယ်မှာ ဓါတ်တခုခုချို့တဲ့ လက္ခဏာ ရှိမရှိ သိရအောင် Nutrition ခေါင်းစဉ်အောက်မှာရှိတဲ့ ကျွန်မတင်တဲ့ Essential Nutrients for Healthy Living (2) ကို http://health.ngoinmyanmar.org/2008/11/essential-nutrients-for-healthy-living.html မှာ သွားဖတ်ကြည့်ပြီး အဲဒီဓါတ်တွေ ချို့တဲ့ရင် ဖြစ်တဲ့လက္ခဏာ Pho Chin မှာ ရှိမရှိ ကြည့်ကြည့်ပါ။ ရှိရင်တော့ သတ္တုဆိုရင်လည်း သတ္တု ဗီတာမင်ဆိုရင်လည်း ဗီတာမင် ချို့တဲ့နေတဲ့ အာဟာရဓါတ်ကို ဖြည့်ရမယ်။ မရှိရင် မျက်လုံးပြဿနာ သက်သက်ဖြစ်သွားပြီမို့ မျက်လုံးဆရာဝန်ဆီမှာ ပြဖို့ကိုပဲ အကြံပြုပါတယ်။ (ကျွန်မတင်တဲ့ ပို့စ်မှာ မေးခွန်းမေးထားလို့ ဖြေပေးခြင်းဖြစ်ပါတယ်။ ဒီဘလော့မှာ စာရေးသူ အများစုက ဆရာဝန်တွေဖြစ်ပေမယ့် ကျွန်မအပါအ၀င် စာရေးသူအရေအတွက် အနည်းငယ်က ဆရာဝန်မဟုတ်ပါဘူး။)

Nge Naing said...

25 Feb 09, 12:15
မျိုးထွန်း: ဆရာရေ--အိပ်ရေးပျက်ရင် နှာခေါင်းသွေးထွက်တာ ဘာကြောင့်ပါလဲဆရာ-အိပ်ရေးလည်းပျက်-နေလည်းပူရင်တော့ သေချာပေါက်ကို လျှံတော့တာပဲခင်ဗျ။အခုနောက်ပိုင်း နည်းနည်းပိုစိတ်လာလို့  ဘယ်လိုများကုသနိုင်ပါသလဲဆရာ

ကိုမျိုးထွန်း C-Box မှာ မေးထားတဲ့ အထက်က မေးခွန်းကို C-Box မှာ ဖြေဖို့ နေရာမဆံ့လို့ ဒီထဲမှာ ဖြေပေးလိုက်ပါတယ်။

နှာခေါင်းသွေးလျှံတာက ရာသီဥတုပူတော့ ရှူသွင်းလိုက်တဲ့ လေကလည်းပူပြီး နှာခေါင်းအတွင်း အမြှေးးပါးကို ခြောက်ပြီး ကွာကျတဲ့အစ ဒါမဟုတ် ပြင်ပက လေနဲ့အတူ ၀င်လာတဲ့ အစအနတွေကြောင့် နှာခေါင်းကို ပွတ်တိုက်မိပြီး အဲဒီအောက်မှာရှိတဲ့ ဆံချည်မျှင်သွေးကြောတွေကို ပျက်စီးပြီး သွေးထွက်တာ ဖြစ်တယ်။ အခြေအနေဆိုးရင် အပေါ်ရံ ဆံချည်မျှင်သွေးကြော မကပဲ အတွင်းပိုင်း သွေးပြန်ကြောအထိ ထိခိုက်နိုင်ပြီး သွေးပိုထွက်နိုင်ပါတယ်။ နှာခေါင်းသွေးလျှံတာ အိပ်ရေးပျက်တာနဲ့တော့ တိုက်ရိုက်မပတ်သက်ပါဘူး။ ဒါပေမယ့် အိပ်ရေးပျက်ရင် အစာမစားနိုင်ဖြစ်ပြီး အစာမစားတော့ သွေးထဲမှာ လိုအပ်တဲ့ အာဟာရဓါတ်မပြည့်ဝလို့ သွေးကိုကျဲစေပြီး အဲဒီ့အချိန်မှာ နှာခေါင်းတွင်း အမှေးပါး ခြောက်တဲ့အချိန်နဲ့ တိုက်နေလို့ ဖြစ်နိုင်တယ်။ Aspirin နဲ့ Warfarin တို့လို ဆေးတွေ သောက်သုံးနေရင်လည်း သွေးကိုကျဲစေပြီး နှာခေါင်းသွေးလျှံစေနိုင်ပါတယ်။ များသောအားဖြင့်ဲ နှာခေါင်းအမြှေးပါး ခြောက်လို့ သာမာန် နှာခေါင်းသွေးလျှံတာဟာ လူတိုင်း ဖြစ်တတ်ပြီး ဆေးဝါးနှင့် ကျန်းမာရေးပပညာရှင်တွေရဲ့ အကူအညီမပါပဲ မိမိသာသာ သက်သာအောင် လုပ်လို့ရပါတယ်။ လုပ်ရမှာက နှာခေါင်းသွေးလျှံရင် အိပ်မနေပဲ မတ်မတ်ထိုင်ပြီး နှာခေါင်းပေါက်ကို ၁၀ မိနှစ်ခန့် ဆက်တိုက် ပိတ်ထားပါ။ ဒီအတိုင်း တကြိမ်နဲ့ မရရင် သုံးကြိမ်အထိ ဆက်တိုက်လုပ်ပါ။ တချိန်တည်းမှာပဲ နှခေါင်းတ၀ိုက်မှာ ရေခဲလည်း အုံပေးနိုင်ပါတယ်။ အထက်ပါအတိုင်း မိမိဖါသာမိမိ သုံးကြိမ်လုပ်လို့မှ မသက်သာရင် သွေးထဲမှာ သွေးမွှာဥ (Platelet) Clotting factors တခုခုချို့တဲ့လို့ ဒါမှမဟုတ် တခြားအကြောင်းတခုခုကြောင့် ဖြစ်နိုင်လို့ သင့်တော်တဲ့ ကုသမှုအတွက် အဖြေရှာဖို့ ဆရာဝန်အကူအညီလိုအပ်ပြီး သွားရောက် ပြသအစစ်ဆေးခံဖို့ လိုအပ်ပါတယ်။ ဆရာဝန်အကူအညီမပါပဲ သက်သာသွားရင် နောက်ထပ် ထပ်မဖြစ်အောင် ၀ါဂွမ်းတံမှာ စွတ်စိုစေတဲ့ Cream တခုခု သုတ်ပြီး နှာခေါင်းပေါက်ထဲ သုတ်လိမ်းပေးပြီး နှာခေါင်းကို မခြောက်အောင် ကာကွယ်ပေးပါ။ အိပ်ရေးကို အနည်းဆုံး တနေ့ ၇ နာရီအိပ်သင့်ပြီး အစာအဟာရကို မျှတအောင် စားသုံးဖို့ အကြံပြုချင်ပါတယ်။

Anonymous said...

အသည်းရောင်အသားဝါ ဘီပိုး ရှိနေလို့ ရင်းနှီးသူတွေကို ကိုယ်ကနေ မကူးအောင် ဘယ်လို လုပ်ရမလဲ သိချင်လို့ပါ၊ ရေခွက်တောင် ဘယ်သူနဲ့မှ အတူမသောက်ပါဘူး- ဒါမယ့်လဲ အနေနီးရင် ကူးတတ်တယ်ဆို ဟုတ်ပါသလား

Nge Naing said...

ရောဂါပိုးမရှိတဲ့ အိမ်ထောင်ဘက်မဟုတ်တဲ့ အိမ်သားတွေအတွက် ဒီပို့စ်ထဲမှာ ရေးထားတဲ့အတိုင်း ကာကွယ်ဆေး ၃ ကြိမ်ပြည့်အောင် ထိုးထားရင် ၉၀% လောက် ကာကွယ်နိုင်ပါတယ်။ ကျန်တာကိုတော့ သွေးချင်းမထိအောင် အနေအထိုင် ဆင်ခြင်ပြီးကာကွယ်နိုင်ပါတယ်။ ဘီရောဂါပိုးရှိတဲ့ သူနဲ့မှမဟုတ်ဘူး ဘယ်သူမဆို ရေတခွက်တည်းနဲ့ တယောက်သောက်ထားတဲ့ခွက်ကို တခြားတယောက်က မဆေးကြောပဲနဲ့ ပြန်မသောက်သင့်ဘူး။ သာမာန် ကျန်းမာနေသူတောင်မှ လူ့ခန္ဓာကိုယ်က ဘက်တီးရီးယားအပါအ၀င် ပိုးမွှားတွေ ကျင်လည်ကျင့်စားတဲ့နေရာ ဖြစ်ပြီး လူတယောက်နဲ့ တယောက် ပိုးမွှား တွယ်ကပ်နေတာချင်း မတူသလို ကိုယ်ခံအားလည်း မတူကြပါဘူး။ ရေခွက်ကို မဆေးကြောပဲ တခြားတယောက် ပြန်သောက်ရင် ပိုးမွှားတွေ ကူးစက်နိုင်ပြီး ကူစက်ခံရတဲ့သူက ကိုယ်ခံအားနည်းနေတဲ့အချိန်နဲ့ တိုက်နေရင် ရောဂါရဖို့ သိပ်လွယ်တယ်။

Anonymous said...

အပြင်ထွက်လိုက်ရင် အဖတ်လိုက် ကျနေတဲ့ နှင်းတွေကြားထဲ ရောက်သွားတာနဲ့ မျက်လုံးက တဖြည်းဖြည်း နေရခက်လာပြီး ဘာမှ မကြည့်နိုင်လို့ မျက်စိမှိတ်ထားရတယ်။ မဟုတ်လဲ လူတွေကို စကားပြောရင် မျက်စိမှေးထား ပြောနေရတယ်။ အဆောက်အအုံထဲ ပြန်ရောက်သွားလဲ တစ်နေကုန် ဆက်ဖြစ်နေတာပဲ။ ခေါင်းငုံ့ထားမှ မဟုတ်လဲ မျက်စိမှေးထားမှ နေလို့ သက်သာတယ်။ အနောက်တိုင်းမှာက ဆောင်းတွင်းဆို နှင်းက ရှောင်လို့ မလွတ်ပေမယ့် အရင် ဆောင်းတွင်းတွေကရော ဒီနှစ်ဆောင်းတွင်းအစမှာရော မဖြစ်ဖူးပါ။ အခုမှ ဖြစ်လာလို့ ဘာဆေးသောက်ရမလဲ။ ဘာကြောင့်ဖြစ်တာလဲ သိပါရစေ။

Nge Naing said...

Dear reader
I'm really sorry about late reply. Recently,I was very busy with my study and clinical learning which is very stressful and time consumed clinical learning.
I read your text through Burmese font converter but I can't type Burmese again because I set up a new programme in my computer and Zaw Gyi font is not being done.

Regarding your question, If you have problem with bright things including snow, I want to you use sun-glasses whenever you go out. If your eye problem is more serious than that, you should see an eye specialist doctor.I am sorry that I could not be able to give you effective advice because I don't have much knowledge of it.

Anonymous said...

May i know that 'A,B,C (AIDS, B & C) can be infected by 'lip kissing'?

Nge Naing said...

A နဲ့ C ဆိုတာ Hepatitis (အသည်းရောင် အသားဝါ) A နဲ့ C ကို ပြောတယ်ထင်တယ်။ ပုံမှန်အတိုင်းဆိုရင်တော့ ဒီရောဂါတွေက နှုတ်ခမ်းချင်းထိရုံ နမ်းရင် မကူးစက်နိုင်ပါဘူး။ ဒါပေမယ့် ကြမ်းတမ်းစွာ နမ်းရင်တော့ နှုတ်ခမ်းကို ဖုံးအုပ်ထားတဲ့အပေါ်ရံ အရေပြားက သိပ်ပြီးနူးညံ့သိမ်မွေ့တော့ ပွမ်းပဲ့နိုင်ပါတယ်။ ပွမ်းပဲ့ပြီး သွေးချင်းရောသွားမှ ကူးစက်နိုင်ပါတယ်။ အဓိကက ဒီရောဂါတွေက သွေးချင်းရောမှ ကူးစက်နိုင်ပါတယ်။ ပိုပြီးသိချင်ရင် Hepatitis နဲ့ HIV ခေါင်းစဉ်အောက်က ပို့စ်တွေကိုပါ ဖတ်ဖို့ စာဖတ်သူကို အကြံပြုပါတယ်။

Unknown said...

ကျွန်မ အိမ်ထောင်ကျတာ ၂ နှစ်ကျော်ပါပြီ ။ ကိုယ်ဝန်တခါပျက်ကျဖူးပါတယ် ။ ဇန်န၀ါရီလတုန်းက ကိုယ်ဝန်ပျက်ကျထားပါတယ် ။ ဒါပေမယ့် အခု မတ်လအထိ ရာသီမဆင်းသေးလို့ ပါ ။ ပုံမှန်အားဖြင့် ဓမ္မတာပြန်ဆင်းဖို့ အတွက် ဘယ်လောက်ကြာကြာစောင့်ရတတ်ပါသလဲ ။ အန္တရာယ်များဖြစ်နိုင်ပါသလား ။

Anonymous said...

ကျွန်တော် OG မဟုတ်ပါ။ ဆရာ့ဆရာတွေ မဖြေခင် ကြိုးစားဖြေပါရစေ။

ကိုယ်ဝန်ပျက်တုံးက သားအိမ်ခြစ်ရသေးလား။ ဘာ့လို့ ပျက်သွားတာလဲ။

ဓမ္မတာပြန်ဆင်းတာ တယောက်နဲ့တယောက် မတူပါ။ သားအိမ်ခြစ်ရင် နောက်မကျတတ်ပါ။ ပျက်တဲ့ အကြောင်းကလဲ သွေးပြန်ဆင်းမဲ့ အချိန်ကို သက်ရောက်စေနိုင်တယ်။

နောက်ကျနေတာ အန္တရာယ်ရှိစရာ မမြင်ပါ။ နောက်ကိုယ်ဝန် ဆက်ရှိသွားတာလဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ပျက်ပြီး နောက်ကိုယ်ဝန် မြန်မြန် မဆောင်သေးဘို့ အကြံပေးတာလဲ ရှိတယ်။

ကိုယ်ဝန်မဟုတ်ရင် ကိုယ်ဝန်ဆောင်တားဆေးဖြစ်တဲ့ Pills ကို သောက်ရင် ပြန်ဆင်းမယ်။ ပဌမ ၂၁ ရက်မှာ သောက်ရမဲ့ ဆေးအဖြူရောင် ကုန်ပြီးနောက် ၃-၄ ရက်အကြာမှာ ပုံမှန်ရာသီသွေး ဆင်းပါမယ်။

Dr. တင့်ဆွေ

mee the' said...
This comment has been removed by the author.
mee the' said...

ရင်ဘတ်နဲ.လက်မောင်းတွေမှာ အနီစက် သွေးစက်ကလေး
လိုတွေပေါ်လာပါတယ်။ တော်တော်ကြာပါပြီ၊ အမြဲတော့ရှိမနေပါဘူး။ ပေါ်လာလိုက်ပျောက်လိုက်နဲ.ပါ။ ရင်ဘတ်မှာပေါ်တာပိုများတယ်။ ခုနောက်ပိုင်းပေါ်လာတာ တွေပိုများပြီးပိုကြာလာပါတယ်။ ဘာများဖြစ်တတ်ပါသလဲ။

April 8, 2010 5:01 PM

Anonymous said...

အရေပြားမှာ အနီစက်တွေ ထွက်လာတယ်ဆိုတာက ရိုးရိုးတန်းတန်း ဖြစ်တတ်သလို ပြင်းပြင်းထန်ထန်ရောဂါတွေ အထိ ဖြစ်နိုင်ပါတယ်။ သွေးခဲစေတဲ့ platelet လို့ ခေါ်တဲ့ သွေးထဲက ပစ္စည်းလေးတွေ နည်းရင်လည်း သွေးခြေဥတတ်ပါတယ်။ စိတ်ချရအောင် သွေးရောဂါအထူးကု ဆရာဝန်တစ်ယောက်လောက်နဲ့ ပြစေချင်ပါတယ်။

Nge Naing said...

မစမ်းသပ်ဘဲနဲ့ ဘယ်သူမှ အတိအကျ ပြောနိုင်မယ် မထင်လို့ ဆရာဝန်နဲ့ ပြသပြီး စမ်းသပ်စစ်ဆေး အကြံဥာဏ်ယူဖို့ကိုပဲ Mee The ကို အကြံပြုချင်ပါတယ်။

Nge Naing said...

ကျေးဇူးတင်ပါတယ် ဆရာဇီဝက

mee the' said...

ကျေးဇူးတင်ပါတယ်။
ဆရာဇီဝက နှင့် မ Nge Naing ။

Unknown said...

သမီးရဲ့ မျက်ကွင်းမှာ ဘာအဖုတွေလည်းမသိဘူးရှင့် သေးသေးလေးတွေ ပေါက်နေတာပါ။လောလောဆယ်တော့ eye cream လိမ်းနေပါတယ်။ပျောက်တယ်ဆိုလို့ပါ။ဒါပေမယ့် အဖုက ပါးတောင် မပါးသွားပါဘူး။ဖြစ်တာတော့ ငယ်ငယ်တည်းကပါ။သမီးဘာတွေအစားရှောင် ရမလဲ။ဘာဆေးများ လိမ်းရမလဲရှင့်။ဖြေကြားပေးပါနော်။ကျေးဇူးတင် ပါတယ် ရှင့်။

Unknown said...

သမီးရဲ့ မျက်ကွင်းမှာ ဘာအဖုတွေလည်းမသိဘူးရှင့် သေးသေးလေးတွေ ပေါက်နေတာပါ။လောလောဆယ်တော့ eye cream လိမ်းနေပါတယ်။ပျောက်တယ်ဆိုလို့ပါ။ဒါပေမယ့် အဖုက ပါးတောင် မပါးသွားပါဘူး။ဖြစ်တာတော့ ငယ်ငယ်တည်းကပါ။သမီးဘာတွေအစားရှောင် ရမလဲ။ဘာဆေးများ လိမ်းရမလဲရှင့်။ဖြေကြားပေးပါနော်။ကျေးဇူးတင် ပါတယ် ရှင့်။