Tuesday, February 26, 2008

About Health by Our Former Leaders (1)

မြန်မာ့ခေါင်းဆောင်များ ပြောခဲ့သော ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ (၁)

မြန်မာ့ခေါင်းဆောင်ကြီးများ မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ပတ်သက်၍ တချိန်ကပြောခဲ့သည်များကို မှတ်တမ်းတင်ထားလိုပါသည်။

အချိန်ကား ၁၉၅၀ ပြည့်လွန်နှစ်များအတွင်းက ဖြစ်သည်။
ဝန်ကြီးချုပ်။ ။ ဘာဖြစ်လို့ နယ်ဆေးရုံတွေကို ဆရာဝန်တွေ မပို့သေးသလဲ
ကျန်းမာရေးဝန်ကြီး နှင့် အဖွဲ့။ ။ ဆရာဝန်တွေ မရှိလို့
ဝန်ကြီးချုပ်။ ။ တနိုင်ငံလုံးအတွက် ဆရာဝန်တွေ ဘယ်လောက်လိုမလဲ
ကျန်းမာရေးဝန်ကြီး နှင့် အဖွဲ့။ ။ အခုလောလောဆယ်အတွက် ဆရာဝန် သုံးရာလောက်လိုမယ်
ဝန်ကြီးချုပ်။ ။ ဆေးကောလိပ်က တနှစ်မှာ ဆရာဝန်ဘယ်လောက်ထွက်သလဲ
ကျန်းမာရေးဝန်ကြီး နှင့် အဖွဲ့။ ။ လေးဆယ်လောက်ထွက်တယ်
ဝန်ကြီးချုပ်။ ။ ဆေးကောလိပ်က ဆရာဝန်တွေ ထုတ်ပေးနိုင်တဲ့အထိ စောင့်မနေနိုင်ဘူး၊ အိန္ဒိယနဲ့ ပါကစ္စတန်က ဆရာဝန်တွေကို ချက်ခြင်းသွားငှားချေ၊ ဆရာဝန်တွေမရှိဘဲ ဆေးရုံတွေဟာ ဟောင်းလောင်းကြီးဖြစ်နေတာ ကျက်သရေမရှိဘူး၊ ဆရာဝန်တွေကို အိန္ဒိယနဲ့ပါကစ္စတန်က ခပ်မြန်မြန်ငှားပြီး နယ်တွေကို ချက်ခြင်းပို့လိုက်ပါ။

(အမှန်တကယ်လည်း ထိုနိုင်ငံများမှ ဆရာဝန်များကို ငှားရမ်း၍ နယ်သို့ပို့ပေးသည်ဟု သိရပါသည်။)

စာကိုး။
ဦးနု၏ တာတေစနေသား


Related Posts :



1 comment:

WanderFish said...

ဟုတ်ပါတယ်ဗျား။ ၁၉၇၀ ကျော်လောက်အထိ ကျွန်တော်တို့ မြို့မှာဆို တဖက်နိုင်ငံက (အခုကျွန်တော်တို့ပြန်ပြီး နယ်စပ်ကိုဖြတ်ပြီး ဆေးကုနေရတဲ့ အနေအထားပေါ့၊) လာပြီး အိန္ဒိယက ငှားလာတဲ့ ဆရာဝန်တွေကိုလာပြ နေရသေးတဲ့ အချိန်ပါ။

မြန်မာနိုင်ငံဟာ ဘာဖြစ်လို့ အခုလိုအထိ အခြေအနေ ဆိုးရွားသွားရတာကို ပြန်သုံးသပ်ကြည့်လေ ရင်နာလေပါပဲ။