Monday, January 9, 2012

Lesions on penis ကျားအင်္ဂါ အနာများ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁)

Mon, Jan 9, 2012 at 9:05 AM
ကျနော် ၃၃ နှစ်ရှိပါပြီ။ ကျနော့် ငယ်ပါမှာ တခါတလေ အရည်ကြည်ဖုလေးတွေ ပေါက်တတ်ပါတယ်။ အပူအအေးမမျှတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဆီးအောင့်တတ်ပါတယ်။ အများကြီးအောင့်တာတော့ မဟုတ်ဘူး။ အဖုလေးတွေ ဖောက်လိုက်ရင် အရေပြားပေါ်မှာ မိတ်တွေကို ဖောက်လိုက်ရင်ဖြစ်သလို ကျန်ခဲ့ပြီး ၂ ရက်လောက် ဆိုရင်တော့ ပျောက်သွားတတ်ပါတယ်။ အဲဒါဘာကြောင့်လဲ။

၁။ Genital herpes ကျားလိင်တံမှာ တခုမက အစုလိုက်နာတဲ့ အနာဆိုရင် ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံမျာသာမက စအို နဲ့ တင်ပါးတဝှိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နဲနဲ ပူတတ်တယ်။ များသောအားဖြင့် STD/STI လိင်လမ်းကြောင်း ကတဆင့် ကူးစက်ရောဂါတမျိုး ဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။

ရေယုံ ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာမို့ အတိအကျပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သောအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင်လုပ်ဘို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အဝတ်အစား ဝတ်တာတာင် cotton underwear ကောင်းတယ်။ အတူနေတာ(ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), famciclovir (Famvir), or Valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ်ဆေးတွေပါ။ နာတယ်ဆိုရင် အနာသက်သာဆေးတွေ Ibuprofen (Advil) or Acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တနေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁ဝ ရက်သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ်အထိ ပေးရတာလဲရှိတယ်။

၂။ Wart အနာက မုံလာပွင့်လို သဏ္ဌာန်ဆိုရင် ကြွက်နို့ဖြစ်မယ်။ နောက်ဆက်တွဲ ပိုးထပ်ဝင်တာမရှိသ၍ မနာပါ။ နဲနဲ ယားတာ ပူတာမျိုးရှိတတ်ပါတယ်။ အရည်ထွက်တာမျိုးလဲရှိနိုင်တယ်။ ကြွက်နို့ကုဘို့ သတ်သတ်ရေးထားပါတယ်။ လိင်အင်္ဂါ ကြွက်နို့ Genital Warts ကိုဖတ်ပါ။

၃။ Syphilis ကျားလိင်တံမှာ တခုတည်းသော အနာ(အဖု)ဆိုရင် (ဆစ်ဖလစ်) ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre (ရှန်ကာ) လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် Syphilis (ဆစ်ဖလစ်) ရှိတယ်လို့ ခေါ်တယ်။

Syphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ (ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။

၎။ ကျားလိင်တံမှာ တခုမက ပန်းရောင်နဲ့ အရေပြားပေါ်ခပ်ဖေါင်းဖေါင်းလေးဖြစ်တာမျိုးက Molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့်ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မနာပါ။ တခါတလေ နာပြီး၊ ယားသလိုဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးတွေကို အားကိုးပါ။

၅။ Chancroid ကျားလိင်တံမှာ အနာတွေက တခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာဆိုရင် (ရှန်ကာ) လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိရှိနိုင်တယ်။ နခမ်းသားတိတိကျကျရှိတယ်။ ညီညီညာညာမဟုတ်ဖူး။ ထိရင်၊ လှုတ်ရင် သွေးထွက်နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါဝါနေမယ်။ ပဋိဇီဝဆေး Azithromycin, Ceftriaxone, Ciprofloxacin, and Erythromycin တွေက နိုင်တယ်။ ပေါင်ခြံအကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ Crabs ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို သာမန်မျက်စိနဲ့ မမြင်ရသလောက်ရှိတာမျိုးက ရှာရှားပါးပါး (ခရက်ဘ်စ်) ခေါ်တာ ဖြစ်နိုင်တယ်။ အမွှးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကြ မြင်ရတယ်။

၇။ Scabies ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ ယားနာပါ။ ဆေးတွေကတော့ Permethrin, Crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

ဂ။ Abscesses ပေါင်ခြံမှာ တခြားနေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုးပြည်တည်နာ လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ Cancer penis လိင်တံ မှာလဲ ကင်ဆာ ဖြစ်တယ်။ အမှန်ပြောရရင် ဘယ်နေရာမှာဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ကနေ့အထိ မသိသေးပါ။ လိင်တံကိုဖုံးတဲ့ အရေပြားအောင်မှာ အနံဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေရှိနေရင် ကင်ဆာဖြစ်စေတတ်တယ်။ တချိန်က ကြွက်နို့ဖြစ်ဘူးသူ၊ လိင်တံအရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေးနဲသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။

အနာလိုလို အလုံးလိုလို အကြိတ်အခဲလိုလိုစ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲတူတယ်။ မုံလာပွင့်လိုနေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကြမှ သွေးထွက်တာ၊ နာတာတွေဖြစ်လာတယ်။ လိင်တံရဲ့ထိပ်ပိုင်းမှာ အဖြစ်အများဆုံးပါ။

သေခြာအောင် အသားစဖြတ်ယူစစ်ဆေးနည်း Biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ်ကုသတာတွေပါတယ်။

(အသုံးအနှုန်း ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)

Dr. တင့်ဆွေ
၁၉-၈-၂ဝဝ၉

August 23, 2009 9:28 AM
Q: ဆရာ ကျွန်တော့် ဂွေးဥ အတွင်းအိတ် ဥပေါ်မှာအကြိတ်လုံးလို နှစ်လုံးဖြစ်နေလို့ပါဆရာ။ ဘယ်ဆရာဝန်နဲ့ ပြရမလဲမသိဘူး

A: ဂွေးဥ အတွင်းအိတ် ဥပေါ်မှာ အကြိတ်လုံးလို နှစ်လုံး စာနဲ့မေးတာမို့ မျက်စိနဲ့ကြည့် လက်နဲ့စမ်းရသလို မသေခြာတာမို့ မှန်းပြီး ရမ်းကုလုပ်ရတော့မှာဘဲဗျာ။ ယောက်ကျားတွေ ကပ်ပယ်အိတ် ခေါ် Scrotum တဝှိုက်မှာ ဖြစ်တတ်တာတွေက အမျိုးပေါင် (၁၃)ခုတိတိ ရှိပါတယ်။ မကြောက်ပါနဲ့။ အများစုရောဂါတွေက ကုတာလွယ်ပြီး ပျောက်ဘို့ မခက်ကြပါ။

Inguinal hernia အူကျရောဂါ၊ Testicular torsion အစေ့လိန်ခြင်း၊ Hydrocele မုတ် (မုတ္တ) ခေါ် အရည်များခြင်း၊ Epididymal cyst အစေ့အထက်နားအိတ်ဖြစ်ခြင်း၊ Epididymo-orchitis အစေ့-အကြောရောင်ခြင်း၊ Haematocele မုတ် (မုတ္တ)၊ အရည်မဟုတ်ဘဲ သွေးဖြစ်နေခြင်း၊ Hydrocoele of testis အစေ့တွင် မုတ်ဖြစ်ခြင်း၊ Lipoma of spermatic cord အကြောမှာ အဆီအိတ်ဖြစ်ခြင်း၊ Mumps မော်နာ ဒါမှမဟုတ် ပါးချိတ်ရောင်နာနှင့် ဆက်နေသော ကူးစက်နာဖြစ်ခြင်း၊ Scrotal haematoma အိတ်ထဲသွေးယိုခြင်း၊ Varicocoele သွေးပြန်ကြောများထုံးခြင်း။ Spermatocele အစေ့အပေါ်တွင် သုတ်ပိုးများစုနေခြင်း၊ Testicular cancer အစေ့ကင်ဆာဖြစ်ခြင်း၊

တကယ်လို့ ရောဂါလက္ခဏာကို နဲနဲစုံအောင်သိရရင် မကြည်ဘဲနဲ့ အတတ်ဟောနိုင်ပါတယ်။ ဆိုပါစို့ ကြာပြီလား၊ နာသလားနဲ့ အနေအထားပြောင်းရင် သေးသွားလား-သေးမသွားလား။ ဒီမေးခွန်း ၃ ခုလောက်နဲ့ ပြောနိုင်တတ်ပါတယ်။

ရောဂါအားလုံးအနက် တခုကလွဲရင် ခွဲစိတ်ဆရာဝန်နဲ့ဆိုင်တာချည်းဖြစ်လို့ ခွဲစိတ်အထူးကုဆရာဝန်ကို ပြရပါမယ်။ အထူးကု မဟုတ်တဲ့ ရိုးရိုးဆရာဝန် (ကျွန်တော်တို့လို ဂျန်ဂယ်)တွေကလဲ အတော်များများ လုပ်ပေးနိုင်ပါတယ်။ ခွဲရဦးတော့ မခက်တာတွေပါ။ ဆရာဝန်ပေါက်စများ လက်သင်စမ်းကြရတာ ဒီရောဂါတွေမို့ပါ။

August 04, 2010 11:09 AM
Q: ကျနော် တခုလောက် မေးချင်လို့ပါဆရာ။ ကျနော်ကတော့ နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ ကျနော် အသက် ၂၂ နှစ် ရှိပါပြီ။ ဒီကို ရောက်တာ ၂ နှစ် ကျော်ပါပြီ။ ကျနော့် လိင်တံထိပ်မှာ အနီရောင် အဖုအဖုလေးတွေ ပေါက်လာပါတယ်။

6 Aug 10, 07:21
Q: ဆရာခင်ဗျာ ကျတော့်ရဲ့ လိင်တံထိပ်က ကျင်နေပါတယ်။ ဆီးသွားချိန် ကျင်တာများပြီး၊ မှတ်မှတ်ရရ ဒီအတိုင်းနေရင်းနဲ့ တကြိမ်ကျင်ပါတယ်။ အန္တရာယ်ရှိပါသလား။ ဘာကြောင့်ဖြစ်နိုင်ပါလဲဆရာ။ ဘာလုပ်သင့်ပါလဲခင်ဗျာ။ ဂွေးဥရဲ့ တဖက်စီမှာလဲ အသားမာလို အဖုတလုံးစီ ပေါက်လာပါတယ်။ လိင်တံတခုလုံးလဲ မခံမရပ်နိုင်အောင် ယားယံပါတယ်။ ကျနော် ဘာရောဂါ ဖြစ်နေလဲဆိုတာ သိချင်ပါတယ်။ သွေးလဲ စစ်ပြီးပါပြီ။ AIDS မဟုတ်ပါဘူးလို့ ပြောပါတယ်။ ဒီက ဆေးခန်း သွားတော့ ဒီက ဆရာဝန်ပေးတဲ့ ဆေးထဲမှာ "ဘာမီတွန်" ပါတာ တွေ့ရပါတယ်။ ဆေးကုန်ပြီ။ ၃-၄ရက် နေရင် ပြန်ပြန် ပေါက်လာပါတယ်။ မသက်သာပါဘူး။ ဘာဆေး အမျိုးစားတွေ ဝယ်သောက်ရမလဲ မသိဘူးခင်ဗျာ။ ကျနော် ဒီမှာ ရောက်တဲ့ အချိန်ကနေ အခုအချိန်ထိ ဘယ်မိန်းမနဲ့မှ မအိပ်ခဲ့ဘူးပါ။ အခု ဒီရောဂါ ဖြစ်နေတာ ရှက်လို့ ဘယ်သူကိုမှ မပြောရဲပါဘူး။ ကျနော်လိင်တံ၏ ဖြစ်နေသော ရောဂါပုံစံကို ဓါတ်ပုံပါ ပို့ပေးလိုက်ပါတယ်။

A: စသိတာ ဘယ်လောက်ကြပြီလဲ။ ယားယုံဘဲလား။ မနာဘူးတား။ အခုကော ယားသေးလား။ ကြီးကြီးလာသလား။ ပေါင်ခြံမှာ အစေ့-အလုံး-အကြိတ် စမ်းလို့ရသလား။ ပုံပို့တာ ကောင်းတယ်။ ပုံထဲက အဖုလေးတွေက တနေရာဆီက ထင်ပါတယ်။ ဟုတ်တယ်နော်။ အားလုံး ဘယ်နှလုံးလောက် ရှိလဲ၊ ခန့်မှန်းခြေပေါ့။ ကပ်ပဲ့အိပ်မှာကော ဒါမျိုးနဲ့ တူသလား။ ဆီးသွားတာ ထူးသလား။ နာတာ၊ ပူတာ၊ စပ်တာ၊ အဖြူရည် ကျတာ။ သိပ် မစိုးရိမ်ပါနဲ့။ ဆေးကုလို့ ရပါတယ်။ ဆေးနည်း ပြောပါမယ်။

Q: ဆီးသွားရင် ကွမ်းသီးခေါင်းထိပ်က အစေ့လေးက စပ်ဖြင်းဖြင်းဖြစ်ပါတယ်။ ဆီးကလဲ ဝါထိန်နေတာပါပဲ ဆရာ။ ဆီး၊ ဝမ်းလဲ တော်တော် ချုပ်ပါတယ်။ ပင်ပန်းတဲ့ အလုပ်တခုခုလုပ်ပြီးရင် မျက်လုံးပါ ပြာဝေအောင် ဖြစ်နေပါတယ်။ ဝမ်းချုပ်ပြီး ၁ ရက် ၂ ရက်နေရင် ဒီရောဂါ ထတာပါပဲ။

A: ဆေး (၃) မျိုး ရေးပေးလိုက်ပါတယ်။ ဝယ်လို့ရတဲ့ (၁) မျိုးကိုသာ သောက်ပါ။ ရေးပေးတဲ့ အစီအစဉ်အတိုင်း ဝယ်ရတာ လွယ်နိုင်ပါတယ်။
Doxycycline တခါသောက် 100 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
Tetracycline တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ်
Erythromycin တခါသောက် 500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

စိတ်မညစ်ပါနဲ့။ ပျောက်တဲ့ရောဂါပါ။ ဝမ်းမချုပ်အောင် ရေ၊ အရည် များများသောက်ပါ။ အသီးအရွက်၊ အသီးအနှံ များများ စားပါ။ မန်ကျီးသီးမှည့်ကို သကြား နဲ့ ဆားနဲနဲထည့် ဖျော်ရည်လုပ် သောက်ပါ။ သင်္ဘောသီးမှည့် စားပါ။

ဆီးဝါနေတာ အသားဝါလည်း ဖြစ်နေအုံမယ်။ ဖြစ်ရင်လည်း မပူနဲ့အုံး။ နားရမယ်။ ရေ၊ အရည် များများ သောက်ရမယ်။ ဆီ-အဆီ လျှော့ပါ။ ဆေးလိပ်၊ အရက် မတည့်ပါ။ မျက်လုံးပါ ဝါသလား။ အသဲအားဆေး ရှာလို့ရရင် သောက်ပါ။ အဝါ တော်တော်နဲ့ မကျရင် Drip သွင်းရတယ်။ မသွင်းနိုင်လည်း ORS ဓါတ်ဆားထုပ် သောက်ပါ။ တနေ့ ၃-၄ ထုပ်အထိ သောက်ပါ။ အရည်များများ သောက်နိုင်အောင် ရေ၊ ရေနွေး၊ သံပုရာရည်၊ ဖျော်ရည်၊ သကြားရည်၊ လှည့်သောက်နိုင်ပါတယ်။ ဆေး ၁ ပါတ် သောက်ပြီး၊ တိုးတက်မှု အခြေအနေ ပြောပါအုံး။ အနာကို ဘာဆေးမှ လိမ်းစရာမလိုပါ။

ကျားအင်္ဂါဟာ ဆီးသွားတာနဲ့ ဆက်ဆံတာ၊ အလုပ် ၂ မျိုးအတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီ အလုပ် တခုခုကနေဖြစ်ဖြစ် နှစ်ခုလုံးကနေဖြစ်ဖြစ် ရောဂါဝင်တာ ဖြစ်စေတတ်တယ်။ သူလုပ်တဲ့အလုပ် နှစ်ခုနဲ့ မဆိုင်အုံးတော့ တခြားခန္ဓာကိုယ်က နေရာတွေလို မွေးရာပါ ချို့ယွင်းတာ၊ ဒဏ်ရာရတာ၊ ရောဂါပိုးဝင်တာမျိုးလည်း ရစေနိုင်သေးတယ်။ ဒီ သုံးချက်အပြင် ကင်ဆာလို အကြောင်းမယ်မယ်ရရ မသိရဘဲနဲ့ ဖြစ်တာလည်းပါတယ်ပေါ့။

ရောဂါကို ကိုယ်တိုင်မြင်ရတာ မဟုတ်လို့ ဖြစ်နိုင်ခြေမှန်သမျှ တွက်ဆရတာမို့ ဖတ်တဲ့လူ ကြောက်စိတ်မဝင်ပါနဲ့။ ဆရာဝန်ဆိုတာ “ဥစ္စာပျောက် ငရဲရောက်” ဆိုသလို လျှောက်ထင်ရတာမို့ပါ။

ဆေးနည်းပါ ပေးလိုက်ပါမယ်။
Urethritis ဆီးလမ်းပြွန်အဝ ရောင်ခြင်းအတွက် -
• Cefixime 400 mg တခါတည်းသောက် ပျောက်တယ်။ ဒါမှမဟုတ်
• Ciprofloxacin 500 mg တခါတည်းသောက် ပျောက်တယ်။
နောက် (STDs) လိင်မှတဆင့် ကူးစက်သည့် ရောဂါတခုခု ဖြစ်နေရင်လည်း -
• Gonococcal Urethritis ဂနိုရီးယားကြောင့်ဖြစ်တဲ့ ဆီးပြွန်အဝရောင်ခြင်းအတွက် Ciprofloxacin 500 mg ဒါမှမဟုတ် Ofloxacin 400 mg တခါတည်းသောက် ပျောက်တယ်။
• Uncomplicated Gonorrhea သာမန်ဂနိုရောဂါ၊ Cefixime 400 mg တခါတည်းသောက် ပျောက်တယ်။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ် ၃-၄ ရက်သောက် ပျောက်တယ်။

လိုသေးရင် မေးပါ။ ကျန်းမာပါစေ။

Dr. တင့်ဆွေ
၆-၈-၂ဝ၁ဝ

Apr 15, 2011 at 6:57 PM
I am 23 years old male, single and currently stay in spore. There are small things inside my male organ inside the skin and it doesn’t cause anything such as itchy or else. These small things started to occur when I was 17 when I never had sex before therefore couldn’t be getting from sex. But now, I think these things become more and more (kindly refer to attached photos). Currently I don’t apply any medication. What should I do? pls advise me.

Molluscum contagiosum
• အရေပြား တနေရာရာမှာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တဲ့ အနာဖြစ်တယ်။
• ၂-၅ စင်တီမီတာလောက် ရှိတယ်။ အထက်ကို နဲနဲကြွတက်နေမယ်။
• ဒိန်ခဲလို ခပ်ဖြူဖြူ၊ ဖယောင်းလိုလဲ နေတယ်။ ပုလဲလို အရောင်၊ ပန်းရောင်၊ အသားရောင်ရှိမယ်။
• မနာဘူး။ တခါတလေမှ နဲနဲယားသလိုနေတယ်။
• တခါတလေ အလည်ကခွက်နေတယ်။ ကုတ်ရင် အစဉ်းကြောင်းလိုရှိနေမယ်။
• မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက်၊ ချိုင်း၊ ဗိုက်၊ ပေါင်၊ လိင်အင်္ဂါ နေရာတကာမှာ ဖြစ်တယ်။
• ကလေး-လူကြီးဖြစ်တယ်။ ကလေးတွေဆိုရင် ဆော့စရာတွေကနေ ကူးနိုင်တယ်။
• တိုက်ရိုက် ထိတွေ့မှုကနေကူးတယ်။ လိင်ဆက်ဆံတာ မရှိလဲဖြစ်တယ်။ မရှိလဲဖြစ်မယ်။ လိင်လမ်း-ရေယုံနဲ့ ခွဲခြားရမယ်။
• မှားနိုင်တာတွေရှိလို့ Skin excisional biopsy အသားစဖြတ်ယူစစ်ဆေးမှ ရောဂါသေခြာတယ်။
• AIDS ဖြစ်နေသူတွေ ပိုဆိုးတယ်။
• ကိုယ်ခံအား ကောင်းနေရင် သူ့အလိုလို ပျောက်တယ်။ နှစ်တွေလဲ ကြာနေနိုင်တယ်။
• ဆက်ဆံရင် Condoms သုံးရမယ်။
• ၁ဝ% လောက် Eczema နှင်းကူနာ ဖြစ်လာတတ်တယ်။
• ယားလို့ ကုပ်ရင်း ဗက်တီးရီးယား ဝင်လာတတ်တယ်။
• ခွဲစိတ်နည်းတွေ Scraping, De-coring, Freezing, Electrosurgery စသဖြင့် ရှိတယ်။ အမာရွတ်ကျန်မယ်။
• Cryotherapy အေးခဲနည်း၊
• Laser လေဆာနည်း၊
• Benzoyl peroxide ဆေးလိမ်းနည်း၊
• Cimetidine (Tagamet) အစာအိမ်လေနာဆေး၊ Griseofulvin ပွေးဆေး တွေလဲ သုံးကြသေးတယ်။
• Cidofovir (Vistide), Imiquimod (Aldara), Podophyllin resin, Podophyllotoxin (Condylox), Potassium hydroxide, Trichloroacetic acid ဆေးတွေလဲ ဆရာဝန်တွေက ညွှန်တယ်။
• Cantharidin (Cantharone) ဆေးကို တချို့နေရာတွေကသုံးတယ်။ တချို့က သတိပေးတယ်။ လိင်စိတ်ကြွဆေး အဖြစ် သုံးတဲ့သူတွေက သုံးပေမဲ့ ဆေးက ပြင်းလှတယ်။ မျက်စိလို နုတဲ့နေရာနဲ့ နီးနီးမှာ မသုံးဘို့ သတိပေးတယ်။
• ကြွက်နို့ဆေးမျိုးလဲ သုံးတယ်။ ပျောက်ရင် အရောင်ရင့်နေမယ်။
• Australian lemon myrtle (Backhousia citriodora) သြစတေးလျ ရှောက်သီးရည်၊
• Tea tree oil လက်ဖက်ပင်-အဆီ၊

Dr. တင့်ဆွေ


Related Posts :



14 comments:

zaw zaw said...

ဒီ bloc လေးကိုတွေ့ တော့စိတ်ဝင်တစားဖတ်မိပါတယ် ဆရာ၊ ကျွန်တော့်မှာလည်းအလားတူ ခံစားချက်မျိုးလေး ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာဖြစ်နေတာနဲ့ မတူ တဲ့အတွက် မေးခွင့်ပြုပါဆရာ။ ကျွန်တော် စဖြစ်တော့ မနှစ်က ဒီအချိန်မှာပဲ..ဆီးသွားရင် နာကျင်ပြီး အဖြူရည်တွေဆင်းပါတယ်.အဲဒါဆရာဝန်ပြရမှာရှက်လို့  အောင့်ခံတာ မကြာခင်ယောင်ရမ်းလာပါတယ်.. အရည်ပြားထိပ်ကလည်းမဖြတ်ထားတော့ ပိုခံရခက်ပါတယ်..အဲဒါထိပ်နားမှာ ကွမ်းသီးလုံးထက်တောင်ကြီးလာပြီးမာလာတယ်..လမ်းလျောက်ရင် ကွတကွတနဲ့ အဆင်မပြေဘူး..ညအိပ်ရင်လည်းကိုက်ခဲပြီး ညတိုင်းအိပ်မပျော်ဘူးဆရာ အဲဒါနဲ့  ၀က်ဆိုဒ်တွေထဲကရှာဖတ်တော့ Cifro, Cefixime တို့ ကိုအကြံပြုထားတာတွေ့ တော့ ၀ယ်သောက် တယ်။ နာကျင် တာတော့ ပျောက်သွားတယ်..ကွမ်းသီးလုံးလိုဟာ ကြီးမာနေတာတွေပျော့သွားတယ်.. ဒါပေမယ့် အဲဒါက အလုံးပျော့ပျော့ကြီးအဖြစ်ကျန်နေတယ် ဆရာ အခုထိပါပဲ၊ မနာမကျင်ပါပဲ။ ဒါကို ဘယ်လိုပျောက်အောင် လုပ်ရမလဲဆရာ။ ကျွန်တော် မခွဲစိပ်ရဲဘူးဆရာ..တခြားပြသနာလည်းမရှီပါဘူး..အဲဒီ အလုံးပျော့ပျော့ကြီးကပဲ အခုထိ စိတ်အနှောင့်အယှက် ဖြစ်နေရပါတယ် ဆရာ.. ကျွန်တော့်ကို အကြံပြုပါဦးဆရာ..
လေးစားစွာဖြင့်
ဇော်ဇော်

Anonymous said...

စမ်းသပ်စစ်ဆေးတာတော့ မလုပ်ရသေးဘူး။ ဓါတ်ပုံလဲ အပို့မခိုင်းရသေးဘူး။ ရေးပြတာတွေအရ ဖြစ်စေခဲ့တဲ့ ပိုးကတော့ ပိုးသေဆေးနဲ့ ကောင်းသွားလောက်ပြီလို့ ယူဆရတယ်။ ဆေးပါတ်လည်အောင် သောက်ခဲ့ရင်ပေါ့။

ရောဂါတွေဟာ ဖြစ်စေတဲ့ ပိုးကိုသေစေတာ ဦးစားပေးလုပ်ရမဲ့ ဆေးကုနည်းဖြစ်တယ်။ ဆက်တွဲခံစားနေရတာတွေကိုပါ တခါထဲ ကုသရသေးတယ်။ တချို့မှာ အခုမေးတဲ့သူမှာ ဖြစ်နေသလို ကျန်ရင်တဲ့ ရောဂါလက္ခဏာကိုပါ ကုဘို့လိုတယ်။ ရိုးရိုးအနာ ဖြစ်တာတောင်မှ အမာရွတ်ကျန်သလို ရှိသေးတာမျိုးပေါ့။

အခုဖြစ်နေတာကို ဘယ်လိုလုပ်ရမလဲ အတိအကျတော့ ဆရာကနေ မပြောနိုင်သေးပါ။ အသေအခြာ မစမ်းရသေးလို့ ဖြစ်ပါတယ်။
ခွဲစိတ်ပြုပြင်စရာတော့ လိုနိုင်တယ်။ စိုးရိမ်စရာမရှိပါ။ ခွဲစိတ်လိုက်ရင် အားလုံးကောင်းသွားမယ်။ အိမ်ထောင်ပြုတာအတွက်လဲ ဘာမှ အခက်အခဲ မရှိစေပါ။ ဆရာဝန်ကို ပြသင့်ပါတယ်။

ကျန်းမာ-ချမ်းသာပါစေ။
တဆ

Unknown said...

i think the one from S'pore asked about small things under foreskin could be pearly white penile papules rather than mollluscum

Linn Linn said...

ဆရာ ကျွန်တော်ကိုလည်းကူပါဦး ကျွန်တော်လိင်တံက ပြည်လိုအရေတွေကျကျလာတယ် ပြီးတော့ဆီးသွားရင်လည်း နာတယ် တစ်ခါတစ်ခါတစ်လေတော့ မနာဘူး အဲဒီပြည်လိုအရည်တွေက တစိမ့်စိမ့်နဲ့ အမြဲတမ်းကျနေတယ် လိင်တံထဲက ဆီးပြွန်ကိုစမ်းကြည့်တော့နည်းနည်းနာပါတယ် ပြီးတော့ဖြစ်ဖြစ်ချင်း သုံးလေးရက်မှာ ခါးလည်းနာတယ် ပြီးတော့မနာတော့ပြန်ဘူး ကျွန်တော် တစ်ခုခုဖြစ်မှာ အရမ်းကြောက်တယ် ပီမိုးနင်းရဲ့ ကာမသိတ္ထိ စာအုပ်ထဲမှာ ကျွန်တော့် ရောဂါနဲ့တူတာတစ်ခု သွားတွေ့တယ် ရေးထားတာက ဂေါ်နော် ရောဂါတဲ့ ကြာရင်အမြုံ ဖြစ်နိုင်တယ်တဲ့ ဟုတ်လားဆရာ ဒီရောဂါ၉၉ရာခိုင်နှုန်းက မိန်းမဆီကကူးတာတဲ့ ကျွန်တော့်ဘဝမှာ လိင်ဆက်ဆံဖူးတာဆိုလို့ ကျွန်တော် ချစ်သူနဲ့သုံးလေးခါပဲရှိပါတယ် သူ့ဆီက ကူးတာဆိုရင် သူ့ကိုလည်းရောဂါပျေက်စေချင်ပါတယ် ပီမိုးနင်းရေးထားတာကအဲဒီရောဂါရှိတဲ့မိန်းကလေးက ပိန်ချုံး ပြီးခေါင်းနောက်တတ်တဲ့ ဝေဒနာရှိတတ် တယ်တဲ့ သူလည်း အဲဒီလိုဖြစ်နေပါတယ် ဆရာ ကျွန်တော်တို့အတွက် ဆေးနည်းကောင်းလေး ပြောပြပေးပါ ဆရာ ကျေးဇူးတင်ပါတယ် ကူညီပေးပါ

Linn Linn said...

ဆရာ ကျွန်တော်ကိုလည်းကူပါဦး ကျွန်တော်လိင်တံက ပြည်လိုအရေတွေကျကျလာတယ် ပြီးတော့ဆီးသွားရင်လည်း နာတယ် တစ်ခါတစ်ခါတစ်လေတော့ မနာဘူး အဲဒီပြည်လိုအရည်တွေက တစိမ့်စိမ့်နဲ့ အမြဲတမ်းကျနေတယ် လိင်တံထဲက ဆီးပြွန်ကိုစမ်းကြည့်တော့နည်းနည်းနာပါတယ် ပြီးတော့ဖြစ်ဖြစ်ချင်း သုံးလေးရက်မှာ ခါးလည်းနာတယ် ပြီးတော့မနာတော့ပြန်ဘူး ကျွန်တော် တစ်ခုခုဖြစ်မှာ အရမ်းကြောက်တယ် ပီမိုးနင်းရဲ့ ကာမသိတ္ထိ စာအုပ်ထဲမှာ ကျွန်တော့် ရောဂါနဲ့တူတာတစ်ခု သွားတွေ့တယ် ရေးထားတာက ဂေါ်နော် ရောဂါတဲ့ ကြာရင်အမြုံ ဖြစ်နိုင်တယ်တဲ့ ဟုတ်လားဆရာ ဒီရောဂါ၉၉ရာခိုင်နှုန်းက မိန်းမဆီကကူးတာတဲ့ ကျွန်တော့်ဘဝမှာ လိင်ဆက်ဆံဖူးတာဆိုလို့ ကျွန်တော် ချစ်သူနဲ့သုံးလေးခါပဲရှိပါတယ် သူ့ဆီက ကူးတာဆိုရင် သူ့ကိုလည်းရောဂါပျေက်စေချင်ပါတယ် ပီမိုးနင်းရေးထားတာကအဲဒီရောဂါရှိတဲ့မိန်းကလေးက ပိန်ချုံး ပြီးခေါင်းနောက်တတ်တဲ့ ဝေဒနာရှိတတ် တယ်တဲ့ သူလည်း အဲဒီလိုဖြစ်နေပါတယ် ဆရာ ကျွန်တော်တို့အတွက် ဆေးနည်းကောင်းလေး ပြောပြပေးပါ ဆရာ ကျေးဇူးတင်ပါတယ် ကူညီပေးပါ

Linn Linn said...

ဆရာ ကျွန်တော်ကိုလည်းကူပါဦး ကျွန်တော်လိင်တံက ပြည်လိုအရေတွေကျကျလာတယ် ပြီးတော့ဆီးသွားရင်လည်း နာတယ် တစ်ခါတစ်ခါတစ်လေတော့ မနာဘူး အဲဒီပြည်လိုအရည်တွေက တစိမ့်စိမ့်နဲ့ အမြဲတမ်းကျနေတယ် လိင်တံထဲက ဆီးပြွန်ကိုစမ်းကြည့်တော့နည်းနည်းနာပါတယ် ပြီးတော့ဖြစ်ဖြစ်ချင်း သုံးလေးရက်မှာ ခါးလည်းနာတယ် ပြီးတော့မနာတော့ပြန်ဘူး ကျွန်တော် တစ်ခုခုဖြစ်မှာ အရမ်းကြောက်တယ် ပီမိုးနင်းရဲ့ ကာမသိတ္ထိ စာအုပ်ထဲမှာ ကျွန်တော့် ရောဂါနဲ့တူတာတစ်ခု သွားတွေ့တယ် ရေးထားတာက ဂေါ်နော် ရောဂါတဲ့ ကြာရင်အမြုံ ဖြစ်နိုင်တယ်တဲ့ ဟုတ်လားဆရာ ဒီရောဂါ၉၉ရာခိုင်နှုန်းက မိန်းမဆီကကူးတာတဲ့ ကျွန်တော့်ဘဝမှာ လိင်ဆက်ဆံဖူးတာဆိုလို့ ကျွန်တော် ချစ်သူနဲ့သုံးလေးခါပဲရှိပါတယ် သူ့ဆီက ကူးတာဆိုရင် သူ့ကိုလည်းရောဂါပျေက်စေချင်ပါတယ် ပီမိုးနင်းရေးထားတာကအဲဒီရောဂါရှိတဲ့မိန်းကလေးက ပိန်ချုံး ပြီးခေါင်းနောက်တတ်တဲ့ ဝေဒနာရှိတတ် တယ်တဲ့ သူလည်း အဲဒီလိုဖြစ်နေပါတယ် ဆရာ ကျွန်တော်တို့အတွက် ဆေးနည်းကောင်းလေး ပြောပြပေးပါ ဆရာ ကျေးဇူးတင်ပါတယ် ကူညီပေးပါ

Anonymous said...

Lesions on penis (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
Lesions on penis (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html မှာ လာဖတ်ပါခင်ဗျား။

Unknown said...

ဆ၇ာကျွန်​​​တော်​လိင်​တံအ၇င်းနား​လေးမှာအဖု​လေး​တွေပွးလာလို့ပါအ၇င်​လကတစ်​ဖုဘဲ၇ှိတယ်​အ၇င်​တပတ်​ကကြည့်​မိ​တော့၁၀ဖု​လောက်​ပွားလာ်​ဆ၇ာ​နောက်​ပြီးလိင်​တံဘက်​ကိုဆင်းလာပါတယ်​ဆရာAcyclovir​တော့​သောက်​​တယ်​but ပွား​နေ​သေးလို့ဆ၇ာလ်​င်​တံဘမှာပွားလာ၇င်​အန္တ၇ယ်​ဖြစ်​နိုင်​လားဆ၇ာကျွန်​​တော်​ဘာလုပ်​၇မလည်းဆ၇ာ​ပြောပြ​ပေးပါအုံး

Unknown said...

ဆရာခဗျာ
ကျွန်တော့အသက် ၂၀ ရှိပါပြီ
ကျွန်တော့လိင်တံက အရေပြားခုထိငုံနေတုန်းပါပဲ ခင်ဗျာ

Unknown said...

ဆရာခဗျာ
ကျွန်တော့အသက် ၂၀ ရှိပါပြီ
ကျွန်တော့လိင်တံက အရေပြားခုထိငုံနေတုန်းပါပဲ ခင်ဗျာ

Unknown said...

ဆရာကျနော့လိင်တံအရေပြားလေးပေါ်မှာ ကြက်ရေခွံလို အဖုလေးတွေရှိနေတာလေးသိချင်လို့ပါဆရာ လေးစားစွာဖြင့်

Unknown said...

ဆရာ ကျွန်တော့မှာမွေးရာပါဥတစ်လုံးမရှိပါဘူး
ကလေးရနိုင်လားဆရာ စိုးရိမ်နေလို့ပါလမ်းညွှန်ပေးပါဆရာ

Unknown said...

ဆရာခင်ဗျာ့ကျနော်လိပ်တံထိပ်အနီစပ်လေးတွေပေါ်ပြီးလိင်တံထိပ်အသားပတ်သလိုဖြစ်နေပြီးနည်းနည်ယားပါတယ်ဘာဆေးလိမ်းရမလဲခင်ဗျာဆေးခန်းပြဖို့ရောလိုပါသလား၊ဘာဖြစ်တာလဲသိချင်ပါတယ်

Unknown said...

အင်္ဂါအရေပြားမှာအနာဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲသိချင်ပါတယ်