Friday, January 6, 2012

Abortion မလိုချင်တဲ့ ကိုယ်ဝန်

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)

January 5, 2012 6:32 PM
Complete abortion နဲ့ Incomplete abortion ကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲရှင့်။ သမီးကရော ဘယ် Abortion ထဲမှာ ပါပါသလဲရှင့်။ တကယ်လို့ Incomplete Abortion ဖြစ်ခဲ့ရင် ဘာတွေလုပ်သင့်ပါသလဲ၊ ဘာဆေးတွေ သောက်သင့်ပါသလဲရှင့်။

Jun 3, 2011 at 2:22 PM
ကိုယ်ဝန် ရှိနိုင်၊ ရနိုင်တဲ့ ရက်တွေမှာ အတူနေမိပြီးရင် ဘယ်နှစ်ရက်လောက် အကြာမှာ ကိုယ်ဝန် ရှိ-မရှိ သိနိုင်ပါမလဲ။ ပုံမှန် ရာသီ မလာမှပဲ ဆီးစစ်မှ သိနိုင်စေတဲ့နည်းပဲ ရှိတာလား။ တခြားနည်းနဲ့ အဲဒီရက် မတိုင်ခင် စောပြီး သိနိုင်တဲ့ နည်းလမ်းများ ရှိပါသလား။ ကိုယ်ဝန် ရှိ-မရှိ မသိသေးခင် ရာသီ မလာခင် အရက်သောက်၊ ဆိုင်ကယ်စီးတာမျိုး၊ စက်ဘီးစီးတာမျိုး။ ကြက်တောင်ရိုက်တာ မျိုးတွေက ကိုယ်ဝန်ရှိနေရင် ပျက်စေနိုင်သလားဆိုတာ သိချင်လို့ပါ။

ကိုယ်ဝန်ရှိရင် အမျိုးသမီးများ ထူးခြားချက်ပေါင်း ၂၅ ချက်ရှိလာမယ်။
1. Missed period ရာသီထိန်မယ်၊
2. Unusual or abnormal period ရာသီ ကမောက်မဖြစ်မယ်၊
3. Positive Urine Pregnancy Test ဆီးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊
4. Positive Blood Pregnancy Test သွေးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊
5. Ultrasound Detection (အာလ်ထွာဆောင်း) ရိုက်ရင် ပေါ်မယ်၊
6. X-ray Detection ဓါတ်မှန်ရိုက်ရင် ပေါ်မယ်၊
7. Nausea and Vomiting ပျို့-အန်ချင်တယ်၊
8. Soreness of the Breasts ရင်သား နာမယ်၊
9. Enlargement of the Breasts ရင်သား ထွားလာမယ်၊
10. Frequent Urination ဆီးခဏခဏ သွားချင်လာမယ်၊
11. Strange Cravings ချင်ခြင်းတပ်လာမယ်၊
12. Fatigue အားယုတ်သလို ခံစားရမယ်၊
13. Just feeling pregnant ကိုယ့်ကိုယ်သိတယ်၊
14. Changes in libido လိင်ဆက်ဆံလိုစိတ် ပြောင်းလဲလာမယ်၊
15. Montgomery's Tubercules နို့ အရောင်ရင့်အဝိုင်းမှာ အသီးလေးတွေ ထွက်လာမယ်၊
16. Enlarging Uterus သားအိမ် ကြီးထွားလာမယ်၊
17. Movement ကလေးလှုတ်တာ သိလာမယ်၊
18. Colostrum from Breasts နို့ကို ညှစ်ရင် အရည်ထွက်မယ်၊
19. Enlarged Abdomen ဗိုက် ဖေါင်းကားလာမယ်၊
20. Change in uterine shape သားအိမ်ပုံစံ ပြောင်းလာမယ်၊
21. Palpation of the Baby ကလေးကို အပြင်ကနေစမ်းရမယ်၊
22. Fetal Heart Tones ကလေး နှလုံးခုန်တာ နားထောင်ရင် ကြားမယ်၊
23. Skin Changes အရေပြား ပြောင်းလဲလာမယ်၊
24. Stretch Marks အကြောပြတ်တာတွေ ပေါ်လာမယ်၊
25. Braxton Hicks Contractions ကလေးမွေးချင်သလို နာမယ်၊

ကိုယ်ဝန် စရှိတာရဲ့ ကိုယ်တိုင် သိနိုင်တဲ့ လက္ခဏာကတော့ ရာသီမလာတော့တာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဆီးစစ်ရင် သိလာနိုင်တယ်။ ရာနှုန်းပြည့်တော့ အာမ မခံသေးပါ။ ဆီးစစ်တယ်ဆိုတာ ဆီးထဲမှာ Human chorionic gonadotropin (hCG) ခေါ်တဲ့ အချင်းနဲ့ ပတ်သက်တဲ့ ဟော်မုန်းကို စမ်းတာ ဖြစ်တယ်။ ဒီဓါတ်က သန္ဓေတည်ပြီးနောက် ၇-၁ဝ ရက်မှာ တိုင်းလို့-စမ်းလို့ရတဲ့အဆင့် ရောက်လာတယ်။ ကောင်းတာက ၁၄ ရက်အထိ စောင့်သင့်တယ်။ စမ်းသပ်နည်း အပေါ်မှာလဲ မူတည်သေးတယ်။ တချို့နည်းက 25 mIU of hCG နဲ့သိနိုင်ပြီး၊ တချို့နည်းက 250 mIU of hCG ရှိမှ သိနိုင်တယ်။

မနက်ခင်း အိပ်ရာထဆီးစစ်တာ သေခြာတယ်။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပါတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ် ရတယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။

ရာသီလာရမဲ့ရက် မရောက်ခင် စမ်းလို့ Positive ပြနိုင်တယ်။ ရာသီလဲ မလာ၊ ဆီးစစ်တော့ မတွေ့ရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ Negative အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။

ကိုယ်ဝန်ပျက်တဲ့အကြောင်း ရေးထားပါတယ်။ ဖြည့်ရေးပါရစေ။ ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။
• အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊
• ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊
• ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊
• ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုး နဲ့
• တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါနဲ့ အခြေအနေတွေထဲက Amniocentesis ရောဂါ၊ Anticardiolipin syndrome ရောဂါ၊ Carboprost tromethamine ရောဂါ၊ Cervical incompetence ရောဂါ၊ Chronic villus sampling လုပ်တာ၊ Cone biopsy of cervix လုပ်တာ၊ Endometrosis ရောဂါ၊ Gemeprost သွေးဆင်းရပ်ဆေး၊ Listeria monocytogenes ရောဂါ၊ Misoprostol ကိုယ်ဝန်-ဖျက်ဆေး ကို အနာ-အကိုက် ပျောက်ဆေးကြောင့်ဖြစ်တဲ့ လေနာ ကာကွယ်ဆေးအဖြစ်လဲ သုံးတယ်၊ Paroxysmal nocturnal hemoglobinuria ရောဂါ၊ Paroxyvirus B19 infection ရောဂါ၊ Rubella ဂျာမန်-ဝက်သက် ရောဂါ Sickle cell disease သွေးရောဂါ၊ Systemic lupus erythematosus ရောဂါ နဲ့ Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန် ဖျက်ဆေးတွေဟာ ကိုယ်ဝန် တခါမက ပျက်နိုင်ပါတယ်။

ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းတာ၊ အစာဆိပ်သင့်တာ၊ (ကေဖင်း) အများကြီးသောက်တာ၊ ရောဂါပိုးဝင်တာ၊ ကိုယ်ဝန်မရှိအောင် သားအိမ်ထဲ IUCD ပစ္စည်းထည့်တာ၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာ အတွက် ဓါတ်ကင်တာ၊ ဆေးလိပ်သောက်တာ၊ သားအိမ် ပုံမှန်မဟုတ်တာ၊ အရက်သောက်တာ နဲ့သူ့အလိုလို ပျက်ကျတာတွေ ဖြစ်ပါတယ်။

• Spontaneous abortion (Miscarriage) ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာ မဟုတ်ဘဲ ပျက်စေတဲ့ အကြောင်းတွေ ထဲမှာ Accidental trauma မတော်ဆဖြစ်တာ နဲ့ Natural causes သဘာဝ အကြောင်းတရားတွေ ရှိတယ်။ အများဆုံး ဖြစ်တာက Incorrect replication of chromosomes သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန် မဟုတ်လို့ ဖြစ်တာ၊ 50% ရှိတယ်။
• အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခု အဆိုအရ
o ၆၁့၉% ၁၂ ပါတ် အတွင်း ပျက်ကျတယ်။
o ဒီအထဲက ၉၁့၇% က ပျက်ကျတယ် ဆိုတာတောင် ကိုယ်တိုင် မသိလိုက်ကြဘူး။
o ၁ဝ ပါတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့ အခွင့်အလမ်း သိသိသာသာ နည်းလာပြီ။
• ထိခိုက်မှု ဆိုတာ
o Accidental trauma မတော်တဆ၊ (အတွေ့အကြုံအရ အားကစား သာမန်လုပ်လို့ ပျက်မကျပါ။)
o Intentional trauma တမင်တကာနဲ့
o Stress စိတ်ဖိအားတွေ ဖြစ်တယ်။
• ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။
o ၃၅ နှစ်အောက်မှာ ၁၅%၊
o ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊
o ၄၅ နှစ်အထက် ၅ဝ%၊
• ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။
• တချို့မှာ ဘာလို့လဲ ပြောမရဘူး။

တချို့နေရာတွေမှာ သိသာတဲ့ Miscarriage ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ ယမုန်နာဆေးခန်းမှာ ကလေး အကောင်းလာမွေးဖွါးသူ ၁၈၆ ယောက် ရှိနေချိန်မယ်၊ သားပျက်လို့ ကုသပေးရသူပေါင်း ၄၁ ယောက်ရှိတယ်။ ဒါဟာ တရားဝင် သားပျက်တဲ့ အရေအတွက်သာ ဖြစ်တယ်။ ဖျက်ပြစ်သူတွေ မသိဘဲ ပျက်သူနဲ့ ဆရာဝန် ကူစရာမလိုဘဲ အိမ်မှာတင် ဆင်းစရာရှိတာ အကုန်ဆင်းသူတွေ မပါသေးပါ။

ဆက်တွဲ ဖတ်နိုင်တာတွေ -
- Bleeding During Early Pregnancy ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း
- ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း
- Pregnancy and Air Travel ကိုယ်ဝန်နဲ့ လေယာဉ်ခရီး
- Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း
- Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက်
- Pregnancy and Sleeping pills အိပ်ဆေးနဲ့ ကိုယ်ဝန်
- Pregnancy and Ultrasound ကိုယ်ဝန်ဆောင် နှင့် (အာလ်ထွာဆောင်း)
- Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း
- Miscarriage ကိုယ်ဝန်ပျက်ခြင်း အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆)
- Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၆)
- Abortion မလိုချင်တဲ့ ကိုယ်ဝန် အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)
- Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၂)
- Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂) အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁ဝ၅)

Dr. တင့်ဆွေ
၃-၆-၂ဝ၁၁


Related Posts :



20 comments:

မြတ်သဇင် said...

Thank you for your kindly answers,Sir!!!

မြတ်သဇင် said...

Morning sickness ကကိုယ်ဝန်ဘယ်နှပတ်လောက်မှာ စတတ်ပါသလဲ ဆရာ...အဲဒါ ဘာတွေပါလဲရှင့်...ကိုယ်ဝန် ၂ပတ်ဆိုတာ ဖြစ်နိုင်ပါ့မလား ဆရာ...သမီး လွန်ခဲ့တဲ့ ၂ပတ်နဲ့ ၎ရက်ကမှ ဓမ္မတာပေါ်ထားတာပါရှင့်...ဒါပေမယ့် ဆီးစစ်တော့ Positive ဖြစ်နေပါတယ်ရှင့်...
ဆရာ့ရဲ့ အဖြေကို စောင့်မျှော်လျက်...

Hnin Ei Phyu said...

Abortion လုဎ်ဖူး တဲ့ သားအိမ် နဲ့မလုဎ်ဖူးတဲ့ သားအိမ်ကအတူတူဘဲလားဆရာ။ ဘယ်လိုတွေကွာသွားလည်း ဆရာ။ ကလေးထပ်ယူရင် ရော အခက်အခဲတွေ ရှိနိုင်သလားဆရာ။

Anonymous said...

Hnin Ei Phyu said...
Abortion လုဎ်ဖူးတဲ့ သားအိမ် လို့ပြောတာထက် ဖြစ်ဖူးတဲ့သားအိမ်၊ အဲလိုဖြစ်လို့ သားအိမ်ခြစ်ထားရတဲ့သားအိမ်၊ ဒါမှမဟုတ် ဆေးသုံးပြီး၊ ဒါမှမဟုတ် လေဟာနယ် ကရိယာနဲ့ လုပ်ထားရတဲ့ သားအိမ်လို့ ပြောတာက ပိုမှန်ပါမယ်။ ကိုယ်ဝန်ပျက်ထားတဲ့ သားအိမ်ကနေ နောက်ထပ်ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ တရားမ၀င်နည်း၊ စနစ်မကျတဲ့နည်းတွေ သုံးဘူးတာဆိုရင်တော့ တမျိုးဖြစ်နိုင်တယ်။ အများအားဖြင့် အခက်အခဲ မရှိကြပါ။ အခြေအနေ တခုချင်းတော့ ကြည့်ရပါမယ်။

Cozey said...

ကျနော့်အမျိုးသမီးက ကိုယ်ဝန်ခြောက်လရှိပါပြီဆရာ။ ခြေတွေလက်တွေရောင်ပြီး ဒီနေ့အဖြူတွေဆင်းလာလို့စိတ်ပူလို့ပါ ဆရာ။ ကျေးဇူးပြုပြီးအမြန်ဆုံးဖြေကြားပေးစေချင်ပါတယ် ဆရာ။

Anonymous said...

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့တိုင်းပြည်။ ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/
- http://facebook.com/tint.swe.dr

lamin aung said...
This comment has been removed by the author.
Unknown said...

က်ုယ်ဝန်ဖျက်ချပြီးနောက်၂ပတ်လောက်မှာအမျိုးသားနဲ့တစ်ခါအတူနေမိပါတယ်သုတ်ရည်ကိုအပြင်မှာထုတ်ပါတယ်အဲဒါကိုယ်ဝန်ဆက်ရနိုင်ပါသလားရှင်

Unknown said...

ဆေးသုံးပြီးကိုယ်ဝန်ဖျက်ခြင်းဟာ ဘယ်ဆေးကိုသုံးသင့်ပါသလဲ ဘယ်လိုသုံးသင့်ပါသလဲ သားအိမ်ပေါက်တာတွေဖြစ်နိုင်ပါသလား

Unknown said...

သောက်ဆေးရောရှိပါသလား ဆေးနာမည်လေး နဲ့သုံးနည်းလေးသိချင်ပါတယ်ရှင့် အစ်မတစ်ယောက်သားအိမ်ထဲကိုဆေးထည့်တာ သားအိမ်ပေါက်ပြီးထုတ်ပစ်လိုက်ရပါတယ် ဘယ်လိုဆေးကို ဘယ်လိုသုံးရပါသလဲဆရာ

Unknown said...

မင်္ဂလာပါဆရာ ကျွန်တော်တို့အတူနေခဲ့တာ၃ပတ်လောက်ပဲရှိပါသေးတယ် လိင်ဆက်ဆံခဲ့ပါတယ် သုတ်ရည်တော့အပြင်ဘက်ကိုထုတ်ခဲ့ပါတယ် ပြီးတော့နောက်ထက်အလုပ်ခဲ့ပါဘူး စိတ်ပူလို့ပါဆရာရယ် ကျွန်တော်ကောင်မလေးကိုယ်ဝန်ရှိလောက်ပါသလား?????ရှိရင်လည်းအခုကိုရက်အနည်းငယ်ရှိတဲ့အချိန် ဘယ်လိုတွေလုပ်သင့်ပါသလည်း ဆရာ ဖြေပေးပါဆရာ ကိုယ်ဝန်ရမှာအ၇မ်းကြောက်နေလို့ပါ ဘယ်လိုမှအဆင်မပြေသေးလို့ ပါ
ကျေးဇူးတင်ပါတယ်

Unknown said...

ယူဖို့အဆင်​မ​ပြေ​သေးဘူးဖြစ်​​နေလို့. ဖျက်​ချချင်​ပါတယ်​ဆရာ..နည်းလမ်းများရှိနိုင်​မလားဆရာ

Unknown said...

ယူဖို့အဆင်​မ​ပြေ​သေးဘူးဖြစ်​​နေလို့. ဖျက်​ချချင်​ပါတယ်​ဆရာ..နည်းလမ်းများရှိနိုင်​မလားဆရာ

Unknown said...

ယူဖို့အဆင်ပြေသေးဘူး ဖျက်ချချင်တယ် ဘယ်လိုဖျက်ရမလဲဆရာ

Unknown said...

ယူဖို့အဆင်ပြေသေးဘူး ဖျက်ချချင်တယ် ဘယ်လိုဖျက်ရမလဲဆရာ

Unknown said...

ယူဖို့အဆင်ပြေသေးဘူး ဖျက်ချချင်တယ် ဘယ်လိုဖျက်ရမလဲဆရာ

Unknown said...

ဆရာရှင် ကျေးဇူးပြုပြီး ပြန်ဖြေကြားပေးပါရှင် ဘာတွေလုပ်ရမလဲ သိချင်လို့ပါရှင့်

Unknown said...

ဆရာရှင် ကျေးဇူးပြုပြီး ပြန်ဖြေကြားပေးပါရှင် ဘာတွေလုပ်ရမလဲ သိချင်လို့ပါရှင့်

Unknown said...

ပြော​ပေးပါ

Unknown said...

ပြောပြ​ပေးပါ