Thursday, May 13, 2010

C-Box အမေးအဖြေ (၂)

C-Box မှာ စာဖတ်သူတွေ လာမေးထားတဲ့ မေးခွန်းတွေကို စုပြီးဖြေပေးလိုက်ပါတယ်။ အမှန်က ဖြေပေးတယ် ဆိုတာထက် ညွန်းပေးတယ် ဆိုတာက ပိုပြီး မှန်ပါတယ်။ စာဖတ်သူတွေ မေးတဲ့ မေးခွန်းအတော်များများက တင်ထားပြီးသား ပို့စ်အောက်မှာ ရှိပြီးသားဖြစ်ပါတယ်။ စာဖတ်သူများကို မိမိသိလိုတဲ့ အကြာင်းအရာနှင့် ပတ်သက်တဲ့ပို့စ် ရှိမရှိ ဆိုတာကို Side bar မှာရှိတဲ့ Labels အောက်မှာ အက္ခရာအစဉ်လိုက် ရှာကြည့်စေချင်ပါတယ်။ ပြီးတော့ ပို့စ်နဲ့ ဆိုင်တဲ့ မေးခွန်းကို ပို့စ်အောက်မှာ မေးပြီး ပို့စ်နဲ့ မဆိုင်ဘဲ သီးသန့် သိလိုတဲ့ မေးခွန်းကိုပဲ C-box မှာ မေးစေချင်ပါတယ်။ ပို့စ်တင်ပြီးသား မရှိတဲ့ မေးခွန်းတွေအတွက် ဖြေထားတဲ့ အဖြေတွေက ကျွန်မ သိသလောက်ကိုသာ ဖြေထားတာ ဖြစ်လို့ ပြီးပြည့်စုံတဲ့ အဖြေတွေ မဟုတ်ပါဘူး။ တတ်သိနားလည်သူများ ဘယ်သူမဆို ဖြည့်စွက်ပေးနိုင်ပါတယ်။



29 Apr 10, 03:29
maminge: i want to know hepatitics C in detail. pls explain in a post.

အဖြေ။ ။ Hepatitis C အကြောင်း ပို့စ်တင်ပြီးသား ရှိပါတယ်။ Hapatitis C အကြောင်း ပို့စ်နှစ်ခုကို ဒီနေရာ http://health.ngoinmyanmar.org/search/label/Hepatitis%20C မှာ ဖတ်နိုင်ပါတယ်။

30 Apr 10, 05:48
ကိုမျိုး: လင်မယားကြားမှာ oral sex ကသင့်တော်ပါသလားဆရာ...ဆိုးကျိုးရှိနိုင်ပါသလားဆရာ

ဖြေ။ ။ Oral Sex အကြောင်းကို Side bar ရှိ Labels အောက်က Reproductive Health ခေါင်းစဉ်အောက်ကမှာ ဒေါက်တာ တင့်ဆွေတင်ထားတဲ့ ပို့စ် http://health.ngoinmyanmar.org/2010/01/oral-practice.html မှာ ဖတ်နိုင်ပါတယ်။ မကြာသေးခင်က C-Box မှာ စာဖတ်သူ ချစ်ချစ်က မေးပြီး ဒေါက်တာဇိဝကက ဖြေပေးထားတာကိုလည်း အောက်ပါအတိုင်း တွေ့ရပါတယ်။

26 Apr 10, 00:30
ချစ်ချစ်: ယောကျာ်း သုတ်ရည်တွေ ပါးစပ်ထဲဝင်သွားမိရင် ဘာဖြစ်တတ်ပါသလဲ ဆရာ
27 Apr 10, 11:23
ဇီဝက (ဆေး-၂): to ချစ်ချစ်, သုတ်ရည် ပါးစပ်ထဲဝင်လို့ ဘာမှ မဖြစ်ပါ။

ဒီတော့ အမေးနဲ့ အဖြေအရ Oral Sex နဲ့ ပတ်သက်ပြီး ပြဿနာတော့ မရှိနိုင်ပါဘူး။ သင့်တော်မတော် ဆိုတာကတော့ ကာရကံရှင်နှစ်ဦး သဘောတူညီမှု ရှိမရှိနှင့်သာ ဆိုင်ပါတယ်။ သို့ပေမဲ့ လူ့ခန္ဓာကိုယ်ဟာ ဘက်တီးရီးယားတွေရဲ့ ပျော်မွေ့ရာ စံအိမ် ဖြစ်တဲ့အတွက် ဘက်တီးရီးယားတွေဟာ အမျိုးသားလိင်တံ အပါအ၀င် လူ့ခန္ဓာကိုယ်ရဲ့ အရေပြားမှ အဆက်မပြတ် ထွက်နေပါတယ်။ Oral Sex ကို အသုံးပြုချိန်မှာ အကယ်၍ ပါးစပ်ကို အသုံးပြုသူဟာ ခန္ဓာကိုယ်ရဲ့ Defend Mechanisms လို့ခေါ်တဲ့ ခုခံနိုင်တဲ့အား နည်းနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေရင် ရောဂါရဖို့ သိပ်ကိုလွယ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားလိင်တံဟာ သန့်ရှင်းဖို့နှင့် အသုံးပြုသူရဲ့ပါးစပ်မှာ အနာအဆာမရှိဖို့တော့ အထူး လိုအပ်ပါတယ်။ အကောင်းဆုံးက Oral Sex ကို အသုံးပြုရင်Condone ကိုအသုံးပြုပါက အန္ဓရာယ် အကင်းဆုံး ဖြစ်နိုင်ကြောင်း အကြံပြုပါတယ်။

30 Apr 10, 09:55
khunmyominoo: ၀မ်းခဏခဏချုပ်တတ်လို့ ပါဆရာ။ ညွန်ကြားပေးပါ ခင်ဗျား။

ဖြေ။ ။ ၀မ်းချုပ်တာဟာ စားတဲ့အစာအစာထဲမှာ အမျှင်ဓါတ်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးနှံနဲ့တို့ကို လုံလောက်စွာ မစားခြင်းနှင့် ရေကိုလုံလောက်စွာ မသောက်ခြင်း ကြောင့်ဖြစ်ပါတယ်။ ဘယ်လောက်အထိ စားသင့်တယ်ဆိုတာ Labels အောက်က Nutritions ခေါင်းစဉ် http://health.ngoinmyanmar.org/search/label/Nutrition အောက်မှာ ကျွန်မ (Nge Naing) တင်ထားတဲ့ အာဟာရနဲ့ ပတ်သက်တဲ့ ပို့စ် ၄ ခုရှိပါတယ်။ ဟင်းသီးဟင်းရွက် ဘယ်လောက်အထိ စားသုံးသင့်တယ်ဆိုတာ သိချင်ရင် အဲဒီအောက်မှာ ကျန်းမာစွာ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် နေ့စဉ်စားသုံးရန် လိုအပ်သော အစာပမာဏ ဆိုတဲ့ ပို့စ်ထဲမှာ ဟင်းသီးဟင်းရွက်အပြင် ဘယ်အစာအမျိုးအစားကို ဘယ်လောက်များများ စားသောက်ရမယ်ဆိုတာ အကုန်ပါပါတယ်။ တခြားပို့စ်တွေမှာတော့ ဘယ်လို နေထိုင် စားသောက်ရမယ်ဆိုတာ အသေးစိတ်ရှိပါတယ်။

30 Apr 10, 15:12
နေနေ: ကိုယ်ဝန်ရှိတုန်းများများဆက်ဆံရင် မိန်းကလေးရပြီး နဲနဲသာဆက်ဆံမယ်ဆိုရင် ယောက်ျလားလေးရတယ်ဆိုတာဟုတ်ပါသလား။

ဖြေ။ ။ လုံးဝမဟုတ်ပါ၊ ဘာမှလည်း မဆိုင်ပါ။ ကိုယ်ဝန်ဆောင်ခါစနဲ့ မွေးခါနီးတလမှာ လိင်ဆက်ဆံမှုကို ရှောင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလဆိုတာ မမျိုးဥနဲ့ ဖိုသုတ်ကောင်တို့ ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ သန္ဓေသားကြီးထွားတဲ့ ကာလဖြစ်ပါတယ်။ ပုံမှန် တလတခါ မျိုးဥကြွေပြီး ဓမ္မတာသွေးပေါ်တဲ့ အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဆောင်စဉ် မျိုးဥ မကြွေပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ဖိုမ ဆက်ဆံခြင်းဟာ သန္ဓေသား ထပ်ရစရာ အကြောင်းမရှိသလို ရှိပြီးသား သန္ဓေသားကိုလည်း ကျား၊ မ မပြောင်းစေနိုင်ပါဘူး။ သားယောက်ျားလေး ရခြင်း၊ သမီးမိန်းကလေး ရခြင်းဆိုတာဟာလည်း လိင်ဆက်ဆံသည့် အချိန်ကာလ အပိုင်းအခြားနဲ့လည်းမဆိုင် အမျိုးသမီးနဲ့လည်း လုံးဝမသက်ဆိုင်ဘဲ အမျိုးသားဆီကလာတဲ့ခရိုမုဇုန်း အမျိုးအစား အပေါ်မှာသာ မူတည်ပါတယ်။

လူသား ဆဲလ်တခုမှာ မျိုးရိုးဗီဇကို သယ်ဆောင်ပေးတဲ့ ခရိုမိုဇုန်း ၂၃ စုံ (၄၆ ခု) ရှိပြီး နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်းက မွေးလာမည့် ကလေးရဲ့ ကျား မ လက္ခဏာ ကို ဖေါ်ဆောင်ပါတယ်။ X နှင့် Y ဆိုပြီး ကျား၊ မ ခရိုမိုဇုန်း နှစ်မျိုး ရှိသည့်အနက် အမျိုးသမီးတွေမှာ X ခရိုမိုဇုန်းပဲ ရှိပြီး အမျိုးသားက X နှင့် Y နှစ်မျိုးစလုံးကို ပိုင်ဆိုင်ပါတယ်။ ဒါကြောင့်မို့ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာမှာ ပထမ ဦးဆုံး သက်ရှိဆဲလ် Gamete ကိုဖွဲ့စည်းတဲ့အခါ အမျိုးသမီးက X ခရိုမိုဇုန်းကိုပဲ ထုတ်ပေးနိုင်ပြီး ဒီ X ခရိုမိုဇုန်းနှင့် ပေါင်းစပ်ဖို့ အမျိုးသားဆီမှ X ခရိုမိုဇုန်းကိုပဲ ရပါက (X နဲ့ X ပေါင်းပြီး) သမီး မိန်းကလေး ကို ရရှိမှာဖြစ်ပြီး အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက (X နဲ့ Yပေါင်းပြီး ) သား ယောက်ျားလေး ကို ရရှိပါတယ်။

30 Apr 10, 15:17
မင်းမင်း: မာစတာဘီးရှင်းကို တစ်ပတ်ဘယ်နှစ်ခါလုပ်သင့်သလဲဆရာ affect ဖြစ်နိုင်ပါသလား မေးရတာလဲအားနာပါတယ်။

ဖြေ။ ။ ဒီမေးခွန်းကတော့ လုပ်သင့်တဲ့ အကြိမ်အရေအတွက်ကတော့ ပြုလုပ်သူရဲ့ ဆန္ဒအာသီသနဲ့ပဲ ဆိုင်ပါတယ်။ Affect ဖြစ်နိုင်မနိုင်ဆိုတာက သန့်ရှင်းမှုတော့ အထူးလိုအပ်ပါတယ်။ Masturbation (မိမိဖါသာ အာသာဖြေခြင်း) ကို စွဲစွဲလန်းလန်းနဲ့ အလွန်အကျွံ ပြုလုပ်သူဟာ စွဲတတ်ပြီး မိမိ အိမ်ထောင်ရက်သား ကျတဲ့အချိန် အိမ်ထောင်ဖက်နဲ့ ဆက်ခံရာမှာ စိတ်ဝင်စားမှု အားနည်းသွားပြီး မိမိအကျင့်ဟောင်း ဖြစ်တဲ့ Masturbation ကိုပဲ စွဲနေတတ်တယ်လို့ အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်တာမျိုး ရှိတတ်တယ်လို့ မြန်မာဆရာဝန်တဦး ရေးတဲ့စာအုပ် တအုပ်မှာ ဖတ်ဖူးပါတယ်။ ဒီအကြောင်း ဒေါက်တာ တင့်ဆွေ ရေးတဲ့ ပို့စ်ကို ဒီဘလော့ဂ်က http://health.ngoinmyanmar.org/2010/01/blog-post.html မှာ တင်ထားတာ ရှိပါတယ်။

3 May 10, 03:23
7even: သုတ်လွတ်တာ အရမ်းမြန်နေတာ ဘယ်လိုလုပ်ကမလဲ။

သုတ်လွှတ်စောခြင်းနဲ့ ပတ်သက်ပြီး ဒေါက်တာ ဇိဝကတင်ထားတဲ့ပို့စ်ကို ဒီနေရာမှာ (http://health.ngoinmyanmar.org/2009/12/premature-ejaculation.html) မှာ သွားဖတ်နိုင်ပါတယ်။ Reproductive Health အောက်က ဒေါက်တာတင့်ဆွေရေးတဲ ဒေါက်တာ တင့်ဆွေရဲ့ http://health.ngoinmyanmar.org/2010/04/blog-post_16.html ဒီပို့စ်နဲ့လည်း အကျုံးဝင်ပါတယ်။ နှစ်ခုစလုံးကို ဖတ်ကြည့်လိုက်ပါ။

3 May 10, 05:38
mayjuly: ဆိုးကျိုးအနည်းဆုံးရှိတဲ့ကိုယ်ဝန်တားဆေးအကြောင်းများသိလိုပါတယ် ။ပြောပြပေးပါ။

ဖြေ။ ။ Reproductive Health ခေါင်းစဉ်အောက်မှာ သန္ဒေတားနည်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေ အများကြီးရှိပါတယ်။

(၁) ဒေါက်တာ တင့်ဆွေရေးတဲ့ http://health.ngoinmyanmar.org/2009/08/blog-post_23.html
၂။ ဒေါက်တာ byakga ရေးတဲ့ http://health.ngoinmyanmar.org/2009/03/blog-post.html
၃။ ဒေါက်တာ စိုးထက်ရဲ့ ကိုယ်ဝန်တားဆီးခြင်း နည်းလမ်းများ http://health.ngoinmyanmar.org/2008/12/contraception-choices.html
၎။ ဒေါက်တာ ရဲမွန်ရဲ့ အမျိုးသား သားဆက်ခြားနည်းအကြောင်း မိတ်ဆက် http://health.ngoinmyanmar.org/2009/03/introduction-to-newer-male.html
၅။ KoGyithu ရဲ့ အရေးပေါ် သားဆက်ခြားနည်း http://health.ngoinmyanmar.org/2008/11/blog-post_4612.html အဲဒီ ပို့စ်တွေအထဲမှာ အသေးစိတ်ရှိပါတယ်။ Mayjuly အနေနဲ့ မိမိဖါသာသာ ကြိုက်တာ ရွေးယူတော့။ ကျွန်မကတော့ သားဆက်ခြားတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကပဲ အနစ်နာခံလာရတော့ ဒေါက်တာ ရဲမွန်ရေးတဲ့ အမျိုးသား သားဆက်ခြားနည်းကို အကြိုက်ဆုံးပါပဲ။

4 May 10, 04:32
khine: ဆရာ..လေးဘက်နာရောဂါကြောင်းသိချင်ပါတယ်..အမြဲတမ်းအဆစ်တွေနာ နေပါတယ်.. joint တွေကလည်းကိုက်ပါတယ်..အရေပြားအောက်နာနေတယ်လို့ခံစားရပါတယ်။

ဖြေ။ ။ လေးဘက်နာ အကြောင်း ဒေါက်တာ ၀င်းသိန်းေ၇းထားတာ http://health.ngoinmyanmar.org/2008/02/group-beta-haemolytic-streptococcus.html မှာ ရှိပါတယ်။ http://health.ngoinmyanmar.org/search/label/Musculoskeletal%20system အောက်က ပို့စ်တချို့ကိုလည်း ဖတ်ကြည့်ပါ။

5 May 10, 05:28
ဖိုးထိန်: မေးစရာလေးရှိလို့ပါခင်ဗျာ။ သွေးကျဲတဲ့ရောဂါဖြစ်နေတာ..ဆေးရုံကဆ င်းပြီးတော့ဆေးတွေသောက်နေရတယ်။ အဲဒါဆေးအရှိန်နဲ့ကလေး ကအရမ်းဝလာတယ်(အရင်ကကလေးကပိန်ပိန်လေးပါ)။ သိချင်တာကဆေးသောက်တာရပ်လိုက်ရင် နဂိုအတိုင်းပြန်ဖြစ်ပါ့မလား ဆိုတာ၊ : ပြီးတော့အဲဒီရောဂါက လုံးဝပျောက်ကင်း နိုင်လားဆိုတာ သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးပါလားခင်ဗျာ။

ဖြေ။ ။ သွေးကျဲတာနဲ့ သွေးပျစ်ခဲတာ နှစ်ခုစလုံးက သွေးထဲမှာ ပါဝင်တဲ့ Chemical တွေ မမျှတလို့ ဖြစ်နိုင်သလို သွေးထွက်လွန်ခြင်း၊ သွေးယိုစီးခြင်းကို ကာကွယ်ပေးတဲ့ Clotting Factor ခေါ် သွေးထဲမှာရှိတဲ့ အင်ဇိုင်းတွေ ပုံမှန်ထက် ပိုနည်းနေလို့လဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို ခန့်မှန်းရုံနဲ့ မသိနိုင်ပဲ သွေးစစ်ပြီး သွေးထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ရေတွက်ခြင်း (Full blood Count) နှင့် Clotting Factors တွေရဲ့ အခြေအနေကို ကြည့်ပြီးမှ သိနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ မမျှမတ ဖြစ်နေရင် မျှတအောင် ကုသရမယ်။ အဲဒီရောဂါဟာ ပျောက်ကင်းနိုင်ပါတယ်။ အခု ဆရာဝန် ပေးထားတဲ့ဆေးကို သုံးစွဲရင်း ဖြစ်နေတယ်ဆိုတော့ ကုသပေးနေတဲ့ ဆရာဝန်ကပဲ လူနာရဲ့ အခြေအနေကို အသိဆုံး ဖြစ်နိုင်လို့ အဲဒီဆရာဝန်နဲ့ပဲ တိုင်ပင်သင့်ပါတယ်။ သွေးပျစ်လွန်းခြင်းနှင့် ကျဲလွန်းခြင်း နှစ်ခုစလုံးက အန္တရာယ်ရှိတဲ့အတွက် ဆရာဝန်ကို မဖြစ်မနေ အသိပေးပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ကိုပဲ အာကြံပြုပါတယ်။ မိမိ ဆေးကုသမှု ခံယူနေတဲ့ ဆရာဝန်ကို မေးခွန်းမေးဖို့ ဘယ်တော့မှ အားမနာပါနဲ့။ ဆရာဝန်ဆိုတာ ဆေးကုပေးဖို့ သက်သက်မဟုတ်ပါဘူး လူနာ သိချင်တာကို နားလည်အောင် ရှင်းပြဖို့အတွက်လည်း တာဝန်ရှိပါတယ်။

5 May 10, 06:20
ကိုလင်း: မိန်းမချင်းဆက်ဆံတဲ့အခါ ဘာရောဂါတွေကူးစက်နိုင်ပါသလဲ... မိန်းမတွေမှာလည်းအာသာဖြေတယ်ဆိုတာမျိုးကိုလုပ်ခဲ့ မည်သို့အကျိုးယုတ်တာတွေကိုခံစားရပါသလဲ။ မိန်းမအကြောင်းများလည်းရေးစေချင်ပါတယ်..

ဖြေ။ ။ လိင်တူဆက်ဆံတာ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရောဂါရှိရင် ကူးစက်နိုင်တာချင်းကတော့ အတူတူပါပဲ။ အာသာဖြေတာလည်း အတူတူပါပဲ ဘာမှ မကွာပါဘူး။ ဒါပေမဲ့ အမျိုးသမီးရဲ့ ဆီးလမ်းကြောင်းက သိပ်ကို တိုလွန်းတဲ့အတွက် မသန့်ရှင်းပါက ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်တဲ့ အန္တရယ် အမျိုးသမီးမှာ ပိုများပါတယ်။ ဒါကလွဲရင် ကျန်တာ အမျိုးသမီးနဲ့ အမျိုးသား ရောဂါကူးစက်ရာမှာဖြစ်စေ၊ အာသာဖြေရာမှာ ဖြစ်စေ သဘောသဘာဝ ဘာမှ မကွာပါဘူး။ လိင်ကြောင့် ကူးစက်တဲ့ ရောဂါအကြောင်းကို http://health.ngoinmyanmar.org/2010/02/stds.html မှာ ဖတ်ရှု နိုင်ပါတယ်။ မိမိဖါသာ အာသာဖြေခြင်း အကြောင်းကိုတော့ http://health.ngoinmyanmar.org/2010/01/blog-post.html မှာ ဖတ်နိုင်ပါတယ်။

11 May 10, 09:47
ကိုကို: ဆရာကိုတစ်ခုမေးချင်ပါတယ်။ မီန်းမမှာ ရာသီမလာတာ တစ်ပတ်ရှိပါပြီ ကေသီပန်ဆေးကိုလည်းသောက်ပါတယ်။ ဘာများဖြစ်လို့ပါလဲ။ကိုယ်ဝန် ရတာပါလား။

ဖြေ။ ။ တပတ်တည်းနဲ့တော့ ကိုယ်ဝန်ရတာ ဖြစ်ချင်မှ ဖြစ်မှာပါ။ တလခန့် မလာဘဲ ရှိနေမှ ဆရာဝန်နဲ့ စစ်ဆေးအတည်ပြု သင့်ပါတယ်။ ကိုယ်ဝန်ရတဲ့ အမျိုးမီးတယောက်ရဲ့ လက္ခဏာတွေ ပြောင်းတာ ကျွန်မတင်ထားတဲ့  (http://health.ngoinmyanmar.org/2008/07/gestional-deabetes.html ) မှာ ရှိပါတယ်။ ပို့စ်က ဆီးချိုနဲ့ပတ်သက်တဲ့ ပို့စ်ဖြစ်လို့ Gestation (ကိုယ်ဝန်ဆောင်ခြင်း) ဆိုတဲ့ ခေါင်းစဉ် အသေးအောက်မှာပဲ ကြည့်ပါ။



4 May 10, 11:33

thuratun: sayarma , khin byar aku lo a pu chain a yan myint nay tae yar thi hmar bae lo yaw gar tawe phit taaku lo yarthi u tu a yan puu tae a twat bar yaw gar tawe phit tat lae so tar ko thi chin par (ဆရာမ ခင်ဗျား၊ အခုလို အပူချိန် အရမ်းမြင့်နေတဲ့ ရာသီမှာ ဘယ်လိုရောဂါတွေ ဖြစ်တတ်သလို၊ ရာသီဥတု အရမ်းပူတဲ့အတွက် ဘာရောဂါတွေ ဖြစ်တတ်လဲ ဆိုတာကို သိချင်ပါတယ်။)

ဖြေ။ ။ လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေတပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ပြင်ပမှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုဓါတ်တွေ ဆုံးရှုံးပါတယ်။ ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါရဖို့ သိပ်ကိုလွယ်ပါတယ်။ ၀မ်းလျှော၊ ၀မ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ (မေးခွန်းကို မြန်မာလို ဘာသာပြန်ပေးတဲ့ Anonymous ကို အထူးကျေးဇူးတင်ပါတယ်။)




ကျန်းမာစွာ အသက်ရှင် ရပ်တည် နိုင်ကြပါစေ။




Related Posts :



17 comments:

Anonymous said...
This comment has been removed by the author.
Unknown said...

စီဘောက်ကိုဝင်လို့မ၇လို့ ...ဒီကနေတဆင့်မေးခွင့်ပြုပါနော်.....မလေးမစားဖြစ်သွားခဲ့၇င်လည်း...တောင်းပန်ပါတ၇်နော်....ခါးအကြောညပ်တာနဲ့ပတ်သတ်ပြီးသိချင်လို့ ပါ...
ပထမဆုံးဖြစ်ဖြစ်ချင်းစက်နဲ့သွားဆွဲတ၇်..သက်သာလာတ၇်ပေါ့နော်.......အခုပြန်ဖြစ်တော့..အနင်းခံလိုက်တာ..မသက်သာပဲပိုဆိုးသွားတ၇်...ထိုင်လည်းနာ..ထလည်းနာ..လမ်းလျှောက်လည်းနာနေလို့ ပါ......အဲ့ဒါဘ၇်လိုလုပ်၇မ၇်ဆိုတာလညါး..အကြံပေးဖြေကြားပေးပါနော်.......မဆင်ခြင်ပဲလျှောက်လုပ်လို့ ..ပိုဆိုးလာတာကိုစိတ်ဆိုးပြီးမဖြေပဲနဲ့တော့
မနေပါနဲ့နော်......အကြံပြုချက်ကိုစောင့်မျှော်လျှက်....


saytan

Unknown said...

ဆရာမ မငယ်နိုင်ရှင့်
ကျွန်မ ရာသီမလာတာ သုံးလခွဲလောက်ရှိပါပြီ၊၊ အရင်ကလည်း မကြာမကြာ ( တခါတလေ 2 လခွဲလောက်ထိ ) နောက်ကျဘူးပါတယ်၊၊ ဒါပေမဲ့အခုလောက် တစ်ခါမှ နောက်မကျဘူးပါ၊၊ ရာသီလာနိုး၊ လာနိုးနဲ့ စောင့်နေတာ အခုလောက်ထိကြာသွားတာပါ၊၊ ဆရာဝန်တော့ မပြဖြစ်သေးပါဘူး၊၊ ကျွန်မကြောက်တာက ဗိုက်ထဲမှာ တစ်ခုခုဖြစ်နေမှာ စိုးလို့ ပါ၊၊ စိုးရိမ်ရပါသလားရှင်၊၊ လက်ဖက်တွေ အစားများသွားလို့ လားမသိပါဘူးရှင်၊၊ တခါတခါ ရာသီလာချင်သလိုလို ခံစားရပြီး မလာတာပါ၊၊ အစကတော့ နဲနဲနောက်ကျတာကောင်းတယ်လို့ ထင်နေတာ အခုတော့တော်တော်နောက်ကျနေလို့ စိုးရိမ်လို့ပါရှင်၊၊ ဆရာမဆီက အဖြေကိုစောင့်နေ ပါမယ်ရှင်၊၊

Nge Naing said...

ညီမရေ အိမ်ထောင် ရှိတယ်ဆိုရင်တော့ သန္ဓေတားထားပေမဲ့ တခါတရံ ရာခိုင်နှုန်းအနည်းငယ် မတော်တဆနဲ့ ရသွားတတ်လို့ ကိုယ်ဝန်ရှိတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မရှိဘဲနဲ့ သွေးမပေါ်ဘဲ ဖြစ်တတ်တဲ့ အကြောင်းအရင်းကလည်း အမျိုးမျိုးရှိတော့ ညီမပေးထားတဲ့ အချက်အလက်လောက်နဲ့ ဘာဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။ စိုးရိမ်ရလားဆိုတော့ ဖြစ်တဲ့အကြောင်းအရင်း အပေါ်မှာသာ မူတည်ပါတယ်လို့ပဲ ပြောလို့ရမယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတော မသိဘဲနဲ့ ပြောဖို့ မဖြစ်နိုင်ဘူး။ ဟော်မုန်းမျှတခြင်း၊ အာဟာရမမျှတခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း တခုခုကြောင့် ဖြစ်တတ်ပါတယ်။ အရင်ကလည်း မကြာခဏ ဖြစ်တယ်ဆိုတော့ ဓမ္မတာမမှန်တာက သေချာနေလို့ အလေးအနက်ထားပြီး ဘာကြောင့် ဖြစ်တယ်ဆိုတာ ရှာဖွေစစ်ဆေးသင့်ပါတယ်။ ဘာပဲ ဖြစ်နေပါစေ အကျိုးအကြောင်းကို စောစောသိတာက နောက်ကျမှ သိတာထက် အများကြီး ကုသဖို့ (သို့) ကာကွယ်ဖို့ ပိုအချိန်ရပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသ စစ်ဆေးပြီး အကောင်းဆုံးပဲလို့ အကြံပြုပါတယ်။

Unknown said...

ဆရာမရှင့်
ကျေးဇူးအများကြီးတင်ပါတယ်၊၊ ဖြစ်နိုင်ရင် ဒီအပါတ်ထဲမှာ ဆရာဝန်ဆီသွားပြလိုက်ပါ့မယ်၊၊ ရာသီလာရင် တော်တော်ကိုက်ခဲတတ်လို့ ရာသီနောက်ကျတာ ကောင်းတယ်ဆိုပြီး လာခါနီးရင် လက်ဖက်တွေစားတာ များသွားလို့  ဒီတခါ ဒါ့ကြောင့်လားတော့ မသိပါဘူး ဆရာမရယ်၊၊ ( ဆိုင်မဆိုင်တော့မသိပါ၊၊) ဆရာမ အကြံပေးတဲ့အတွက် ကျေးဇူးပါရှင့်၊၊

Unknown said...

ဆရာ..
သမီးမှာအခုကိုယ်ဝန် (၂)လခွဲရှိနေပါပြီ..
OG ဆရာဝန် နဲ့ပြပါတယ်.. ဆရာမက NOSIC, Multi-Vitamin, Folic Acid သောက်ဖို့ ညွှန်ကြားပါတယ်ဆ၇ာ..
သမီး တစ်ခုသိချင်တာက Ovimin အားဆေးကို ကိုယ်ဝန်ဘယ်နှစ်လမှာ စသောက်လို့ရလဲဆိုတာရယ်..
Multi-Vitamin နဲ့ တွဲသောက်လို့ရမရသိချင်လို့ပါ..
ကျေးဇူးပြုပြီး ညွှန်ကြားပေးပါအုံးဆရာ..

Anonymous said...

To Hazel: ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီး သောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ ပိုလိုတာက သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေး အမျိုးမျိုးကို ကြော်ညာ ကောင်းကောင်းနဲ့ ထုတ်တယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။
ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ကိုလဲဖတ်စေချင်ပါတယ်။

Unknown said...

???
??????? ???????? (??)???????????..
?????????????????????? ??????????????????????? ????.. ??????????????????????????????????????..
??????????????????????????????????? ??????? ?????????..

Unknown said...

ဆရာ
သမီးအခုကိုယ်ဝန်(၃)လနဲ့(၂)ပတ်ရှိပါပြီ..
OGပြပြီးကျန်းမာရေးစောင့်ရှောက်မှု့ကိုခံယူပါတယ်ဆရာ. အခုအပူရှပ်ပြီး ချောင်းတွေဆိုးပါတယ်ဆရာ.. နောက် အာသီးလည်းရောင်နေပါတယ်ဆရာ.. အရင်ဆို ပိုးသတ်ဆေးသောက်လိုက်တယ်ဆ၇ာ..အခုတော့ မသောက်ရဲဘူး..ဗိုက်ထဲက ကလေးကိုထိခိုက်မှာဆိုးလို့ ပါဆရာ.. ဘာဆေးသောက်သင့်တယ်ဆိုတာ.. ဆရာ အကြံပေးဖြေကြားပေးပါအုံးဆရာ..ကျေးဇူးတင်စွာဖြင့်

Anonymous said...

Hazel said...
Amoxicillin ဆေးဟာ ကိုယ်ဝန်ဆောင်နေတုံး သောက်နိုင်တဲ့ဆေးလို့ အားလုံးလောက်က ယူဆပါတယ်။ သုတေသနတွေ ဆက်လုပ်နေတာမှာ Pregnancy Risk Category B (considered to be safe for use during pregnancy) အဆင့် ရှိတယ်။ Allergy မဖြစ်သူတွေ ကိုယ်ဝန်ရော ကလေးနို့တိုက်ချိန်မှာပါ သောက်နိုင်တယ်။

firsrloveryyu said...

ဆရာခင်ဗျာ လိင်ဆက်ဆံပြီး ကိုယ်ဝန်မရှိအောင်ပြုလုပ်ရင် မိန်းခလေးအတွက်ဆိုးကျိုးတွေရှိမရှိသိချင်ပါသည်။

firsrloveryyu said...

ဆရာခင်ဗျာ လိင်ဆက်ဆံပြီး ကိုယ်ဝန်မရှိအောင်ပြုလုပ်ရင် မိန်းခလေးအတွက်ဆိုးကျိုးတွေရှိမရှိသိချင်ပါသည်။

Anonymous said...

ကျွန်တော့်ကို မေးတာဆိုရင်တော့ -
ဒီ (ဆိုက်) က ကိုယ်ပိုင်လဲမဟုတ်၊ စာဖတ် ပရိတ်သတ်လည်း အားနာလို့ ဒီခေါင်းစဉ်ကို မတင်ချင်ပါ။ ဒါပေမဲ့ -
http://dts-medicaleducation-adult.blogspot.in/
ကို လာဖတ်နိုင်ပါတယ်။ မေးထားတာမျိုးတွေ အများကြီး ရေးထားပါတယ်။

Unknown said...

ဆရာသုတ်လွတ်တာအရမ်းမြန်တာကိုဘယ်လိုလုပ်ရလဲသိပါရစေ။လုပ်လို့ရောရရဲလားဆရာ။ဖြေပေးပါ။ကျေးဇူးတင်ပါတယ်။

Unknown said...

ဆရာသုတ်လွတ်တာအရမ်းမြန်တာကိုဘယ်လိုလုပ်ရလဲသိပါရစေ။လုပ်လို့ရောရရဲလားဆရာ။ဖြေပေးပါ။ကျေးဇူးတင်ပါတယ်။

Unknown said...
This comment has been removed by the author.
Unknown said...

ဆရာ ခင့်ဗျာ

ကျွန်တော်က နိုင်ငံခြား off shore တစ်ခုမှလုပ်နေတာ ပြီခဲ့တဲ့တစ်လလောက်က စပြီး ကျွန်တော်ဆီးခုံတင်းတင်းနေတယ် အပေါ့သွားချင်အမြန်သွားမှ မသွားရင်အောင့်တယ် မြန်မာပြည်ခွင့်ပြန်လို ဆေးစစ်ကြည့် တယ် သွေး,ဆီး,Ultrasound စစ်ကြည့်တယ် ထူးထူးခြားဖြစ်တာမတွေ့ရဘူး ခွင့်ပြည့်လိုပြန်လာတော့ အရင်လိုပဲ ဆီးခုံကတင်းနေတယ် ဆီးသွားလိုက်မှပဲ နည်းနည်းသက်သာတယ်ဆရာ ကျွန်တော်ဘာလုပ်သင့်လည်းဆရာ