Thursday, January 28, 2010

HIV needle ရှင်းတမ်း

ပြီးခဲ့တဲ့ ရက်အနည်းငယ်က အစ်မတစ်ယောက်ဆီက email တစ်ခုရလို့ ဖတ်ကြည့်လိုက်တော့ India မှာ HIV positive needle တွေ ရုပ်ရှင်ရုံတွေမှာ မြှုပ်ထားလို့ အပြစ်မဲ့ပြည်သူတွေ အပ်ဆူးကုန်ကြတဲ့ သတင်း ဖြစ်နေတယ်။ အဲဒါနဲ့ အများသိပါစေဆိုပြီး ဘာသာပြန်ပြီး public health in myanmar ရယ်၊ new world ရယ်၊ ကျွန်တော့် blog မှာရယ် တင်ပေးလိုက်တယ်။ ဒီနေ့ရောက်တော့ PHIM member တစ်ယောက် ပေးတဲ့ link ကို ဖတ်ကြည့်လိုက်တော့မှ အဲဒီသတင်းက အစစ်အမှန် မဟုတ်ဘဲ အင် ကြီး ဖြစ်နေတာ တွေ့ရတယ်။ အဲဒါကြောင့် HIV ထက်ကြောက်စရာကောင်းသောလူများ post ကို ဖယ်ရှားထားလိုက်ပါတယ်။ စာဖတ်သူအားလုံးကို စိတ်အနှောက်အယှက်ပေးမိပါက တောင်းပန်ပါကြောင်း....။

အောက်ပါ link များမှ တဆင့် အဆိုပါ email အကြောင်းကို ဖတ်ရှုနိုင်ပါသည်။

http://www.hoax-slayer.com/hiv-needle-hoax.html

http://www.cdc.gov/hiv/resources/qa/hoax1.htm

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇) Oral practice

ပါးစပ်ကို လိင်ဆက်ဆံရာမှာ အသုံးပြုတဲ့အကြောင်းလေး ရေးပါမယ်။ မေးသူလဲရှိ၊ ရေးဘို့လဲလိုတယ် ထင်လို့ပါ။ (အိုရယ်လ်-ဆက်က်စ်) လို့ ခေါ်တာပေါ့။ အကြောင်းအရာ တခုခုကို ရေးတဲ့အခါ အဓိပ္ပါယ် ဖွင့်တာမျိုးနဲ့ စလေ့ရှိတယ်။ အခေါ်အဝေါ် အမျိုးမျိုးကိုလဲ ဗဟုသုတ ပွါးပေးတတ်ကြတယ်။ ဒီဟာမှာတော့ ထည့်မရေးလိုပါဘူး။ ခေတ်စားတဲ့ ဘန်းစကာတွေပါ ထည့်ရေးရင် အတော် ရိုင်းပြီး၊ ပညာပေးနဲ့ မတူတဲ့အပြင် လမ်းလွဲပို့ရာလဲ ကျနိုင်ပါသေးတယ်။

Read More...

Monday, January 25, 2010

Percent Daily Value

ပျိုမေတို့ အိမ်အတွက်ဈေးဝယ်ထွက်တဲ့အခါ super market တွေထဲက စားစရာအတော်များများမှာ ပါဝင်တဲ့ အာဟာရရဲ့ ပမာဏကိုဖြစ်စေ၊ percent Daily value ကို ဖြစ်စေ ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ percent Daily value ဆိုတာကတော့ လူတယောက်တနေ့တာမှာ စားသုံးသင့်တဲ့ စံပြပမာဏရဲ့ ရာခိုင်နှုန်းကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့် အစားအစာ တစ်ခုမှာ ဗိုက်တာမင်စီ percent Daily value (%DV) ၂၀ % ပါဝင်တယ်လို့ ရေးထားတဲ့အခါ အဲဒီ အစား အစာကို သတ်မှတ်ထားတဲ့ ပမာဏ စားသုံးတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဗိုက်တာမင်စီပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို အခြားသော အစားအစာများစားသုံးခြင်းဖြင့် ဖြည့်ဆည်းယူရမှာဖြစ်ပါတယ်။ percent Daily value ကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ သူများအတွက် တစ်နေ့တာ လိုအပ်ချက် ကယ်လိုရီ ၂၀၀၀ အားဖြင့် တွက်ချက်ထားတာဖြစ်ပါတယ်။


တစ်နေ့တာမှာ စားသုံးသင့်တဲ့ အာဟာရနဲ့ အဲဒါတွေရဲ့ ပမာဏကို သိချင်လျှင်တော့ အောက်ပါ ဇယားမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။



အဆီဓာတ် နဲ့အငန်ဓာတ်ဟာ သင့်ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ အဲဒါတွေရဲ့ %DV နည်းတဲ့ အစားအစာကိုရွေးချယ်သင့်သလို ဗိုက်တာမင် နဲ့ အမျှင်ဓာတ် %DV များများပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်သင့်တဲ့အကြောင်း ကျွမ်းကျင်သူများက ဆိုထားပါတယ်။ အစားအသောက်အမျိုးမျိုးရဲ့ Percent Daily value နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ပျိုမေတို့ဈေးဝယ်ထွက်တဲ့အခါ ကို ဘယ်လိုအစားအစာတွေမှာ ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ အာဟာရ ဓါတ် ပိုမိုပါဝင်တယ်ဆိုတာ အလွယ်တကူသိနိုင်မှာဖြစ်လို့ အထူးအထွေ ခေါင်းခြောက်နေစရာမလိုတော့ဘူးပေါ့။


Sources: U.S. Food and Drug Administration; Dietary Reference Intakes National Academy of Sciences, 2004

Katherine Zeratsky RD, L.D. What does Percent Daily Value mean on food labels? ;

Available from: http://www.mayoclinic.com/health/food-and-nutrition/AN00284.



မွန်းသက်ပန် (ဆေး ၁)


Read More...

Wednesday, January 20, 2010

Mobile Phone နဲ့ ပတ်သက်ပြီး....


ယခုလကုန်တွင် အမေရိကန် ပြည်ထောင်စု မိန်း ပြည်နယ်၌ ဥပဒေအသစ်တစ်ရပ် ကို စတင်ကျင့်သုံးမည်ဖြစ်သည်။ ထိုဥပဒေအသစ်အရ cell phone ထုတ်လုပ်သူများသည် ၎င်းတို့ ထုတ်လုပ်သော ဖုန်းများ၌ ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ကြောင်း သတိပေးချက်ကို ထည့်သွင်းပေးရန် ဖြစ်သည်။ တကယ်တော့ cell phone တွေက ကင်ဆာ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာ ဘယ်သူမှ အတတ်ပြောလို့ မရသေးပါဘူး။ သိပ္ပံပညာရှင်တွေထဲမှာ တောင် ၀ိဝါဒ ကွဲနေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။



Maine ပြည်နယ် democratic party ကိုယ်စားလှယ် Andrea Boland ကပြောတာကတော့ "ဖုန်းတွေက ထုတ်လွှတ်တဲ့ ဓာတ်ရောင်ခြည် သည် ကင်ဆာကို ဖြစ်စေနိုင်တဲ့ အန္တာရယ် ရှိတာက သေချာပါတယ်။ တိတိကျကျ ဖော်ပြထားတဲ့ စာတမ်းတွေသာ မရှိတာပါ။ ပြည်နယ်မှာ နေထိုင်ကြတဲ့ လူတစ်သန်းလောက်ဟာ ဒီအန္တာရယ်ကို သိသင့်တယ်"လို့ ပြောပါတယ်။


ဥပဒေသစ်အရ ဖုန်းထုတ်လုပ်သူတို့သည် ဖုန်းကိုယ်ထည်နှင့် package တွင် ဦးနှောက်ကင်ဆာ ဖြစ်ပွားနိုင်ခြေရှိကြောင်းကို ထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ဖုန်းမပြောသည့်အချိန်များတွင် ဖုန်းကို ကိုယ်နှင့် ဝေးရာတွင် ထားရန်နှင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနားတွင် အသုံးမပြုရန် သတိပေးချက်များ ထည့်သွင်းပေးထားရမည် ဖြစ်သည်။





Read More...

Sunday, January 17, 2010

HIV handbook 2

HIV နဲ့ ပတ်သက်ပြီး ထပ်တင်ပေးမယ့် စာအုပ်ကတော့ Unicef နဲ့ World Vision တို့ စုပေါင်းပြီး ထုတ်ဝေတဲ့ " ဘ၀အတွက် အားဆေးတစ်ခွက်" ဆိုတဲ့ စာအုပ်ကလေးဖြစ်ပါတယ်။ HIV ပိုးရှိသော လူတွေကို ဘယ်လို ဆက်ဆံသင့်သလဲ ဆိုတာကို အဓိက ထားပြီး ရေးထားတာ တွေ့ရပါတယ်။ မူရင်းစာအုပ်ကတော့ Unicef ကထုတ်ဝေတဲ့ With Hope and Help ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ အောက်ပါ Link မှ တဆင့် download လုပ်လို့ ရပါတယ်။


Download Link

Saturday, January 16, 2010

တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သတင်းကောင်း



မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိတော့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ A/H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများကို လေဆိပ်၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ဓာတ်ခွဲစမ်းသပ်မှုများ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိလူတုပ်ကွေး ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့ကျလျက်ရှိပြီး စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်တော့ကြောင်း၊ ရောဂါကူးစက်မှုကို ဂရုစိုက် စောင့်ကြပ် ကြည့်ရှုရမည့် အခြေအနေ၌ သာရှိတော့ကြောင်း၊ အခြားနိုင်ငံများ၌လည်း အေတုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမှုအခြေအနေမှာ လျော့နည်းကျဆင်းလျက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၌ လူတုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားရခြင်းမှာ ပြည်ပမှ ပြန်ရောက်လာသူများမှတဆင့် ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် နိုင်ငံခြားသား များပြားလာသော်လည်း ဖျားနာသူ ပါဝင်မှုမှာ နည်းသွားပြီ ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဖျားနာသူ ပါဝင်မှုနှုန်း လျော့နည်းကျဆင်းသွားခြင်းမှာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ မတိုင်မီမှစ၍ လျော့နည်းသွားခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအခြေအနေအထိ မြန်မာနိုင်ငံတွင် လူတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၆၉ ဦးထိရှိပြီး နောက်ဆုံးဖြစ်ပွားသူ တစ်ဦးမှာ India နိုင်ငံမှ ပြန်ရောက်လာသူဖြစ်ကြောင်း၊ အဆိုပါ လူနာမှာလည်း ယခုအခါ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


Reference: The Voice Weekly Journal Vol.6/No.11

Reproductive Health Email Enquiry


မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေးမြန်းလိုပါက မြန်မာနိုင်ငံ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ ဒေါက်တာ ကိုကိုဇော်ထံသို့ တိုက်ရိုက် Email ပို့ပြီး မေးမြန်းလို့ ရတယ်လို့ News Watch Journal မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ Email လိပ်စာကတော့ zawkzaw@mail.com ဖြစ်ပါတယ်။ ဆေးသုတေသနမှနေ၍ ကျေးလက်နေပြည်သူများအတွက်လည်း မျိုးဆက်ပွားပညာပေး အစီအစဉ်များကို FM လိုင်းများမှနေ၍ ထုတ်လွှင့်ပေးရန် စီစဉ်နေသည်ဟု သိရပါသည်။


Reference : News Watch Journal

Friday, January 15, 2010

Indoor Air Pollution


အိမ်တွင်း လေထုညစ်ညမ်းခြင်း

ကျွန်တော်တို့ ရှူရှိုက်နေသည့်လေထဲ၌ ပါဝင်သည့် ဓာတ်ငွေ့နှင့် ဓာတုဗေဒ ပစ္စည်းများကို ရှူရှိက်ခြင်းဖြင့် ကျန်းမာရေးကို ထိခိုက်နိုင်သည်ဆိုပါက လေထုညစ်ညမ်းသည်ဟု ခေါ်ရမည်ဖြစ်သည်။ လေထုကို ညစ်ညမ်းစေသော ဓာတ်ငွေ့အများစုမှာ လူတို့၏ လုပ်ရပ်များကြောင့် ထွက်ပေါ်လာသော ဓာတ်ငွေ့များဖြစ်ကြပါသည်။ English လို Air Pollution လို့ ခေါ်ပြီး ညစ်ညမ်းမှုကို ဖြစ်စေသောအရာမှန်သမျှကို pollutant ဟုခေါ်ပါသည်။ လူအများစုသိကြသည့် လေထုညစ်ညမ်းမှုမှာ ပြင်ပလေထုညစ်ညမ်းမှု ဖြစ်ပါသည်။ တကယ်တော့ လေထုညစ်ညမ်းမှုတွင် အိမ်တွင်း နှင့် အိမ်ပြင်ပ ( indoor and outdoor) ဆိုပြီး အမျိုးအစား နှစ်မျိုး ရှိပါသည်။ ကျွန်တော်အခုရေးချင်တာက indoor air pollution အကြောင်း ဖြစ်ပါတယ်။

Indoor air pollution သည် မြန်မာနိုင်ငံ၌ တောရွာများတွင် မရှိသလောက် နည်းပါးပါသည်။ ရန်ကုန် မန္တလေး အစရှိသည့် မြို့ကြီးများတွင်မူ တစ်စတစ်စ ကြီးထွားလာသည်ကို သတိထားမိပါသည်။ လေ၀င်လေထွက် မကောင်းသည့် တိုက်ခန်းများ များပြားလာသည်နှင့် အမျှ indoor air pollution သည်လည်း များလာမည်သာ ဖြစ်ပါသည်။
အရင်ဆုံး အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်သော ဓာတ်ငွေ့များအကြောင်း ပြောပါမည်။ တစ်ခုချင်းဆီ အကြောင်းနှင့် ၎င်းတို့ကို ကာကွယ်နည်းကိုလည်း ရေးသားပါမည်။

Read More...

Monday, January 11, 2010

The Voice Journal မှ ကောက်နုတ်ချက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆


မီဒီယာများတွင် အသင်းဝင်ဆရာဝန်များနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြထားသည့် သတင်းဖော်ပြပါက အသရေ ဖျက်မှုဖြင့် တရားဆွဲဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း (ရန်ကုန်) ဥက္ကဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် က အသိပေးပြောကြားသည်။

မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(ရန်ကုန်)က ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို)တွင် ပြုလုပ်သည့် ၂၀၀၉ ခုနှစ် အထွေထွေ အစည်းအဝေး၌ ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ မီဒီယာတွေ ရေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်တဲ့အခါ ဒီလိုမျိုး ဆောင်ရွက်ဖြစ်ဖို့ ရှိလာပါတယ် ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥက္ကဌက ဆက်လက်ပြောကြားရာတွင် နောက်နောင်ထိုကဲ့သို့ သော ကိစ္စရပ်များ ဖြစ်လာပြီး အဖွဲ့အစည်းသို့ အသင်းဝင်များမှ တင်ပြလာသောအခါတွင် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့်ရော မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်ပါ ဆရာဝန်များအတွက် ဆောင်ရွက်နိုင်သည့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ ကျန်းမာရေးဝန်ဆောင်မှုကိစ္စဆောင်ရွက်သူ အသင်းဝင်ဆရာဝန်များအားလုံး မိမိဘက်မှ ထိန်းသိမ်းရန် လိုသကဲ့သို့ စည်းကမ်းတကျဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်လာမည့်ကိစ္စများအတွက် ကြိုတင်တွေးဆ ရှောင်ရှားဆောင်ရွက် ရန်လိုကြောင်း၊ တစ်ချိန်တည်းမှာပင် လူနာ၏လုံခြုံမှု၊ မိမိ၏ လုံခြုံမှုကိစ္စများကို ဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"တစ်ဖက်က ဒီလိုပြောတဲ့အခါမှာ အသင်းဝင်ဆရာဝန်တွေအနေနဲ့ ကိုယ့်တာကိုယ်လုံအောင် ထိန်းဖို့ လိုပါတယ်" ဟု ဒေါက်တာ ကျော်မြင့်နိုင်က ပြောကြားသည်။

ဆရာဝန်မှ မဟုတ် မည်သည့်အဆင့်တွင် ရှိသည့် မြန်မာနိုင်ငံသားတိုင်း မိမိအကြောင်း မီဒီယာများတွင် မဟုတ်မမှန်ရေးသားပါက တရားစွဲဆိုနိုင်သည်မှာ နိုင်ငံသားအခွင့်အရေးပင်ဖြစ်ကြောင်း အထက်တန်း ရှေ့နေတစ်ဦးက ပြောကြားသည်။


Reference


The Voice Journal Vol.6/No.10 Supplement III မှ ကူးယူဖော်ပြပါသည်။

Saturday, January 9, 2010

တင်ပါးဆုံရိုး ကျိုးခြင်း ၏ ဂယက်များ


အောင်ရတနာဆေးခန်း မှ ဖြစ်ခဲ့တဲ့ လူနာသေဆုံးမှုနဲ့ ပတ်သက်ပြီး ဧရာဝတီ မှာ တင်ထားတာတွေ့လို့ စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်နေတာနဲ့ ဒီစာကို ရေးဖြစ်ပါတယ်။ သတင်းကို မဖတ်ရှုရသေးသူတွေအတွက် http://www.irrawaddy.org/bur/index.php/news/1-news/2391-2010-01-08-12-06-02 မှာ ဖတ်ရှုလို့ ရပါတယ်။ ကျွန်တော်စာရေးလိုတဲ့ ရည်ရွယ်ချက် က မည်သူ့ကိုမျှ အပြစ်တင်လိုတဲ့ ဆန္ဒနဲ့ မဟုတ်ပါဘူး။ စာဖတ်ပရိသတ်တွေအနေနဲ့ မှန်မှန်ကန်ကန် သုံးသပ်စေချင်လို့ပါ။  ဆောင်းပါးမှာပါဝင်တဲ့ အချက်တွေကိုပဲ သုံးသပ်ပြီး ရေးသားပါမယ်။

Read More...

HIV handbook 1


မနက်တုန်းက စာအုပ်စင်က စာအုပ်တွေ ရှင်းနေတုန်း UNDP မှာ အလုပ်လုပ်နေတဲ့ ဦးလေးတစ်ယောက် ကျွန်တော့်ကို ဖတ်ဖို့ ဆိုပြီး လာပေးထားတဲ့ စာအုပ်ထုတ် တစ်ထုတ် ထွက်လာတယ်။ အထုတ်ကို ဖြေလိုက်တော့ အထဲမှာ HIV နဲ့ ပတ်သက်တဲ့ ပညာပေးစာအုပ်လေးတွေ ထွက်လာတယ်။ အဲဒါနဲ့ ထိုင်ဖတ်နေလိုက်တာ။ ထမင်းစားချိန်တောင် ကျော်သွားတယ်။ စာအုပ်လေးတွေကကောင်းတယ်။ လူတိုင်းနားလည်နိုင်အောင် ဆေးပညာ အသုံးအနှုံးတွေကို အနည်းဆုံးနည်းအောင် သုံးပြီး ရေးထားတယ်။ လူထုကို ပညာပေးဖို့ ဖြန့်ချီထားတဲ့ စာအုပ်လေးတွေပါ။ အဲဒါနဲ့ ညနေရောက်တော့ စာအုပ်တစ်အုပ်ကို scanner ဖတ်ပြီး တင်အုံးမပဲဆိုပြီး E version သို့ ပြောင်းလိုက်ပါတယ်။ အောက်ပါ link ကနေ download လုပ်လို့ ရပါတယ်။ ပထမစာအုပ်နာမည်က " ခုခံအားကျဆင်းမှုရောဂါ သိကောင်းစရာ" ဖြစ်ပါတယ်။

Download Link

Read More...

Thursday, January 7, 2010

Infertility ကလေးမရနိုင်ခြင်း

“သာဝတ္တိပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။ သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာ သဒ္ဓါတရားမရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ ဣသာမစ္ဆရိယစိတ် များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား၊ အမြုံမ ဖြစ်၏။”

လူတယောက်မှာ ဆီးချိုရှိနေတာ၊ (လူကီးမီးယား) ဖြစ်နေတာ တွေ့ရင် ဘယ်သူ့သွား အပြစ်တင်မလဲ။ အတူတူပါဘဲ၊ စုံတွဲတတွဲ ကလေး မရတာကိုလဲ၊ အပြစ်တင်လို့ မရပါ။ ဗမာတွေက “အမြုံမ” လို့ခေါ်တာ သိပ်နှိမ်လွန်းရာကျတယ်။ သူများတွေ ဆီမှာတော့ I Married a Monster from Outer space, Village of the Damned, Inseminoid (စပေ့စ်) ထဲက ဂြိုဟ်သားနဲ့ မိတ်ဖက်ပြီး၊ ဆူပါကလေး မွေးတဲ့ ရုပ်ရှင်ကားတွေ ပေါ်ပြူလာဖြစ်နေတယ်။ လူနဲ့မှ ကလေး မရရင် ဒါလုပ်မယ်လို့ သင်ပေးရာ ကျနေတယ်။ လူနဲ့ဘဲ ကလေးရစေဘို့ ဒီစာကလေး ရေးပါတယ်။

Read More...

Wednesday, January 6, 2010

အသားအရေတွန့်ခြင်း @ Wrinkles

အသားအရေတွန့်ခြင်းဆိုသည်မှာ ကျွန်တော်တို့ အသက်ကြီးလာသည့်အခါ အရေပြားတွင် ဖြစ်ပေါ်လာသော အစင်းများ၊ မြောင်းများ နှင့် အချိုင့်များ ဖြစ်ကြပါသည်။ လူတိုင်းလူတိုင်း ဓမ္မတာ အားဖြင့် အသက်ကြီးလာလျှင် ဖြစ်မည်သာဖြစ်သည်။ အသားတွန့်ခြင်းသည် ရေထဲတွင် အကြာကြီး စိမ်နေလျှင်လည်း ဖြစ်တတ်သည်။ နေလောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဓာတ်ဆုံးရှုံးခြင်း နှင့် အချို့သောဆေးများသည် အသားအရေတွန့်ခြင်းကို ဖြစ်စေပါသည်။

အသားအရေတွန့်ခြင်းကို လူတိုင်း ရှောင်လွဲ၍ မရပါ။ အသက်ကြီးလာပါက အရေပြားသည် ပါးလာပြီး ပိုမိုခြောက်သွေ့လာကာ ကြုံ့နိုင် ဆန့်နိုင်သော သတ္တိများလည်း နည်းပါးလာပါသည်။ ထို့အပြင် အရေပြား၏ ထိခိုက်ဒဏ်ရာကို ကာကွယ်နိုင်စွမ်းလည်း ကျဆင်းလာပါသည်။ နောက်ဆုံးတွင်တော့ အရေပြားတွင် အစင်းများ ပေါ်လာပါတော့သည်။ အထက်တွင် ဖော်ပြထားသောအချက်များအပြင် လူတစ်ယောက်၏ မျိုးရိုးဗီဇ သည်လည်း ထိုသူ၏ အသားအရေတွန့်ချိန်ကို လွှမ်းမိုးနိုင်ပါသည်။

အသားအရေတွန့်ခြင်းသည် အသက်ကြီးခြင်းကို ညွှန်းဆိုသောကြောင့် ပညာရှိသကဲ့သို့ တင်စားကြသော်လည်း လူအများစုကတော့ မနှစ်မြို့ကြပါ။ တစ်ကမ္ဘာလုံးတွင် ဒေါ်လာ ဘီလီယံနှင့် ချီသော ငွေကြေးတို့ကို အသုံးချကာ အသားမတွန့်အောင် ကုသနေကြပါသည်။ အချို့ဆေးများက ပျောက်မည်ပြောပြီး ဘာမှ မထူးသော်လည်း အချို့သော ဆေးများကတော့ အနည်းနှင့် အများ ထိရောက်သည်လည်း ရှိကြပါသည်။

Read More...

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅)

အမေးရှိလို့ ရေးရပြန်ပါပြီ။ “ကျားအင်္ဂါ ကြီးစေခြင်း” Penis enlargement ကြော်ညာတွေ ဘယ်လောက် ဆွဲဆောင်မှုရှိပါစေ မယုံပါနဲ့ဆိုတာ ပဌမဆုံး မှတ်သား စေချင်ပါတယ်။

ရှေးဟောင် ဂရိပန်းပုလက်ရာ Polyclitus, Marathon Youth, Hermes တွေကို ကြည့်ကြည့်၊ (ရီနေဆန်) ခေတ်က Michelangelo နဲ့ Donatello တို့ရဲ့ Statue of David ရုပ်ထုတွေကိုဘဲ ကြည့်ကြည့် ကျားလိင်အင်္ဂါကို ခပ်သေးသေးသာ ထုဆစ်ထားတာ တွေ့ရပါမယ်။ ဒီခေတ်မှာ ယောက်ျားတယောက်ဟာ ကိုယ့်အင်္ဂါကိုယ် ပြန်ကြည့်ရင် သူများတွေထက် သေးနေသလို ထင်မှတ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အပေါ်ကနေ မိုးကြည့်ရတာကိုး။ စိုးရိမ်သူများ ဆရာဝန်ဆီ ရောက်လာလို့ သူတို့ကို စနစ်တကျ တိုင်းထွာတဲ့အခါမှာ ပုံမှန် အရွယ်အစား ဖြစ်နေကြတာ များတယ်လို့ တွေ့ရပါတယ်။

Read More...

Tuesday, January 5, 2010

တုတ်ကွေးရောဂါကို အိမ်တွင် ပြုစုကုသနည်း

တုတ်ကွေးရောဂါကို အိမ်တွင်း ပြုစုနည်းကို ရေးသားလို့ ပြီးစီးသွားပါပြီ။ မူရင်းစာအုပ်ကတော့ CDC ( American Center of Disease Control) ကထုတ်ဝေတဲ့flu home care guide စာအုပ်ဖြစ်ပါတယ်။ မြန်မာဘာသာဖြင့် လူတိုင်း ဖတ်လို့ရအောင် ရေးသားထားပါတယ်။ စာအုပ်ကို အောက်ပါ link မှတဆင့် လွတ်လပ်စွာ download လုပ်လို့ ရပါတယ်။


Download Link



Saturday, January 2, 2010

"ENGAGING GOVERNMENT AND NGO'S ON PUBLIC HEALTH"

4th NGO International Conference

"ENGAGING GOVERNMENT AND NGO'S ON PUBLIC HEALTH"

Park Garden, London-UK

15th - 25th Feb, 2010

Read More...

Hand Washing

H1N1 ပြန်လည်ခေါင်းထောင်လာသည့်အတွက် လူအများ လက်ကို စနစ်တကျဆေးကြရန် လိုအပ်လာပါသည်။ နည်းမှန်လမ်းမှန် လက်ဆေးနည်းကို ပြန်လည်ဖော်ပြလိုက်ပါသည်။ လက်ဆေးခြင်းဖြင့် တုတ်ကွေးရောဂါ ကာကွယ်ကြပါစို့။


Friday, January 1, 2010

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၄)

Masturbation (မာစတာဘေးရှင်း) လုပ်တယ်ဆိုတာ ပုံမှန် (နော်မယ်လ်) အလေ့အထတခု ဖြစ်တယ်လို့ ပြောရင် ငြင်းဘို့ သိပ်ခက်ပါတယ်။ (အက်ပ်-နော်မယ်) ဆိုတာက ဖြစ်နေကြ၊ လုပ်နေကြ မဟုတ်တာကို ခေါ်လေ့ရှိလို့ပါ။ ဘယ်လောက် များများ လုပ်ကြသလဲဆိုတာကို သုတေသန လုပ်တာတွေ ကြည့်ရင် သူများတိုင်းပြည်တွေမှာ ယောက်ျား ၉၅%၊ မိန်းမ ၆၅% လို့ ဖတ်ရတယ်။

Read More...