Friday, November 23, 2007

Habit vs Health


ကောင်းသော အလေ့အကျင့် အလေ့အထသည် ကျန်းမာရေးကို အထောက်အကူဖြစ်စေပေမယ့် ပုံမှန်မဟုတ်တဲ့ အလေ့အထတွေ ကျန်းမာရေးနဲ့ မလျော်ညီစွာ နေထိုင်ခြင်းတွေဟာ ရောဂါဖြစ်စေပါတယ်။



New England Journal of Medicine မှာ ဒီအပတ်အတွက် တင်လာတဲ့ Picture Story တစ်ခု အကြောင်း ပြောပြချင်ပါတယ်။ ကောင်မလေးတစ်ယောက် ၁၈ နှစ်တဲ့။ ဗိုက်အောင့်လို့တဲ့ ။ ဗိုက်အပေါ်ဘက် ဗယ်ဘက်အခြမ်းမှာ အောင့်နေတာ ၅လကြာလောက်ရှိပါပြီ ဆိုပြီး ရောက်လာတယ်။ အစာစားပြီး အန်ချင်တယ်။ ဗိုက်အောင့်ရုံမကဘူး။ ဗိုက်ကတင်းနေတယ်။ ၅လအတွင်း ပေါင်၄၀လောက်လျော့သွားတယ် ဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ စမ်းကြည့်တော့ ဗိုက်ဟာ တကယ်တင်းနေတာပါပဲတဲ့။ ရင်ညွန့်မှာ မာမာအလုံးတွေ့ရတယ်။ ကွန်ပျူတာ ဓာတ်မှန်နဲ့ ပိုသေချာသွားတယ်။ အစာအိမ်မှာ အလုံးတစ်လုံးဖြစ်နေတာပဲ။ တော်သေးတာက အစာအိမ်ထဲမှာ နေရာယူထားပေမယ့် အစာအိမ်တစ်ခုလုံးကို အပြည့်နေရာယူထားတာ မဟုတ်သေးဘူး။ အစာအိမ်ကနေ အူကို သွားမယ့် အစာတွေကို ထွက်ပေါက်မပိတ်သေးဘူး။ အစာရေမျိုပြွန်ကနေ အစာအိမ်ကို မှန်ပြောင်းကြည့်တော့ .... အစာအိမ်မှာ ဖြစ်နေတဲ့ အလုံးက ဆံပင်ထုံးအလုံးကြီးပဲ။ ပြုစားခံထားရသလားပဲ။ :)

တကယ်သေချာမေးတော့မှ ကောင်မလေးက ဆံပင်ကြိုက်တာကိုး။ စား စားပစ်တာ။ အခုလို ရောဂါမဖြစ်လာဘူး။ ဘာလက္ခဏာမှ မပြလာဘူးဆိုရင် ဆံပင်ထုံးအလုံးကြီးက ပိုကြီးလာမယ့် အလားအလာရှိတယ်။ အခု ခွဲထုတ်ပစ်လိုက်တာ 37.5 X 17.5 X 17.5 စင်တီမီတာ ကြီးတယ်။
အခုတော့ ကောင်မလေးမှာ ဘာဝေဒနာမှ မရှိတော့ပါဘူး။ ခွဲပြီးစိတ်ပြီး တစ်နှစ်တောင်ကြာခဲ့ပြီပဲ။ ဆံပင် စားတဲ့ အလေ့အကျင့်ကိုလည်း ဖျောက်လိုက်ပါပြီဆိုပါတယ်။
Source : http://content.nejm.org/cgi/content/full/357/21/e23#F1


Related Posts :



No comments: