Thursday, October 11, 2007

Hepatitis B


ယခု သင့်ပတ်ဝန်းကျင်မှာ အသည်းရောင် အသားဝါ ဘီ Hepatitis-B ရောဂါဟာ အရမ်းကို ခေတ်စားပြီး အလွန်လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေတဲ့ ရောဂါပါ။ ဒါကို သင် သိပါရဲ့လား ...



ရောဂါအမျိုးအစားများ ...
အရင်တုန်းက အသည်းရောင် အသားဝါရောဂါဟာ အေနဲ့ ဘီ နှစ်မျိုးပဲရှိပါတယ်။ ယခု နောက်ဆုံး တွေ့ရှိချက်များအရ စီ၊ ဒီ၊ အီးနဲ့ ဂျီ အထိ ရှိသွားပါပြီ။ အဲဒီအထဲမှာ ကူးစက်မှုအလွယ်ဆုံးနဲ့ အသည်း ရောဂါအဖြစ် အများဆုံး ရောဂါပိုးကတော့ ဘီပိုး Hepatitis B Virus ပဲ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးဟာ အိတ်ခ်ျအိုင်ဗွီပိုး HIV ထက်စာရင် အဆ ၁၀၀ ပိုပြီး ကူးစက်လွယ်ပါတယ်။ ကမ္ဘာ့လူဦးရေ တစ်ဝက်ခန့်ဟာ အသည်းရောင် အသားဝါ ဘီပိုးရောဂါ ကူးစက်ခံထားရပါတယ်။ နှစ်စဉ် ရောဂါဖြစ်တဲ့ လူဦးရေ သန်း ၅၀ တိုးပွါးနေပါတယ်။

ဘီပိုး ဘယ်လိုကူးစက်သလဲ ...
ကူးစက်နိုင်မှု အခွင့်အလမ်းကလည်း အရမ်းများလှပါတယ်။
  • ရောဂါပိုးရှိသော မိခင်မှ သန္ဓေသားသို့ မီးဖွါးစဉ် ရောဂါကူးစက်ခြင်း
  • ရောဂါပိုးရှိသော သွေးကို သွင်းမိခြင်း
  • ရောဂါရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • ရောဂါရှိသူရဲ့ ချွေး၊ တံတွေးများနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူများ အသုံးပြုပြီးသော ပစ္စည်းများကို အသုံးပြုခြင်း
ဘီပိုးရောဂါလက္ခဏာများ ...
အသည်းရောင်အသားဝါ ဘီပိုး ၀င်ရောက်ပြီး အစောပိုင်း လေးပတ်ကနေ ခြောက်ပတ်အတွင်းမှာ ပျို့အန်တာ၊ အဆစ်အမြစ် ကိုက်ခဲ့တာ၊ ကိုယ်လက်မအီမသာဖြစ်တာ၊ မောပန်းနွမ်းနယ်တာ၊ အသားဝါတာနဲ့ ဆီးဝါတာတို့ ဖြစ်စေနိုင်ပါတယ်။ တချို့တလေကျတော့ ဘီပိုးရောဂါလက္ခဏာ ပြသမှု လုံးဝမရှိပဲ မြုံနေတတ်ကြပါတယ်။ ဘီပိုး ရှိ ... မရှိကို သွေးစစ်ကြည့်ခြင်းက အကောင်းဆုံးပါပဲ။

အသည်းရောင်အသားဝါ ဘီပိုးဟာ လူ့ခန္ဓာကိုယ်ထဲမှာ ၀င်ရောက် ခိုအောင်းနေတဲ့ကာလ ကြာလာတာနဲ့အမျှ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာရောဂါ ဖြစ်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ ကလေးမှာ ဘီပိုးဝင်သွားရင် ၈၀% က ပိုးလုံးဝ ပြန်မထွက်တော့ပဲ နာတာရှည်ပိုး သယ်ဆောင်သူ ဖြစ်သွားကြပါတယ်။ လူကြီးမှာဆိုရင် ၂၀% ကသာ နာတာရှည်ပိုး သယ်ဆောင်သူ (Chronic Hepatitis) ဖြစ်သွားပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးရှိတဲ့သူဟာ သာမန်လူတစ်ယောက်ထက် အသည်းကင်ဆာရောဂါနဲ့ အသည်းခြောက်ရောဂါ ဖြစ်ပွါးဖို့ ၂၉၅ ဆ ပိုပြီး အခွင့်အလမ်း ရှိပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ တိုင်ပင်ကုသပါ။

ဘီပိုးကို ကုသလို့ ရသလား ...
ဘီပိုးကို ကုသလို့ရတဲ့ ဆေးတွေရှိပါတယ်။ ကုသမှုဆေးတွေက ယခုခေတ်မှာ အများကြီး ပေါ်နေပါပြီ။ ဒါကြောင့် ပူပန်စိုးရိမ် သောကစိတ်တွေ မများကြပါနဲ့။

ဘီပိုးရှိသူများ ရှောင်သင့်သည့်အရာများ ...
အသည်းကို ထိခိုက်စေနိုင်တဲ့
၁။ ဆေးလိပ်၊ ကွမ်းယာ၊ အရက်
၂။ သံဓါတ်ပါဝင်တဲ့ အစာများ (သွေးခဲ၊ အသည်းအမြစ်၊ ကလီစာ)
၃။ အဆီအနှစ်၊ မလိုင်ထောပတ်၊ နို့
၎။ ကြက်ဥ ဘဲဥအနှစ်၊ အဆီကြော်
၅။ ဆိုးဆေးပါသော အစားအသောက်များ
၆။ အချဉ်ဓါတ် (သံပုရာ၊ ရှောက်ချိုသီး)
၇။ နွယ်ချို စတာတွေ ရှောင်သင့်ပါတယ်။

သင့်အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ် ...
အသည်းရောင်အသားဝါ ဘီပိုးဟာ ကူးစက်မှုအလွယ်ဆုံးနှင့် အသည်းရောဂါ အဖြစ်အများဆုံး ဖြစ်တဲ့အတွက် ကုမ္ပဏီကြီးတွေ၊ ဟိုတယ်ကြီးတွေမှာ အလုပ်လျှောက်ဖို့ ဒါမှမဟုတ် နိုင်ငံခြားမှာ ပညာသင်သွားဖို့ အလုပ် သွားလုပ်ဖို့ ဆေးစစ်ကြည့်တဲ့အခါ သွေးထဲမှာ ဘီပိုးတွေ့ခဲ့ရင် လုံးဝပယ်ချခြင်း ခံရပါတယ်။ ဒါကြောင့် သင့်မိသားစုမှာ အသည်းရောင် အသားဝါရောဂါပိုး ရှိနေရင် သင့်ရဲ့ အလုပ်အကိုင်၊ စီးပွါးရေးနှင့် ပညာရေး စတာတွေ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ ...
ကမ္ဘာမှာ ဘီပိုးကာကွယ်ဆေး (Vaccine) ပေါ်နေတာ ၁၅ နှစ်လောက် ရှိပါပြီ။ သွေးစစ်ကြည့်လို့ ဘီပိုးရောဂါပိုး မရှိသေးဘူးဆိုရင် ဘီပိုးကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားလို့ရပါတယ်။ ဘီပိုးဟာ အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး ကူးစက်နိုင်တဲ့အတွက် လူတိုင်းလူတိုင်း ကာကွယ်ဆေး ထိုးထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ကလေးသူငယ်တွေကို ...
မွေးကင်းစအရွယ်ကတည်းက ဘီပိုးကာကွယ်ဆေးထိုးပြီး ...
အသည်းရောင် အသားဝါ ဘီရောဂါကို လုံးဝ ပပျောက်အောင် တိုက်ဖျက်ကြပါစို့ ...


Related Posts :



4 comments:

Anonymous said...

Hi,
good that there is a Hepatitis B blog. At Mae Tao Clinic we just have started a HEPATITIS B ALERT ACTION GROUP.We are developing a strategy to reduce the transmission of HBV by immunising Newborns of HBV+ and HIV+ mothers. Also we are immunising all our HBsAg neg staff.
METTA,
Aye Nge

Anonymous said...

I am looking for information in Burmese language about Hep B vaccination programm. Do you have any references in Burmese language please?
Aye Nge

Pho Cho said...

[သင့်အနာဂတ်ကို ထိခိုက်စေနိုင်ပါတယ် ...
အသည်းရောင်အသားဝါ ဘီပိုးဟာ ကူးစက်မှုအလွယ်ဆုံးနှင့် အသည်းရောဂါ အဖြစ်အများဆုံး ဖြစ်တဲ့အတွက် ကုမ္ပဏီကြီးတွေ၊ ဟိုတယ်ကြီးတွေမှာ အလုပ်လျှောက်ဖို့ ဒါမှမဟုတ် နိုင်ငံခြားမှာ ပညာသင်သွားဖို့ အလုပ် သွားလုပ်ဖို့ ဆေးစစ်ကြည့်တဲ့အခါ သွေးထဲမှာ ဘီပိုးတွေ့ခဲ့ရင် လုံးဝပယ်ချခြင်း ခံရပါတယ်။ ဒါကြောင့် သင့်မိသားစုမှာ အသည်းရောင် အသားဝါရောဂါပိုး ရှိနေရင် သင့်ရဲ့ အလုပ်အကိုင်၊ စီးပွါးရေးနှင့် ပညာရေး စတာတွေ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။] တခြားနိုင်ငံတွေမှာ အသည်းရောင် အသားဝါ ဘီပိုးရှိသူတွေကို ဒီပိုစ့်လေးမှာ ဖေါ်ပြထားသလို ကန့်သတ်တာတွေ ရှိချင်ရှိနေနိုင်ပါတယ်။ စင်္ကာပူနိုင်ငံမှာတော့ HIV နှင့် အဆုတ်ရောဂါပိုးတွေကိုပဲ အဓိကထားပြီး စစ်ဆေးပါတယ်ခင်ဗျာ။ ကျွန်တော် ကိုယ်တိုင်က Chronic Hepatitis ပါ။ ဒါကြောင့် လက်ရှိ ကျွန်တော့်အတွေ့အကြုံလေးကို ကိုယ်လို ညီအစ်ကို၊ မောင်နှမတွေသိရအောင် ပြန်ပြီး Share လုပ်တာပါ။

Anonymous said...

ဘီပိုးကာကွယ်​ဆေးထိုးတာ ပထမအ ြကိမ်ထိုးပီးတလ ြပည့်ရင်​နောက်တလုံးထိုးဖို့ တလဆိုတာ ရက်၃၀နဲ့တွက်တာလား ၃၁ရက်နဲ့တွက်တာလား.တရက်လို တရက်​​ကေ ျာ်​ရော ထိုးလို့ရပါသလား