စာအုပ်ကို ဤနေရာတွင် ဒေါင်းလုပ် လုပ်ယူပါ။ (ဖိုင်အရွယ်အစား - ၅ မဂ္ဂါဘိုက်)
စာကိုး
World Health Organization
The INFO Project (Johns Hopkins Bloomberg School of Public Health)
Posted by
Ye-Mon
1 comments
Labels: Contraception, Family Planning, Handbook, Reproductive Health
မနေ့က မိုးတွေ တအားရွာမှ သဘာဝဘေးအန္တရာယ် ဆိုတာကို ပိုစ့်အဖြစ်တင်ဖို့် ကိုပြန်သတိရရင်း ပိုစ့်ရေးဖြစ်ခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီး ပထမပိုင်း ၊ ဒုတိယပိုင်း နဲ့ တတိယပိုင်း ဆိုပြီး ခွဲရေးချင်ပါတယ်
ပထမပိုင်းမှာ
၁။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိရန်ကြိုးပမ်းခြင်း
၂။ ဘေးအန္တရာယ်၏ ဆိုးကျိုးများကို သင့်လျော်သလို ဘာသာပြန်ခြင်း
ဒုတိယပိုင်းမှာ…
၃။ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်တတ်သော ဆိုးကျိုးများကို ပြည်သူအား သိရှိစေခြင်း
၎။ အချိန်မှီ ကာကွယ်မှုများ ပြုလုပ်ခြင်း
တတိယပိုင်းမှာ
၅။ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခြင်း
၆။ လတ်တလော ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခြင်း
၇။ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ခြင်း တို့ဖြစ်ပါတယ်။
ပထမပိုင်း
၁။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိရန် ကြိုးပမ်းခြင်း
သဘာဝဘေးအန္တရာယ် ဆိုသည့် အရာသည် လူသားတို့ကဲ့သို့ ဟန်ဆောင်တတ်သော အရာများမဟုတ်ရကား ၊ အတိအကျကို မသိနိုင်သည့်တိုင် အချို့သော ဘေးအန္တရာယ်ကို အတိုင်းအတာ တခုအထိ ကြိုတင် သိရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိုးလေ၀သနှင့် ဇလဗေဒ ကျွမ်းကျင်ပညာရှင်များမှ ပြောကြားချက်များကို သိရှိအောင် လုပ်ဆောင်ရပေမည်။ မိုးလေ၀သ သတင်းကို အစဉ်ဂရုစိုက်နားထောင်ရပါမည်။
၂။ ဘေးအန္တရာယ်၏ ဆိုးကျိုးများကို သင့်လျော်သလို ဘာသာပြန်ခြင်း
တခါတရံတွင် ပညာရှင်များ၏ ထုတ်ပြန် ကြေညာချက်များသည် အများပြည်သူအတွက် နားလည်ရန်ခက်ခဲသော စကားလုံးအသုံးအနှုန်းများဖြင့် ရှိတတ်ကြသည်။
ဥပမာ(၁) ဇွန်လ ၂၇ ရက် မြန်မာစံတော်ချိန် ၂၀နာရီ ၂၃ မိနစ်ခန့်တွင် ရန်ကုန်မြို့ ကမ္ဘာအေးရှိ မြေငလျင်တိုင်းတာစခန်း၏ တောင်ဘက် ၂၄ မိုင်ကွာဝေးသော နေရာကို ဗဟိုပြု၍ ရစ်ချက်တာ စကေး ၅ ဒသမ ၁ အဆင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်သွားခဲ့သည်။
ထိုသို့ဆိုပါလျှင် စားဝတ်နေရေး ကျပ်တည်း၍ တစ်နေ့တာ အလုပ်များဖြင့် မွန်းကျပ်နေသော ပြည်သူလူထုသည် မြန်မာစံတော်ချိန် ၂၀နာရီ ၂၃ မိနစ်ခန့် ဆိုသည်ကို စဉ်းစား နိုင်မည်ဖြစ်သော်လည်း ကမ္ဘာအေး မြေငလျင်စခန်း၏ တောင်ဘက် ၂၄မိုင်အကွာသည် သူတို့နေထိုင်သော နေရာဟုတ်မဟုတ် ၊ သူတို့နေထိုင်သော နေရာနှင့် မည်မျှကွာဝေးသော နေရာတွင်ဖြစ်သည် ကို မည်သို့မျှ အချိန်ပေးစဉ်းစားနိုင်မည် မဟုတ်ပေ။ ထို့ပြင် ရစ်ချက်တာ စကေးဆိုတာကို သူတို့စိတ်ဝင်တစား လေ့လာမည် မဟုတ်ပေ။
ဥပမာ (၂) ဇွန်လ ၂၈ရက် မြန်မာစံတော်ချိန် ၁၇နာရီ ၁၀မိနစ်တွင် ဘင်္ဂလားပင်လယ်အော်ကို မျက်နှာမူ၍ မိုးသက်မုန်တိုင်းတစ်ခု ကျရောက်ဖွယ်ရာရှိသည်။ မိုးသက်လေပြင်း ကျစဉ် မြေပြင် ရေပြင်လေသည် တစ်နာရီလျှင် မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ်မည်ဖြစ်သည်။
ထိုသို့ဆိုရာတွင် ထိုလေအရှိန်သည် အိမ်တိုင်ကျွတ်ပါလောက်သော လေအားလော၊ သစ်ပင်များအမြစ်မှ ကျွတ်ထွက်နိုင်သော ပြင်းအားလော စသည်တို့ကို စားဝတ်နေရေးအတွက် ကြိုးပမ်းနေရသော ပြည်သူများ လေ့လာနိုင်အားမည် မဟုတ်ပေ။
ထိုကြောင့် သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိနိုင်သော ထူးခြားသော အခြေအနေများကို ပြည်သူလူထု နားလည်လွယ်သော ဘာသာစကားဖြင့် ပြန်ဆိုပေးသင့်ပါသည်။
ဒုတိယပိုင်းမျှော်ရန် …
Posted by
Anonymous
1 comments
Labels: Disaster
Posted by
MCT
4
comments
Labels: Behavior change communication, Culture, Health behavior
Posted by
KhunMoung
2
comments
Millennium Development Goals ကို မှတ်မိစေရန်
ပြီးခဲ့တဲ့နှစ် (၂၀၀၆) အောက်တိုဘာလောက်က ကျွန်တော်တို့ MMedSc (Public Health) Selection Exam Theory ဖြေတာ အောင်တယ် ဆိုတော့ Viva ဖြေဖို့အတွက် Public Health နဲ့ဆိုင်တဲ့ အရေးကြီးတာတွေကို ရှာကြ၊ ကျက်ကြ ပါတယ်။ အဲ့ဒီတုန်းက Millennium Development Goals ကို မှတ်မိစေဖို့ ကဗျာလေးလုပ်ပြီး ကျက်ခဲ့တာကို အခု Share လုပ်လိုက်ပါတယ်။
ဆင်းရဲ ငတ်မွတ်၊
ပညာသင်၊
ကျားမ တူညီချင်
မွေးသေလျော့ချ၊ ကလေးတွေဘ၀၊
မိခင်တွေကို မြှင့်တင်ကြ၊
နိုင်ယူရောဂါ ကာကွယ်ပါ၊
ပတ်ဝန်းကျင်လည်းပါ၊
ဝိုင်းဝန်းကူညီဆောင်ရွက်မှ၊ တို့ကမ္ဘာရွာကြီး သာယာမယ်ဗျ ။
Original English လိုကတော့ အောက်မှာ ယှဉ်တွဲ ဖော်ပြလိုက်ပါတယ်။
Goal 1 : Eradicate extreme poverty and hunger
Goal 2 : Achieve universal primary education
Goal 3 : Promote gender equality and empower women
Goal 4 : Reduce child mortality
Goal 5 : Improve maternal health
Goal 6 : Combat HIV/AIDS, malaria and other diseases
Goal 7 : Ensure environmental sustainability
Goal 8 : Develop a global partnership for development
ဝန်ခံချက် ။ ။ ဒီကဗျာလေးကို အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) မှ ဒေါက်တာ စိုးမင်းနိုင် က စတင်ရေးစပ်ခဲ့ပြီး ကျွန်တော် ဒေါက်တာ ၀င်းခိုင် မှ ဖြည့်စွက်ထားပါသည်။
Posted by
Dr. Win Khaing (Public Health)
1 comments
Labels: Millennium Development Goals, Public health, UN
Posted by
Ye-Mon
0
comments
Labels: Blog, Definition, Public health
CALL FOR ABSTRACTS: Investing in Young People’s Health and Development: Research that Improves Policies and Programs
An International Conference
April 27-29, 2008 (April 30 optional sessions)
Abuja, Nigeria
Primary sponsors: Bill and Melinda Gates Institute for Population and Reproductive Health, Johns Hopkins Bloomberg School of Public Health, USA; Institute of Public Health, Obafemi Awolowo University; and Center for Population and Reproductive Health, University of Ibadan; and Nigeria’s federal ministries of health, youth, and education; in partnership with a consortium of more than 20 international and national organizations
Dear Colleagues:
On behalf of the international and local organizing committees, we would like to bring this important upcoming international conference to your attention and ask that you circulate this announcement widely to interested persons.
The conference organizers invite the submission of research abstracts with direct program or policy implications for youth development programs in developing nations for review for oral or poster presentation. The attached files, Call for Abstracts and Abstract Submission Form and Guidelines, provide detail on the conference objectives and themes. The deadline for submission of abstracts to gates@jhsph.edu is November 15, 2007.
The conference will open the evening of Sunday, April 27, 2008 and be followed by two full days of conference sessions. April 30 program is reserved for optional follow-on, youth-friendly, translational activities that we anticipate partner organizations will be sponsoring. More information is available from the conference website: www.jhsph.edu/gatesinstitute/policy_practice/adolhealth. Shortly, travel support application forms will be available as well from the website.
Organizations interested in sponsoring skill-building or related workshops around the conference schedule are invited to contact Ms. Natalie Culbertson at gates@jhsph.edu. Sponsored workshops may be scheduled either for the daytime of April 27 or on April 30. Other questions about the conference may be directed to this email address as well.
As some of you may be aware, the 3rd African Conference on Sexual Health and Rights is also being convened in Abuja, Nigeria, in February 2008 (www.africasexuality.org). Although in the same location and covering related themes, the Investing in Youth Health and Development Conference will take place in April, is internationally oriented, focused on young people, and concentrates on the accumulated research and program evidence that can inform young people’s health and development programs.
We look forward to receiving your abstracts and thank you for sharing this e-mail broadly.
Sincerely,
Robert Blum, Amy Tsui, Johns Hopkins Bloomberg School of Public Health
Oladosu Ojengbede, University of Ibadan, Nigeria
Adesegun Fatusi, Obafemi Awolowo University, Nigeria
Posted by
Ye-Mon
0
comments
Labels: Adolescent health, Announcement, Conference, Reproductive Health
Posted by
tune
0
comments
Labels: Lifestyle, Psychology
Posted by
tune
0
comments
Labels: Brain
လူနာ နှင့် မိသားစု၏ စိတ်တွင်းမှ ဖြစ်နေသော အတားအဆီးဖြစ်သည်။ ဒီရောဂါကတော့ ဆေးမြီးတိုလေးနဲ့ဆို ပျောက်သွားမှာပဲ။ ဆေးရုံ ဆေးခန်းသွားပြလဲ ကောင်းမှာ မဟုတ်ပါဘူးဟု ထင်နေခြင်းမျိုးဖြစ်သည်။ ဆေးရုံ ဆေးခန်းများမှ အရည်အသွေးမီ ကုသမှု မပြုပေးခြင်းကြောင့် တိမ်းပါးသွားသည်များကို တွေ့မြင်ကြားသိရခြင်းကြောင့် ယုံကြည်မှု လျော့နည်းနေခြင်းသည်လည်း ဤခေါင်းစဉ်အောက်တွင် အကျုံးဝင်လေသည်။2. Physical barrier ( နေရာဒေသ အတားအဆီး )
လူနာ့အိမ်နှင့် ဆေးရုံဆေးခန်း ဝေးနေခြင်းဖြစ်သည်။ ဥပမာ - အနီးဆုံး ဆေးရုံက ခြေလျင် ၂-ရက်လောက် လျောက်ရမည်ဆိုလျင် တော်ရုံတန်ရုံဖြင့်တော့ သွားလိမ့်မည်မဟုတ်။3. Administrative barrier (အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး)
ဆေးရုံ ဆေးခန်း၏ လုပ်ထုံး လုပ်နည်းများအရ ကြန့်ကြာခြင်း၊ ကုသမှု မပေးနိုင်ခြင်းတို့ဖြစ်သည်။ ဥပမာ - ဆေးကုသခွင့်ရဖို့အတွက် လူမှုဖူလုံရေးကဒ်ရှိရမည်၊ စက်ရုံမှ ဆရာဝန်၏ လွှဲပို့စာ ပါလာရမည် စသည့် အချက်အလက်များ မပြည့်စုံ၍ ဆေးကုသခွင့် မရရှိခြင်း။ အချို့သော အန်ဂျီအို ဆေးခန်းများတွင် ဆေးခန်းဖွင့်ရာ မြို့နယ်တွင် နေထိုင်ကြောင်းအထောက်အထားပါမှ ဆေးကုသပေးမည် ဆိုသည့် အချက်မျိုး ဖြစ်သည်။ အမျိုးသား သဘောတူကြောင်း ထောက်ခံစာပါရမည်၊ သက်ဆိုင်ရာ ရ၀တ ထံမှ ကလေး ၂ယောက်ရှိကြောင်း ထောက်ခံစာပါရမည်၊ သားကြောဖြတ် ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ပါရမည်၊ သို့မှသာ သားကြောဖြတ်ပေးမည် ဆိုသည်မျိုးသည် ဤ Administrative barrier ( အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး ) အမျိုးအစားတွင် အကျုံးဝင်လေသည်။ လူနာမိသားစုက ဒေသခံ ဘာသာစကားသာ ပြောတတ်သည်။ ဆရာဝန်ကလည်း ဗမာလိုသာ ပြောတတ်သည်။ ဘာသာပြန်ကမရှိ။ ဤသည်လည်း အုပ်ချုပ်မှု ဆိုင်ရာ အတားအဆီး တစ်မျိုးပင်။4. Financial barrier ( ငွေကြေး အတားအဆီး )
ငွေကြေးမတတ်နိုင်ခြင်းပင်။ ဆေးဖိုး၊ ကုသခ၊ ခရီးစရိတ် စသည်များကို မတတ်နိုင်ခြင်းဖြစ်သည်။ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိပါဟု ဆိုလာလျင် မည်သည့်အကြောင်းကြောင့် မရရှိသနည်း ဆိုသည်ကို စုံစမ်းဖို့လိုသည်။ လူနာ နှင့် မိသားစုတို့က ဆေးရုံဆေးခန်း ကြောက်တတ်ခြင်းကြောင့် ကုသမှု မခံယူခြင်းကို ဆေးရုံဆေးခန်း အရေအတွက် တိုးဖွင့်ပေးခြင်းဖြင့် ဖြေရှင်းမရနိုင်။ အလားတူပင် ငွေကြေးမတတ်နိုင်၍ လာရောက်ကုသခြင်း မပြုသူများကို ဆေးရုံတွင် ဆေးကုသခြင်းသည် ဆေးမြီးတိုဖြင့် ကုသခြင်းထက်ကောင်းကြောင်း တရားဟောနေ၍ အလကားပင်။ အနာသိမှဆေးရှိနိုင်မည် မဟုတ်ပါလား။
Posted by
Ye-Mon
7
comments
Labels: Access, Definition, Health care
