Friday, September 7, 2007

A Story I 'd like to Share ...

အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုမှာ ကြားခဲ့ရတဲ့ ပုံပြင်လေးပါ။
ကြိုက်လွန်းလို့ မနေနိုင် မထိုင်နိုင် အခုလို ပြန်ပြောပြမိတာပါ။

တစ်နေ့မှာ လင်မယားနှစ်ယောက်က ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ကားကလေးနဲ့ ထွက်လာခဲ့ကြသတဲ့
သူတို့က အခြားမြို့တစ်မြို့ကို ကိစ္စတစ်ခုနဲ့ သွားကြမှာ။
ဖြစ်ချင်တော့ လမ်းမှာ သူတို့ ကားဘီးက ရွှံ့ထဲ နစ်သွားပါရောတဲ့။
ကြိုးစားပြီး ကားကို ထွက်ကြည့်ပေမယ့် ကားက ဘယ်လိုမှ ရုန်းမရတော့ဘူးတဲ့။

အဲဒါနဲ့ ယောက်ျား ဖြစ်သူက သူ ကားပေါ်က ဆင်းပြီး ကားကို တွန်းမယ်လို့ ဆိုတော့ မိန်းမက "တွန်းရင် ရှင့် အ၀တ်အစားတွေ ပေကုန်မှာပေါ့ .. လမ်းပေါ်မှာ လူတစ်ယောက်ယောက် ဖြတ်သွားမှာ အကူအညီ တောင်းကြတာပေါ့"လို့ ဆိုပါတယ်။

ဒါနဲ့ ယောက်ျားကလည်း လမ်းကို ဖြတ်သွားမယ့် လူတွေကို မျှော်ရင်း ကားပေါ်မှာ ဆက်ထိုင်နေပါတယ်။
တစ်ချိန်မှာတော့ လူတစ်စု သူတို့ ဘက်ကို လျှောက်လာတာတွေ့တာနဲ့ အကူအညီ လှမ်းတောင်းပါတယ်။
"ကျွန်တော်တို့ကား ရွှံ့နစ်နေလို့ပါ .. ကူညီပါ .. ကျွန်တော်တို့ .. ကားကို တွန်းပေးပါ" ဆိုတော့ အဲဒီလူတွေက ကူညီမလို့ အနားကို ရောက်လာပါတယ်။
ဒါပေမယ့် ကားပေါ်က မိန်းမရော၊ ယောက်ျားပါ မဆင်းကြတော့ သူတို့က "ခင်ဗျားတို့လဲ ဆင်းတွန်းကြပါ"လို့ ပြောပါတယ်။

ဒီတော့ ကားပေါ်က လင်မယားက "ကျွန်တော်တို့က မင်္ဂလာဆောင်သွားမှာမို့ ကျွန်တော်တို့ အင်္ကျီအ၀တ် အစားတွေ အပေ မခံနိုင်ဘူး" တဲ့။
အဲဒီတော့ ကူညီမလို့ လာတဲ့သူတွေက သူတို့ကို မကူညီတော့ဘဲ ပြန်ထွက်သွားကြပါသတဲ့။
အဲဒီ လင်မယားကလဲ ကားပေါ်က မဆင်းဘဲ နောက်ထပ်လာမယ့် သူတွေကိုသာ ထိုင်စောင့်နေကြသတဲ့။

အကယ်၍ သင်သာ အဲဒီနေရာကို လမ်းလျှောက်လာတဲ့ သူတွေထဲက တစ်ယောက် ဖြစ်ခဲ့ရင် အဲဒီလူတွေကို ကူညီမလား။
ဘာကြောင့်ပါလဲ။


Related Posts :



No comments: