Sunday, February 5, 2012

Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁ဝ၁)
ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်တာကို အိမ်မှာတင် အလွယ်လုပ်နိုင်ကြပါတယ်။ ဆီးစစ်တယ်လဲ ခေါ်ကြတယ်။ ဆီးထဲမှာ ကလေး-သန္ဓေသားနဲ့ဆိုင်တာ ရှိနေ-မနေကို စမ်းတာ မဟုတ်ဘူး။ အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း ရှိ-မရှိကို စမ်းတာပါ။ Gonadotropin (hCG) ခေါ်တယ်။ Pregnancy testကိုယ်ဝန် ရှိ-မရှိ စမ်းသပ်တာကို အိမ်မှာတင် အလွယ်လုပ်နိုင်ကြပါတယ်။ ဆီးစစ်တယ်လဲ ခေါ်ကြတယ်။ ဆီးထဲမှာ ကလေး-သန္ဓေသားနဲ့ဆိုင်တာ ရှိနေ-မနေကို စမ်းတာ မဟုတ်ဘူး။ အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း ရှိ-မရှိကို စမ်းတာပါ။ Gonadotropin (hCG) ခေါ်တယ်။

စမ်းသပ်နည်း ၂ နည်းရှိတယ်။ ဆီးစစ်နည်း Urine Pregnancy test နဲ့ သွေးစစ်နည်း Blood Pregnancy test ဖြစ်တယ်။ ဆီးစစ်နည်းက အများဆုံးသုံး Home pregnancy test လို့ခေါ်တယ်။ အိမ်မှာတင် ကိုယ့်ဖါသာစမ်းလို့ ရတယ်။ ဒီနည်းမှာလဲ ဝယ်လို့ရတာ အမျိုးမျိုး ရှိသေးတယ်။ ဆီးထဲမှာ hCG 25 mIU/ml ရှိရင် သေခြာပြတယ်။ တချို့က သိပ်နည်းနည်းလေး 15 ml/u ရှိနေရင်တောင်မှ စမ်းလို့ရတယ်။

ဘာမှ မစားသေးခင် မနက်ခင်းသွားတဲ့ဆီးကို ပုလင်းသန့်သန့်နဲ့ခံပါ။ မနက်ခင်းသွားတဲ့ဆီး မဟုတ်ရင် ဆီးမသွားဘဲ ၄ နာရီ ကြာ အောင့်ထားတာ ဖြစ်သင့်တယ်။ ဆီးအတင်းသွားအောင် ရေတဝကြီးတော့ မသောက်ပါနဲ့။ ဟော်မုန်း ရေရောသလို ဖြစ်နိုင်တယ်။

ဆေးဆိုင်က ဆရာဝန်လက်မှတ်မပါ အလွယ်ဝယ်ရတဲ့ Urine Pregnancy test အထုပ်ကလေးကို ဖြည်လိုက်ပါ။ အညွှန်းကို သေသေခြာခြာ ဖတ်ပါ။ Test strip စမ်းသပ်တံလေး ပါမယ်။ ဆီးပုလင်း-ခွက်ထဲကို strip ကို နှစ်စိမ်လိုက်ပါ။ သတ်မှတ်ပေးထားတဲ့ အမှတ်ကို ဆီးကလွန်ပြီး မထိစေနဲ့။ ၁-၂ မိနစ်စောင့်ပါ။ တချို့က ၄ဝ စက္ကန့်ဘဲ အစောင့်ခိုင်းတယ်။ အရောင် (အနီ-အပြာ) မျဉ်း တွေ့လာလိမ့်မယ်။ ၂ ကြောင်း တွေ့ရင် ဆီးပိုင်ရှင်မှာ ကိုယ်ဝန်ရှိတယ်။

အိန္ဒိယကလာတဲ့ One Step Pregnancy Test ကတော့ တမျိုး။ စမ်းသပ်တံအပြားလေးမှာ သတ်မှတ်ပေးထားတဲ့ အကွက်လေးပေါ်ကို ဆီး ၃ စက် ချရတယ်။ ၅ မိနစ်စောင်ပြီး အနီမျဉ်း ၂ ကြောင်း ပေါ်လာတာကို ကြည့်ရတယ်။ ၁ ကြောင်းထဲက ဘယ်နေမှာ ပြနေနေ မရှိတာနဲ့ မမှန်တာဖြစ်တယ်။

Blood Test သွေးစစ်တာကို ဓါတ်ခွဲစမ်းမှာစမ်းရတယ်။ သွေးထဲက hCG levels ကို စမ်းတာပါဘဲ။ ၂ နည်းရှိတယ်။ Quantitative Blood Test အရေအတွက်နည်းနဲ့ Qualitative Blood Test အရည်အသွေးနည်းတွေ ဖြစ်တယ်။

ဘယ်လောက် တိကျသလဲ။
နောက်ပေါ်တွေက အရင်ပေါ်တာတွေထက် ပိုပြီး တိကျလာတယ်။ ဆီးစစ်တာက ၉၇% သွေးစစ်တာက ၉၉% တိကျတယ်လို့ ပြောနိုင်တယ်။

ဘယ်လောက်စောစော စမ်းလို့ရလဲ။
ဆီးစစ်တာကို ရာသီသွေး လာရမဲ့ရက်ထက် တပါတ်နောက်ကျချိန် စမ်းရင်သေခြာတယ်။ ၁ ရက်နောက်ကျချိန် စမ်းတာတောင်မှ ရနိုင်သေးတယ်။
သွေးစစ်တာကို ရာသီလာရမဲ့ရက်အထိတောင် စောင့်စရာ မလိုပါ။ လလည်ရက်နောက် တပါတ်၊ ဆိုလိုတာက မျိုးဥ ထွက်ချိန်နောက် တပါတ် တနည်းပြောရရင် သွေးဆင်းရမဲ့ရက်ထက် တပါတ်စောချိန်မှာ စမ်းရင်တောင်မှ ပြမယ်။

အဖြေအမှားများ
အမှား အပေါင်းလက္ခဏာပြရော၊ အမှားအနုတ်လက္ခဏာပြရော ရှိနိုင်တယ်။ စမ်းသပ်ပစ္စည်း ညံ့တာကြောင့် နှစ်မျိုးလုံး ဖြစ်စေနိုင်တယ်။ ကလေးရအောင်လို့ ပေးရတဲ့ဆေးထဲမှာ hCG ပါတဲ့အတွက် မမှန်တဲ့ အပေါင်းလက္ခဏာ ပြစေမယ်။ စမ်းသပ်ချိန်ထက် သိပ်စောရင် မမှန်တဲ့ အနုတ်လက္ခဏာ ပြစေမယ်။ ဒါမျိုးဆိုရင် ရက်ခြာပြီး ထပ်စမ်းပါ။

• hCG ကိုယ်ဝန်ရှိ-မရှိစစ်တဲ့ ဟော်မုန်း http://health-adult-reading.blogspot.com/2012/01/hcg.html

Dr. တင့်ဆွေ
၃ဝ-၁၁-၂ဝ၁ဝ


Related Posts :



1 comment:

ni ni said...

ဆရာ ကျွန်မမေးမယ့်မေးခွန်းက ဒီခေါင်းစဉ်နဲ့သိပ်မဆိုင်ပေမယ့် ဘယ်ခေါင်းစဉ်အောက်မျာမေးရမှန်းမသိလို့ မေးလိုက် ခြင်းဖြစ်ပါတယ်။ ကျွန်မက အသက် ၃၆ နှစ်ရှိပါပြီ သမီးလေး ၂ ယောက်မွေးထားပါတယ်။ ကျွန်မကြားဘူးတာတခုရှိလို့ပါ။ ကိုယ်ဝန်ဆောင်မှာ သား(သို့)သမီးအတိအကျ လိုခြင်လျှင် တွက်ချက်ပြီးကိုယ်ဝန်ဆောင်ရတယ်လို့ကြားဖူးပါသဖြင့် မည်သည့်နည်းနှင့်တွက်ချက်ယူရမလဲ ဆိုတာသိပါရစေရှင်။