Tuesday, January 24, 2012

သမား၏ သောက

ဆေးပညာဆည်းပူးလေ့လာရခြင်း၏ စိတ်ဖိစီးမှုများအား ယခင်ကပင် ကောင်းစွာမှတ်တမ်းပြုခဲ့ကြသည့် အထောက်အထား များစွာရှိပါသည်။ ဆေးပညာသင်သားတို့အနေဖြင့် ရရှိသည့်ပညာသင်ချိန်နှင့် မနိုင်ရင်ကန်ဖြစ်လောက်အောင် များပြားလှသည့် ပညာရပ်ဆိုင်ရာများကို မှတ်သားသင်ယူနေရခြင်း၊ အချိန်နာရီကြာမြင့်စွာ အလုပ်ခွင်တွင်ရှိနေရခြင်း၊ ရံဖန်ရံခါ ဆေးရုံဆောင်များအတွင်း လှည့်လည်စမ်းသပ်ကုသမှုအပေါ် (လူအချို့ က၊ ဥပမာ အစောင့်ဝန်ထမ်းက) အခွင့်ကောင်းယူ အလွဲသုံးစားမှုများပြုနေခြင်းကို မြင်တွေ့နေရခြင်း၊ နှင့် လူနာအချို့ တို့၏ အခံမရပ်နိုင်အောင်ခံစားနေရမှု နှင့် အသက်ဆုံးရှုံးရမှုအား သိမြင်ကြုံတွေ့နေရခြင်း ဟူသည့်အနိဋ္ဌာရုံများအား ရင်ဆိုင်နေကြရပါသည်။ (Bourgeois et al., 1993; Lubitz and Nguyen, 1996; Silver and Glicken, 1990)

Read More...

Neonatal jaundice မွေးစကလေး အသားဝါခြင်း

ဆရာရှင့် သမီးအစ်မက ၂ဝ ရက်နေ့က မန္တလေးက (့) ဆေးရုံမှာ ယောက်ျားလေး မွေးခဲ့ပါတယ်ရှင့်။ ဘေးအခန်းနဲ့ မျက်နှာချင်းဆိုင်အခန်းက ကလေးတွေက အသားဝါ ပါလို့ ဓာတ်ကင်တာကို တွေ့ ရပါတယ်။ အစ်မရဲ့ ကလေးကတော့ ၃ ရက်နေမှ သွေးဖောက်ကြည့်တော့ အသားဝါပါလို့ သွေးလဲရပါတယ်ရှင့်။ အဲဒါဟာ ဘာကြောင့်ပါလဲရှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ စားသောက်နေထိုင်မှုနဲ့ ဆိုင်ပါသလားရှင့်။ ဒါမှမဟုတ် ကူးစက်မှုတစ်ခုလား။ မွေးလာမယ့် ကလေးမှာ အသားဝါ မပါအောင် ဘယ်လို လုပ်သင့်ပါသလဲရှင့်။

အသားဝါကို ခေါ်တဲ့ Jaundice (ဂျွန်းဒစ်) ဆိုတာ ပြင်သစ်စကားကနေလာတယ်။ ကလေးအရေပြားမှာ Bilirubin (ဘီလီရူဘင်) ခေါ်တဲ့ အရောင်ရှိ ဓါတ်တွေ များနေလို့ ဖြစ်တယ်။ လူတိုင်းမှာ ရှိတာပါဘဲ၊ ကလေးမှာ များနေလို့။

Read More...

Monday, January 9, 2012

Lesions on penis ကျားအင်္ဂါ အနာများ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁)

Mon, Jan 9, 2012 at 9:05 AM
ကျနော် ၃၃ နှစ်ရှိပါပြီ။ ကျနော့် ငယ်ပါမှာ တခါတလေ အရည်ကြည်ဖုလေးတွေ ပေါက်တတ်ပါတယ်။ အပူအအေးမမျှတဲ့ အချိန်မှာ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရင် ဆီးအောင့်တတ်ပါတယ်။ အများကြီးအောင့်တာတော့ မဟုတ်ဘူး။ အဖုလေးတွေ ဖောက်လိုက်ရင် အရေပြားပေါ်မှာ မိတ်တွေကို ဖောက်လိုက်ရင်ဖြစ်သလို ကျန်ခဲ့ပြီး ၂ ရက်လောက် ဆိုရင်တော့ ပျောက်သွားတတ်ပါတယ်။ အဲဒါဘာကြောင့်လဲ။

Read More...

Friday, January 6, 2012

Miscarriage ကိုယ်ဝန်ပျက်ခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆)

2011/4/26
သမီးတို့ ကလေးလေး ၃-၃-၁၁ မနက်မှာပဲ ပျက်ကျသွားပါတယ်။ ဆရာ့ ပြန်စာတွေနဲ့ အားတင်းထားပေမဲ့ နောက်ဆုံးတော့လည်း ပျက်သွားတယ်။ ဝမ်းနည်းလွန်းလို့ တော်တော်လေးလည်း ငိုခဲ့ရပါတယ်။ အမျိုးသားက ပိုဆိုးတယ်။ သူက ကလေးကို အရမ်း ရူးခဲ့တာလေ။ သမီးတို့ ကလေးပြန်လိုချင်တယ်။ ယူလို့ ရပြီလား ဆိုတာရယ် ကလေးပြန်ယူရင် ပထမကလေးလို မဖြစ်အောင် ဘာတွေ ပြင်ဆင်ရမလဲ၊ သမီးသားအိမ်က ကလေး ပြန်လွယ်လို့ ရပြီးလား ဆိုတာကို သိချင်လို့ပါ။ သူများတွေ ပြောသလို သားအိမ်-အားဆေးတွေ သောက်ဖို့ လိုလား ဆိုတာကိုလည်း သိချင်ပါတယ်။

Read More...

Abortion မလိုချင်တဲ့ ကိုယ်ဝန်

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)

January 5, 2012 6:32 PM
Complete abortion နဲ့ Incomplete abortion ကို ဘယ်လိုခွဲခြားသိနိုင်ပါသလဲရှင့်။ သမီးကရော ဘယ် Abortion ထဲမှာ ပါပါသလဲရှင့်။ တကယ်လို့ Incomplete Abortion ဖြစ်ခဲ့ရင် ဘာတွေလုပ်သင့်ပါသလဲ၊ ဘာဆေးတွေ သောက်သင့်ပါသလဲရှင့်။

Read More...

Wednesday, January 4, 2012

Teenage pregnancy အသက်ငယ်ငယ် ကိုယ်ဝန်လွယ်

January 4, 2012 2:29 PM
သမီးအသက် ၁၇ ပါရှင့်။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီးပြီးချင်းပဲ သမီး လက်မောင်းထဲ ထည့်တဲ့ ပစ္စည်း သုံးပါတယ်ရှင့်။ ၁၁ လပိုင်း ၆ ရက်နေ့ ရောက်တော့ အဲဒါကို ပြန်ထုတ်လိုက်ပါတယ်ရှင့်။ ၁၂ လပိုင်းမှာ ရာသီမပေါ်တာ ၄ ရက် ရောက်လာလို့ အိမ်မှာ ဆီးစစ်ကြည့်တော့ Positive ဖြစ်နေပါတယ်ရှင့်။ ၃ ခါလုံး ဒီအဖြေပဲ ထွက်ပါတယ်ရှင့်။ နောက် ၂ ပါတ်လည်း ရောက်ရော သွေးတွေ အရမ်းဆင်းပါတယ်။

Read More...