Friday, July 15, 2011

Dyspareunia ဆက်ဆံချိန်မှာ နာကျင်တာ (၂)

July 15, 2011 1:46 AM
၁။ တားဆေးကို အချိန်အနည်းငယ် (သို့) တရက် နောက်ကျခြင်းကြောင့် ရာသီသွေးပြန်လာတာ ဘာဖြစ်လို့ပါလဲ။
၂။ ဆက်ဆံချိန်တွင်းမှာ အနေထားတောင်ပြောင်းလို့ မရအောင် သားအိမ်တွင်း နာကျင်နေတာဟာ ဘာကြောင့်ပါလဲ။ ပြီးတော့ ဆက်ဆံလိုစိတ် မရှိသလိုပါ ခံစားနေရတာကရော သက်ဆိုင်ပါသလား။

၁။ တားဆေး အမျိုးအမည် မသိရပါ။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်မယ်ထင်တယ်။ ပဌမ ၂၁ ရက်သောက်ရမဲ့ ဆေးကို ရပ်လိုက်တာနဲ့ သွေးဆင်းတတ်တယ်။ Withdrawal bleeding ခေါ်တယ်။

၂။ Dyspareunia (Painful intercourse) လိင်ဆက်ဆံချိန်မှာ နာစရာမဟုတ်ဘဲ နာတာကို နောက်ဆုံး ဆွီဒင် သုတေသန တခု အလိုအရ အမျိုးသမီးတွေ ၉့၃% မှာ ခံစားရတယ်လို့ ဆိုပါတယ်။ အတွေ့အကြုံနည်းသူနဲ့ ငယ်ရွယ်သူတွေမှာ ပိုများတာလဲ တွေ့ရတယ်။ ဆေးခန်း-ဆေးရုံ ဆရာဝန် ပြပြန်တော့လဲ ပညာသယ်တိုင်းက ဒီအရေးမှာ အာရုံသိပ်မထားကြပြန်ဘူး။ မေးဘို့ ခက်နေ-ရှက်နေ သူတွေကလဲ အများသား။ Sexual counselling service ဆိုတာမျိုးကလဲ နေရာတိုင်းမှာမရှိ၊ ရှိပြန်ရင်လဲ ဈေးကြီးတယ်။ ဒါ့ကြောင့် ကျွန်တော်လဲ အထူးကု မဟုတ်ဘဲ၊ စပါယ်ရှယ် အကူအညီပေးနေတာ ဖြစ်ပါတယ်။

• ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေတွေက တဒါဇင်လောက်တော့ ရှိမယ်။ မဆိုးတာက အများစုဟာ တကယ်ဆိုးဝါးတဲ့ ဝေဒနာတွေ မဟုတ်ဘူး။
• တတ်ကျွမ်းတဲ့ ဆရာဝန်ကနေ မေးမယ်၊ စမ်းသပ်မယ်။ နာမယ်ဆိုတာ အဝကလား၊ အထဲကလား။ အဲ့ အမေးခံရသူက တခါတလေ ခွဲခြား မပြောနိုင်တာ ရှိတတ်တယ်။ မပြောချင်လို့တော့ မဟုတ်ဘူး။
• ၂ဝ၁၁ ထဲမှာ ကျင်းပခဲ့တဲ့ ကွန်ဖရင့်စ် တခုမှာ Bristol Sexual Health Centre က အထူးကုဆရာဝန်တဦး အဆိုအရ အကြောင်းခံက Endometriosis ဆိုတဲ့ သားအိမ်ရောဂါသာဆိုရင် Position ဆက်ဆံပုံ အနေအထားပြုပြင်လို့ အများကြီး သက်သာနိုင်တယ်။
• Emotional factor ရောဂါတွေ မရှိဘဲနဲ့ စိတ်ပိုင်းမှာ ထူးခြားနေလို့ ဖြစ်သူတွေလဲ မရှားပါ။ နဲနဲနာရာကနေ ပိုပြီး မခံနိုင်အောင် တိုးလား-ဆိုးလာစေတာကလဲ စိတ်အခြေခံ ဖြစ်မယ်။ နောက်တကြိမ်ကိုတောင် ကြောက်နေအောင်အထိ စိတ်ဖိစီးမှု များနိုင်သေးတယ်။
• Vaginismus ဆိုတဲ့ မွေးလမ်းကြွက်သားတွေ ကျုံ့လို့ဖြစ်တဲ့ ရောဂါကို အရင်စဉ်းစားမယ်။ သူရှိနေရင် အဝမှာရော အတွင်းဘက်မှာပါ နာစေမယ်။ နာမှာလဲ ကြောက်နေမယ်။ နှစ်နဲ့အထိ ကြာနိုင်တယ်။ ဆိုးဝါးသူတွေမှာ ရာသီလာချိန်သုံးတဲ့ သေးသေးလေးအရွယ်သာရှိတဲ့ Tampons ထည့်တာတောင် မခံနိုင်ဘူး။ ဆရာဝန် လက်တချောင်းထည့်စမ်းတာဆို ဝေးရော။
• Vaginismus ဖြစ်နေလို့ နာတတ်သူဟာ အတူမနေချင်တာလို့တော့ ပြောမရပါ။ ကံကောင်းရင် ကလူကျီစယ်၊ ယုယမှုမျိုးကနေ Orgasm သာယာမှုအထိ ရနိုင်မယ်။
• ငယ်ငယ်ကတည်းက တင်းကြပ်တဲ့ မိဘ-ဆွေမျိုးအုပ်ထိန်းမှုကြောင့်လို့ အနောက်နိုင်ငံဆရာတွေက တွေးကြတယ်။ လူဆိုတာ မွေးကတည်းကနေ သင်ယူနေကြတာပါ။ ပွင့်လင်းမှု နည်းသေးတဲ့ တိုင်းပြည်ကလူတွေဟာ ဒီပညာမျိုးကို သူငယ်ချင်းတွေကနေ ရကြတာများတယ်။ သူငယ်ချင်းဆိုတာ ရောနေတာမို့ အိမ်က၊ ကျောင်းက မရာတဲ့ ပညာတွေတိုးမှာ အမှန်ဘဲ။
• Painful vaginal infections မွေးလမ်း ရောဂါပိုးဝင်တာက နောက်အကြောင်းခံတခု ဖြစ်တယ်။
• Unease with the partner အဖေါ်ကို သိပ်လိုလိုလားလား မရှိသလို ခံစားရတာလဲ ဖြစ်နိုင်တယ်။ မသိစိတ်မှာ အဲလို ဖြစ်တတ်တာလဲ ရှိမယ်။
• Cervix သားအိမ်အဝရောင်နေတာ။ အဲလိုရှိနေရင် အတွင်းနက်အထိ ဆက်ဆံမှုကြောင့်သာ နာမယ်။ Collision dyspareunia လို့ ခေါ်တယ်။
• Womb trouble သားအိမ်မှာ Fibroids အသားပိုရှိနေသူ တချို့မှာ အတွင်းနက် ဆက်ဆံမှုကနေ နာနိုင်တယ်။
• Endometriosis ရောဂါရှိနရင် အထူးသဖြင့် ရာသီလာချိန်နီးရင် ပိုနာတတ်တယ်။
• Ovary problems မျိုးဥအိမ်အလုံးဖြစ်နေတာ။ လူတိုင်းမှာတော့ မနာပါ။
• Pelvic inflammatory disease (PID) တင်ပဆုံတွင်း အင်္ဂါတွေရောင်နေတာ အဖြစ်များတယ်။ ရောဂါပျောက်ရင် ပုံမှန် ပြန်ဖြစ်ပါတယ်။ Chlamydia ပိုးဝင်တာ များတယ်။
• Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာ။
• Bladder infections ဆီးအောင့်နေရင်လဲ နာမယ်။
• Lack of lubrication ဆက်ဆံကာနီးထွက်ရမဲ့ အရည်နည်းတာ၊ မထွက်တာ။
• Nervousness စိတ်လှုတ်ရှားမှု ကဲတာ၊ ပြင်ဆင်မှု အားနည်းတာ၊ စိတ်ကို တင်းထားတာတွေကြောင့်လည့်း အရည်ထွက်ရမှာ နည်းနိုင်တယ်။ အတွေ့အကြုံ နည်းသူတွေ အဖြစ်များတယ်။
• Well-endowed partner အဖေါ်ယောက်ျားက ထူးထူးခြားခြား အင်္ဂါကြီးနေတာ။ တချို့ မွေးရာပါ မဟုတ်ဘဲ တမင်တကာ အပိုအဆာ၊ အပြင်အဆင်တွေ လုပ်ထားရင် ပုံမှန် မိန်းမအဂ်ါနဲ့ အဆင်မပြေနိုင်ဘူး။ ဗဂျိုင်းနား-ခန္ဓာဗေဒအရ အမျိုးသမီးဟာ စိတ်ကလဲ ပေါ်ပေါက်နေရင် ဘယ်လို ကျားအင်္ဂါနဲ့ဖြစ်ဖြစ် မရ မရှိတတ်ပါ။ အရွယ်မတူတာ အတူနေရင် လိုအပ်ရင် ကျားအင်္ဂါအရင်းမျာ စွပ်ထားရတဲ့ ကွင်း Come Close ခေါ်တာ သုံးနိုင်တယ်။
• Menopausal or post-menopausal dryness သွေးဆုံးအမျိုးသမီးတွေ နာမှာ သေခြာတယ်။ Female sex hormones ဆေးပေး ကုသရင် နဂိုလိုနေနိုင်တယ်။ HRT pills ဖြစ်ဖြစ် Hormone cream (ခရင်မ်) ဖြစ်ဖြစ် သုံးနိုင်တယ်။ Ordinary sex lubricants သုံးတာ ပိုလွယ်သေးတယ်။
• Vaginal infections မွေးလမ်း ပိုးဝင်တာ အတော်များများ ရှိတယ်။ Thrush (Fungus) မှိုဝင်တာ သိပ်ပေါတယ်။ Trichomonas ပိုးလဲ ဝင်တယ်။
• Injury ထိခိုက်မိထားတာကိုလဲ စာရင်းသွင်းရတယ်။ ဒီအထဲမှာ ကလေးမီးဖွါးတာလဲ ပါမယ်။ Tear စုပ်ပြဲတာ၊ Episiotomy
• မွေးလမ်းချဲ့မွေးရတာ၊
• Genital warts လိင်လမ်း-ကြွက်နို့။
• Vulvitis မိန်းမကိုယ်ရောင်တာ။ Bubble-baths ရေချိုးနည်းလုပ်လို့ ဓါတုဆေးနဲ့ မတည့်တာ၊ Soaps ဆပ်ပြာနဲ့ မတည့်တာကနေ ဖြစ်တတ်တယ်။
• Haematoma of the clitoris (အစိ) နေရာရောင်တာ၊ သွေးခြည်ဥနေတာ၊ အတွင်းခံ ကြပ်လွန်းတာ အကြာကြီး ဝတ်ထားရာကနေ အထဲမှာ သွေးယိုထွက်နေတဲ့လူနာ တွေ့ဘူးတယ်။
• Cancer ကင်ဆာ ဖြစ်နေလို့နာတာ ရှားလွန်းပါတယ်။

Dr. တင့်ဆွေ
၁၅-၇- ၂ဝ၁ဝ
ယမုန်နာဆေးခန်း


Related Posts :



4 comments:

sumon said...
This comment has been removed by the author.
Anonymous said...

Dear
ဆေးအမည် မပါ။
ကလေးဖွါးပြီး သားအိမ်ပြန်တင်တာ ဆရာဝန်-ဆရာမတွေက မလုပ်ပါ။

sumon said...

ဆရာ
တားဆေးအမည်က MARVELON ပါ။
ကျွန်မ ကလေးမီးမဖွားခင်ကလဲသောက်ခဲ့တာ အဲလိုမဖြစ်ဖူးပါ။
ကလေးက ၁နှစ်ရှိပါပြီ။
သားအိမ်နာခြင်းဟာ ကလေးမွေးပြီးစမှာ သားအိမ်ပြန်တင်ရန်အတွက်
အနှိပ်ခံခြင်းနဲ့ရော သက်ဆိုင်ပါသလား?

Anonymous said...

Marvelon ဆေးထဲမှာ Ethinylestradiol နဲ့ Desogestrel တွေပါတယ်။ Oestrogen နဲ့ Progesterone တွေ ဖြစ်တယ်။ ရာသီ စလာတဲ့ နေ့ကနေ စသောက်ရတယ်။ တရက်မေ့သွားတာဆိုရင် နောက်ရက်မှာ ၂ လုံးတခါတည်းသောက်ရမယ်။ ရာသီစလာရက်ထက် ၁ ရက် နောက်ကျတာဆိုလဲ အဲလိုဘဲ တခါတဲ ၂ လုံးသောက်ပါ။ ဆေးသောက်ဘို့ ၂ ရက်မေ့သွားတာနဲ့ ရာသီစလာရက်ထက် ၂ ရက် နောက်ကျတာ ဆိုရင် ကိုယ်ဝန်တားဘို့ သိပ်မသေခြာတော့ဘူး။ ဆေးအလုံးတော့ ပိုမသောက်ပါနဲ့ ၇ ရက်စာ တခြား အကာအကွယ်ပါ ယူပါ။ တကယ်လို့ ဆေးမေ့တဲ့ရက်အရင် ၇ ရက်အတွင်း အကာကွယ်မဲ့ ဆက်ဆံတာ ရှိခဲ့တယ်ဆိုရင် Emergency contraception (Morning after pill) အရေးပေါ်ဆေးသောက်ပါ။ တကယ်လို့ ဆေးသောက်ဘို့ ရက်ကျော်ချိန်ဟာ နောက်ဆုံး ပါတ်ထဲမှာဆိုရင်၊ အရောင်မတူတဲ့ နောက်ဆုံး ၇ ရက် သောက်ရမဲ့ ဆေးတွေကို မသောက်တော့ဘဲ ဆေးကပ်သစ်ကို စသောက်ပါ။
ဒီဆေးမျိုးတွေဟာ ရပ်လိုက်တာနဲ့ သွေးဆင်းနိုင်တယ်။
DTS