Monday, July 11, 2011

သားအိမ်ကင်ဆာအကြောင်း

သားအိမ်ကင်ဆာအကြောင်း

အမျိုးသမီးတွေအတွက် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ ရောဂါတစ်ခုဖြစ်တဲ့ သားအိမ်ကင်ဆာဟာ ယနေ့ကမ္ဘာပေါ် မှာ အတော်လေးကို ရေပန်းစားလို့လာပါပြီ ။ သားအိမ်ကင်ဆာကို ဆေးပညာအရဆိုရင် Endometrial cancer လို့ခေါ် ပါတယ် ။ သားအိမ်ခေါင်း cervix မှာ ဖြစ်တဲ့ ကင်ဆာကိုတော့ cervical cancer လို့ခေါ်ပါတယ် ။ Endometrial cancer ဟာ သားအိမ် ( Endometrium) မှ တဆင့်ဖြစ်ပေါ်တဲ့ Malignancies ကင်ဆာမျိုးနွယ် ပွားတွေဖြစ်ပါတယ် ။ သားအိမ် Uterus နဲ့ သူ့ရဲ့ lining အနားသတ်တွေမှာဖြစ်ပွားပါတယ် ။ United States မှာဆိုရင် နှစ်စဉ် ၃၅၀၀၀ သော မိန်းမတွေဟာ သားအိမ်ကင်ဆာဖြစ်ပွားနေပြီးတော့ အဖြစ်အများဆုံး အမျိုး သမီးရော ဂါတစ်ခုလည်းဖြစ်ပါတယ် ။ အဖြစ်အများဆုံးပုံစံဖြစ်တဲ့ Endometrioid adenocarcinoma မှာ သွေးဆုံးပြီးသားအမျိုးသမီးတွေမှာ အဖြစ်များပါတယ် ။ ဒီလိုအမျိုးသမီးတွေမှာ ပထမဆုံး သားအိမ်နံရံတွေ ထူလာခြင်း Endometrial hyperplasia စတင်ဖြစ်ပေါ်လာပြီး သွေးဆင်းခြင်း Vaginal bleeding နဲ့ present လုပ်ပါတယ် ။ သားဥအိမ်ကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာပြီးရင် တတိယအဖြစ်အများဆုံး အမျိုးသမီး မီးယပ်ရောဂါကြောင့်သေဆုံးမှု နံပတ် ၃ အဆင့်မှာ တည်ရှိပါတယ် ။ သားအိမ်တစ်ခုလုံးထုတ်ပစ်ခြင်း (TAH - Total Abdominal Hysterectomy ) နဲ့ ဘေးနှစ်ဖက် သားဥအိမ်နှင့် သားအိမ် သားဥအိမ် ဆက်လမ်းကြောင်း တို့အား ရှင်းလင်းဖယ်ထုတ်ခြင်း ( Bilateral salpingo-oophorectomy ) တို့ ပြုလုပ်ရပါတယ် ။

Endometrial cancer ကို တခါတရံမှာ Uterine cancer လို့လည်းခေါ်ကြပါတယ် ။ ဒါပေမယ့်လည်း မတူညီတဲ့ ကင်ဆာတွေ ဟာ သားအိမ်အတွင်း endometrium မှသာလျှင်မကပဲသားအိမ်ရဲ့ အခြား တစ်ရှူးတွေ ကနေ လည်း ဖြစ်ပေါ်နိုင်ပါတယ် ။ ဥပမာ သားအိမ်ခေါင်းကင်ဆာ cervical cancer , သားအိမ်ကြွက်သား myometrium မှ ဖြစ်သော Sarcoma of the myometrium နဲ့ trophoblastic ရောဂါတို့ပဲဖြစ်ပါတယ် ။

သားအိမ်ကင်ဆာအမျိုးအစားများ



An endometrial adenocarcinoma invading the uterine muscle

Endometrial cancers အများစုဟာ adnocarcinomas တွေဖြစ်ကြပြီး ဆိုလိုတဲ့သဘောကတော့ တစ်လွှာ တည်းဖြစ် တဲ့ epithelial cells တွေကနေ စတင်ပါတယ် ။ Epithelial cells တွေဟာ Endometrium နဲ့ Endometrial glands တွေ ကို ပိုင်းခြားထားပါတယ် ။ Endometrial carcinoma ကို မိုက်ခရိုစကုပ်နဲ့ကြည့်ပြီး ခွဲခြားလို့ရတဲ့ subtypes များစွာရှိပါတယ် ။ အဖြစ်အများဆုံးကတော့ Edommetrioid type ဖြစ်ပါတယ် ။ အဲဒီ ပုံစံမှာဆိုရင် ကင်ဆာဆဲလ်တွေဟာ ပိုမိုဆိုးရွားတဲ့ပုံစံဖြစ်တဲ့ papillary serous carcinoma နဲ့ clear cell endometrial carcinomas တို့နဲ့ကွာခြားပါတယ် ။ ကဲဆက်လက်လေ့လာကြည့်ရအောင် ။



Endometrial stromal sarcoma

Type I - ဒီအမျိုးအစားဟာည သွေးဆုံးခါနီးအမျိုးသမီးတွေမှာ ဖြစ်တတ်ပါတယ် ။ တခါတရံ estrogen (အမျိုးသမီး ဟော်မုန်း ) တွေများလာခြင်းနဲ့အတူ သားအိမ်နံရံထူလာခြင်းတို့ကို ကြုံတွေ့ရပါတယ် ။ သားအိမ်နံရံ ကို အနည်း ငယ်ဖောက် ထွင်းဝင်ရောက်ပြီး low grade endometrioid type ဖြစ်ပါတယ် ။ Prognosis ဆိုတဲ့ ရော ဂါ ကြောင် ဆက်လက်အသက်ရှင်နိုင်ခွင့်မျှော်လင့်ချက် ကောင်းပါတယ် ။



Uterine carcinosarcoma

Type II - ဒီအမျိုးအစားကတော့ အသက်ပိုကြီးတဲ့ သွေးဆုံးပြီးသားအမျိုးသမီးတွေမှာ တွေ့ရပါတယ် ။ African-Americans တွေ မှာ ပိုအဖြစ်များပါတယ် ။ estrogen များလာမှု နဲ့ဆက်နွယ်မှုမရှိပဲ Prognosis မကောင်းပါဘူး ။ Type II မှာ ပါဝင်တာတွေကတော့

the high-grade endometrioid cancer,
the uterine papillary serous carcinoma,
the uterine clear cell carcinoma စသည်တို့ပဲဖြစ်ပါတယ်။

ဖြစ်လေ့ဖြစ်ထမရှိတဲ့ သားအိမ်ကင်ဆာ နောက်တစ်မျိုးကတော့ Endometrial stromal sarcomas ဖြစ်ပြီး အဲဒီကင်ဆာ ကတော့ ကလန်းန် တွေမဟုတ်တဲ့ connective တစ်ရှူးတွေကနေ စတင်ဖြစ်ပေါ်ပါတယ် ။ Uterine carcinosarcoma ကို Malignant mixed mullerian tumor လို့လည်းခေါ်ပါတယ် ။ ရှားပါးတဲ့ သားအိမ်ကင် ဆာမျိုးဖြစ်ပြီး ကင်ဆာဆဲတွေ လွန်စွာပျံ့နှံ့ပြီး အဲဒီလို ကင်ဆာမျိုးမှာ ဆဲလ်ရဲ့မူရင်းဇစ်မြစ်ကို မသိရှိရပါဘူး ။ မိုက်ကရိုစကုပ်နဲ့ကြည့်ပြီး တော့အောက်ပါအတိုင်းလည်းခွဲခြားနိုင်ပါတယ်။

Histological types I - အဖြစ်အများဆုံးကတော့ Endometrial Adenocarcinoma ပဲဖြစ်ပါတယ် ။ အဆင့် ၃ ဆင့်ရှိပါတယ် ။ Grade I ကတော့ ဆဲလ်တွေကို ကောင်းစွာ ခွဲခြားရနိုင်တဲ့ highly differentiated ဖြစ်ပါတယ် ။ Grade II ကတော့ moderatley differentiated ဖြစ်ပြီး Grade III ကတော့ Undifferentiated ဆဲလ်တွေကို ခွဲခြားမရနိုင်တဲ့အဆင့်ဖြစ်ပါတယ် ။

Histological types II - Adenocanthoma
Histological types III - Adenosquamous carcinoma Malignant glandular element + malignant squamous element high grade malignancy
Histological types IV - Carcinosarcoma Highly malignant စသည်တို့ဖြစ်ပါတယ် ။

ရောဂါလက္ခဏာများ

- သွေးဆင်းခြင်း ၊ သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့ spotting လို့ခေါ်တဲ့ တစ်စက် နှစ်စက်လောက် ပဲဆင်းနိုင်ပါတယ် ။
- မူမမှန်သွေးဆင်းခြင်း ၊ မူမမှန်သွေးဆင်းကာလများ
- အသက် ၄၀ ကျော်သွေးဆုံးခါနီးအမျိုးသမီးများတွင် ပုံမှန်သွေးဆင်းကာလ ကြား ကာလများ တွင် သွေး ဆင်းခြင်း ။ နေ့ရက်ကြာရှည်စွာသွေးဆင်းပြီး ပမာဏများခြင်း ၊ ခဏခဏ သွေးဆင်းခြင်းစသည်တို့ဟာ ကင်ဆာ ဖြစ်နိုင် တဲ့လက္ခဏာတွေဖြစ်ပါတယ် ။
- သွေးအားနည်းခြင်း ( ရက်အကြာကြီး သွေးဆုံးရှုံးတဲ့အတွက်ဖြစ်ရခြင်းဖြစ်ပါတယ်
- ၀မ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း ၊ တင်ပဆုံအတွင်းပိုင်းတွင် ညှစ်ဆွဲထားသလို နာကျင်ခြင်း
- အဖြူရောင်သို့မဟုတ် အရည်ကြည်များဆင်းခြင်း ( သွေးဆုံးပြီးအမျိုးသမီးတွေမှာဖြစ်ပါတယ် ။ )

ဘယ်လိုအခြေအနေမျိုးမှာ အဖြစ်များသလဲ

ဖြစ်ပွားစေတဲ့အချက် Risk Factor တွေကတော့အများကြီးရှိပါတယ် ။ အဲဒါတွေကတော့

- အီစရိုဂျင်ပမာဏများခြင်း
- သားအိမ်နံရံထူလာခြင်း
- အ၀လွန်ခြင်း
- သွေးတိုးခြင်း
- သားဥအိမ်တွင် အရည်အိတ်များစွာတည်ခြင်း ( Polycystic ovary syndrome)
- ကလေးတစ်ယောက်မှမမွေးဖူးသော Nulliparity ( ကိုယ်ဝန်မဆောင်ဖူးခြင်း )
- မျိုးမပွားနိုင်ခြင်း (မြုံနေခြင်း)
- အပျိုဖော်ဝင်ချိန်စောခြင်း (early menarche)
- သွေးဆုံးချိန်နောက်ကျခြင်း (Late menopause)
- သားအိမ်အတွင်းနံရံအဖုများပါခြင်း Endometrial polyps
- ဆီးချိုသွေးချိုရောဂါရှိခြင်း
- Taxmoifen ဆေးသုံးနေခြင်း
- တိရိစ္ဆာန်အဆီများစွာ စားသုံးခြင်း
- တင်ပဆုံအား ဓါတ်ရောင်ခြည်ပေးကုသဖူးခြင်း
- ရင်သားကင်ဆာရှိခြင်း
- သားဥအိမ်ကင်ဆာ ဖြစ်ခြင်း
- မျိုးဥမကြွေခြင်း
- အသက် ၃၅ နှစ်အထက်အမျိုးသမီးများ
- နေ့စဉ် အရက်များစွာ သောက်သုံးခြင်း စသည်တို့ဖြစ်ပါတယ် ။

ရောဂါသိအောင် ဘယ်လိုလုပ်မလဲ

စစဖြစ်ချင်းမှာ ကုသလို့ရတဲ့အတွက် Routine screening လုပ်ဖို့တော့မလိုပါဘူး ။ အစောပိုင်းအဆင့်တွေမှာ စမ်းသပ်မှုရဲ့ အဖြေက ပုံမှန်တွေဖြစ်နေတတ်ပါတယ် ။ ရောဂါပိုပြင်းထန်လာမှသာလျှင်သားအိမ်ရဲ့ အရွယ်အစား ၊ ပုံသဏ္ဍာန် ၊ အပျော့အမာစတဲ့လက္ခဏာတွေပြောင်းလဲသွားမှာဖြစ်ပါတယ် ။

၁ ။ Pap smear ယူခြင်း
၂ ။ သားအိမ်ခြစ်ပြီး အသာစ စစ်ဆေးခြင်း ( သားအိမ်အတွင်းပိုးနှင့်သားအိမ်ခေါင်း အပါအ၀င် )
၃ ။ သားအိမ်ခြစ်ခြင်း Endometrial curettage ဟာ အဆင်မပြေခဲ့ရပင် Dilation and Curettage ( D&C) သား အိမ်ခေါင်းချဲ့ပြီးအတွင်းပိုင်းအား ခြစ်ယူခြင်း ။
၎ ။ သားအိမ်အတွင်းမှန်ပြောင်းထည့်စစ်ဆေးခြင်း ( Hysteroscopy ) ။ တခါတည်းသားအိမ်အတွင်းစယူပြီး biopsy လုပ်နိုင် ပါတယ် ။ D and C လုပ်သလို မမြင်မစမ်းလုပ်နေစရာမလိုပဲ သေချာ မသင်္ကာတဲ့နေရာတွေကို ယူနိုင်ပါတယ် ။
၅ ။ Endometiral biopsy or aspiration
၆ ။ မိန်းမကိုယ် အတွင်းပိုင်းအာ အာထရာဆောင်းရိုက်ခြင်း ( Transvaginal ultrasound)
၇ ။ အခုနောက်ပိုင်း TruTest လို့ခေါ်တဲ့စမ်းသပ်မှုတစ်ခုပေါ်လာပါတယ် ။ ကျုဲံ့လို့ကွေးလို့ရတဲ့ Tao Brush နဲ့ သားအိမ် ရဲ့ entire lining ကိုခြစ်ယူပါတယ် ။ နာကျင်မှုသက်သာပြီး စမ်းသပ်ဖို့လုံလောက်တဲ့ တစ်ရှူးတွေရ ရှိပါတယ် ။ ရိုးရှင်းပြီး သက်သာပါတယ် ။ TruTest ကိုတခါတရံမှာအသုံးပြုပြီး အများစုကတော့ Pap smear ကိုသာ အသုံးများပါတယ်။
၈ ။ Serum p53 antibody ကိုတိုင်းတာခြင်း စသည်တို့ဖြစ်ပါတယ် ။

ကုသခြင်း

ပထမဆုံးကုသခြင်းကတော့ Srugical ပဲဖြစ်ပါတယ် ။ အနည်းဆုံး ၀မ်းဗိုက်အတွင်းအရည်ယူမယ် (Peritoneal fluid ကို ယူပြီး cytologic sampling လုပ်ခြင်း ) ၊ ဗိုက်ဖွင့်ခြင်း ၊ lymph nodes များအားစမ်းသပ်ပြီး biopsy ယူခြင်း ၊ သား အိမ်ကို ထုတ်ခြင်း ၊ သားဥအိမ် ၂ လုံးထုတ်ခြင်း ၊ Lymph node များထုတ်ခြင်း ၊ စသည်တို့ဖြစ် ပါတယ် ။ တခါတရံ သားအိမ်ခေါင်းအထိပါ ပျံ့နှံနေပြီဆိုရင်တော့ သားအိမ်ခေါင်းပါ ထုတ်ပစ်ရလေ့ရှိပါတယ် ။ သားအိမ်ကို ၀မ်းဗိုက်ဖွင့်ပြီး ထုတ်ခြင်း (Abdominal hysterectomy ) နဲ့ မိန်းမကိုယ်အတွင်းမှ အဆင့်လိုက် ထုတ်ပယ်ခြင်း ( vaginal hysterectomy ) ဆိုပြီး ရှိပါတယ် ။ အဆင့် ၁ သည် ခဏခဏပြန်ဖြစ်ဖို့ များပါတယ် ။ အဆင့် ၂ ကိုတော့ ခွဲစိတ်ပြီး ဓါတ်ရောင်ခြည်ပေးပါတယ် ။ အချို့ လူနာတွေမှာတော့ ကင်ဆာဆေးသွင်းခြင်း Chemotherapy ကိုပေး ပါတယ် အထူးသဖြင့် အဆင့် ၃ နဲ့ ၄ မှာဖြစ်ပါတယ် ။ Endometrial stromal sarcomas အ တွက် Hormonal therapy ဖြစ်တဲ့ progestins နဲ့ antiestrogen တွေပေးပါတယ် ။

Herceptin လို့ခေါ်တဲ့ Antibody ကိုတော့ HER2/neu protein နဲ့ overexpress လုပ်ဆတဲ့ ရင်သားကင် ဆာကုသ တဲ့နေရာမှာသုံးပါတယ် ။

ကုသခြင်း၏ နောက်ဆက်တွဲ complication များ

- D&C လုပ်ရင်းနဲ့သားအိမ်ပေါက်ထွက်ခြင်း ( Uterine perforation ) ရနိုင်ပါတယ် ။
- Asherman's syndrome (သားအိမ်အတွင်းပိုင်းကပ်ငြိတွယ်ခြင်း ) Intrauterine adhesion ရနိုင်ပါတယ် ။ D&C လုပ်တဲ့ အခါ complication အနေနဲ့တွေ့ရပါတယ် ။ အကျိုးဆက်ကတော့မျိုးမပွားနိုင်ခြင်းနဲ့ နောက်ပိုင်း ကလေးမွေးတဲ့ အခါ အခက်အခဲမျိုးစုံ Obstetric complications တွေနဲ့ ကြုံရနိုင်ပါတယ် ။

Ref : http://en.wikipedia.org/wiki/Endometrial_cancer

သက်တန့်ချို
11 July 2011

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................


Related Posts :



No comments: