Tuesday, November 2, 2010

အသည်းသမားတို့အတွက် သင့်တင့်သော LifeStyle

အသည်းရောင် အသားဝါရောဂါဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ နာတာရှည် အသည်းရောဂါတစ်ခုပါ။ ဘီပိုးဝင်တိုင်း နာတာရှည် အသည်းရောင်တဲ့အဆင့်ကို မရောက်ပေမယ့် အသည်းရောင် အသည်းခြောက်၊ အသည်းကင်ဆာဖြစ်ပြီး သေဆုံးသူတွေလည်း မနည်းပါဘူး။ အသည်းရောင်အသားဝါဘီ ရောဂါဟာ သူ့ကြောင့် မသေအောင် ထိန်းသိမ်းကုသနိုင်တဲ့အဆင့်ကို ရောက်လို့နေပါပြီ။ သို့သော်လည်း ဆေးကုသ ကုန်ကျစရိတ်တွေက များပြားတာကြောင့် မြန်မာပြည်သူ အများစုကတော့ လက်လှမ်းမမှီနိုင်သေးပါ။ ဒါ့ကြောင့် ဆေးမကုနိုင်ရင်လည်း အတတ်နိုင်ဆုံး ကျန်းမာအောင် နေနည်းတွေနဲ့ ဆေးသောက်သူတွေမှာ လိုက်နာသင့်တဲ့အချက်များကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(၁) အစားအသောက်။ အသည်းရောင်ဝေဒနာသည်အတွက် အထူးတလည် diet မလိုအပ်ပါဘူး။ အာဟာရပြည့်ဝအောင် စားဖို့တော့ လိုပါတယ်။ အာဟာရပြည့်ဝတယ်ဆိုတာက လိုအပ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အသီးအရွက်၊ သတ္တုဓာတ်တွေကို မျှတအောင် စားသောက်ဖို့ လိုအပ်ပါတယ်။ အာဟာရပြည့်ဝအောင် စားမယ်ဆိုရင် ပျက်စီးသွားတဲ့ အသည်းဆဲလ်တွေကို ပြန်လည် အစားထိုးနိုင်မယ်။ လုံလောက်တဲ့ အားအင်ရမယ်။ လန်းလန်းဆန်းဆန်းရှိမယ်။ ကိုယ်ခံအားကောင်းလာမယ်။ မြန်မာတွေချက်တဲ့ဟင်းတွေဟာ ဆီများတတ်တယ်။ ဆားများတတ်တယ်။ မလိုအပ်တဲ့ အမှုန့်တွေများတတ်တယ်။ အဲဒါတွေက ကြည့်လို့ပဲကောင်းတာ။ အာဟာရတန်ဖိုးမရှိဘူး။ ဒီတော့ ဟင်းချက်တဲ့နေရာမှာ ဆီကို အနည်းဆုံးထည့် ဆားကို အနည်းဆုံးသုံးပြီး ချက်ဖို့လိုတယ်။ တချို့ကပြောတယ်။ အဲဒီလို ဆီမပါ ဆားမပါဟင်းချက်ရင် ဘယ်စားလို့ကောင်းမှာလဲတဲ့။ ဟုတ်ပါတယ်။ စားလို့မကောင်းပါဘူး။ လူအများစုကလည်း မကြိုက်ကြပါဘူး။ အဲဒါကြောင့်လည်း လူတွေရောဂါထူပြောနေတာပါ။ မကျန်းမာကြတာပါ။ အရေးကြီးတာက လျှာကို အလိုမလိုက်ဖို့ လိုပါတယ်။ ကိုယ်သုံးမှာထက်ပိုစားရင် ကိုယ်အလေးချိန်တိုးလာမယ်။ တနည်းအားဖြင့် ၀လာမယ်ပေါ့ဗျာ။ အဆီများရင် အသည်းမ နဂိုကတည်းက မကောင်းတော့ အသည်းအဆီဖုံးတတ်တယ်။ အဲဒီကနေတဆင့် အသည်းဟာ လျင်မြန်စွာ ပျက်စီးလာနိုင်ပါတယ်။ ၀ပြီး အသည်းအဆီဖုံးသူတွေဟာ ဘီပိုးအတွက် ပိုးသတ်ဆေးသောက်မယ်ဆိုရင်တောင် မ၀သူတွေထက် ဆေးကို တုံ့ပြန်အားနည်းပါတယ်။ တနည်းဆိုသော် ဆေးသိပ်ပြီး မတိုးဘူးပေါ့။ ဒါဆိုရင် သောက်ထားတဲ့ ဆေးတွေ အလဟသတ် ဖြစ်ကုန်မှာပါ။ နောက်ပြီး လိုတာထက် ပိုစားရင် ဆီးချိုဖြစ်လာပါမယ်။ ဘီပိုးကြောင့် အသည်းမကောင်းသူတွေဟာ သာမန်လူတွေထက် ဆီးချိုဖြစ်နိုင်ချေ ပိုမိုများပြားပါတယ်။ အောက်ပါအစားအသောက်များကို လုံးဝရှောင်ကြဉ်ရပါမည်။
  • ဆိုးဆေးပါ အစာများ (ငါးချဉ်၊ ပုစွန်ချဉ်၊ အရောင်ဆိုး ထားသော ငရုတ်ချဉ်၊ အရောင်ဆိုးထားသော သီးနှံများ)
  • အကင်များ
  • အရက်
  • ကြာရှည်ခံအောင်ပြုလုပ်ထားသော ချဉ်ဖတ်အစရှိသည့်အစာများ
  • ဗိုက်တာမင်စီပါဝင်သော ချဉ်သည့်အစားအစာများကို အလွန်အကြူးစားခြင်း
  • သံဓာတ်များစွာ ပါဝင်သည့် အစိမ်းရင့်ရောင်အရွက်များ ကို အလွန်အမင်းစားခြင်း

ဗိုက်တာမင်စီဟာ လူအတွက်လိုအပ်တယ်။ အသည်းအတွက်လည်း လိုအပ်တယ်။ သို့သော် တစ်နေ့တာတွင် ၂၀၀ မီလီဂရမ်ထက် ပိုစားခြင်းဟာ အသည်းကို လိုတာထက် ပိုအလုပ်ပေးမိသလိုဖြစ်ပြီး ဆိုးကျိုးကိုဖြစ်စေတယ်။ ဒါ့ကြောင့် ဈေးကွက်ထဲမှာ ရောင်းနေကြတဲ့ စိတ်ဖိစီးမှုပျောက်စေ ဆေးတွေဟာ ဗိုက်တာမင်စီ ၅၀၀ မီလီဂရမ်ပါဝင်ပါတယ်။ ဒ့ါကြောင့် မသောက်ရပါဘူး။ သံဓာတ်ဟာလည်း ဒီလိုပဲ။ အသည်းကို အနားပေးချင်ရင် သံဓာတ်ကို အများကြီး မစားဖို့လိုတယ်။ ထမင်းစားရင် အသားနဲ့ချည်းပဲ မစားသင့်သလို အရွက်နဲ့ချည်းပဲလည်း မစားသင့်ပါဘူး။ ရောဂါပျံ့တာ ပိုမြန်လာပါမယ်။

(၂) လေ့ကျင့်ခန်း။ အသည်းရောင်ဝေဒနာရှင်တွေ အတွက် ပုံမှန် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဟာ အလွန်ပင် အရေးကြီးလှပါတယ်။ ပင်ပင်ပန်းပန်း လုပ်စရာမလိုပါဘူး။ တစ်နေ့ကို သွေးလည်ပတ်မှု ကောင်းရုံလောက် လမ်းလျှောက်တာတို့၊ ရေကူးခြင်းတို့ဟာ အလွန်ကောင်းလှပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပုံမှန် ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဖြင့်
  • အ၀လွန်ခြင်းကို ထိန်းသိမ်းနိုင်ပါတယ်။
  • ချွေးထွက်ပြီး နေလို့ထိုင်လို့ကောင်းတယ်။
  • ကိုယ်ခံအားစနစ်ကို ကောင်းစေတယ်။
  • ဆေးသောက်ခြင်းကြောင့် ညောင်းခြင်းညာခြင်းကို သက်သာစေသည်။
လမ်းလျှောက်မည်ဆိုပါက တစ်နေ့လျှင် မိနစ်၃၀ လောက်အထိ လျှောက်သင့်သည်။ နေ့စဉ်လျှောက်ရမည်ဖြစ်သည်။ ချက်ချင်း နာရီဝက်ခန့် မလျှောက်နိုင်ပါက ၁၀ မိနစ်မှ စတင်လျှောက်ပြီး တဖြည်းဖြည်း တိုးသွားနိုင်သည်။ ချက်ချင်း ကိုယ်အလေးချိန်ကျသွားမည် မဟုတ်ပါ။ သို့သော် တဖြည်းဖြည်းချင်းကျလာပြီး နေလို့ကောင်းလာမှာ ဖြစ်ပါတယ်။


Related Posts :



6 comments:

Unknown said...

ကျွန်မမှာ ဘီပိုးရှိပါတယ်ဆရာ။ နိုင်ငံခြားသွားဖို့ ဆေးစစ်တော့မှ ရှိမှန်းသိတာပါ။ အရင်က မသိခင်ကတော့ မတည့်တာတွေလည်း စားမိမှာပေါ့ဆရာရယ်။ အခုတော့ေ၇ှာင်ပါတယ်။ ရှင်လျှက်နဲ့ သေသလို လည်း ခံစားနေရဆဲပါ။ ဆရာဝန်ပြပြီး ကုသခံနေဖို့ ကလည်း မတတ်နိုင်တော့ အခုတော့ မဖြစ်နိုင်သေးပါဘူးဆရာ။ တခုသိချင်တာက ကျွန်မတို့ အတွက် မစားရတာတွေကများတော့ အဟာရမှ ရှိပါ့မလားလို့ တွေးမိတာပါဆရာ။ ဥပမာ. သံဓါတ်ပါတာတွေ၊ နို့ နဲ့ ပတ်သတ်တဲ့ ထောပတ်တို့ ချီ့ စ် တို့ ၊ ကြက်ဥနဲ့ ဘဲဥတို့ လိုတွေ၊ ဆီကြော်တွေ၊ အချဉ်ဓါတ်တွေရှိတဲ့လိမ်မော်သီးတို့ ၊ ပန်းသီးတို့ တွေ၊ မုံလာဥတွေ၊ ခရမ်းချဉ်သီးတွေ စသဖြင့်ပေါ့ဆရာရယ်၊ ကျွန်မသိချင်တာက လုံးဝကို အဲ့ဒီ့အစားအစာတွေ မစားရတာလား၊ ဒါမှမဟုတ် နဲနဲလောက်တော့ စားရင် ရပါသလားဆရာ၊ အဲ့ဒီ့အစားအစာတွေ မစားရဘူး ဆိုတာသိထားတော့ ကျွန်မမှာ ကြက်သား၊ နဲ့ ပုဇွန်က လွဲလို့ ဘာမှ စားစရာမရှိဘူးဖြစ်နေပါတယ်။ တခုခုစားမယ်ဆိုရင် ဥပမာ အပြင်မှာ ထမင်းကြော် စားမယ် ဆိုရင်တောင် ကြက်ဥနဲ့ မုံလာဥကတော့ အနည်းငယ်ပါနေတာဘဲမဟုတ်ပါလားဆရာ၊ ဆေးလိပ်တို့ ကွမ်းယာတို့ အရက်တို့ ကတော့ ရှောင်ပြီးသားပါဆရာ။ ဆေးဖိုးနဲ့ ဆရာဝန်ခ မတတ်နိုင်တဲ့ကျွန်မ အဖို့ အစားအသောက်လေးကို ဘယ်လို စားသောက်သင့်သလဲ၊ အထက်ဖေါ်ပြပါ အစားအစာတွေက လုံးဝရှောင်ရမှာလား၊ နဲနဲ စားလို့ ဖြစ်ပါသလားဆိုတာ သိခွင့်ရှိချင်ပါတယ်ဆရာ။ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် သက်ဆိုးမရှည်နိုင်ဘူး လို့ တွက်ထားပြီးသားပါဆရာ။ ကျေးဇူးပြုပြီး အဖြေပေးစေချင်ပါတယ်ဆရာ။ လေးစားစွာဖြင့်

Anonymous said...

ဘီပိုးရှိတိုင်း နာတာရှည်အသည်းရောင်ရောဂါမဖြစ်ပါဘူး။ အလွန်နည်ပါးသော အရေအတွက်ကသာ အသည်းရောင်တာပါ။ လူတစ်ရာမှာ ၉၀ လောက်က ပိုးရှိပေမယ့် ဘာ sign မှ မပြပါဘူး။ ဒါ့ကြောင့် ရှင်လျက်နဲ့ သေတယ်ဆိုတာ မဟုတ်ပါဘူး။ ဘီပိုးအတွက် အစာရှောင်တာကြောင့် အာဟာရ မချို့တဲ့ပါဘူး။ စားချင်တိုင်းတော့ စားလို့မရဘူးပေါ့။ ကြက်ဥစားလို့ရပါတယ်။ အသားတွေလည်း စားလို့ရပါတယ်။ လုံးဝရှောင်ရမည့် အစာတွေကို ကျွန်တော် ဖော်ပြထားပါတယ်။ ကျန်တာတွေက အာဟာရဖြစ်မယ်ဆိုရင် သင့်တင့်ရုံစားလို့ရပါတယ်။ အပြင်စာတွေထဲမှာ လမ်းဘေးမှာရောင်းတဲ့အကြော်တွေ၊ ၀က်သာဒုတ်ထိုးတွေ၊ လက်သုပ်စုံတွေ၊ ရှောင်ရမယ်။ လုံးဝမစားသင့်ပါ။ နောက်ပြီး ဘာစားစား ဆိုးဆေးပါတာ မစားပါနှင့်။ ဘာတွေက ဆိုးဆေးပါလဲဆိုတော့ အစာတစ်ခုစားခါနည်းတိုင်း သတိထား ဆင်ခြင်ကြည့်ပါ။ ဒီအသား၊ ဒီအရွက် က သဘာဝအရောင်လား၊ ဆေးဆိုးထားတာလားဆိုတာကို။

CHO said...

HCV positive ဖြစ်တာသိရတာမကြာသေးပါဘူးဆရာ။ လိုအပ်တာဆက်စစ်တော့ result က viral load-2945 , Genotype-6C1. အသည်းလည်းကောင်းတယ်။ အဲဒါ ပိုးသတ်ဆေးထိုးသင့်ပါသလားဆရာ။ ပိုးများလာတဲ့အချိန်ထိစောင့်ပြီးမှ ကုသမှုခံယူတာထက် ပိုးနည်းတုံး ကုသမှုခံယူတာ ဘယ်ဟာက ပိုပြီးသင့်၊မသင့် ဆရာ့အကြံပြုချက်လေး သိပါရစေဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

Unknown said...

Sayar,
I have Hepatitis B positive. Now I am living in abroad and I can't effort to have treatment in here. I just like to know whether I can take liver tablets for the time being? If possible please indicate me which one would be suitable?

Thanks

Anonymous said...

Dear Lett,

First of all, having Hepatitis B virus alone does not mean you need to take treatment. There are millions of people around the world living with HBV and no treatment is needed. Whether to take treatment or not, you first need to consult with a liver specialist. But it depends on your financial situation. If you follow recommendations from my post, your health will be greatly improved without taking any medication. I do not have necessary qualification to tell you which hepatic medicine is good for you.

KKSOE04 said...
This comment has been removed by the author.