Thursday, October 21, 2010

Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ

October 8, 2010 1:39 PM
Q 1: အပျိုတကယ် စစ်ပါတယ်ကို ဖတ်ပြီးတော့ သမီးတို့ မသိသေးတာတွေတောင်ပါလို့ ဗဟုသုတ ရပါတယ်။ ကျေးဇူး တင်ပါတယ်။ လူပျိုတကယ် စစ်ပါတယ် ဆိုတာလဲ ဖတ်ချင်ပါတယ်။ ဘယ်လိုသိနိုင်လဲ ဖြေပေးပါနော်။
2010/10/19
Q 2: သမီးတို့ မိန်းခလေးတွေကို အပျို စစ်-မစစ် ကို ဆေးပညာအရ ကြည့်လို့ ရတယ်ဆိုရင် ယောက်ကျားလေးတွေ ကိုရော လူပျို စစ်-မစစ် ဘယ်လို ကြည့်ရလဲ သိချင်ပါတယ်။

ခုခေတ်မှာ Communication ကို တကမ္ဘာလုံးနဲ့ အလွယ်လေး လုပ်နေကြတာမို့ ဘယ်သူတွေ ဘယ်လို မြင်ကြသလဲ- ထင်ကြသလဲ သိဘို့၊ ကိုယ်က ပြောချင်တာ ပြောဘို့ဆိုတာ ပိုက်ဆံမကုန်ဘူး ပြောရလောက်အောင် ဈေးကလဲ ချိုလှတယ်။ “Male Virginity” အကြောင်း မေးခွန်း တက်လိုက်ရင် Taboo ဘဲလို့ ဖြေတဲ့သူ မနည်းတာ တွေ့ရတယ်။

ယောက်ျားလေး လူပျို စစ်တယ် မစစ်ဘူးက မိန်းကလေးတွေ အပျို စစ်-မစစ်လောက် ပြောရ-စစ်ရာတာ မလွယ်ပါ။ သိပ်လဲ မသိချင်ကြပါ။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ ဘက်လိုက်ပြောတယ်လို့ မထင်ပါနဲ့။ အခု အမေးတွေကလဲ ဆေးပညာ-ဗဟုသုတ သိချင်ကြလို့နဲ့ တူပါတယ်။ သတို့သမီးလောင်းက မေးလာရင်တော့ “သံသယ အကျိုး ခံစားထိုက်တယ်” လို့ဘဲ ဆရာဝန်က ပြောရမှာပါ။

မိန်းမနဲ့ စပ်ယှက်ဘူးလို့ ကျားအင်္ဂါမှာ ထူးပြီး ပြောင်းလဲသွားတာ မမြင်နိုင်ပါ။ တခြား ဘယ်နေရာတွေမှလဲ မပြောင်းလဲပါ။ သစ္စာရေ သောက်ခိုင်းကြမလား မသိပါ။ တရားသူကြီးတွေလဲ ကျမ်းကျိန်တာ လက်ခံတယ်။ ဆရာဝန်လဲ ရှေ့နေလိုဘဲ မှားနိုင်ပါတယ်။

လူ့အသိုင်းအ၀ိုင်းမှာ တန်ဘိုးထားမှုတွေ မတူကြဘူး မဟုတ်ပါလား။ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းကို ဘယ်သူ့ကိုမှ မပေးဘူးတဲ့၊ ပေးလဲမရတဲ့၊ လက်ဆောင်မွန် ဆိုတာ Virginity သာရှိတယ်လို့ လက်ခံကြတာလဲ ရှိတယ်။ စာတပုဒ်မှာ ရေးဘူးလိုက်သလို “ကျမ ကောလိပ် သွားရတော့မယ်၊ အပျိုဘ၀နဲ့တော့ မသွားချင်ဘူး” လို့ မင်းသမီးငယ်က ပြောတာလဲ ရှိသေးတယ်။

ယောက်ျား လိင်အင်္ဂါမှာ Frenulum ဆိုတာ ရှိတယ်။ အပေါ်ဖုံးအရေပြားနဲ့ အထဲက လိင်တံ အောက်ခြေမှာ တွယ်နေတဲ့ အလည်ခေါင် တည့်တည့်က နေရာလေး ဖြစ်တယ်။ Frenulum ကွာသွားရင် အတော် နာတယ်။ ဒါဟာ မိန်းကလေး အပျိုမြှေး ပေါက်သွားတာနဲ့ ယှဉ်ကြည့် နိုင်လောက်ပါတယ်။ ဘာလို့ ကွာရသလဲ။ ပဌမဆုံးအကြိမ် မိန်းမနဲ့ နေလိုက်ရင် နာပါမယ်။ “ဒါဆို သိနိုင်ပြီပေါ့” “လို့ မထင်လိုက်ပါနဲ့။”

ဒါကြည့်ပြီး လူပျို မဟုတ်တော့ဘူး ပြောဘို့ အခွင့်အလမ်း အင်မတန် နည်းပါးလှတယ်။ ယောက်ျားလေးတွေကို ပြုစု ပျိုးထောင်မှုက မိန်းကလေးတွေလောက် မတင်းကြပ်ဘူး မဟုတ်လား။ ပါတ်ဝန်းကျင်ကလဲ ကွာသေးတယ်။ လူငယ်ဘ၀ လက်နဲ့ ကစားတာက ရာနှုန်းပြည့်ဘဲလို့ ပြောရင် နဲနဲဘဲ ပိုမယ်။ သူ့ဖါသူ လက်နဲ့ ကစားရင်းဖြစ်ဖြစ်၊ ခိုက်မိတာဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ ဖြစ်ဖြစ် အဲလို ဖြစ်သွားတယ်။ သမီးရည်းစားတောင်မှ မရှိသေးခင် ဖြစ်နေနိုင်တယ်။

သူများ နိုင်ငံတွေရဲ့ တန်ဘိုးထားမှုတွေကို ဘေးချိတ် ထားပါမယ်။ လူမှုရေးဘာသာရပ်လဲ ဖြစ်လို့ပါ။ ဆေးပညာကိုသာ ရေးပါမယ်။ “မြန်မာ ယောက်ျားလေးတွေ ဘယ်လိုနည်းနဲ့ လူပျိုရည် ပျက်ကြတာ များသလဲ။” လူပျိုလေးတွေဟာ အရွယ် နဲနဲ ပိုကြီးသူတွေ၊ အနီးအနား ရှိသူတွေနဲ့ ပေါင်းသင်းလေ့ရှိတယ်။ မတုမြင် အတတ်သင်ကြတယ်။ စကားအဆန်းတွေ နားထောင်လေ့ ရှိကြတယ်။ အားကျလေ့ ရှိကြတယ်။

လူပျိုပေါက်မှာ ဟော်မုန်းတွေကလဲ တန်ခိုးပြ စိတ်ကလဲ ထကြွလာပြီး၊ “သောင်းကျန်းသူ” ဆိုတာ သူတို့မှ အစစ်။ လူပျိုဖြစ်-ကျူရှင် ယူချင်ကြတယ်။ သင်တဲ့လူတွေကလဲ လက်တွေ့နည်းကိုပါ အခမဲ့ပေးကြတယ်။ ဈေးပေါပေါ၊ ခပ်လွယ်လွယ် “၀ယ်စားလို့ ရတာမျိုး” နဲ့ ကွင်းဆင်းစေတယ်။ နောက်မှ ဆီးအောင့်၊ ဆီးပူ၊ ပန်းအဖျားမှာ အနာပေါက်ရင် ဆေးမီးတို ပေးအုံးမယ်။ တကယ်လို့ ပွဲမ၀င် ပြင်ကျင့် မင်္ဂလာဆောင်ခါနီးမှ အနီးကပ် သင်တန်းတက်ရင် “သတို့သမီး ဆေးမီးတိုနဲ့ မရပါ။” ဒါတွေ ပြင်ကြပါ။ အဲဒီကြမှ လူပျို-မစစ်တာ ပေါ်မယ်။

၂၀၁၀ ဇူလိုင် ၂ ရက်နေ့က (CBS/AP) သတင်းမှာ သိပ်ထူးခြားတာတခု ဖတ်ရလိမ့်မယ်။ ဗီယက်နမ်မှာ တိုင်းရင်း-ရိုးရာ ဆေးနည်းနဲ့ တရားခံ ၃ ယောက်ကို စမ်းသပ်စစ်ဆေးပြီး “ဒီလူတွေဟာ တခါမှ မိန်းမနဲ့ မဆက်ဆံဘူးသူတွေ ဖြစ်တယ်” လို့ ထွက်ဆိုပါသတဲ့။ တရားခံတွေဟာ အသက် ၂၀ အမျိုးသမီးတယောက်ကို Gang-rape အုပ်စုလိုက် မတရားကျင့်မှုနဲ့ ထောင်ထဲမှာ ၁၀ နှစ်နေထားပြီး သူတွေပါ။ ယောက်ျားတွေရဲ့ နား နောက်ဖက်မှာ အနီစက်လေးတွေကို စမ်းတွေ့ရင် လူပျိုတဲ့၊ (ဂေး) ဆိုရင်တော့ မသိဘူးတဲ့။ ဖါသာ-အာသာဖြေဘူးတာလဲ စမ်းမသိနိုင်ဘူးလို့ ဆရာမကြီး Pham Thi Hong က ပြောတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ပဌမဆုံး Male Virginity Test စမ်းသပ်နည်း ဖြစ်ပါမယ်။ “ဒီနည်းက မမှန်နိုင်ပါဘူး” လို့ ပြောကြပါတာမှာ ဆရာဝန်တွေသာမက သူ့ထက် ၀ါရင့် တိုင်းရင်းဆရာတွေလဲ ပါတယ်။ တရားခံတွေ မလွတ်ကြပါ။

နားနောက် Chickenpox ပေါက်နေရင်တော့ အံကျပေါ့။

Dr. တင့်ဆွေ
၂၁-၁၀-၂၀၁၀


Related Posts :



18 comments:

Unknown said...

"နားနောက် Chickenpox ပေါက်နေရင်တော့ အံကျပေါ့။ " ဆိုတာ ဘာကို ပြောတာလဲ ဆရာ။ အဲဒီ chickenpox ဆိုတာကို ဘယ်လို ကြည့်ရလဲဟင်။ အဲဒါလေး ပေါက်နေရင် လူပျိုမစစ်တာ ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်။

Anonymous said...

Dear ပွင့်ဖတ်ဖြူလေး
It was just added with a sense of humor. Red spots can be seen in many diseases like acne, Rosacea, Boil, Folliculitis, Insect bite, Allergy, and etc. I mean it is not possible.

Myo Win Zaw said...

ဆရာ့ဆောင်းပါးတွေဟာ လူငယ်တွေအတွက် အလွန်အဖိုးတန်ပါတယ် ဆရာကိုကျေးဇူးတင်လျက်

Anonymous said...

Myo Win Zaw said...
အများကြီး ကျေးဇူးတင်ပါတယ်။ Feedback ရတော့ ရေးတာတွေ-ပြောတာတွေ-လုပ်တာတွေမှာ အကျိုး များစေပါတယ်။

sweetpeony said...

ဆရာရယ်..
အဲလိုကျတော့ မိန်းမနဲ့ ယောကျာ်း ဘယ်တရားပါ့မလဲနော်...
မိန်းမကျတော့ သိရပြီး ယောကျာ်းတွေကျတော့ သူတို့ဘာလုပ်လုပ် မသိရဘူး...

Anonymous said...

sweetpeony said...
လောကမှာ နေရာတကာ မတူတာတွေ အများကြီး မဟုတ်လား။ မတူပေမဲ့ တနေရာမှာ အားသာရင် တနေရာမှာ အားနည်းတတ်ပါတယ်။

Unknown said...

ဆရာရေ ဒေါ်စုလည်းလွတ်မြောက်လာပြီ ဆရာတို့လည်းအမျိုးသားကျန်းမာရေးအတွက် နိုင်ငံမှာပြန်ပြီးတာဝန်ထမ်းရမယ့် အချိန် မြန်မြန်ရောက်ပါစေလို့ဆုတောင်းပါတယ်

Anonymous said...

Maung said...
ဆုတောင်းအတိုင်း ပြည့်ချင်ပါတယ်။ ဆုတောင်းပေးသူ ကျေးဇူး တင်တယ်ဗျာ။ မနေ့နဲ့ တမြန်နေ့က အလုပ်ရှုတ်သလား မမေးနဲ့။ နေ့စာ တနပ်၊ ညစာတနပ် လွတ်ရောဘဲ။ အထဲမှာ ခြင်ကိုက်ခံ စောင့်အိပ်သူတွေ လောက်တော့ ကိုယ်က မဆိုးပါဘူး။ ဒီကြားထဲ ကလေးတယောက် မွေးပေးရသေးတာ။ ကလေးဖွါးချိန်နဲ့ လွတ်သတင်း BBC ကနေ အင်တာဗျူးဘို့ ဖုန်းရချိန် အကိုက်ဘဲ။

Dr Swe, a leader of the National League for Democracy and Burmese leader-in-exile, speaks to NDTV on Suu Kyi's release from house arrest. Read more at: http://www.ndtv.com/video/player/news/overwhelmed-by-suu-kyi-s-release-dr-tint-swe/175572?cp

Unknown said...

ဆရာကြည့်ပြီးပြီ အာဇာနည် ဘလော့မှာတင်ထားတာတွေ့လို့ ကြည့်ပြီးပြီ ဆရာသုံးသပ်တဲ့ အဖြေတွေကောင်းပါတယ်

Unknown said...

ဆရာ သွားတစ်နှစ်တစ်ခေါက် ခြစ်ရင်ကောင်းလား
နောက်ဆက်သွယ်ဘာဖြစ် လာမလဲ
ကျေးဇူးတင်လျှက်

Unknown said...

ဆရာ သွားတစ်နှစ်တစ်ခေါက် ခြစ်ရင်ကောင်းလား
နောက်ဆက်သွယ်ဘာဖြစ် လာမလဲဆိုတာ
ကျေးဇူးပြုပြီး ပြန်ဖြေပေးပါနော်ဆရာ

Unknown said...

ဆရာရှင့်
အပျိုစစ်တဲ့အမျိုးသမီးတွေဟာ ပထမဆုံးလိင်ဆက်ဆံတဲ့အခါ သွေးထွက်တယ်လို့ကျွန်မသိထားပါတယ် ကျွန်မက အိမ်ထောင်မကျခင်က အခြားလိင်ဆက်ဆံဖူးတာမရှိပါဘူး အပျိုစစ်ခဲ့ပါတယ် ပြီးတော့ပထမဆုံးညမှာလည်း သွေးထွက်ပါတယ်ဆရာ ဒါပေမယ့် ကျွန်မ အမျိုးသားက ကျွန်မကို အပျိုစစ်တယ်ဆိုတာ မယုံဘူးလို့ပြောလာပါတယ် ဘယ်လိုထပ်ပြီးဖြေရှင်လို့ရအုံးမလဲရှင် ထပ်ပြီးအပျိုစစ်ကြောင်းသက်သေပြနိုင်တဲ့နည်းရှိရင်ပြောပါအုံးရှင် ကျွန်မအမျိုးသားရဲ့အပြောအရ အချို့ လိင်မဆက်ဆံတာ ကြာရင် အဲလိုပဲသွေးထွက်တယ်လို့ပြောပါတယ် သူ့သံသယကြောင့်အိမ်ထောင်ရေးသိပ်အဆင်မပြေဖြစ်လာမှာအရမ်းကြောက်ပါတယ်ဆရာ ကူညီပါရှင်(သူကတော့ လူပျိုမစစ်ပါဘူးဆရာ သူကိုယ်တိုင်ပြောပြပါတယ် ဒါပေမယ့် ကျွန်မခွင့်လွှတ်နိုင်ပါတယ်ဆရာရယ်)

Anonymous said...

Khaing Thwet said...
ဒေါက်တာတင့်ဆွေကို မေးချင်ရင်
drswe01@gmail.com
ကို တိုက်ရိုက် အီးမေးလ် ပို့ပါ။
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့တိုင်းပြည်။ ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://dts-political-page.blogspot.in/
- http://yamunaclinic.org/
- http://facebook.com/tint.swe.dr

na na said...

ဆရာ လူပျို ဖြစ်တဲ့ အချိန်မှာ နို့မ ချေပေးခဲ့လို့ ထင် ပါတယ် အခု အပျို နို့လိုပဲ ကြီးနေတယ်။ ကူညီပါဦးဆ၇ာ။အသက် ၂၄နှစ် နေ၇ာ မ လေးရှား kl

Anonymous said...

ဆ၇ာ..ကျွှန်တော်hiv test ကို 6လလောက်နေပြီးမှ စစ်ခဲ့ပါတယ်..hivမ၇ှိဘူးလို့ပြောပါတယ်...အဲဒါယုံလို့၇ပါသလား?

ngwe said...

ဆရာ့ကို ကျေးဇူးအထူးတင်ပါတယ်..နောက်သိချင်တာ တစ်ခုက အပျိုစစ် မစစ် တင်ပါးကြည့်လို့ ရတယ်ဆိုတာ ..ဘယ်လိုကြည့်နိုင်တာလဲ ..

Unknown said...

ဆရာ့ကိုလေးစားပါတယ်

Unknown said...

မိန်းမတွေဓမ္မတာမလာရင် အသက်ရလာလို့လေ ခေါင်းးမူးတာ အစာမစားချင်တာ အကြောတွေတက်တာ ဖျားတာ ဘာမှမလုပ်ချင် မကိုင်ချင်ဖြစ်တာ တွေကို ရှေ့ဆက်ပြီး ဘာလိုနေထိုင်ရမယ် ဘာဆေးတွေသောက်ရမယ်ဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ