Tuesday, August 17, 2010

အမျိုးသားများ ဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ

အမျိုးသားများ ဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ


၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။

American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။

Read More...

Tuesday, August 10, 2010

How to Stop Drooling During Sleep အိပ်ပျော်ရင် သွားရည်ကျတာ

ဒေါက်တာခင်ဗျာ ...
အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလားခင်ဗျာ။ ဒါမှမဟုတ် ဘာချို့ယွင်းမှုများ ရှိလို့ ကျတာပါလဲ။ သွားခေါတာနဲ့ ဆိုင်ပါသလား။ အသက် ၂၃ နှစ်လဲရှိပါပြီ။ ဒီအရွယ်ထိ အိပ်ရင် သွားရည်ကျနေတာ သတိ မရှိလို့လား။ အဲဒါနဲ့ ပတ်သက်ပြီး ဖော်ပြထားတာလဲ တစ်ခါမှ မတွေ့ဖူးဘူး ဖြစ်နေပါတယ် ခင်ဗျာ။ သွားရည်ကျတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရလို့ပါ။ အကောင်းဆုံး နည်းလမ်းလေးရှိရင် မျှဝေစေချင်ပါတယ် ခင်ဗျာ။

Read More...

Saturday, August 7, 2010

Q and A TB တီဘီ ဖြစ်နေတာကို ဆိုလိုတာပါလား

Aug 6, 2010 at 10:08 PM
ဆရာခင်ဗျာ ...
ကျနော်သိချင်တာပါ မေးခွင့်ပြုပါခင်ဗျာ။ ချောင်းဆိုးတာ တစ်လနီးပါး ချောင်းဆိုးပါတယ်။ ချောင်းဆိုးရင်တော့ သွေးတော့ မပါဘူးပါ။ ညနေခင်းပိုင်းနဲ့ ညခင်းအိပ်ခါနီးလောက်ဆို အဖျား နည်းနည်း ရှိနေပါတယ်။ ခန့်မှန်းခြေ မနက်ခင်း ၈ နာရီ လောက်ထိ အဖျား နည်းနည်းရှိတုန်းပါ။ အဲဒီနောက်ပိုင်း လူကောင်းပတိပါ။ ဖျားခြင်းနာခြင်း လုံးဝမရှိပါ။ အစားအသောက်လည်း လုံးဝပျက်လာပါတယ်။ အားကစားလုပ်တိုင်း ခါတိုင်းနဲ့မတူ ပိုပြီး အမောလွယ်နေပါတယ်။ နောက်တော့ လူကအရမ်းကို ပိန်လာပါတယ်။ ဘယ်လောက်ဘဲ စားစား ဝမလာတော့ပါ။

Read More...

Tuesday, August 3, 2010

Common causes of Abortion ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတွေ

June 14, 2010 10:32 PM
nini said...
မဂ်လာပါဆရာ ကျွန်မနံမည်က့ ပါ။ အသက် ၃၂ နှစ်ရှိပါပြီ။ သားဦးကိုယ်ဝန် ပျက်ခဲ့ဘူးပါတယ်။ နောက်ထပ် ကလေး တစ်ယောက်ကို အရမ်း ထပ်လိုချင်နေပါတယ်။ ဒါပေမယ့် နောက်ကိုယ်ဝန်မှာ ထပ်ဖြစ်မှာကို အရမ်း စိုးရိမ်နေပါတယ်။ တချို့ကပြောကြတယ်။ သင်္ဘောသီးမှည့် စားရင် ကိုယ်ဝန် ပျက်တတ်တယ်တဲ့။ အဲဒါ ဟုတ်ပါသလား။ နောက် ဘာတွေကို ရှောင်ရမလဲဆိုတာ သိချင်ပါတယ်။ ကျွန်မ အလုပ်က မတ်တပ်ရပ် ရတာ များပါတယ်။ နောက် ကိုယ်ဝန်ရှိတုန်းက ကိုယ်နဲနဲ ပူတယ်။ မေးခိုင်ကာကွယ်ဆေး ထိုးတုန်းကပါ။ ဒါဟာ ကိုယ်ဝန် ပျက်ကျစေနိုင်ပါသလား။ ကိုယ်ဝန်က ၁၀ ပတ်မှာ ပျက်ကျခဲ့တာပါ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါနော်။

Read More...