Sunday, May 10, 2009

Mother's Day

မိခင်များနေ့

ဒီနေ့က မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အတော်များများရဲ့ "မိခင်များနေ့" လို့ wikipedia မှာ ဖော်ပြထားပါတယ်။ မေလ၊ ဒုတိယ သီတင်းပတ်ရဲ့ တနင်္ဂနွေရက်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံမှာကတော့ အချိန်ကွာဟ မှုကြောင့် မနက်ဖြန်မှ ကျရောက်မှာပါ။
ဒီနှစ် မိခင်များနေ့ အတွက် CARE အဖွဲ့ က ၀င်လာတဲ့ သတင်းပေးချက်ကလေးကို ပြန်မျှပေးချင်ပါတယ်။
အဲဒါက
“တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောမယ် ဆိုရင် တစ်နေ့မှာ အမျိုးသမီး ၁၄၀၀ ဦးဟာ ကိုယ်
ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းတို့နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ပြဿနာများကြောင့် နေ့စဉ် အသက် ဆုံးရှူံး နေကြရပါတယ်။
ဒီလို အသက်ဆုံးရှူံးရခြင်းရဲ့ အကြောင်းအရင်း အများစုက ကာကွယ်တားဆီးလို့ ရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
အများစုက အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနဲ့၊ နားလည်ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ နည်းပါးတဲ့ ဆင်းရဲနွမ်းပါးတဲ့ လူမှု ပတ်ဝန်းကျင်း အသိုင်းအ၀ိုင်းတွေမှာ နေထိုင်နေရတဲ့ အတွက် ဒီလို အဖြစ်မျိုးတွေနဲ့ ကြုံတွေ့နေကြရတာပါ”
တဲ့။


Related Posts :



2 comments:

Anonymous said...

အိပ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို လက်ထပ်ယူသင့်ပါသလား။ ရေရှည် ပေါင်းသင့်းမယ့် လင်မယားဆိုရင် ဘာနည်းနဲ့ ကာကွယ်ကာကွယ် ရေရှည်ကျ စိတ်မချရဘူး ထင်လို့ပါ။ ဖြစ်နိုင် မဖြစ်နိုင် ဖြေကြားပေးစေလိုပါတယ်။ ဒီပိုးရှိတဲ့ မိန်းကလေးကို လက်ထပ်ရင် မွေးလာမယ့် သားသမီးကို မကူးအောင် ဘယ်လို ကာကွယ်နိုင်ပါသလဲ

tune said...

ဒီမေးခွန်းကို ယူသင့်၊ မယူသင့်ဆိုတာ တိုက်ရိုက် ဖြေဖို့ အလွန်ကို ခက်ပါတယ်။
ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ပါတယ်။
ဆုံးဖြတ်တဲ့အခါမှာလဲ အချက်အလက်တွေကို သေသေချာချာ ပြည့်ပြည့်စုံစုံ ထည့်တွက်ပြီး ဆုံးဖြတ်တာက ကောင်းပါတယ်။
ဘယ်လိုနည်းနဲ့ ကာကွယ်လို့ ၁၀၀ ရာခိုင်နှုန်း စိတ်ချရတယ်ဆိုတဲ့ အာမခံချက်မျိုး မပေးနိုင်ပါဘူး။
ကူးနိုင်ခြေ ရှိပါတယ်။
ကွန်ဒုံးကို အမြဲတမ်း စနစ်တကျ သုံးစွဲဖို့ လိုပါတယ်။
သားသမီး လိုချင်တယ် ဆိုတာ သေချာရင် ကူးစက်နိုင်စွမ်း လျော့နည်းအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
အဲဒါကလဲ ၁၀၀ရာခိုင်နှုန်းတော့ စိတ်မချရပါဘူး။
ဒါပေမယ့် အဲဒီလို လက်ထပ်ယူထားတဲ့ စုံတွဲလေးတွေ ရှိပါတယ်။
ဖြစ်သင့်တာက တကယ် တတ်ကျွမ်းနားလည်တဲ့ counselor နဲ့ တွေ့ပြီး တိုင်ပင်ဆွေးနွေးပါ။
သေသေချာချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
လာမေးတာကို ကျေးဇူးတင်ပါတယ်။