Friday, May 2, 2008

Allergies

ဓါတ်မတည့်ခြင်း





ဓါတ်မတည့်ခြင်းသည် လူတိုင်းလိုလို ဖြစ်ပွားပုံနဲ့ပြင်းထန်မှုသာကွာခြားပြီး တစ်မျိုးမဟုတ်တစ်မျိုးဖြစ်
ဘူးကြလိမ်မ့ယ်....မျက်စိတွေယားလာမယ်.နှာရည်တွေရွှဲလာမယ်.နှာခြေမယ်..ကအစ အင်ပြင်တွေ
ထွက် အသက်ရှူကြပ် ရှော့(shock)ဖြစ်တဲ့အထိ ပြင်းထန်မှုအမျိုးမျိုးတွေ့နိုင်ပါတယ်..
ဒီလိုဖြစ်တာဟာ ခန္ဓာကိုယ်ရဲ့ခုခံမှုစနစ်က ခန္ဓာကိုယ်တွင်းဝင်လာတဲ့အရာများကို ရန်သူသဖွယ်သ
ဘောထားပြီး မှားယွင်းတုန့်ပြန်တိုက်ခိုက်မှုကြောင့် ဖြစ်လာတာပါ…..မိမိနဲ့ဓါတ်မတည့်တဲ့အရာဝတ္ထု
တစ်မျိုးခန္ဓာကိုယ်တွင်းဝင်လာမယ်ဆိုရင် IgE antibodies ခေါ် ခန္ဓာကိုယ်ခုခံမှုစနစ်အဖွဲ့ဝင်ရဲ့ တုန့်
ပြန်မှုကြောင့် ကာကွယ်ရေးဓါတ်ပစ္စည်းများ သွေးလှည့်ပတ်မှုစနစ်အတွင်းသို့ ထွက်လာပါတယ်..အဲ
ဒီဓါတ်ပစ္စည်းများထဲကတစ်မျိုးဟာ Histamine ဖြစ်ပါတယ်..သွေးအတွင်း Histamine ဓါတ်ရောက်
ရှိလာရင် မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်၊ အရေပြား၊ အစာအိမ်အူလမ်းကြောင်းတစ်
လျှောက် ဓါတ်တုန့်ပြန်မှုဖြစ်ပေါ်ပြီး ဓါတ်မတည့်လက္ခဏာများ ပေါ်ပေါက်လာပါတယ်..
မျက်စိယားခြင်း၊ မျက်ရည်ထွက်ခြင်း၊ နှာရည်ကျနှာစေးခြင်း၊ နှာခြေခြင်း၊ လည်ပင်းယားယံခြင်း၊ ပန်း
နာကဲ့သို့အသက်ရှူကျပ်လာခြင်း၊ အရေပြားပေါ်တွင်အနီကွက်အင်ပြင်များထွက်ခြင်း၊ သတိမေ့မျောပြီး
ရှော့(shock)ဖြစ်ခြင်းစတဲ့ ရောဂါလက္ခဏာများ ရောဂါပြင်းထန်မှုအဆင့်အလိုက် ဖြစ်ပွားနိုင်ပါတယ်..




ဓါတ်မတည့်ခြင်းဖြစ်စေသော အကြောင်းများ……


  1. အစားအစာများ

    • နွားနို့၊ တိရိစ္ဆာန်ဥများ၊ မြေပဲ၊ သီဟိုစေ့၊ သစ်ကြားသီး၊ ဂျုံ၊ ပဲပုတ်၊ ငါး၊ ဂဏန်း ပုဇွန် ခရု စသည့်အခွံမာပင်လည်စာများ…


  2. အင်းဆက်ပိုးမွှားများ

    • ပျား ပိတုန်း ခူကောင် ကင်း ပင့်ကူ အစရှိသည့် အင်းဆက်များ…


  3. လေထဲမှအမှုန်အငွေ့များ

    • ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အမွှေးတိုင် ခြင်ဆေးခွေအနံ့များ…


  4. ဆေးဝါးများ

    • ပင်နီဆီလင်၊ ဆာလ်ဖာ၊ စထရက်တိုမိုင်စင် စသည့် သောက်ဆေး၊ ထိုးဆေးများ၊ -ထိုးဆေးများဟာ မတည့်သူများအဖို့ တခဏအတွင်း ရှော့ (shock)ဖြစ်ကာ အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်…


  5. ဓာတုပစ္စည်းများ

    • မိတ်ကပ်၊ ဆံပင်ဆိုးဆေး စသည့်အလှကုန်ပစ္စည်းများ၊ ဆိုးဆေး၊ ပိုးသတ်ဆေး အစရှိသည့်ဓာတုပစ္စည်းပါဝင်တဲ့ ပစ္စည်းများ….စသည်တို့ဖြစ်ပါတယ်..

ဓါတ်မတည့်မှုဖြစ်ခြင်းဟာ တစ်ဦးနှင့်တစ်ဦး မတူနိုင်ပါ..နွားနို့မတည့်သောသူဟာ မြေပဲတည့်ချင်တည့်
နိုင်ပါတယ်...အမျိုးအစားနဲ့ပြင်းထန်ပုံချင်း ကွာခြားနိုင်ပါတယ်….တစ်ချို့က နှာစေးနှာခြေရုံသာဖြစ်ပြီး
တစ်ချို့ကတော့ အသက်ရှူကျပ်ပြီး အသက်အန္တရာယ်ဒုက္ခပေးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်...ဒါ့ကြောင့်
မိမိမှာ ဓါတ်မတည့်မှုတစ်မျိုးမျိုးရှိနေပြီဆိုရင် အထက်မှာဖော်ပြထားတဲ့အတိုင်း အခြားအစားအစာနဲ့
ပစ္စည်းများကိုလည်းသတိထားစားသောက် သုံးစွဲဖို့လိုပါတယ်…
ဓါတ်မတည့်မှုဖြစ်လာရင် ရောဂါလက္ခဏာပြင်းထန်မှုပေါ်မူတည်ပြီး Histamine ကိုတားဆီးပေးသော
ဘာမီတွန်(Burmeton)ကနေ စတီးရွိုတ်(Steroid) အဒရီနလင်(Adrenaline)ထိ သုံးစွဲကုသပေးဖို့ လို
ပါမယ်..အခြားရောဂါလက္ခဏာများပေါ်မူတည်ပြီးလည်း သင့်တော်သလိုကုသရပါမယ်..ဒါ့ကြောင့်ဓါတ်
မတည့်ခြင်းရောဂါ ဖြစ်ပွားပြီဆိုရင် ကိုယ်နဲ့မတည့်တဲ့အစားအစာ ပစ္စည်းများကို သေချာသိထားအောင်
ဂရုထားမှတ်သားပြီး ရှောင်ကြဉ်ဖို့လိုအပ်ကြောင်း ရေးသားလိုက်ပါတယ်…


Related Posts :



1 comment:

Angel said...

mine is different stage. i always sneeze and got flu all the time no matter the weather is cold or hot . what should i do? pls advice, thanks