Tuesday, January 29, 2008

Journals for Qualitative Research

အရည်အချင်းအခြေပြု သုတေသန တွေ့ရှိချက်များ ဖော်ပြရာ ဂျာနယ်များ


Qualitative & Quantitative Research နည်းလမ်းများကို မြန်မာပညာရှင်များ မည်သို့ ဘာသာပြန်သည် မသိပါ။ ကျွန်တော်ကတော့ Qualitative Research ကို အရည်အချင်းအခြေပြု သုတေသန နည်းလမ်းဟု၎င်း၊ Quantitative Research ကိုတော့ အရေအတွက်အခြေပြု သုတေသန နည်းလမ်းဟု၎င်း၊ မြန်မာမှုပြုမယ်လို့ စဉ်းစားပါတယ်။ စာရှုသူများအနေနဲ့ တခြား ပိုမို သင့်လျော်သော ဘာသာပြန်ချက် ရှိလျင် ဖော်ပြပေးပါရန် မေတ္တာရပ်ပါတယ်။

ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သုတေသနများအကြောင်း ရေးသားသည့် ဂျာနယ်များတွင် အရေအတွက်အခြေပြု သုတေသနများကသာ လွှမ်းမိုးနေရာယူလေ့ရှိသည်။ သို့ရာတွင် ယခုနှစ်ပိုင်းများမှာတော့ ပြည်သူ့ကျန်းမာရေး သုတေသန လုပ်ငန်းတွေအနေနဲ့ အရည်အချင်းအခြေပြု သုတေသန နည်းလမ်းကို ပိုမို အသုံးပြုသင့်ကြောင်း ပြောဆိုသံတွေက တစ်နေ့တစ်ခြား ကျယ်လောင်လာပါတယ်။ ကျွန်တော် တက်ရောက်နေတဲ့ တက္ကသိုလ်က ပါရဂူဘွဲ့ယူ ကျောင်းသားတွေအထဲမှာလည်း ဒီနည်းလမ်းကို သုံးပြီး ဘွဲ့ယူစာတမ်းပြုစုကြတာတွေကို မကြာခဏဆိုသလို တွေ့လာရပါတယ်။ တစ်ချို့ကတော့ နှစ်မျိုးရောစပ်ပြီး သုတေသနပြုကြပါတယ်။

အရည်အချင်းအခြေပြု သုတေသနပြုချက်များကို မနုဿဗေဒ (Anthropology)၊ လူမှုရေးသိပ္ပံပညာ (Social Science)၊ စိတ်ပညာ (Psychology)၊ နှင့် စိတ်ရောဂါ (Psychiatry) ဘာသာရပ်များတွင် တွေ့ရလေ့ရှိပါတယ်။ စာရှုသူတို့ ထပ်မံ လေ့လာနိုင်ရန်အတွက်၎င်း၊ မိမိအတွက် မှတ်စုအနေဖြင့်၎င်း၊ အဆိုပါ သုတေသနပြုချက်များကို ဖော်ပြလေ့ရှိသည် ဂျာနယ်များ စာရင်းကို ဤနေရာတွင် ဖော်ပြလိုသည်။

အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်


Related Posts :



No comments: