Saturday, September 22, 2007

Human and Disaster (1)

လူနှင့် သဘာဝဘေးအန္တရာယ် (၁)

မနေ့က မိုးတွေ တအားရွာမှ သဘာဝဘေးအန္တရာယ် ဆိုတာကို ပိုစ့်အဖြစ်တင်ဖို့် ကိုပြန်သတိရရင်း ပိုစ့်ရေးဖြစ်ခဲ့ပါတယ်။

သဘာဝဘေးအန္တရာယ်နဲ့ ပတ်သတ်ပြီး ပထမပိုင်း ၊ ဒုတိယပိုင်း နဲ့ တတိယပိုင်း ဆိုပြီး ခွဲရေးချင်ပါတယ်

ပထမပိုင်းမှာ

၁။ သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိရှိရန်ကြိုးပမ်းခြင်း

၂။ ဘေးအန္တရာယ်၏ ဆိုးကျိုးများကို သင့်လျော်သလို ဘာသာပြန်ခြင်း

ဒုတိယပိုင်းမှာ…

၃။ သဘာဝဘေးအန္တရာယ် ကြောင့်ဖြစ်တတ်သော ဆိုးကျိုးများကို ပြည်သူအား သိရှိစေခြင်း

၎။ အချိန်မှီ ကာကွယ်မှုများ ပြုလုပ်ခြင်း

Read More...

Friday, September 21, 2007

Health and Misbeliefs ...

ကျန်းမာရေးနှင့်သက်ဆိုင်သောအယူလွဲများ

ကျွန်မတို့ မြန်မာ လူမျိုးများတွင် ရှေးယခင် အဆက်ဆက် ကပင် လိုက်နာ ကျင့်သုံးခဲ့ကြသော မိရိုးဖလာ အယူအဆပေါင်း များစွာ ရှိနေပါသည်။ အခြားသော အယူအဆများကို မဆွေးနွေး လိုသော်လည်း ကျန်းမာရေး ဆိုင်ရာ အယူအဆ အလွဲများကိုတော့ အနည်းငယ် တင်ပြ ဆွေးနွေး လိုပါသည်။ ..................................

Read More...

MedReader - News Alerts

ဆေးပညာဆိုင်ရာ သတင်းနဲ့ အသစ်တွေ့ရှိချက်တွေကို ကြည့်ရှုနိုင်တဲ့ MedReader ဆော့ဝဲလ်တစ်မျိုးကို မိတ်ဆက်ပေးလိုပါတယ်။ Tray Bar မှာ Run ထားလို့ရပါတယ်။ Start Up Program အနေနဲ့လည်း Run ထားနိုင်ပါတယ်။ News Alert တွေကို Refresh Interval ထားပြီး ကြည့်နိုင်ပါတယ်။ RSS Reader တစ်မျိုးဖြစ်ပါတယ်။

သူ့ဝက်ဘ်ဆိုဒ်မှာ ရေးထားတာက

MedReader is a RSS Reader specifically built for the Medical & Healthcare Professional. MedReader allows you to have information directly delivered to your desktop without the worries of Spam, searching for hours, or registering/logging into a web based system.
MedReader provides:
  • Persistent search technology
  • Easy to read displays for your news
  • A better way to manage your content
အသေးစိတ်ကို http://medreader.com/ မှာ သွားဖတ်နိုင်ကြောင်းပါ။
ဒေါင်းလုဒ် MedReader Link 1 , Link 2 [708kb]

Millennium Development Goals

Millennium Development Goals ကို မှတ်မိစေရန်


ပြီးခဲ့တဲ့နှစ် (၂၀၀၆) အောက်တိုဘာလောက်က ကျွန်တော်တို့ MMedSc (Public Health) Selection Exam Theory ဖြေတာ အောင်တယ် ဆိုတော့ Viva ဖြေဖို့အတွက် Public Health နဲ့ဆိုင်တဲ့ အရေးကြီးတာတွေကို ရှာကြ၊ ကျက်ကြ ပါတယ်။ အဲ့ဒီတုန်းက Millennium Development Goals ကို မှတ်မိစေဖို့ ကဗျာလေးလုပ်ပြီး ကျက်ခဲ့တာကို အခု Share လုပ်လိုက်ပါတယ်။

ဆင်းရဲ ငတ်မွတ်၊
ပညာသင်၊
ကျားမ တူညီချင်
မွေးသေလျော့ချ၊ ကလေးတွေဘ၀၊
မိခင်တွေကို မြှင့်တင်ကြ၊
နိုင်ယူရောဂါ ကာကွယ်ပါ၊
ပတ်ဝန်းကျင်လည်းပါ၊
ဝိုင်းဝန်းကူညီဆောင်ရွက်မှ၊ တို့ကမ္ဘာရွာကြီး သာယာမယ်ဗျ ။

Original English လိုကတော့ အောက်မှာ ယှဉ်တွဲ ဖော်ပြလိုက်ပါတယ်။
Goal 1 : Eradicate extreme poverty and hunger
Goal 2 : Achieve universal primary education
Goal 3 : Promote gender equality and empower women
Goal 4 : Reduce child mortality
Goal 5 : Improve maternal health
Goal 6 : Combat HIV/AIDS, malaria and other diseases
Goal 7 : Ensure environmental sustainability
Goal 8 : Develop a global partnership for development


ဝန်ခံချက် ။ ။ ဒီကဗျာလေးကို အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) မှ ဒေါက်တာ စိုးမင်းနိုင် က စတင်ရေးစပ်ခဲ့ပြီး ကျွန်တော် ဒေါက်တာ ၀င်းခိုင် မှ ဖြည့်စွက်ထားပါသည်။

Public Health Vocabulary

၂၀၊ ၉၊ ၂၀၀၇

စကားလုံးရှိတဲ့ ကောင်းကင်

ထူးအိမ်သင်ကတော့ စကားလုံးများနဲ့ မပြောပဲ မျက်ဝန်းများနဲ့ ပြောခိုင်းခဲ့သည်။

သို့ရာတွင် ပြည်သူ့ကျန်းမာရေး ကိစ္စရပ်များ၌ကား စကားလုံးများကို မသုံးမဖြစ် တွင်တွင်ကျယ်ကျယ် သုံးရလေ့ရှိသည်။ လူတစ်ဦး နှင့် တစ်ဦး သို့တည်းမဟုတ် လူတစ်ဦး နှင့် အများ အပြန်အလှန် ဆက်သွယ်မှု (communication) ကို ဘာသာရပ် တစ်ခုအနေဖြင့်ပင် သင်ယူရလေသည်။ စာရှုသူ စဉ်းစားကြည့်ပါ .. အကယ်၍များ ကျန်းမာရေး ပညာပေးရာတွင် “မျက်ဝန်းများ” နဲ့သာ ပြောရလျင် ဘယ်သို့ ရှိချိန့်မည်နည်း။ ဆိုသူတစ်မျိုး နားလည်သူ တစ်ဖုံ ဖြစ်နေမည်။

Read More...

Friday, September 14, 2007

Call for Abstracts: Investing in Young People's Health and Development

CALL FOR ABSTRACTS: Investing in Young People’s Health and Development: Research that Improves Policies and Programs

An International Conference

April 27-29, 2008 (April 30 optional sessions)

Abuja, Nigeria

Read More...

Friday, September 7, 2007

A Story I 'd like to Share ...

အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုမှာ ကြားခဲ့ရတဲ့ ပုံပြင်လေးပါ။
ကြိုက်လွန်းလို့ မနေနိုင် မထိုင်နိုင် အခုလို ပြန်ပြောပြမိတာပါ။

တစ်နေ့မှာ လင်မယားနှစ်ယောက်က ၀တ်ကောင်းစားလှတွေ ၀တ်ပြီး ကားကလေးနဲ့ ထွက်လာခဲ့ကြသတဲ့
သူတို့က အခြားမြို့တစ်မြို့ကို ကိစ္စတစ်ခုနဲ့ သွားကြမှာ။
ဖြစ်ချင်တော့ လမ်းမှာ သူတို့ ကားဘီးက ရွှံ့ထဲ နစ်သွားပါရောတဲ့။
ကြိုးစားပြီး ကားကို ထွက်ကြည့်ပေမယ့် ကားက ဘယ်လိုမှ ရုန်းမရတော့ဘူးတဲ့။

အဲဒါနဲ့ ယောက်ျား ဖြစ်သူက သူ ကားပေါ်က ဆင်းပြီး ကားကို တွန်းမယ်လို့ ဆိုတော့ မိန်းမက "တွန်းရင် ရှင့် အ၀တ်အစားတွေ ပေကုန်မှာပေါ့ .. လမ်းပေါ်မှာ လူတစ်ယောက်ယောက် ဖြတ်သွားမှာ အကူအညီ တောင်းကြတာပေါ့"လို့ ဆိုပါတယ်။

ဒါနဲ့ ယောက်ျားကလည်း လမ်းကို ဖြတ်သွားမယ့် လူတွေကို မျှော်ရင်း ကားပေါ်မှာ ဆက်ထိုင်နေပါတယ်။
တစ်ချိန်မှာတော့ လူတစ်စု သူတို့ ဘက်ကို လျှောက်လာတာတွေ့တာနဲ့ အကူအညီ လှမ်းတောင်းပါတယ်။
"ကျွန်တော်တို့ကား ရွှံ့နစ်နေလို့ပါ .. ကူညီပါ .. ကျွန်တော်တို့ .. ကားကို တွန်းပေးပါ" ဆိုတော့ အဲဒီလူတွေက ကူညီမလို့ အနားကို ရောက်လာပါတယ်။
ဒါပေမယ့် ကားပေါ်က မိန်းမရော၊ ယောက်ျားပါ မဆင်းကြတော့ သူတို့က "ခင်ဗျားတို့လဲ ဆင်းတွန်းကြပါ"လို့ ပြောပါတယ်။

ဒီတော့ ကားပေါ်က လင်မယားက "ကျွန်တော်တို့က မင်္ဂလာဆောင်သွားမှာမို့ ကျွန်တော်တို့ အင်္ကျီအ၀တ် အစားတွေ အပေ မခံနိုင်ဘူး" တဲ့။
အဲဒီတော့ ကူညီမလို့ လာတဲ့သူတွေက သူတို့ကို မကူညီတော့ဘဲ ပြန်ထွက်သွားကြပါသတဲ့။
အဲဒီ လင်မယားကလဲ ကားပေါ်က မဆင်းဘဲ နောက်ထပ်လာမယ့် သူတွေကိုသာ ထိုင်စောင့်နေကြသတဲ့။

အကယ်၍ သင်သာ အဲဒီနေရာကို လမ်းလျှောက်လာတဲ့ သူတွေထဲက တစ်ယောက် ဖြစ်ခဲ့ရင် အဲဒီလူတွေကို ကူညီမလား။
ဘာကြောင့်ပါလဲ။

Exercise and Brain

လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ဦးနှောက်ကိုပါ ကောင်းစေနိုင်သတဲ့။
၂၀၀ရ၊ ဧပြီလထုတ် နယူးစ်ဝိခ် ထဲမှာ ဖတ်ရတာကို ပြန်ဖောက်သည် ချတာပါ။ လေ့ကျင့်ခန်းက အင်ဒိုဖင်းဓာတ်ကို မြင့်မားလာစေလို့ ပျော်စေနိုင်တာ စိတ်ဓာတ်ကျတာကို သက်သာစေတာတွေက သိခဲ့တာ ကြာပါပြီ။
ယခုတွေ့ရှိချက်က လေ့ကျင့်ခန်းက ဦးနှောက်ကို သွေးနဲ့ စွမ်းအင်တွေ ပိုရောက်စေလို့ အာရုံခံကလာပ်စည်း(နာ့ဗ်ဆဲလ်)တွေကို ပိုမို သန်စွမ်း စေပါတယ်တဲ့။ ဒါ့အပြင် အာရုံခံ ကလာပ်စည်း အသစ်ပေါ်ထွက်မှု ဖြစ်စဉ်ကိုလည်း ပိုမြန်စေနိုင်ပါသတဲ့။
တစ်ချိန်က အာရုံခံ ကလာပ်စည်းတွေက ပျက်စီးသွားပြီးရင် အသစ် ပေါ်ထွက်မှု မရှိတော့ဘူး ဆိုခဲ့ကြပေမယ့် ယခု တွေ့ရှိချက် အရ အသစ် ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်း လုပ်ဖို့  ပျင်းနေပြီး ဥာဏ်ကောင်းချင်သူတွေ အတွက် ဒီတွေ့ ရှိချက်က အထောက်အကူ ဖြစ်လေမလားလို့ ဖောက်သည် ချလိုက်တာပါ။

(ရည်ညွှန်းချက် -
Stronger, faster, smarter by Mary Carmichael.
Exercise is a state of mind by Michael Craig Miller, MD. Newsweek, April 9, 2007)

Thursday, September 6, 2007

Barriers of Access to Healthcare

၅၊ ၉၊ ၂၀၀၇

ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး အတွက် အတားအဆီးများ

မြန်မာလိုတော့ “ပေးကားပေး၏မရ” ဟု ဆိုရိုးရှိသည်။ ထို့အတူ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပေးကားပေး၏မရ ဆိုသော အဖြစ်များ များစွာရှိ၏။ မြန်မာနိုင်ငံတွင် ဆေးစွမ်းလှသည်ဟု နာမည်ကြီးသော ဆရာဝန်ကြီးနှင့် ပြသခွင့်ရမည်။ အကောင်းဆုံးဆိုသော ဆေးရုံတွင် လေအေးပေးစက်ဖွင့်ပေးထားသော အခန်း၌ ကိုယ်ပိုင်သူနာပြုဆရာမတစ်ဦးထားရှိ ကုသပေးမည်။ မည်သည့်ဆေးဆိုင်တွင်မှ ၀ယ်ယူမရနိုင်သည့် နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းလာသော ဆေးများဖြင့် သုံးစွဲကုသပေးမည်။ တခုသာလိုသည် တစ်ထောင်တန် ငွေစက္ကူများကို ဂုံနီအိတ်နှင့် ထမ်းပြီးသာ ယူလာခဲ့ပါ။

အစိုးရ ဆေးရုံ ဆေးခန်းများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အခြားဝန်ထမ်းများ ခန့်ထားပေးသည်။ လူတွေက ဘာကြောင့်များ မသွားကြတာပါလိမ့်။ စဉ်းစားစရာပင်။

အရည်အသွေးမီ ကျန်းမာရေး စောင့်ရှောက်မှုများ မရှိမဟုတ်။ ရှိသည်။ ရနိုင်သည်။ သို့သော် ..

အများစုအတွက် လက်လှမ်းမမီနိုင်။ ဘာတွေကများ တားဆီးထားပါလိမ့်။ ထိုအတားအဆီးများကို လေးမျိုး ခွဲခြမ်းစိတ်ဖြာ ကြည့်နိုင်သည်။
  1. Psychological barrier
  2. Physical barrier
  3. Administrative barrier
  4. Financial barrier
တို့ဖြစ်သည်။ တစ်ခုချင်းရှင်းအံ့။

1. Psychological barrier ( စိတ်တွင်း အတားအဆီး )
လူနာ နှင့် မိသားစု၏ စိတ်တွင်းမှ ဖြစ်နေသော အတားအဆီးဖြစ်သည်။ ဒီရောဂါကတော့ ဆေးမြီးတိုလေးနဲ့ဆို ပျောက်သွားမှာပဲ။ ဆေးရုံ ဆေးခန်းသွားပြလဲ ကောင်းမှာ မဟုတ်ပါဘူးဟု ထင်နေခြင်းမျိုးဖြစ်သည်။ ဆေးရုံ ဆေးခန်းများမှ အရည်အသွေးမီ ကုသမှု မပြုပေးခြင်းကြောင့် တိမ်းပါးသွားသည်များကို တွေ့မြင်ကြားသိရခြင်းကြောင့် ယုံကြည်မှု လျော့နည်းနေခြင်းသည်လည်း ဤခေါင်းစဉ်အောက်တွင် အကျုံးဝင်လေသည်။
2. Physical barrier ( နေရာဒေသ အတားအဆီး )
လူနာ့အိမ်နှင့် ဆေးရုံဆေးခန်း ဝေးနေခြင်းဖြစ်သည်။ ဥပမာ - အနီးဆုံး ဆေးရုံက ခြေလျင် ၂-ရက်လောက် လျောက်ရမည်ဆိုလျင် တော်ရုံတန်ရုံဖြင့်တော့ သွားလိမ့်မည်မဟုတ်။
3. Administrative barrier (အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး)
ဆေးရုံ ဆေးခန်း၏ လုပ်ထုံး လုပ်နည်းများအရ ကြန့်ကြာခြင်း၊ ကုသမှု မပေးနိုင်ခြင်းတို့ဖြစ်သည်။ ဥပမာ - ဆေးကုသခွင့်ရဖို့အတွက် လူမှုဖူလုံရေးကဒ်ရှိရမည်၊ စက်ရုံမှ ဆရာဝန်၏ လွှဲပို့စာ ပါလာရမည် စသည့် အချက်အလက်များ မပြည့်စုံ၍ ဆေးကုသခွင့် မရရှိခြင်း။ အချို့သော အန်ဂျီအို ဆေးခန်းများတွင် ဆေးခန်းဖွင့်ရာ မြို့နယ်တွင် နေထိုင်ကြောင်းအထောက်အထားပါမှ ဆေးကုသပေးမည် ဆိုသည့် အချက်မျိုး ဖြစ်သည်။ အမျိုးသား သဘောတူကြောင်း ထောက်ခံစာပါရမည်၊ သက်ဆိုင်ရာ ရ၀တ ထံမှ ကလေး ၂ယောက်ရှိကြောင်း ထောက်ခံစာပါရမည်၊ သားကြောဖြတ် ဘုတ်အဖွဲ့၏ ခွင့်ပြုချက်ပါရမည်၊ သို့မှသာ သားကြောဖြတ်ပေးမည် ဆိုသည်မျိုးသည် ဤ Administrative barrier ( အုပ်ချုပ်မှုဆိုင်ရာ အတားအဆီး ) အမျိုးအစားတွင် အကျုံးဝင်လေသည်။ လူနာမိသားစုက ဒေသခံ ဘာသာစကားသာ ပြောတတ်သည်။ ဆရာဝန်ကလည်း ဗမာလိုသာ ပြောတတ်သည်။ ဘာသာပြန်ကမရှိ။ ဤသည်လည်း အုပ်ချုပ်မှု ဆိုင်ရာ အတားအဆီး တစ်မျိုးပင်။
4. Financial barrier ( ငွေကြေး အတားအဆီး )
ငွေကြေးမတတ်နိုင်ခြင်းပင်။ ဆေးဖိုး၊ ကုသခ၊ ခရီးစရိတ် စသည်များကို မတတ်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိပါဟု ဆိုလာလျင် မည်သည့်အကြောင်းကြောင့် မရရှိသနည်း ဆိုသည်ကို စုံစမ်းဖို့လိုသည်။ လူနာ နှင့် မိသားစုတို့က ဆေးရုံဆေးခန်း ကြောက်တတ်ခြင်းကြောင့် ကုသမှု မခံယူခြင်းကို ဆေးရုံဆေးခန်း အရေအတွက် တိုးဖွင့်ပေးခြင်းဖြင့် ဖြေရှင်းမရနိုင်။ အလားတူပင် ငွေကြေးမတတ်နိုင်၍ လာရောက်ကုသခြင်း မပြုသူများကို ဆေးရုံတွင် ဆေးကုသခြင်းသည် ဆေးမြီးတိုဖြင့် ကုသခြင်းထက်ကောင်းကြောင်း တရားဟောနေ၍ အလကားပင်။ အနာသိမှဆေးရှိနိုင်မည် မဟုတ်ပါလား။

မိမိ၏ ပတ်ဝန်းကျင်တွင် ဆေးကုသမှုမရရှိသော အဖြစ်များ ကြုံလာပါက မည်သည့် အတားအဆီးက ဒုက္ခပေးနေသလဲ ဆိုတာကို အဖြေရှာကြည့်ပါ။ စိတ်ဝင်စားစရာ ကောင်းပါလိမ့်မည်။

အာရောဂျံပရမံလာဘံ
တက္ကသိုလ် လှမွန်