ကျွန်တော့် အမျိုးသမီးက အသက် ၃၇၊ ကိုယ်ဝန် ၉ ပတ်ထဲမှာပါ။ အမျိုးသမီးက Hepatitis B carrier patient ပါ။ ဒါ့ကြောင့် ဆရာဝန်က သံဓာတ်နဲ့ မတည့်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သံဓာတ်ပါသော Obimin ဆေး သောက်သင့်/မသင့် သိချင်ပါတယ်။ ဆရာဝန်ကတော့ Folic Acid ပဲပေးလိုက်ပါတယ်။ ကျွန်တော်တို့က အပြင်ဆေးဆိုင်က Obmin- AZ ဆိုတာ ဝယ်လာခဲ့မိပါတယ်။ သူ့မှာပါတဲ့ ဆေးအမယ် တွေကတော့ ဗီတာမင်တွေအပြင် Ferrous Fumarate – 200 mg ပါတာ ဖတ်ရပါတယ်။
သန္ဓေသားဟာ သံဓာတ်လိုတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ သံဓာတ်ဟာ ကလေးအတွက် မဖြစ်မနေ သောက်သင့်တယ်ဆိုရင် အမျိုးသမီးကတော့ သူ ထိခိုက်ပေမယ့်လည်း သောက်ချင်တယ် လို့ပြောပါတယ်။ ဒါကြောင့်မို့ Obimin ကို ဆက်သောက်သင့်၊ မသင့် ညွှန်ကြားပေးပါဦး။ ဒါမှမဟုတ် မိခင်ရော ကလေးပါ အဆင်ပြေမယ့် နည်းလမ်းရှိရင်လည်း ညွှန်ကြားပေးပါဦး။
နာတာရှည် အသဲရောဂါ Chronic liver disease ဟာ သေဆုံးစေတဲ့ရောဂါတွေထဲမှာ နံပါတ် ၁ဝ ချိတ်တယ်။ Hepatitis C virus infection စီပိုးကနေ ၇၅-၈ဝ% နာတာရှည်-အသဲရောဂါ ဖြစ်စေတယ်။ အသဲအစားထိုးရကလဲ သူ့ကြောင့်များတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်ရေးဟာ အလွန့်အလွန် အရေးပါတယ်။ အရက်ရှောင်တာကနေ စရမယ်။ စီပိုး ရှိနေသူမှာ Hepatitis A အေ ရော Hepatitis B ဘီပါ ထပ်ဝင်လာတတ်လို့ ကာကွယ်ဆေးတွေ ထိုးရပါမယ်။ Weight reduction ကိုယ်အလေးချိန် ချပါ။ Exercise ကိုယ်လက်-လေ့ကျင့်ခန်း လုပ်ပါ။ မတည့်တဲ့ဆေးတွေရှောင်ပါ။
Potentially hepatotoxic medications အသဲကို ဒုက္ခပေးနိုင်တဲ့ ဆေးတွေကတော့ -
• Nonsteroidal anti-inflammatory drugs (NSAID) အများသုံး (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးတွေ။ Paracetamol ပါရာစီတမောလို့ လူသိများပြီး အမေရိကားမှာ Acetaminophen (အစီတာမိုင်နိုင်ဖင်) ခေါ်တာကို တနေ့မှာ 2 g per day ထက်မပိုရင်တော့ ကိစ္စမရှိပါ။
• Antidepressants စိတ်မကျဆေးတွေ၊
• Muscle relaxants ကြွက်သားပျော့ဆေးတွေ၊
• Bupropion (Wellbutrin), Chlorpromazine (Thorazine), Tricyclic antidepressants စိတ်ရောဂါဆေးတွေ၊
• Phenytoin (Dilantin), Valproic acid (Depakene) အတက်ကျဆေးတွေ၊
• Statins, Nicotinic acid (Niacin; Nicolar) အဆီလျှော့ဆေးတွေ၊
• Estrogens (အီစထိုဂျင်) ဆေး၊ Anabolic steroids ကိုယ်ခန္ဓာ သန်စွမ်းစေဘို့သုံးတဲ့ စတီရွိုက်ဆေးတွေ၊
• Acarbose (Precose), Pioglitazone (Actos), Sulfonylureas ဆီးချိုဆေးတွေ၊
• Antibiotics ပဋိဇီဝဆေးစာရင်းထဲမှာ Amoxicillin–clavulanate potassium (Augmentin), Erythromycin, Isoniazid (INH), Nitrofurantoin (Furadantin), Tetracycline ဆေးတွေပါတယ်။
• Antifungal agents မှိုဆေးတွေထဲမှာ Fluconazole (Diflucan), Itraconazole (Sporanox), Ketoconazole (Nizoral) တွေပါတယ်။
• တခြားဆေးတွေကတော့ Etretinate (Tegison), Tamoxifen (Nolvadex), Testosterone, Halothane (Fluothane), Methotrexate (Rheumatrex), Selected Potentially Hepatotoxic Supplements, Amanita species, Asafetida, “Bush” herbal teas, Chaparral, Comfrey, Echinacea, Gentian, Germander, Jin bu huan, Kalms tablets, Mistletoe, Nicotinic acid, Pennyroyal oil, Valerian, Senna fruit extracts တွေ ဖြစ်ကြတယ်။ Herbal remedies အသီး-အရွက် စတာတွေကနေထုတ်တဲ့ (ဟာဗယ်) ခေါ်တာတွေလဲ စိတ်မချရတာတွေ ရှိတယ်။ Milk thistle ဆိုတာတော့ သုံးနိုင်တယ်။
ထူးခြားတာကတော့ အသဲနာတာရှည်ဖြစ်နေသူတွေနဲ့ မတည့်တာတွေထဲမှာ Iron သံဓါတ်၊ Vitamin A ဗီတာမင် အေ၊ တခြားဗီတာမင်တွေ ပါနေတာဖြစ်တယ်။ သံဓါတ်တွေ ပိုများလာစေတာမို့ ဆင်ခြင်ရတာဖြစ်တယ်။ နဂိုကတည်းက ၃ဝ% မှာ သွေးထဲမယ် သံဓါတ်တွေ များနေပြီဖြစ်တယ်။ HBV carriers ဘီပိုး သယ်ပေးနေသူမှာ Down's syndrome ဦးနှောက်-ရောဂါပါ ရှိနေရင် Hemoglobin (ဟီမိုဂလိုဘင်) များမယ်၊ Hematocrit (ဟီမတိုခရစ်) လဲများနေတယ်၊ Serum iron levels သွေးထဲ သံဓါတ်ပါ များနေတယ်။
• Iron overload သံဓါတ်တွေ များနေရင် Hepatitis C စီပိုးကိုဆေးကုရာမှာ Ribavirin နဲ့ Interferon (IFN) ဆေးတွေကို ခံနိုင်ရည်ဖြစ်စေနိုင်တယ်။
• Hepatitis B infection ဘီပိုးရှိနေသူမှာ သွေးထဲက သံဓါတ်ဟာ > 300 ng/mL ထက်များနေရင် ၉၃% မယ် IFN ဆေးမတိုးတာကို တွေ့ရှိရတယ်။
• Hepatitis C virus ကြောင့် အသဲထိခိုက်တာဖြစ်လာရင် Iron storage သံဓါတ်တွေ များနေတယ်။ အကောင်တွေမှာ စမ်းတဲ့အခါ သံဓါတ်ဆေးပေးရင် ရောဂါပိုဆိုးစေတာ တွေ့ရပေမဲ့ လူတွေမှာ အဲလိုဖြစ်တယ်လို့ အတိအကျ မပြောနိုင်ဘူး။
• Hemodialysis သွေးလဲပေးရတဲ့လူနာတွေကို သံဓါတ်ပေးတာ မထူးခြားဘူး။ Active hepatitis အသဲရောင်ရောဂါ ထနေချိန်ဆိုရင်တော့ မကောင်းဘူး။ သံဓါတ်ကို သွေးကြောထဲ ထိုးပေးရင် အသဲကို မကောင်းဖြစ်လာစေဘို့ အခွင့်အလမ်း နဲနဲလေးပိုရှိတယ်။ ဘာဘဲဖြစ်ဖြစ် ဆေးကုနေသူတွေကို သွေးထဲက သံဓါတ်အခြေအနေကို စစ်နေသင့်တယ်။
• Carriers of the hepatitis B virus ဘီပိုးသယ်ဆောင်ပေးနေသူတွေမှာ တခြားသူတွေထက် သံဓါတ်ကဲနေတာ တွေ့ရတယ်။ လူတိုင်းလဲ မဟုတ်ပြန်ဘူး။ ကင်ဆာ-အကျိတ် ကြီးစေဘို့ သံဓါတ် လိုတယ်လို့ ယူဆတယ်။
• နာတာရှည် အသဲဝေဒနာသယ်တွေမှာ အသဲထဲမှာရော သွေးထဲမှာပါ သံဓါတ် ကဲနေတယ်။ ဒါပေမဲ့ Hepatitis B virus (HBV) infection ဘီပိုးသယ်ပေးနေသူတွေ ဖြစ်တာတော့ ရှားပါးတယ်။
• Hepatitis B and C အသဲရောင် ဘီပိုး နဲ့ စီပိုး ရှိသူတွေမှာ သွေးအားနည်းရောဂါ ရလာတတ်တယ်။ ဒါမျိုးကို Autoimmune hemolytic anemia လို့ခေါ်တယ်။ Aplastic anemia/pancytopenia ဆိုတာကတော့ ဖြစ်ခဲတယ်။
စားတဲ့ အစားအသောက်ထဲမှာပါတဲ့ သံဓါတ်ကြောင့် ရောဂါဆိုးတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့သေးပါ။ မေးတဲ့သူကို သံဓါတ်ဆေးတိုက်ဘို့ မသင့်ပါ။ စိတ်ချရအောင် အစားအစာကိုသာ ဂရုစိုက်စားရင် ကလေးအတွက် နည်းမှာလဲ မပူရပါ။ အမှန်က ကလေးအတွက်ကို သိပ်မပူရပါ။ ကလေးကိုလိုတာတွေ ပေးရလို့ မိခင်မှာ နည်းသွားတတ်တာသာ ရှိပါတယ်။ ကိုယ်တိုင် နေကောင်းအောင်လုပ်ပါမှ ကလေးအတွက်ပါ ကောင်းစေတယ်လို့ သဘောထားသင့်ပါတယ်။
Dr. တင့်ဆွေ
၁ဝ-၁ဝ-၂ဝ၁၁
Friday, October 21, 2011
Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ
Posted by
Anonymous
0
comments
Thursday, July 28, 2011
Integrated Program For High-Risk Pregnancy
အထူးတကာ့ အထူးဆုံး၊ အကောင်းတကာ့ အကောင်ဆုံး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု
ကိုယ်ဝန်တိုင်းကို အထူး ဂရုစိုက်သင့်တယ်။ တကယ်လို့ ပုံမှန်ကိုယ်ဝန်ကနေ တခုခု ထူးလာရင်၊ ဒါမှမဟုတ် မိခင်လောင်းမှာ ကျန်းမာရေး ချို့ယွင်းနေရင် အထူး-စပါယ်ရှယ် ဂရုစိုက်ရလိမ့်မယ်။
ဒီသဘောကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု Rhode Island မှာရှိတဲ့ Women & Infants ဆေးရုံကနေ အဲလို High-risk pregnancies အန္တရာယ်ရှိ ကိုယ်ဝန်ဆောင်တွေနဲ့ အထဲက ကလေးအတွက် လိုလေသေးမရှိ ပြည့်စုံတဲ့ ဌာနတခု ပဌမဆုံး တီထွင် ဖွင့်လှစ် လိုက်ပါတယ်။ အရင်က ရှိထားတဲ့ Maternal-Fetal Medicine and Obstetric ကိုယ်ဝန်ဆောင်-သန္ဓေသားနဲ့ သားဖွါး ဌာန နဲ့ Consultative Medicine at Women & Infants Hospital မိခင်နဲ့ မွေးစကလေး အတိုင်ပင်ခံ-ဆေးရုံ အပြင် Warren Alpert Medical School of Brown University ဘရောင်း-တက္ကသိုလ်-ဝါရင်း-အဲလပတ် ဆေးပညာသင်ကျောင်းတွေကို စုစည်းလိုက်တာ ဖြစ်တယ်။ ဒါဟာ ကျယ်ပြန့်တဲ့ အတွေ့အကြုံနဲ့ အထူးကုဆေးပညာတွေကို ပေါင်းစပ်ပြီး မိခင်ရော ကလေးအတွက် အကောင်းဆုံး ရလဒ်တွေ ရစေအောင် လုပ်ပေးမှာ ဖြစ်တယ်။
"ဒါဟာ တခြားနဲ့ မယှဉ်နိုင်တဲ့ စိတ်ချသေခြာမှုကို ရစေမဲ့ စုဝေးမှုကြီးကနေ အဲဒီလို အန္တရာယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ အသေးဆုံး လူနာကလေးတွေ အတွက် လူနာရော ဆရာဝန်တွေအတွက်ပါ ထိုက်တန်တဲ့ ညွှန်ပြဦးစီးမှုတွေ ရစေမှာပါ" လို့ Raymond O. Powrie, MD က ပြောလိုက်တယ်။ သူဟာ ဆေးပညာဆောင် အကြီးအကဲ နဲ့ Quality and Clinical Effectiveness at Women & Infants Hospital ရဲ့ အကြီးတန်း ဒု-ဥက္ကဌဖြစ်ပြီး၊ စုဝေးမှု ဌာနသစ်ရဲ့ တွဲဖက် ညှိနှိုင်းရေးမှူးလဲ ဖြစ်တယ်။
ဒီအစီအစဉ်ကနေ တခြား ကွန်မြူနတီ သားဖွါးပေးသူတွေ၊ ကျန်းမာရေး စောင့်ရှောက်ပေးသူတွေ၊ ဝမ်းဆွဲ-သူနာပြုတွေနဲ့ ဆေးပညာ၊ သားဖွါးပညာ၊ မွေးစကလေး-ကျန်းမာရေး၊ မျိုးဗီဇရေးရာတွေကို မမွေးခင်၊ မွေးနေတုံးနဲ့ မွေးပြီး အခြေအနေတွေ အားလုံးမှာ လက်တွဲ လုပ်ဆောင်ပေးပါလိမ့်မယ်။
Division of Maternal-Fetal Medicine ဌာနက ဒါရိုက်တာ နဲ့ အစီအစဉ်သစ်ရဲ့ ညှိနှိုင်းရေးမှူးဖြစ်တဲ့ Katharine D. Wenstrom, MA, MD က "ကျမတို့ ရည်ရွယ်ချက်က (ကွန်မြူနတီ) အခြေပြု သားဖွါးပေးသူတွေကို အကောင်းဆုံးအဆင့် စောင့်ရှောက်မှုပေးဘို့ပါ" လို့ ပြောတယ်။ "စုစည်းမှုကြီးဟာ အကောင်းဆုံး ဦးနှောက်တွေ လက်တွဲ လုပ်ကြပြီး အကောင်းဆုံး ရလဒ်တွေ ရစေဘို့ ဖြစ်ပါတယ်။"
အစုအစည်းကြီးထဲမှာ Maternal-fetal medicine မိခင်-သန္ဓေ-ဆေးပညာ၊ Obstetric internal medicine မီးဖွါးဆေးပညာ၊ Internal Medicine ဆေးပညာ၊ Obstetric Anesthesiology မီးဖွါး-မေ့ဆေးပညာ၊ Cardiology နှလုံး-အထူးကု၊ Pulmonology အဆုပ်-အထူးကု၊ Hematology သွေး-အထူးကု၊ Gastroenterology အစာလမ်း-အထူးကု၊ Rheumatology လေးဘက်နာ-အထူးကု၊ Endocrinology ဟော်မုန်း-အထူးကု၊ Infectious disease ကူးစက်ရောဂါ-အထူးကု၊ Clinical genetics မျိုးဗီဇ-အထူးကု၊ Laboratory medicine ဓါတ်ခွဲခန်း-ဆေးပညာ၊ Radiology ဓါတ်မှန်၊ Nursing သူနာပြု၊ Pharmacy ဆေးဝါး၊ နဲ့ Respiratory therapy အသက်ရှူ-ကုသရေးတွေ ပါဝင်တယ်။ တခြားဟာတွေလဲ ပါပါသေးတယ်။
Prenatal Diagnosis Center အပြင်လူနာဌာနကနေ ကိုယ်ဝန်ဆောင် မိခင်နဲ့ အထဲကကလေးအတွက် ရှုတ်ထွေး ဆန်းပြားတဲ့ ရောဂါ-ရှာဖွေ-စစ်ဆေးရေး-အကဲဖြတ်ရေးတွေ လုပ်ပေးတယ်။
Diagnostic services ရောဂါရှာဖွေရေးတွေထဲက Ultrasound exams (အာလ်ထွာဆောင်း)၊ Genetic amniocentesis ရေမြွာရည်စုပ်-မျိုးဗီဇ စစ်ဆေးမှု၊ Chorionic villus sampling အချင်း-နမူနာယူတာ၊ Division of Maternal-Fetal Medicine ကနေ လုပ်ပေးမယ်။ လူနာရဲ့ သီးသန့် ဆရာဝန်ကနေ ညှိနှိုင်းပေးတာတွေ လုပ်ပေးမှာပါ။
ဒီအထဲက Division of Maternal-Fetal Medicine faculty ဟာ Women & Infants and Hasbro Children's/Rhode Island hospital ရယ် Tufts Medical Center in Boston ရယ်နဲ့ စပ်တူဖြစ်နေတဲ့ Women & Infants and the Fetal Treatment Program နဲ့ပါ တွဲဆက်လုပ်မှာ ဖြစ်ပါတယ်။
Fetal Treatment Program မွေးစကလေး ကုသရေးဌာနကနေ အသက်ကို အန္တရာယ် ပေးနိုင်တဲ့ ရောဂါအခြေအနေ မှန်သမျှကို အကောင်းဆုံး-နောက်ဆုံးပေါ် နည်းတွေနဲ့ ကုသပေးမှာ ဖြစ်တယ်။
Diabetes in Pregnancy Program ကိုယ်ဝန်-ဆီးချို အစီအစဉ်ကနေ အမျိုးအစား ၁ ရော ၂ ရော၊ Gestational Diabetes ကိုယ်ဝန်ဆောင်မှ ဆီးချို ရှိလာရသူတွေ အတွက်ပါ အမျိုးမျိုးသော ဆောင်ရွက်ပေးမှုတွေ ရစေပါမယ်။
Genetic testing and counseling မျိုးဗီဇ စစ်ဆေးခြင်းနဲ့ တိုင်ပင်မှုကို ဖြစ်နိုင်ခြေ ရှိသူတွေအတွက် ကိုယ်ဝန် မယူခင်ကာလကတည်း ဆောင်ရွက် ပေးနိုင်ပါတယ်။ လူနာဟာ အသက်ကြီးနေလို့၊ ဒါမှမဟုတ် မိသားစုထဲမှာဖြစ်ဖြစ် ကိုယ်တိုင်ဖြစ်ဖြစ် မျိုးဗီဇ ချို့ယွင်းတာ ရှိသူဖြစ်ဖြစ်၊ လုပ်ရိုးလုပ်စဉ် စမ်းတော့ သံသယရှိသူ ဖြစ်ဖြစ် မျိုးဗီဇဌာနကို လွှတ်ပေးလိမ့်မယ်။ ဒီလို စစ်ဆေးမှုတွေက အများဆုံး သေခြာတယ်။ တကယ်လို့ ကိုယ်ဝန်မှာ တခုခုရှိနေတာတွေ့ရင် ညှိနှိုင်းဆွေးနွေးမှု အကူအညီပေးပြီး ပြဿနာကိုရှင်းပြတာ၊ နောက်ပြီး ဖြစ်နိုင်ရင် မမွေးခင် ကုသပေးတာတွေ လုပ်ပေးမယ်။ ဒီအဖွဲ့ထဲမှာ Genetic counselors မျိုးဗီဇ-ကောင်ဆယ်လာ နဲ့ မျိုးဗီဇ နဲ့ မိခင်-သန္ဓေသား-ဆေးပညာ အထူးကု ၂ ဦးတို့ ပါတယ်။ ဒါမျိုးဆိုတာ ဒီတိုင်းပြည်ထဲမှာတောင် ခပ်ရှားရှားသာ ရှိတာပါ။
Dr. တင့်ဆွေ
Posted by
Anonymous
0
comments
July 28 is World Hepatitis Day ဇူလိုင် ၂၈ ကမ္ဘာ့ အသဲရောင်ရောဂါနေ့
လူပေါင်း ၁ဝ သန်းဟာ မူးယစ်ဆေး တရားမဝင်ထိုးရာကနေ အသဲရောင် စီ ပိုး ကူးစက်ခံနေကြရပြီး ၁့၂ သန်းမှာ ဘီ ပိုး ကူးစက်ခံ ထားရတယ်။
ဒီဆိုးဝါးလှတဲ့ ဗိုင်းရပ်ပိုးတွေကြောင့် အသက်သေတဲ့အထိ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် သွေးကတဆင့် ကူးစက်မှု လျှော့ကျစေအောင် နဲ့ ကုသစရိတ် နည်းပါအောင် လုပ်ဘို့ လိုအပ်နေတယ်။
မူးယစ်ဆေး ထိုးရာကနေ စီပိုး ကူးစက်မှုကြောင့် ကုန်ကျစရိတ်ဟာ ဒီနည်းလမ်းနဲ့ ကူးစက်တဲ့ HIV အဆပေါင်းများစွား များနေတယ်။
British journal Lancet ထုတ်ပြန်ချက်အရ ကမ္ဘာမှာ မူးယစ်ဆေးထိုးသူ ၃ ပုံ ၂ ပုံမှာ HVC စီးပိုး ကူးစက်နေကြတယ်။ သူတို့ထဲက ၈ဝ% ဟာ နာတာရှည် အသဲရောင်တာ ဖြစ်မယ်။ ၁၁% ဟာ အသဲခြောက်ရောဂါ ရမယ်။ နောက် အသဲ အလုပ်မလုပ်နိုင်ဘဲ အသဲ-ကင်ဆာပါ ဖြစ်စေနိုင်တယ်။ စီပိုး ကာကွယ်ဆေး အခုထိ မပေါ်သေးပါ။
မူးယစ်ဆေး ထိုးတဲ့သူတွေနေတဲ့ နိုင်ငံပေါင်း ၇၇ နိုင်ငံက ကိန်းဂဏန်းတွေ စုစည်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ တချို့ တိုင်းပြည်တွေမှာ ကူးစက်နှုန်း ၆ဝ ကနေ ၈ဝ% ရှိတယ်။ စပိန် ၈ဝ%၊ နော်ဝေ ၇၆%၊ ဂျာမနီ ၇၅%၊ ပြင်သစ် ၆၄%၊ အမေရိကား ၇၃%၊ တရုပ် ၆၇% နဲ့ ကနေဒါ ၆၄%။
၁၂ နိုင်ငံမှာ ဒိထက် များတယ်။ အီတလီ၊ ပေါ်တူဂယ်လ်၊ ပါကစ္စတန် တို့မှာ ၈ဝ% ကျော်တယ်။ ထိုင်း၊ မက်ဆီကို နဲ့ နယ်သာလန်မှာ ၇၉% ရှိတယ်။ ယူနိုက်တက်-ကင်းဒမ်း၊ နယူးဇီလန် နဲ့ သြစတြေးလျတို့မှာ အနည်းဆုံး။ ဒါတောင် ၅ဝ% ကျော်လောက်တယ်။
Hepatitis B virus (HBV) က သွေးကနေရောက လိင်လမ်းကရော မအေကနေ ကလေးကိုပါ ကူးစက်တယ်။ ကမ္ဘာလုံးမှာ လူပေါင်း သန်း ၃၅ဝ မယ် ကူးစက်ခံနေကြရတယ်။ အများစုကြီးက ကလေးဘဝကတည်းက ကူစက်ခံကြရတာ ဖြစ်တယ်။ ဒါကြောင့် မွေးတဲ့ ကလေးတိုင်းကို ဘီ ကာကွယ်ဆေး တကမ္ဘာလုံးမှာ ထိုးရတယ်။
HBV ဘီပိုးဟာ ကင်ဆာဖြစ်စေတာမှာ ဆေးလိပ် (တိုဘက်ကို) ပြီးနောက် ဒုတိယလိုက်တယ်။ ဒီ ဘီပိုးကနေ Cirrhosis အသဲခြောက် ရောဂါ နဲ့ Liver cancer အသဲကင်ဆာဖြစ်စေတယ်။ WHO အဆိုအရ တနှစ်မှာ လူ ၆ သိန်းသေဆုံးနေရတယ်။
ကူးစက်နှုန်း ပြောရရင် ၂၁ နိုင်ငံမှာ ၅-၁ဝ % ရှိပြီး၊ ၁ဝ နိုင်ငံမှာ ၁ဝ% ကျော်တယ်။ အများဆုံးက ဗီယက်နမ် ၂ဝ%၊ အက်စ်တိုးနီးယား ၁၉%၊ ဆော်ဒီ-အာရေးဗီးယား ၁၈% နဲ့ တိုင်ဝမ် ၁၇% ရှိကြတယ်။
Dr. တင့်ဆွေ
၂၈-၇-၂ဝ၁၁
Posted by
Anonymous
0
comments
အသက်သတ်လွတ် စားသူများအတွက် အကြံပြုချက်
လူအပါအ၀င် လူအပါအ၀င် သက်ရှိများ၏ ခန္ဓာကိုယ် သည် နေ့စဉ် မြင်တွေ့ နေရသော သက်မဲ့ ရုပ်ဝထ္ထု ပစ္စည်းများကဲ့သို့ပင် ဓါတုဗေဒ ဆိုင်ရာ ဓါတ်ပေါင်း များဖြင့် ဖွဲ့စည်း ထား ပါသည်။ ထို ဓါတ်ပေါင်း များကို နေ့စဉ် စားသုံး နေသော အစားအသောက်နှင့် ရှူရှိုက်သော လေမှ တဆင့် ခန္ဓာကိုယ်မှ လက်ခံ ရရှိ ပါသည်။ လူတယောက် ပုံမှန် အတိုင်း ကျန်းမာစွာ ရှင်သန် နိုင်ရန် အတွက် ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစွာ မွေးမြူနိုင်ရန် သင့်တင့် မျှတသော အာဟာရ အား နေ့စဉ် စားသုံး ပေးရန် လိုအပ် ပါသည်။
ခန္ဓာ ကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး နေ့စဉ် စားသုံး သင့်သော အာဟာရ များကို Micronutrients ဟုခေါ်သော ဗိုက်တာမင်နှင့် သတ္တုဓါတ်များပါဝင်သည့် အသေးစား အာဟာရ နှင့် Macronutrient ဟုခေါ်သော ကစီဓါတ်၊ အဆီဓါတ်၊ အသားဓါတ် နှင့် ရေပါဝင်သည့် အကြီးစား အာဟာရ ဟူ၍ နှစ်မျိုး တွေ့ရပါသည်။ ထိုအာဟာရ နှစ်မျိုးထဲတွင် ပါဝင်နေသည့် အစား အစာ များအား လုံလောက်စွာ မစားသုံးပါက အာဟာရ ချို့တဲ့နိုင်သလို လွန်ကဲစွာစားသုံးပါကလည်း နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုး ပြဿနာများစွာ ရရှိနိုင်ပါသည်။ ထို့ကြောင့် အာဟာရကို လုံလောက်မျှတအောင် စားသုံးရန် လိုအပ်ပါသည်။
အသက်သတ်လွတ်စားသုံး သူများသည် စားသုံးသင့်သည့် အာဟာရကို လုံလောက်စွာ မစားသုံးပါက အသားဓါတ်ချို့တဲ့နိုင်ခြင်း၊ တခြား ဗီတာမင်ဓါတ်များလည်း ချို့တဲ့နိုင်ခြင်း စသည့် အားနည်းချက် ရှိသလို ဟင်းသီးသင်းရွက်ကို အဓိကထား စားသုံးသောကြောင့် လုံလောက်စွာ စားသုံးပါက သာမန်လူများထက် အမျှင်ဓါတ်လုံလောက်သည့်အတွက် အားသာချက်များကိုလည်း ရရှိထားပါသည်။ အစာအာဟာရနှင့်ပတ်သက်၍ အသက်သတ်လွတ် စားသူများအတွက် အားသာချက်နှင့် အားနည်းချက်များကို ယှဉ်တွဲတင်ပြပါမည်။
အမျှင်ဓါတ်
အမျှင်ဓါတ်သည် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ဟင်းသီးဟင်းရွက်ထဲမှာ အများဆုံးပါရှိပါသည်။ အမျှင်ဓါတ် ပိုမိုစားသုံးသူသည် အမျှင်ဓါတ် အစားနည်းသူထက် များစွာအသက်ရှည်ပြီး ကျန်းမာသည်။ အကယ်၍ အသက်သတ်လွတ်စားသုံးသူများသည် လုံလောက်သော အာဟာရကို နေ့စဉ်စားသုံးနိုင်ပါက အသားငါး စားသူများထက် ပိုပြီး ကျန်းမာအသက်ရှည်စွာ နေထိုင်ကြမည် ဖြစ်သည်။ အကြောင်းမှာ ဟင်းသီးဟင်းရွက်နှင့် အသီးနှံများတွင် ပါဝင်သော အမျှင်ဓါတ်သည် ခန္ဒာကိုယ်အတွက် စွမ်းအင်ဖြစ်စေသည့် ဂလူးကို့စ်ဖြစ်အောင် အစာခြေ၍ မရနိုင် သောကြောင့် ၎င်းကို ဆဲလ်များမှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသုံး ပြုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် ဟင်းသီးဟင်းရွက်မှ ရရှိသော အမျှင်များသည် အူနံရံရှိ ဘက်တီးရီးယား များကို သယ်ဆောင်ပြီး မစင်အဖြစ် ပုံမှန် စွန့်ထုတ်ပေးခြင်းဖြင့် ၀မ်းကို ပုံမှန် သွားစေပြီး အူလမ်းကြောင်းတွင် ဖြစ်တတ်သော ရောဂါများကို ကာကွယ်စေခြင်းဖြင့် ခန္ဓာကိုယ်အား အကျိုးပြု ပါသည်။
ထို့အပြင် ထိုအမျှင်များသည် ခန္ဓာကိုယ်အား စွမ်းအင် အဖြစ်နှင့် အကျိုး မပြုနိုင် သော်လည်း စားသုံးလိုက်သော အာဟာရများထဲရှိ ဂလူးကို့စ်ကို သွေးထဲ ပုံအော ရောက်ရှိခြင်းမှ ကာကွယ်ပြီး ဆဲလ်မှ ဂလူးကို့စ်ကို ဖြည်းဖြည်းနှင့် မှန်မှန် စုပ်ယူစေ၍ သွေးထဲ သကြားဓါတ် ပမာဏကို အမြဲတမ်း ပုံမှန် ဖြစ်နေအောင် ထိန်းညှိ ပေးသည်။ ထို့အပြင် နှလုံးနှင့် သွေးကြော များအား ဒုက္ခပေးနိုင်သည့် ကော်လက်စထရောလ် ပမာဏကို လျော့နည်းစေခြင်း၊ ၀မ်း ပုံမှန် သွားပြီး အူမကြီး အား ဘတ်တီးရီးယား ဒုက္ခ ပေးခြင်း၊ ကင်ဆာဖြစ်ခြင်းဖြင့် နှလုံး၊ ဆီးချို၊ အူမကြီးကင်ဆာ စသည့် အသက်ကြီးလာရင် ဖြစ်လာနိုင်သော ရောဂါပေါင်း များစွာကို ကာကွယ်ပေးပါသည်။ ဟင်းသီးဟင်းရွက်များတွင် အမျှင်ဓါတ်အပြင် ဗီတာမင်နှင့် သတ္တုဓါတ်များလည်း များစွာ ပါဝင်ပြီး ဘက်တီးရီးယားနှင့်အတူ မစင်အဖြစ် မစွန့်ထုတ်မီ နောက်ဆုံးအချိန်အထိ ထိုသတ္တုဓါတ်များကို အစာလမ်းကြောင်းတလျှောက်ရှိ အူနံရံက စုပ်ယူပါသည်။ ဤနည်းဖြင့် အမျှင် ( Fibre) သည် စွမ်းအင် ဖြစ်စေသည့် ဂလူးကို့စ်ကို မထုတ်ပေးသော်လည်း ခန္ဓာကိုယ်နှင့် အစာ လမ်းကြောင်းကို များစွာ အကျိုး ပြုပြီး ရောဂါပေါင်း များစွာကို ကာကွယ်ပါသည်။ ထို့ကြောင့် အမျှင်ဓါတ်ကို နေ့စဉ်များများ စားသုံးရန် လိုအပ်ပါသည်။ အစာလမ်းကြောင်း ပြဿနာမရှိသူများအနေဖြင့် အချိုအရသာ မရှိသည့် အသီးနှံနှင့် ဟင်းသီး ဟင်းရွက်များကို ဆန္ဒရှိသလို ကြိုက်သလောက် များများ စားသုံး နိုင်ပြီး ချိုသည့် အသီးနှံများကိုမူ တမျိုးစီ သို့မဟုတ် Fruit Salad အဖြစ် တနေ့ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထက် ပိုမစားသင့်ပါ။
အသားဓါတ်
အသားဓါတ် Protein သည် ခန္ဓာကိုယ်၏ လုပ်ငန်းစဉ် အတော် များများကို အထောက်အကူ ပြုပါသည်။ အထူးသဖြင့် ဆဲလ်များနှင့် တစ်ရှူး များ၏ လုပ်ငန်းများ ဖြစ်သည့် သွေးထဲနှင့် တစ်ရှူးထဲရှိ အရည် ပမာဏကို မျှတအောင် ထိန်းချုပ် ပေးခြင်း၊ သွေးထဲ ဟိုက်ဒရိုဂျင် စုစည်းမှု (pH) ကို မျှတ အောင် လုပ်ပေးရန် အင်ဇိုင်းနှင့် ဟော်မုန်းများ ပုံမှန် အလုပ်လုပ် နိုင်အောင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း ရောဂါပိုးများ နှောင့်ယှက်မှု ကို ကာကွယ် ပေးခြင်း၊ အာဟာရ ကို ခန္ဓာကိုယ်အနှံ့ သယ်ယူ ပို့ဆောင် ရာတွင် အကူအညီ ပေးခြင်း၊ ခန္ဓာကိုယ် အတွင်း အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ်ကို အကြောင်းအမျိုးမျိုးကြောင့် ပြတ်လတ် သွားပါက အသားဓါတ်မှ ဂလူးကို့စ်အဖြစ် ပြောင်းလဲ၍ အသက် မဆုံးရှုံးအောင် ထိန်းထား ပေးခြင်း စသည့် အရေးပါသည့် လုပ်ငန်း များစွာဖြင့် ခန္ဓာကိုယ်အား အထောက်အကူ ပြုပါသည်။
အသားဓါတ် ကို ဆဲလ်ကလပ်စည်းများ အတွင်းရှိ DNA ခေါ် မျိုးရိုးဗီဇကို သယ်ဆောင်ပေးသည့် အချဉ်ဓါတ်တမျိုးမှတဆင့် အဆင့်ဆင့် ပြောင်းလဲ၍ အမီနို အက်စစ် ကွင်းဆက်များ အဖြစ် တွေ့ရပါသည်။ အသားဓါတ်တွင် အမီနိုအက်စစ် အမျိုးအစား ၂၀ ရှိပြီး အရိုးတွယ် ကြွက်သားများ ကို အသုံးပြု၍ လိုအပ်သော အသားဓါတ် အများစုကို ခန္ဓာကိုယ် ထဲမှာ ပင် ထုတ်လုပ် ပါသည်။ သို့သော်လည်း ခန္ဓာကိုယ်ထဲတွင် ထုတ်လုပ်၍ မရနိုင်သော မဖြစ်မနေ လိုအပ်သည့် အမီနို အက်စစ် တချို့ ရှိနေ သောကြောင့် အသားဓါတ်ကို နေ့စဉ် အနည်းငယ်စီ ဖြည့်စွက်စားသုံးရန် လိုအပ်ပါသည်။
လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ စသည့် တိရစ္ဆာန်ထွက် အစားအစာများကို စားသုံးခြင်းဖြင့် ရနိုင်သကဲ့သို့ ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ စသည့် အပင်ထွက် အစားအစာများကို လုံလောက်စွာ စားသုံးခြင်းဖြင့်လည်း လူတယောက်အတွက် လုံလောက်သော အသားဓာတ်ကို ရရှိနိုင်ပါသည်။ အားနည်းချက်မှာ တိရိစ္ဆာန် မှ ရသော အသားဓါတ်တွင် အသားတမျိုးတည်းမှ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သော အမီနိုအက်စစ် အားလုံး ပါဝင် နိုင်သော်လည်း အပင်မှ ရရှိသော အသားဓါတ်တွင် အမီနို အက်စစ် တခု (သို့) တခုထက် ပို၍ လိုနေ တတ်ပါသည်။ ထို့ကြောင့် အသက်သတ်လွတ် စားနေသူများ သည်နွားနို့စသည့် တိရစ္ဆာန်ထွက် နို့မသောက်သူများ ဖြစ်ပါက အမီနိုအက်စစ် အားလုံး ပါစေရန် အသားဓါတ် ပါဝင်သည့် အပင်ထွက် အစားအစာ အမျိုးမျိုး ပါဝင်အောင် စားသင့်ပါသည်။ အသားဓါတ်ပါသော အပင်ထွက်အစားအစာ တခုတည်းစား၍ အသားဓါတ်ထဲတွင် ပါဝင်သော Amino acid အကုန်လုံးပါဖို့ မဖြစ်နိုင်ပါ။ ဆိုလိုသည်မှာ ပဲဟင်းတခွက်တည်း ဖြင့် ခန္ဓာကိုယ်အတွက် လုံလောက်သော အသားဓါတ်ကို ရရှိမည် မဟုတ်ပါ။ တမျိုးတည်းကိုသာ စားသုံးပါက အသက်သတ်လွတ်စားခြင်းအတွက် အားနည်းချက်အဖြစ် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများကို ဖြစ်လာစေနိုင်ပါသည်။
ထို့ကြောင့် ပဲတမျိုးတည်းကို နေ့စဉ် ဆက်တိုက် စားမည့်အစား ပဲပုပ်ပဲ၊ ကျောက်ကပ်ပုံပဲ၊ မြေပဲ၊ ပဲဝါခြမ်း၊ နှမ်းနှင့် တခြားအခွံမာ စေ့များ၊ ပဲပြား တို့ဖူး စသည်တို့ကို တပတ်အတွင်းတွင် အနည်းဆုံး အမျိုးစား နှစ်ခုထက် ပို၍ ပါဝင်အောင် တလှည့်စီ စားသင့် ပါသည်။ စားသုံးသည့် အသားဓါတ်ထဲတွင် အမီနိုအက်စစ် အကုန်လုံး ပါဝင်အောင် မစားနိုင်ပါက အသားဓါတ် ချို့တဲ့နိုင်ပြီး အသားဓါတ် ချို့တဲ့ခြင်း သည် တခြားအာဟာရဓါတ်အားလုံး ချို့တဲ့ခြင်း၏ လမ်းစဖြစ်ပါသည်။ သို့သော် အသက်သတ်လွတ်စားသူသည် အသားဓာတ်ပါသော အသီးအရွက် နှစ်မျိုးနှင့် နှစ်မျိုးထက်ပိုပြီး စားသုံးပေးနိုင်ပါက နေ့စဉ် အသားစားသူနှင့် အသားဓာတ် အာဟာရ ရရှိမှုတွင် ဘာမှ မခြားပါ။ အသားစားသူများထက် အားသာသည့်အချက်မှာ တိရစ္ဆာန်မှ ရရှိသည့် အသားဓာတ်ကို လိုသည်ထက် ပို၍ စားသုံးပါက ဘေးထွက်ဆိုးကျိုးနှင့် နောက်ဆက်တွဲ ပြဿနာ များစွာ ရှိသော်လည်း အပင်မှရသည့် အသားဓာတ်ကိုမူ အစာလမ်းကြောင်း ပြဿနာနှင့် အစာ မတည့်သည့် ပြဿနာ မရှိပါက ဆန္ဒရှိသလောက် ကြိုက်သလို များများ စားသုံးနိုင်ပါသည်။ အပင်မှရသည့် အသားဓါတ်သည် ခန္ဓာကိုယ်အတွင်း အောက်စီဂျင်ပိုရသောကြောင့် အသားစားသူထက် လူကိုပို၍လန်းဆန်းစေသဖြင့် လိုသည်ထက် ပိုစားမိသည်ဟူ၍ မရှိဘဲ အမျှင်များများစားလေ ဘက်တီးရီးယားများကို ပိုမိုဖယ်ရှားနိုင်ပြီး အစာလမ်းကြောင်းကို ပို၍ ကျန်းမာသန့်ရှင်းစင်ကြယ်စေပါသည်။
ဗီတာမင် B12
အပင်ထွက် အစားအစာများကို တခုထက်ပိုစားပါက အသားဓါတ်နှင့် တခြား ဗီတာမင်ဓါတ်၊ သတ္တုဓါတ်များကို လုံလောက်စွာ ရနိုင်သော်လည်း ဗီတာမင် B12 ကိုမူ အပင်ထွက် အာဟာရများမှ ရနိုင်သည့် အထောက်အထားကို အာဟာရဆိုင်ရာ သိပ္ပံပညာရှင်များ မတွေ့ရသေးကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 သည် ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှု၊ အာရုံကြောအကာလွှာ ထိန်းသိမ်းမှု၊ ဦးနှောက်နှင့်အာရုံကြောဆဲလ်များ ထိန်းသိမ်းမှု နှင့် ဦးနှောက်နှင့်အာရုံကြောစနစ်၏ ပုံမှန် လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းမှု အတွက် မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို တိရစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် တခြားမည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ကြောင်း လေ့လာသိရှိရပါသည်။ ဗီတာမင် B12 ချို့တဲ့ပါက သွေးအားနည်း ရောဂါတမျိုး ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။ ထို့ကြောင့် အကယ်၍ အသက်သတ်လွတ်စားသူသည် ကြက်ဥ (သို့) နွားနို့ကဲ့သို့ တိရစ္ဆာန်ထွက် နို့များကို မသောက်သုံးသူများ ဖြစ်ပါက ဗီတာမင် B12 ချို့တဲ့မှု ရှိမရှိ စမ်းသပ်စစ်ဆေးသင့်ပြီး ရှိပါက ဆေးဝါးဆောင်ထားသင့်ပါသည်။ ကြက်ဥ စားသူများ (သို့) နွားနို့သောက်သူများအတွက် မလိုအပ်ပါ။
ကယ်လ်စီယံ
ကယ်လစီယံကို အသီးအရွက်များတွင် ရနိုင်သော်လည်း သူ့အတွက် သီးသန့်ပုံမှန်စားသုံးမှု မရှိပါက ခန္ဓာကိုယ်အတွက် လုံလောက်သည့် ပမာဏကို ရရန်မလွယ်ပေ။ ထို့ကြောင့် နေ့စဉ် နွားနို့ (သို့) ပဲနို့ နှစ်ခွက်ခန့် သောက်သင့်ပါသည်။
အပိုစာများ
သကြား၊ ဆား၊ ဘီယာ၊ အရက်၊ အချိုရည် (Soft drink)၊ ဘီစကစ်မုန့်အပါအ၀င် သရေစာ အချိုစာများအားလုံး၊ ပေါင်မုန့်တွင် သုတ်သည့် ထောပတ်နှင့် Jam များအားလုံးသည် ကျန်းမာရေးအတွက် မလိုအပ်ပဲ အရသာအတွက် အပျော်စားသည့် အပိုစာများသာ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုအစားအစာများကို မစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် မည်သည့် အကျိုးကျေးဇူးမှ ဆုတ်ယုတ်သွားရန် မရှိပါ။ အရသာအတွက်သာ ဖြစ်သည့် အစားအစာများ ဖြစ်၍ စားသုံးပါက အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင်ဆင်ခြင် စားသုံးသင့်သော အစားအစာများ ဖြစ်သည်။ ၎င်းတို့ကို မစားသုံးပဲ နေနိုင်က စားသုံးသူများထက် ကျန်းမာရေးအတွက် ပိုအကျိုးရှိပါသည်။
အချုပ်အားဖြင့် အသက်သတ်လွတ်စားသူများအတွက် အသားဓါတ်ကို အပင်ထွက် အစားအစာများမှ လုံလောက်စွာ ရရှိနိုင်သော်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည့် ဗီတာမင် B12 ကိုမူ တိရိစ္ဆာန်ထွက် အစားအစာမှသာ ရရှိနိုင်သောကြောင့် တိရိစ္ဆာန်ထွက် အသားဓါတ်လုံးဝ မစားသုံးသူများသည် ဖြည့်စွက် Vitmin B12 ကို အသုံးပြုသင့်ပါသည်။ လူတိုင်း လူတိုင်း တနေ့ကို ဟင်းသီးဟင်းရွက် အစိမ်းအကျက် သုံးလေးမျိုးနှင့် အသီးနှံ နှစ်မျိုးခန့် စားသုံးမှ ခန္ဓာကိုယ်အတွက် လုံလောက်သော အာဟာရကို ရရှိနိုင်ပါသည်။ အသက်သတ်လွတ် စားသူများအနေဖြင့်မူ ၎င်းပမာဏထက်ပိုစားသုံးသင့်ပြီး အစာလမ်းကြောင်း ပြဿနာ မရှိပါက ဟင်းသီးဟင်းရွက်ကို မိမိကြိုက်နှစ်သက်သလောက် စားသုံးနိုင်ပါသည်။ ဟင်းသီးဟင်းရွက်ကို များများ စားသုံးခြင်းဖြင့် ရောဂါပေါင်းများစွာကို ကာကွယ်နိုင်မှာဖြစ်ပြီး မည်သူမဆို လူ့သက်တမ်းမှာ ကျန်းမာ အသက်ရှည်စွာ အသက်ရှင် နေထိုင်ရမည် ဖြစ်သည်။
လူတိုင်းလူတိုင်း အစာအာဟာရကို မျှတအောင် စားသုံးပြီး လူ့သက်တမ်းကို ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေ။

အပေါ်မှာ ရေးထားတာတွေက အရင်ပို့စ်ဟောင်းတွေက ပြန်ကောက်နုတ်ထားတာကို အသက်သတ်လွတ်နဲ့ ပတ်သက်တာနည်းနည်း ပြန်ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ အသက်သတ်လွတ်နဲ့ မဆိုင်ဘဲ ပုံမှန် လူတွေအတွက် အာဟာရကို ဒီထက်ပို အသေးစိတ်သိလိုရင် Nutrition label အာက်က Malnutrition အပါအ၀င် ကျန်းမာစွာ အသက်ရှင်ရန် နေ့စဉ်စားသုံးရန် လိုအပ်သည့် အစာအာရ ခေါင်းစဉ်နဲ့ ပို့စ် သုံးခုကို သွားလေ့လာနိုင်ပါတယ်။
အထက်ဖေါ်ပြပါ ပို့စ်ပါ အကြောင်းအရာအရ အသက်သတ်လွတ် စားသူများဟာ ပဲဟင်းတခွက်တည်း (သို့) ကန်ဇွန်းရွက်ကြော် တခွက်တည်းနဲ့ လုံလောက်တဲ့ အာဟာရကို ရရှိမှာ မဟုတ်တာ သေချာပါတယ်။ တို့စရာကြိုက်တတ်သူ ဖြစ်ရင် ဟင်းချက်ဖို့ အချိန်မရရင်တောင် ဟင်းသီးဟင်းရွက်ကို စုံအောင် တို့စားသင့်ပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီးတို့လို အသီးတွေကို ဘာမှ ချက်ပြုတ်စရာမလိုဘဲ လွယ်လွယ်စားလို့ရတဲ့ အသီးတွေလည်း ရှိပါတယ်။ အောက်ကအစားအစာပုံတွေက ကျွန်မ မကြာခဏ ချက်စားတတ်တဲ့ အသက်သတ်လွတ်စားသူများ ချက်ပြုတ်စားသောက်ဖို့ အကြံပြုတဲ့ အစားအစာ တချို့ဖြစ်တယ်။ ဒီအထဲမှ ဟင်းအကုန်လုံးကို နေ့တိုင်း ချက်စားဖို့မလိုပါဘူး။ နေ့စဉ် အာဟာရစုံအောင် ရောင်စုံဟင်းသီးဟင်းရွက် နှစ်မျိုးသုံးမျိုးခန့် ပါတဲ့ဟင်း နှစ်ခွက်ခန့် ချက်စားရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရ လုံလောက်နိုင်ပါတယ်။
(၃) ဟင်းသီးဟင်းရွက်စုံ ဟင်း - ပဲပြား၊ အာလူး၊ မုန်လာဥအနီ၊ Chick pea၊ ခရမ်းချဉ်သီး တို့ကို မဆာလာနဲ့ ဟင်းလေးချက်ထားတယ်။ (အသီးအရွက် ငါးမျိုး)
(၆) ဟင်းချို - မှိုအမျိုးမျိုး၊ တို့ဖူးနဲ့ မုန်ညှင်းရွက် ဟင်းချို ငရုပ်ကောင်းမှုန့်ဖြူးထားတယ်။ မှိုတမျိုးတည်းနဲ့ တခြားမိမိနှစ်သက်ရာ အသီးအရွက်တွေနဲ့လည်း ချက်သောက်နိုင်ပါတယ်။
ကျွန်မ မကြာခဏ တို့လေ့ရှိတဲ့ တို့စရာတွေ ( ခရမ်းကြွပ်သီးနဲ့ သခွားသီးက အစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီပန်းအစိမ်းနဲ့ ကညွတ်ပင်က အကျက်။
Posted by
Nge Naing
0
comments
Labels: Nutrition အာဟာရ
Monday, July 25, 2011
Doctor-patient relationship ဆရာ-လူနာ ဆက်ဆံရေး
2011/7/22
ဆရာခင်ဗျာ မျက်လုံးဝါရခြင်းအကြောင်းကို ဖြေကြားပေးတဲ့အတွက် ဖော်မပြတတ်အောင် ကျေးဇူး အများကြီး တင်ရပါတယ်။ ဆရာ၏ စိတ်ဓာတ်နှင့် စေတနာ၊ ပညာနှင့် လုပ်ဆောင်ချက်များ အတိုင်း ထပ်တူကျမည့် ဆရာများ မြန်မာပြည်မှာ အများကြီးရှိနေခဲ့ရင် ကောင်းမယ် ဆိုတာကို တွေးမိသေးတယ်။
ကျေးဇူးတင်တယ်ဗျာ။ မောပမ်းတဲ့ အချိန်မှာ အားရှိလာစေတာလဲ မှန်တယ်ဗျ။
ဒီကနေ့ ဘာပြောကောင်းမလဲ။ အလုပ်ရုံ-ဆွေးနွေးပွဲ တခု အောက်ထပ်မှာ လုပ်နေရသေး၊ မွေးလူနာကလာ၊ သူမမွေးသေခင် နောက်တယောက် ထပ်ရောက်လာ။ မွေးကြတော့လဲ ၁၅ မိနစ်သာ ကွာလို့ ဆေးခန်းရှိ လူကုန် အလုပ်ရှုတ်သလား မမေးနဲ့။ ဆေးခန်းဆိုတာက မည်ကာမတ္တ၊ ဈေးချိုတဲ့ အိမ်ခန်းငှား လုပ်ရတာ။ ဆရာမ ဆိုတာ လာပါ-ကူပါ-သင်ယူပါ လုပ်နေကြရတယ်။ ဒါပေမဲ့ အားလုံး ချောချော မောမောဘဲ။ သားဦးမွေးသူက ယောက်ျားလေးရလို့ ဝမ်းသာတဲ့ မိဘ၊ ဆွေမျိုးတွေလိုဘဲ ကိုယ်လဲ ဝမ်းသာကြရတာပေါ့။ အခုလို အားပေးစာ ဖတ်ရတော့ နောက် လူနာတွေအတွက် အဆင်သင့် ဖြစ်သွားပြီပေါ့ဗျာ။ တကယ်ပြောတာ သားဦး မွေးမဲ့ကလေးမ သရိုးသရည် ဖြစ်နေပြီဆိုဘဲ။ ဒီညတော့ မနိုးလောက် ကောင်းပါရဲ့။
ည ၁၁ နာရီ ၄၂ မိနစ်၊
၂၂-၇-၂ဝ၁၁
2011/7/24
ကျွန်တော် ရေးလိုက်တဲ့စာ ဆရာ့အတွက် အားဖြစ်သွားစေတဲ့အတွက် ဝမ်းသာမိပါတယ်ဆရာ။ သားဦးလေး မွေးမယ့် အမျိုးသမီးလည်း အခုလောက်ဆို အဆင်ပြေချောမွေ့စွာ မွေးပြီးရောပေါ့။ ဆရာတို့တွေလည်း အတော် ပင်ပန်းခဲ့ကြမှာပဲနော်။ အခန်းကလေး ငှားပြီး ဆေးခန်း ဖွင့်တာဆိုတော့ ကျဉ်းမှာပဲနော်။ ဖြစ်နိုင်ရင် ဆရာတို့ ဆေးခန်းလည်း ကျယ်ကျယ်ဝန်းဝန်း ဖြစ်စေချင်တယ်။ တစ်ခုရှိတာက ရန်ကုန်က (့) တို့လို ကျယ်ဝန်းပြီး ငွေကုန် စေတနာနည်း ဆိုတာတွေထက် အဆပေါင်း မြောက်မြားစွာ သာတယ်ဆိုတာတော့ ယုံတယ်။ ကျွန်တော် ကြားဖူးနေတာရယ်၊ အရိုးစွဲနေတာရယ် တစ်ခုရှိတယ်။ ဆင်ခြေဖုန်း ရပ်ကွက်တွေမှာရှိတဲ့ ဆေးရုံတွေမှာ ပိုက်ဆံ မတတ်နိုင်လို့ မွေးဖွားကြတဲ့ မွေးလူနာတွေကို Nurse မတွေက ဆိုဆဲတာကိုပေါ့။ တစ်ဖက်သားမှာ ခံရခက်တဲ့ ဝေဒနာကိုလည်း ခံစားရ။ ဆဲဆိုခြင်း ကိုလည်း ခံစားရဆိုတော့ သနားဖို့ကောင်းတယ်လို့ မြင်တယ်။ ဒါက တစ်ဖက်ကို ကြည့်တာပါ။ နောက်တစ်ဖက်က ကြည့်မယ် ဆိုရင်လည်း Nurse မတွေလည်း တစ်နေ့တစ်နေ့ အလုပ်တွေ များမယ် မဟုတ်လား။ အဲဒီတော့ သူတို့လည်း တစ်ခါတလေ စိတ်တိုမိကြလို့ ဆိုဆဲကြမှာပဲလေ ဆိုတာလည်း တွေးမိပါတယ်။ ကောင်းတာကတော့ ပိုက်ဆံ မတတ်နိုင်တဲ့ သူကိုလည်း ကောင်းကောင်း မွန်မွန် မွေးပေး၊ ပိုက်ဆံ ရှိတဲ့သူကိုလည်း ကောင်းကောင်း မွန်မွန် မွေးပေး။ အဲဒါဆို အကောင်းဆုံး ပါပဲ။
Dear
ဟုတ်ကဲ့ မှန်းကြည့်တာ အတိအကျဘဲ။ သားဦးလေး မွေးသွားပါပြီ။ မွေးလူနာ နံပါတ် ၁၉၄ ဖြစ်တယ်။ နောက်တရက် နံပါတ် ၁၉၅ လဲ မွေးဖွါးသွားပြီ။ ခုတလော မွေးလူနာတွေက သဘောကောင်းနေကြတယ်။ ခက်ခက်ခဲခဲတွေလဲ မဟုတ်၊ အချိန်ကောင်းတွေမှာ လာမွေးနေကြတယ်။ သူတို့ ကုသိုလ်၊ ကိုယ့်ကုသိုလ်ပေါ့။
ဆေးခန်းက ၁၅ ပေ ပါတ်လည် ခန်းလေးကနေ စခဲ့တာ။ ဒိနောက် တခန်းခွဲ အခန်းမှာ အတော်ကြာခဲ့တယ်။ အခု ပိုအဆင်ပြေလာတယ်။ ကျယ်ပါတယ်။ ဆေးခန်းလခ လှူမဲ့သူအပေါ်မူတည်တာလဲ ပါတာပေါ့။
လူနာ-ဆရာ ဆက်ဆံရေး အမြဲပြော၊ မပြတ်ကြား သိနေရတယ်။ ပြုပြင်မှု နည်းနေလို့သာ ပြောကြ-ရေးကြ တာပေါ့ဗျာ။ (အက်သစ်) ဆိုတာတော့ ကြမ်းကျိန်တာနဲ့ ဥပဒေနဲ့ တစုံတရာ တားတာရှိပေမဲ့၊ လူမှုဆက်ဆံရေး ဆိုတာကို ဘာနဲ့ ပြင်ယူမလဲ။ (မီဒီယာ) က အသံကျယ်လာတာ ကောင်းတယ်။ အထွေထွေ အားနည်းချက်ကြီးထဲက အချက်လေး တခု ဖြစ်မယ်။ နေရာတကာမှာ အဲဒါမျိုးတွေ ရှိတယ်မဟုတ်လား။ ဘတ်စ်ကား ခရီးသွားတွေနဲ့ ဆေးခန်း-ဆေးရုံ လာရသူတွေ အတူတူ ခံနေကြရတယ်။ စပါယ်ယာတွေ ထက်တော့ ဆရာဝန်-ဆရာမတွေက စာပိုသင့်ခဲ့ကြတာကတော့ မတူကြဘူးပေါ့။
Doctor-patient relationship “ဆရာ-လူနာဆက်ဆံရေးသည် ရောဂါအမည်တပ်ခြင်းနှင့် ဆေးကုသခြင်းတို့အတွက် အရည်အသွေး ကောင်းသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန် အလွန်အရေးပါသည်” လို့ အဘိဓါန်မှာ ရေးပါတယ်။ Contemporary medical ethics ခေတ်မီ ဆေးပညာ ပဋိဥာဉ်မှာလဲ ပါနေပါတယ်။ အမှန်က ဆေးပညာကို စသင်ကြရမဲ့ အချိန် ဆေးရုံထဲ ခြေချတော့မဲ့ကာလ ကတည်းကနေ လိုက်နာ၊ စောင့်ထိန်းစရာတွေကို သတိကြီးကြီးနဲ့ လိုက်နာ ကျင့်ကြံဘို့ လိုတာပါ။ လူနာတွေရဲ့ သူများမသိစေချင်တာကို ထိန်းသိမ်းပေးဘို့၊ သူတို့ရဲ့ ဂုဏ်သိက္ခာတွေကိုလဲ လေးစားကြရမယ်။ လူနာတွေကလဲ ကိုယ့်ကို ကုသပေးမဲ့ ဆရာဝန်ကို ယုံလို့ ပုံအပ်တာမျိုး ဖြစ်တာများမယ် ထင်ပါတယ်။ လိုက်နာသင့်တာတွေကို တကယ်လိုက်နာသူ ဆရာဝန်တွေဟာ နာမည်ရကြတယ်။ စိတ်-အထူးကုတာနဲ့ မိသားစု-ဆရာဝန် အမျိုးအစားတွေက ရောဂါဗေဒတို့ ဓါတ်ခွဲခမ်းတို့ထက် ပိုလိုကြတယ်။
ဆက်ဆံရေး ဆိုတာ အသွား-အပြန် နှစ်ဘက်လုံးနဲ့ ဆိုင်တယ်။ အပြန်အလှန် လေးစားမှု လိုတယ်။ တန်ဘိုးထားမှု ရှိသင့်တယ်။ ယုံကြည်မှုအထိ ရရင် ကောင်းတယ်။ ဝတ်ကျေ တန်းကျေဆိုရင် ပညာပိုင်းအရ ဆုံးဖြတ်တာမှာ Compromised အားနည်းသွားပြီ။ မလုံလောက်ဘူး၊ ဘက်လိုက်မှု ပါတော့မယ်။ ဖြစ်နိုင်ရင် Second opinion နောက် ဆရာတဦးကို ချဉ်းကပ်ဘို့ လမ်းရှိသင့်တယ်။
Michael Balint နဲ့ သူ့ဇနီးတို့ကနေ ဗြိတိန်မှာ လေ့လာပြီး The Doctor, His Patient and the Illness ကို ရေးသားခဲ့တယ်။
• Physician superiority ဆရာက ထိပ်က အမြင်၊ ဆရာဝန်က ပညာရှင်မို့ သိသူဖြစ်လို့ အထက်ကနေ ဆက်ဆံတယ်။ လူနာက ဝေဒနာ ခံစားနေရချိန်မို့ အလိုလို အောက်ကရောက်တာ သဘာဝ ဖြစ်တယ်။ ဆရာအပေါ် မှီခိုချင်စိတ် ကဲနေမယ်။ ဆရာက ဒီအခြေအနေကို နားလည်ရမယ်။
• Benefiting or pleasing အကျိုးကို ပေးမလား၊ နှစ်သိမ်မှုကို ဖြစ်စေမလား၊ ရွေးချယ်ရမဲ့ နှစ်ခွ-အမြင် ဖြစ်တတ်တယ်။ အဲလို အခြေအနေမှာ ဆရာဝန်က ဗျူဟာ သုံးရမယ်။
• Formal or casual သမားရိုးကျလား၊ ထုံးစံအတိုင်းလား၊ သူများနိုင်ငံတွေမှာ နာမယ် ခေါ်တာကအစ အလွဲ မခံတတ်ဘူး။ လေ့လာမှု တခုမှာ လူနာ ၂၂၃ ယောက်က First names နာမယ်အစလုံး ခေါ်တာ ကြိုက်တယ်၊ ၁၇၅ ယောက်က ကိစ္စမရှိဘူးတဲ့၊ ၉၉ ယောက်က မကြိုက်ဘူး။
• Transitional care လူနာကိုယ်တိုင်လား၊ လူနာရှင်လား၊ ဆရာဝန်တွေက လူနာကို တိုက်ရိုက် မေးချင်တယ်။ တချို့လူနာရှင်တွေက ရှေ့ကချည်း နေတတ်တယ်။
• Other people present ဘေးလူတွေ ရှိနေတာ၊ ကောင်းကျိုးဖြစ်စေနိုင်သလို၊ သူများမသိစေချင်တာကို လူနာက ပြောမထွက်တာ ရှိတယ်။ ဥပမာ Sexual issues လိင်ပိုင်းကိစ္စတွေ။
• Bedside manner လူနာကုတင်ဘေးမှာ၊ ဆရာ့ Vocal tones အသံ အနိမ့်-အမြင့်၊ Body language ကိုယ်-မျက်နှာ အမူအယာ၊ Openness ပွင့်ပွင့်လင်းရှိတာ၊ စတာတွေဟာ အလွန်မတန် အရေးပါတယ်။ ဝတ္ထုတွေ ရုပ်ရှင်တွေမှာ နမူနာ ကောင်းတာတွေ ပါတယ်။
o Doc Martin British TV series ဗြိတိသျှ တီဗွီဇာတ်လမ်းတွဲထဲက Doc Martin ဟာ လူနာကုတင် ဘေးမှာ ညံတဲ့သူအဖြစ် သရုပ်ဆောင်တယ်။
o Lost ထဲက Sm Hurley ကနေ Jack Shephard ကိုပြောတာက သူ့ရဲ့ Bedside manner ဟာ Sucks တဲ့။
o Scrubs ထဲက J.D ကတော့ Great bedside manner ရှိသူဆရာဝန် ဖြစ်တယ်။
ကျွန်တော်တော့ ကိုယ့်အထွာလေးနဲ့ကိုယ် ကျိုးစားပါတယ်။ များသောအားဖြင့် ဆေးရုံလေးတခု ဖြစ်ဖြစ်၊ တိုက်နယ်တခု ဖြစ်ဖြစ်၊ မြို့နယ်တခု ဖြစ်ဖြစ် ကျန်းမာရေးဌာနမှာ ဦးစီးရသူဖြစ်ရင် လခယူသူတွေကို သွန်သင်ပါတယ်။ နမူနာလဲ ပြမှရတယ်။ ကိုယ်မလုပ်ဘဲ သူများပြောတာ ဘယ် တန်ဘိုးရှိပါ့မလဲ။
တနေ့ကဘဲ ဆေးခန်းလေးက ဆရာမတွေကို ပြောနေမိတယ်။ လူနာတွေ အားလုံးလောက် နီးနီးက ဗမာစကား မပြောကြဘူး။ မတတ်တာရော၊ နဲနဲသာ တတ်တာရောကြောင့်ပါ။ မပြောချင်တာလဲ ပါပုံရသေးတယ်ဗျ။ ဒီတော့ သူတို့ စကားရော ဆရာဝန့် စကားပါ ပြောနိုင်တဲ့ (ဗော်လန်တီယာ) ဆရာမတွေနဲ့ တွဲလုပ်ရတာပေါ့။ ကြာတော့ ကျွန်တော် သတိထားမိတာ တခုကို ထုတ်ပြောဘို့ အချိန်ကျပြီဆိုပြီး တနေ့က ပြောလိုက်တယ်။
“မင်းတို့ လူမျိုးတွေက လောကွတ်စကား အတော်နည်းတာဘဲကွ”။ လောကွတ် ဆိုတာဘာလဲ ရှင်းပြရသေးတာပေါ့ဗျာ။ "လူနာတွေကို ဘာလူမျိုးလဲ၊ ကလေးတွေဆို ကျောင်းနေလား စသဖြင့် မေးတာ-ပြောတာ မရှိသလောက်ဘဲ"။ "အမှန်က လူနာကို ထမင်းစားပြီးပြီလား မေးလိုက်၊ လူနာ စဉ်းစားနေတုံး ဟော ဆေးကို ဖတ်ကနဲ ထိုးလိုက်၊ မနာတော့ဘူးကွ။ ငါက မင်းတို့စကား မတတ်တော့ ပြောမရဘူး ဖြစ်နေတယ်"။
ဆေးခန်းမှာ ရီစရာလဲ ရှာကြံပြောရသေးတာ။ တနေ့ကပါဘဲ။ အကူဆရာမက လူနာကို ပြဒါးတိုင်နဲ့ အပူချိန် တိုင်းနေတယ်။ (သာမိုမီတာ) က အဖြူရောင်၊ ပါးစပ်ထဲမှာ ခပ်စောင်စောင်း ငုံထားတော့ "ဟေ့ လူနာက ဆေးခန်းမှာ ဘာလို့ ဆေးလိပ် သောက်နေတာလဲ" လို့ ရီစရာ လုပ်တယ်။ ဆရာမက ချက်ချင်း သဘော မပေါက်လို့ ရှင်းပြရတော့ ရီစရာ နှစ်မျိုးဖြစ်ရော။ တိုင်းရင်းသားတွေနဲ့ ဟာသလုပ်ရတာ ပညာပိုပါမှရတာ။ ကိုယ်က အဲလောက် မတော်ဘူး။
ချင်းလူမျိုးတွေထဲမှာ ဖလမ်း၊ ဟားခါး၊ တီးတိန်၊ မတူပီ၊ မီဇို၊ စသလို အမျိုးမျိုး ရှိတယ်။ သွားနုတ်နေရင်း၊ “ဟေ့ ဒီလူနာ ဘာလူမျိုးလဲ”။ ဆိုပါစို့ ဖလမ်း၊ “အေး ကြည့်ကွ ဖလမ်းတွေ သိပ်သတ္ထိကောင်းတာ ထုံဆေးနဲ့ဆို လုံးဝမနာဘူး”။
မွေးလူနာတွေကိုလဲ သူတို့ အားပေးတာ ကိုယ်က အားမရဘူး။ လူနာရှင်တွေကလဲ ခရစ်ယန်လို ဆုတောင်းပေးတာသာ လုပ်ကြတယ်။ စောစောကပြောသလို လောကွတ်စကား နည်းကြတာကိုး။ လူနာတွေကလဲ မပြောတာကို ကိစ္စရှိပုံမရဘူး။ ကိုယ်ကဘဲ တတ်တဲ့ စကားနဲ့ “အေး ဗိုက်မနာခင် အသက်ဝအောင်ရှူထား၊ ပါးစပ်ဟရှူ၊ ရေသောက်ချင်သောက်၊ ဖျော်ရည် သောက်ချင်သောက်၊ ညီး ခဏနေရင် ကလေးအမေ ဖြစ်တော့မယ်။” အားပေးရတယ်။
တချို့တော့ ချိုသာစကား၊ ရီစရာစကား သဘောကျပါတယ်။ ခြေထောက် ပတ္ထီးစီးပေးလိုက်ရသူကို ဘောလုံး မကန်နဲ့နော် ပြောလိုက်ရင် ပြုံးသွားတယ်။ နုတ်ပေးလိုက်တဲ့ သွားကို အိပ်ရောက်ရင် ချက်စားပြောတော့ ဂွမ်းငုံထားရင် မချိတင်ကဲ ပြုံးလိမ့်မယ်။
ယားတာကို သူတို့စကားနဲ့ (အထပ်) လို့ ဆိုတာလောက်တော့ ဆရာဝန် သိပါတယ်။ တနေ့က (အထပ် မော) ယားသလား မေးတာ လူနာက “တခါတလေ အထပ်” တဲ့ ဆရာဝန်ပါ ရီရရော။
Dr. တင့်ဆွေ
၂၅-၇-၂ဝ၁၁
Posted by
Anonymous
1 comments
Bartholin's cyst (ဘာသိုလင်-ဆစ်စ်)
မိန်းကလေး-အမျိုးသမီးတိုင်းမှာ မိန်းမအင်္ဂါ အဝနားမယ် တဖက်တချက်မှာ စမ်းလို့မရ၊ မမြင်ရတဲ့ အကျိတ်လေး တစုံစီ ရှိကြတယ်။ အဲဒီ Bartholin's glands ခေါ်တာကနေ (ဗဂျိုင်းနား) မွေးလမ်းကြောင်းကို စိုနေစေအာင် အရည်လေးတွေ ထုတ်ပေးနေတာမို့ အတော် အသုံးကျတယ်။
အရည်ထွက် ပြွန်ငယ်လေး Duct က ဆို့ပိတ်နေရင် (ဆစ်စ်) ဖြစ်လာမယ်။ အကျိတ်ပါဘဲ။ STD လိင်ကတဆင့်-ကူးစက်ရောဂါ မဟုတ်ပါ။ အနေမတတ်လို့လဲ မဟုတ်ပါ။ ရှက်စရာ မဟုတ်ပါ။ အရွယ်အစား ပဲစေ့လေး လောက်ကနေ ကြက်ဥလောက်ထိ ရှိနိုင်တယ်။ ဘာလို့ ဖြစ်သလဲ ကံမကောင်းလို့ ပြောရင် ငြင်းမရပါ။
အရွယ်ကောင်းတွေမှာ ဖြစ်တယ်လို့ ပြောနိုင်ပေမဲ့ မပြောချင်ပါ။ တခြားအရွယ်တွေက မကောင်းသလို ပြောရာကျနေမယ်။ အိမ်ထောင်ပြု၊ မီးဖွါးနိုင်တဲ့ အရွယ်လို့ တိတိပပ ပြောချင်တယ်။ နဲနဲအရွယ်ကြီးသူမှာ လာဖြစ်ရင် လိုလိုမယ်မယ် Biopsy အသားစ စစ်ဆေးတာပါ လုပ်မယ်။ ကင်ဆာ မဟုတ်တာ သေခြာချင်လို့ပါ။
သူကနေ ဆက်ပြီး ရောဂါကြီး မဖြစ်စေပါ။ သိပ်ကြီးရင် အနေ-အသွားခက်နိုင်တယ်။ နောက်အသစ် ပြန်မဖြစ်ဘူးလို့တော့ ရာနှုန်းပြည့် အာမမခံပါ။ ရောဂါပိုး ဝင်လို့ဖြစ်လာတာ မဟုတ်ပေမဲ့ ဖြစ်နေသူမှာ ပိုးဝင်လာနိုင်တယ်။ ပြည်တည်လာရင်တော့ Bartholin's abscess ခေါ်တော့တယ်။
ဝင်တဲ့ပိုး အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်ကတဆင့် ကူးစက်တဲ့ Chlamydia (ကလာမိုင်ဒီးယား) နဲ့ Gonorrhea (ဂနိုးရီးယား) အပြင် Escherichia coli လို အူလမ်းမှာ နေတတ်တဲ့ (ဗက်တီးရီးယား) တွေကနေလဲ ဖြစ်နိုင်တယ်။ သတိထားမိမှာပေါ့ ဥရောပက အီး-ကိုလိုင် သတင်း။
ကုသဘို့ရာ အရွယ်အစားပေါ်လဲ မူတည်တယ်။ သေးသေးလေးဆို ထားလိုက်ပါအုံး။ တချို့က အကြီးမမြန်ဘူး။ ပိုးမဝင်သေး၊ မနာသေးရင် အေးအေးဆေးဆေးပေါ့။ အလုပ်ချိန်၊ ကျောင်းချိန် လွတ်တာရွေး၊ စိတ်ချ-အားကိုးချင်တဲ့ ဆရာဝန်ရှာ။ ဘာသာရေးလုပ်၊ ကံကောင်းအောင်။
(ဆစ်စ်) ဖြစ်လာပေမဲ့ ပိုးမဝင်မချင်း မနာဘူး။ တချို့ကြ (အင်ဖက်ရှင်) ဝင်ပြီး အနာပေါက်သလို ပေါက်ထွက်၊ အမာရွတ် ဖြစ်သွားတတ်တယ်။ စမ်းလို့ တွေ့လာရင် ဆရာဝန်ပြပါ။ OG မဟုတ်လဲ Surgeon ခွဲစိတ်ဆရာဝန်နဲ့ လဲရပါတယ်။ ကျွန်တော်တို့လို စပါယ်မရှယ်တွေလဲ လုပ်ပေးရတာပါဘဲ။
အိမ်မှာတင် လုပ်နည်းလဲ ရှိတယ်။ သူများတွေဆီမှာတော့ Sitz baths ရေချိုးနည်းဆိုတာ ညွှန်းမယ်။ စပါယ်ရှင် ရေချိုးကန် ဆိုတာတောင် ရှိသေးတာ။ ဘာမှ ထွေလီကာလီ လုပ်စရာ မလိုပါ။ ဖြစ်တဲ့နေရာကို ရေနွေး (ခံနိုင်ယုံ) အပူထဲမှာ စိမ်နေခိုင်းတာပါ။ ၁ဝ-၁၅ မိနစ်ကြာ၊ တနေ့ ၃-၄ ခါ။ နာတာကို Painkiller အနာသက်သာဆေး တခုခုသောက်ပါ။
ပိုးဝင်ရင် ပဋိဇီဝဆေး သောက်ပါ။ ဒါပေမဲ့ သုတေသန လုပ်ကြည့်တော့ Antibiotics ဆေးက အလုံပိတ်နေတဲ့ နေရာအထိ လုံလောက်အောင် မရောက်တာ သိရတယ်။ ဒါ့ကြောင့် ခွဲစိတ်မှု တကယ်လိုတယ်။ ပြည်ဆိုတာ ဘယ်နေရာမှာ ရှိရှိ ထုတ်ပြစ်ရတယ်။ "ပြီပေါက် ပျောက်ပြီ" ဆိုတာ ကာရံရှာ ပြောတာ မဟုတ်ပါ။
ကံက အတော် မကောင်းရင် ပြန်ဖြစ်တာ နှစ်ခါမကသူလဲ ရှိတယ်။ ခွဲစိတ်တာနဲ့ Laser လေဆာနည်းလုပ်လို့ ကောင်းတယ်ဆိုတာက အခုပျောက်တာရော နောက်ထပ်မဖြစ်ဘို့ရော ပြောတာပါ။
Local anesthetic ထုံဆေးထိုးမယ်။ Incision ခွဲမယ်။ Drain ရှိတာတွေ ထုတ်မယ်။ Gauze ပိတ်ကျဲစနဲ့ ဆေးထည့်မယ်။ ဒါမှမဟုတ် Catheter ပိုက်ငယ်လေး ထည့်ချင်ထည့်မယ်။ ပိတ်ကျဲစကို ၂၄-၄၈ နာရီမှာ ပြန်ထုတ်မယ်။ Catheter ဆိုရင် ကြာကြာ ထားမယ်။
ထပ်ပြီး ကံမကောင်း ပြန်တာက ပိုးဝင်နေတဲ့ အကျိတ်က ထုံဆေး မတိုးတတ်ဘူး။ ဘယ်လို ရင်းနေတဲ့ အနာမှာဖြစ်ဖြစ် အဲလိုဘဲ။ လူနာက နာတာ သိပ်မခံနိုင်ရင် မေ့ဆေး-အိပ်ဆေး လိုနိုင်တယ်။ အဲလိုလုပ်ပြီးရင်တော့ Antibiotic ဆေးက ကောင်းကောင်း အလုပ်ဖြစ်ပြီ။ (ကို့စ်) ကုန်အောင် သောက်ပါ။
Marsupialization ခွဲစိတ်နည်းကတော့ တမူထူးတယ်။ ရာသက်ပန် အရည်ထွက်နေစေအောင် ပြန်ချုပ်ရာမှာ တမျိုး လုပ်ရတယ်။ ဘယ်နည်းနဲ့ခွဲခွဲ အိမ်ထောင်သည်ဆိုရင် ၂-၃ ပါတ်လောက် ဝေရာမဏိ လုပ်နေရလိမ့်မယ်။
အဲ့ မြန်မာလို၊ အားလုံး လက်ခံတာ မရှိသေးဘူး ထင်ပါတယ်။ တိုင်းရင်းဆရာတွေ ရေးတာလဲ မဖတ်ဘူးသေးပါ။ မမြင်ကွယ်ရာမှာ အနာ ဖြစ်တာလို့ ပြောရင် ဆရာဝန် နားလည်ပါတယ်။
Dr. တင့်ဆွေ
၂၅-၇-၂ဝ၁၁
Posted by
Anonymous
1 comments
ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်
ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်
လူဦးရေရဲ့ ပျမ်းမျှ ၂ - ၃၀% လောက်ဟာ ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိပါတယ် ။ ၀မ်းချုပ်ခြင်းကို ဖြစ်ပွားစေ တဲ့အ ချက်တွေ အများကြီးရှိပါတယ် ။ အဓိကအားဖြင့် ပုံစံ ၂ မျိုးရှိပါတယ်။ လုံးဝပိတ်ဆိုးပြီး ၀မ်းမသွားနိုင်ခြင်း ( obstructed defecation ) နဲ့ အူများလှုပ်လျားမှု လျော့နည်းခြင်း နှေးကွေးခြင်း ( colonic slow transit , hypomobility ) တို့ပဲဖြစ် ပါတယ် ။ ဆေးရုံတွေကိုရောက်လာတဲ့ လူနာတွေရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ obsturcted defecation ကြောင့်ရောက် လာတာများပါတယ် ။ အူလှုပ်ရှားမှုနည်းခြင်း ကြောင့်ဖြစ်တဲ့ colonic slow transit constipation ကို ဖြစ်စေ တဲ့အရာတွေကတော့ အစားအသောက် ၊ ဟော်မုန်း ၊ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ heavy metal toxicity တွေ ပဲဖြစ်ပါတယ် ။ သူ့ကို ကုသတဲ့အခါမှာလည်း အစားအသောက်ပုံစံပြောင်းလဲခြင်း ၊ ၀မ်းပျော့ဆေး ၊ ၀မ်းချုဆေးတောင့် ၊ ခွဲစိတ်ခြင်း စသည်တို့ပါဝင်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ လက္ခဏာတစ် ခုသာဖြစ် တယ် ရောဂါတစ်ခုမဟုတ်ပါဘူး ။ သူ့ကို ထိထိရောက်ရောက်ကုသချင်တယ်ဆိုရင်တော့ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ cause ကို အရင် ရှာဖွေဖို့လိုပါတယ် ။

ဝမ်းချုပ်ခြင်းကို အဓိပ္ပါယ်သတ်မှတ်ထားတာတွေကတော့
- အူလှုပ်ရှားမှု Bowel moment (ကျင်ကြီးစွန့်ခြင်း ) ဟာ တစ်ပတ်ကို သုံးကြိမ်သို့မဟုတ် သုံးကြိမ်ထက်နည်းနေခြင်း
- ၀မ်းသွားရတာ ခက်ခဲခြင်း ( ညှစ်ရခြင်း ၊ စမြင်းခေါ် အမာများသွားခြင်း )
- ၀မ်းသွားပြီးသော်လည်း မပြီးမပြည့်စုံသကဲ့သို့ ခံစားရခြင်း ၊ ၀မ်းကျန်နေသလို ခံစားရခြင်း စသည်တို့ပဲဖြစ်ပါတယ် ။
ကလေးငယ်တွေမှာ ၀မ်းသွားတာကတော့ formula နို့မှုန့်တွေနဲ့ အစာစာကျွေးတဲ့အချိန်မှာ ဖြစ်လေ့ရှိပါတယ် ။ မွေးပြီး တဲ့အခါမှာ မွေးကင်းစကလေးငယ်တွေဟာ ၄ ကြိမ် ၅ ကြိမ်လောက် ပျော့ပျော့ (အရည်သာသာ ) ကျင်ကြီး စွန့်လေ့ ရှိပါတယ် ။ နို့မှုန့်တိုက်တဲ့ကလေးတွေထက် မိခင်နို့စို့တဲ့ကလေးတွေက ကျင်ကြီးစွန့် တဲ့အကြိမ်အရေ အတွက် ပိုများ ပါတယ် ။
ဝမ်းချုပ်ခြင်းကိုဖြစ်စေသောအချက်များ
ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့အချက်တွေကတော့
- congenital ( မွေးရာပါ )
- primary ( ပထမအကြောင်းအရင်း )
- secondary ( ဒုတိယအကြောင်းအရင်း ) စသည်တို့ဖြစ်ပါတယ် ။ အဖြစ်အများဆုံးကတော့ primary ဖြစ်ပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်ခြင်းမရှိပါဘူး ။ အသက်ကြီးတဲ့လူတွေမှာတော့ အမျှင်ဓါတ်စားသုံးမှု လျော့နည်းခြင်း ၊ ရေသောက် နည်းခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း ၊ ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ၊ hypothyroidism နဲ့ကင်ဆာရောဂါတို့ဖြစ်ပါတယ် ။
၁ ။ Primary
Primary မှာတော့ ခြောက်လကျော်လောက်ထိ ၀မ်းချုပ်ခြင်းကို ခံစားရပြီး ဒါဟာ ဆေးဝါးတွေ ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်းမဟုတ်သလို ၊ ရောဂါတစ်ခုခုကြောင့်လည်းမဟုတ်ပါဘူး ။ ဗိုက်အောင့်ဗိုက် နာခြင်းလည်းမ ရှိတဲ့အတွက်ကြောင့် Irritable bowel syndrome နဲ့ခွဲခြားနိုင်ပါတယ် ။ ၀မ်းချုပ်ခြင်းရဲ့ common cause ဖြစ်ပါတယ် ။
၂ ။ အစားအသောက်
အမျှင်ဓါတ်စားတာနည်းတဲ့အတွက်ကြောင့် ၊ ရေသောက်တာနည်းတဲ့အတွက် ၊ အစားအစာ စားတာနည်းတဲ့အတွက် ၀မ်းချုပ်ခြင်းဖြစ်ရပါတယ် ။
၃ ။ ဆေးဝါးများ
ဆေးဝါးအများစုမှုာ ၀မ်းချုပ်တယ်ဆိုတဲ့ ဘေးထွက်ဆိုးကျိုးပါရှိကြပါတယ် ။ ဘာဆေးတွေလဲဆိုတော့ Opioids ( အကိုက် အခဲပျောက်ဆေးများ ) ၊ ဆီးဆေးများ ၊ စိတ်ကျရောဂါပျောက်ဆေးများ ၊ ယားယံခြင်းပျောက်သောဆေးများ ၊ ဗိုက်အောင့်ပျောက်ဆေးများ ၊ အတက်ကျဆေးများ ၊ အလူမီနီယံပါသော အစာအိမ်ဆေးများ စသည်တို့ဖြစ်ပါတယ် ။
၎ ။ Metabolic and Muscular
အင်ဒိုခရိုင်း ပြဿနာတွေဖြစ်တဲ့ ကယ်ဆီယမ်များခြင်း ၊ သိုင်းရိုက် ဟော်မုန်းနည်းခြင်း ၊ ဆီးချိုသွေးချို နဲ့ cystic fibrosis ၊ celiac disease စသည်တို့ဖြစ်ပါတယ် ။ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ မလှုပ်ရှားနိုင်တဲ့လူတွေမှာ ၀မ်းချုပ်ခြင်း အဖြစ်များပါတယ် ။
၅ ။ စိတ်ရောဂါဆိုင်ရာ
နာကျင်မှုကို အလွန်အမင်းကြောက်ရွံ့သူများ ၊ လူစုလူဝေး လူထု နားနေခန်းများကို ကြောက်သူများ ၊ ပျင်းရိသူများ ဟာလည်း ငယ်စဉ်ကတည်းက ၀မ်းချုပ်ခြင်းကို ခံစားရလေ့ရှိတဲ့ သူတွေဖြစ်တတ်ပါတယ် ။
ဝမ်းချုပ်ခြင်းကို ဘယ်လိုကာကွယ်ကုသမလဲ
တခါတခါမှာ ၀မ်းချုပ်ခြင်းကိုကုသတာထက် ကာကွယ်တာက ပိုလွယ်ပါတယ် ။ ၀မ်းချုပ်ခြင်းကို သက်သာစေဖို့ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရပါမယ် ။ ရေများများသောက်ဖို့ လိုပြီး အမျှင်ဓါတ်အများကြီးပါတဲ့ အစားအ စာတွေစားဖို့လိုပါတယ် ။ မနက်စောစော ၀မ်းသွားတဲ့အကျင့် အိမ်သာ မှန်မှန်တက် တဲ့အကျင့် ကိုလည်းမွေး မြူဖို့လိုပါတယ် ။ ပုံမှန် ၀မ်းပျော့ဆေးတွေသုံးစွဲခြင်းက သိပ်တော့မကောင်းလှပါဘူး ။ ဘာလို့လည်း ဆိုတော့ ကျင်ကြီး စွန့်တဲ့အလေ့အထဟာ ကြာလာရင် အဲဒီဝမ်းပျော့ဆေးတွေအပေါ်မှာ တည်မှီလာမှာ ဖြစ်တဲ့အ တွက်ဖြစ်ပါတယ် ။ Mechanical stimulation အနေနဲ့ ၀မ်းချူဆေးလုံး Enemas ကိုလည်း အသုံးပြုနိုင်ပါတယ် ။ ဒါပေမယ့်ပလည်း ၀မ်းချူဆေး လုံးဟာ အစာဟောင်းအိမ် ( rectum ) ထဲက မစင်တွေကိုသာလျှင် စွန့်ထုတ်စေနိုင်ပြီး အစာအိမ် နဲ့အူလမ်းကြောင်း Intestinal tract ထဲကိုတော့ မရောက်ရှိနိုင်ပါဘူး ။
ဝမ်းပျော့ဆေးမှာလည်းအ သုံးများတာက MOM လို့ခေါ်တဲ့ Milk of Magensia ဖြစ်ပါတယ်ယ ။ဈေးသက်သာပြီး အန္တရာယ်မ ရှိတာကြောင့် လူသုံးများပါတယ် ။ MOM နဲ့မသက်သာမှသာလျှင် ခုနကပြောတဲ့ ၀မ်းချူဆေးလုံး stimulant တွေ ကိုသုံးသင့်ပါတယ် ။
အမျှင်တွေက ၀မ်းချုပ်ခြင်းကို ဘယ်လိုသက်သာစေသလဲ
အမျှင်ဓါတ် Fiber တွေဟာ အပင်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး အမျှင်ဓါတ်ပါတဲ့ အစားအသောက်တွေဟာ အစားအ စာတွေ ကိုစားသောက်ပြီးတဲ့အခါမှာ အစာအိမ်နဲ့အူလမ်းကြောင်းအတွင်းမှာ ကျန်ရှိနေခဲ့ပါတယ် ။ အမျှင်တွေ ဟာ အရာဝထ္ထု တစ်ခုတည်းမဟုတ်ပဲ အစုအဝေးကြီးတစ်ခုသာလျှင်ဖြစ်ပါတယ် ။
အမျှင်မှာ soluble နဲ့ insoluble ဆိုပြီး ၂ မျိုးရှိပါတယ် ။ အစာအိမ်နဲ့အူလမ်းကြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် ဖိုက်ဘာ ၂ မျိုးစလုံး က မရှိမဖြစ်လိုအပ်ပါတယ် ။ ပျော်ဝင်နိုင်တဲ့ soluble fiber တွေဟာ သင့်ရဲ့ မစင် ထဲမှာ ရေတွေ ကို စိမ့်ဝင်စေပြီး ပျော့ပြောင်းစေပါတယ် ။ ဒီတော့ အူတွေကနေ စွန့်ထုတ်ရတာ လွယ်ကူသွားပါတယ် ။ မပျော်ဝင်နိုင်တဲ့ fiber တွေ ကတော့ မစင်တွေရဲ့ ပုံသဏ္ဍာန်ကိုပြောင်းလဲလိုက်ပြီး အလျှင်အမြန်စွန့်ထုတ်စေခြင်းအားဖြင့် သင့်ကို ၀မ်းချုပ်တဲ့ ခံစားချက်ကြီးကနေ လွတ်ကင်းစေမှာဖြစ်ပါတယ် ။ Virginia Commonwealth University Health Center in Richmond,Va မှ ဒါရိုက်တာ နဲ့ ပရော်ဖက်ဆာတစ်ဦးဖြစ်တဲ့ Stephen Bickston က " အမျှင်ဓါတ် ပါတဲ့အစားအစာများများစားသုံးတဲ့လူတွေဟာ ၀မ်းချုပ်ခြင်းနည်းလေ့ရှိတယ် " လို့ပြောခဲ့ပါတယ် ။ American Dietetic Association ကတော့ အသက် ၁၉ နှစ်မှ ၅၀ အတွင်း အမျိုးသမီးတွေဟာ နေ့စဉ်အစားအသောက်ထဲမှာ ဖိုက်ဘာ ၂၅ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ယောင်္ကျားတွေကတော့အဲဒီအသက်အရွယ်အပိုင်းအခြားမှာ ၃၈ ဂရမ်စားသုံး ရမယ်လို့ဆိုပါတယ် ။ ငါးဆယ်အထက် အမျိုးသမီးတွေကတော့ ၂၁ ဂရမ်စားသုံးသင့်ပြီး အမျိုးသားတွေကတော့ ၃၀ ဂရမ်စား သုံးသင့်ပါတယ် ။ Dr.Bickston ညွှန်ပြခဲ့တာကတော့ အမေရိကန်တွေဟာ ပျမ်းမျှ တစ်နေ့ကို ဖိုက်ဘာ အမျှင် ဓါတ် ၁၃ ဂရမ်စားသုံးတယ်လို့ဆိုပါတယ် ။ ဒါဟာ သတ်မှတ်ထားတာကိုရောက်ဖို့ လိုပါသေးတယ်တဲ့ ။
အမျှင်ဓါတ်ပါတဲ့ အစားအစာ အများစုမှာ ဗီတာမင် သတ္တုဓါတ်တွေနဲ့ပါဝင်ပြီး အဆီနဲ့ ကယ်လိုရီတွေတော့ နည်းလေ့ ရှိပါတယ် ။ အမျှင်ဓါတ်ပါသောအစားစာတွေကတော့
- သစ်သီးများ (သစ်တော်သီး ၊ ပန်းသီး ၊ လိမ္မော်သီး စသည် )
- အရွက်များ ( ဂေါ်ဖီ ၊ ပန်းဂေါ်ဖီစိမ်း ၊ မုန်လာဥ ၊ အာလူး ၊ ဖယုံ စသည်)
- ပဲအမျိုးမျိုး ၊ စားတော်ပဲ ၊ ပဲနီကလေး
- ဂျုံပေါင်မုန့် ၊ ဆန်ညို ၊ ဖွဲမှုန့် ၊ အုတ်ဂျုံမှုန့်
- နေကြာစေ့ ၊ မြေပဲ ၊ မက်မွန် ၊ သစ်ကြားသီး စသည်တို့ပဲဖြစ်ပါတယ် ။ ယခုနောက်ပိုင်းမှာ အမျှင် စားတာနည်း တဲ့သူတွေ အတွက် Ispaghula husk လို့ခေါ်တဲ့ Psyllium လို့ခေါ်တဲ့အပင်တစ်မျိုးကနေထုတ်လုပ်ထားတဲ့ အမျှင်ဖြည့် စွက် အမှုန့် လေးတွေ ဈေးကွက်ထဲဝင်ရောက်နေပြီဖြစ်ပါတယ် ။ တစ်ခါသောက်ရင်ရင် တစ်ထုပ်လုံး ကို ရေဖန် ထွက်ထဲ ထည့် မွှေနှောက်ပြီးသောက်သုံးနိုင်ပါတယ် ။
ဝမ်းချုပ်တဲ့လူတွေကိုအကြံပေးလိုတာကတော့
၁ ။ ရေများများသောက်ပါ ။ သစ်သီးဖျော်ရည်စတဲ့ အရည်မျိုးစုံသောက်သုံးဖို့လိုပါတယ် ။
၂ ။ အမျှင်ပါတဲ့ အစားအစာ အများအပြား စားသုံးပေးဖို့လိုပါတယ် ။
၃ ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါ ။
၎ ။ နေ့စဉ်ပုံမှန်ဝမ်းသွားတတ်တဲ့အလေ့အကျင့်ကိုမွေးမြူပါ ။
၅ ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက်လျော့ချပါ ။
၆ ။ ၀မ်းချုပ်တာ ရှည်ကြာနေပြီ ၊ ၀မ်းပျော့ဆေးတွေသောက်တာလည်းမသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ကုသ မှု ခံယူပါ ။
၇ ။ဝမ်းချုပ်စေတဲ့အစာတွေဖြစ်တဲ့ ကောက်ညှင်း စသည်တို့ကို လျော့စားပေးဖို့လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ် ။
Ref : http://en.wikipedia.org/wiki/Constipation
: http://www.everydayhealth.com/digestive-health/fiber-and-constipation.aspx
သက်တန့်ချို
25 July 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Posted by
သက်တန့်ချို
3
comments
Labels: Constipation, Family health, Health Awareness, Health behavior, Health care, health education, Public health
Friday, July 22, 2011
ဖောလစ်အက်ဆစ်အကြောင်း
ဖောလစ်အက်ဆစ်အကြောင်း
Foate နဲ့ folic acid ဟာ တကယ်တော့ Latin နာမည်တစ်မျိုးဖြစ်တဲ့ folium ကနေဆင်းသက်လာတာပါ ။ အဓိပ္ပါယ် ကတော့ သစ်ရွက်လို့ ခေါ်ပါတယ် ။ သစ်သီးသစ်ရွက်တွေနဲ့ပြုလုပ်ထားတဲ့ အစားအစာတွေဟာ ပြီးပြည့်စုံ တဲ့ dietary source တစ်ခုပဲဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်တွေ လျော့နည်းနေရင် folate deifciency ဖြစ်နိုင်ပြီး သာမန် western diets တွေမှာတော့ ဖြစ်လေ့မရှိပါဘူး ။ ဖောလစ်တွေ ချို့ယွင်းနေပေ မယ့်လည်း ၄ လလောက်ထိ မသိသာနိုင်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ လူရဲ့ခန္ဓာကိုယ်ထဲမှာ ဖောလစ် အက်ဆစ် 500-20 000 mcg သိုလှောင်ထားတဲ့အတွက်ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ များ စွာသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ် ။ မှတ်သားဖွယ်ကောင်းတဲ့အရာကတော့ သန္ဓေသားမှာ neural tube defects တွေဖြစ်စေနိုင်ပါတယ် ။ ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းဟာ ၀မ်းသွားခြင်း ၊ သွေးအား နည်းရော ဂါ ၊ အားနည်းခြင်း ၊ အသက်ရှုခက်ခဲခြင်း ၊ အာရုံကြောအားနည်းခြင်းနဲ့ ခြေလက်များထုံကျင်ခြင်း (peripheral neuropathy ) တို့ကိုဖြစ်စေနိုင်ပါတယ် ။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန် ဆိုးကျိုးနှင့်ပြဿနာများ ၊ သတိ လစ်ခြင်း ၊ အာရုံထွေပြားခြင်း ၊ စိတ်ကျရောဂါ ၊ လျှာ ရောင်ခြင်း ၊ အစာအိမ်နှင့် ပါးစပ်အနာများဖြစ်ခြင်း ၊ ခေါင်း ကိုက်ခြင်း ၊ ရင်တုန်ခြင်း ၊ ဂဏာမငြိမ်ဖြစ်ခြင်းနဲ့ အမူအယာပိုင်းဆိုင်ရာ ပြဿနာ များဖြစ်စေနိုင်ပါတယ် ။
Folate ပမာဏ နည်းပါးခြင်းဟာ homocystenine လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးစုံပုံခြင်းကိုဖြစ်စေပါတယ် ။ ဒါ့အပြင် ဒီအန်အေတွေထုတ်လုပ်ခြင်းနဲ့ ပြုပြင်ခြင်းတွေမှာလည်း ချို့ယွင်းသွားပြီး ကင်ဆာ ဖြစ်ပွားမှုကို ဦးတည်စေ ပါတယ် ။ ဒါပေမယ့် နှလုံးသွေးကြောကျဉ်းရောဂါ (IHD) ရှိသူတွေမှာ ဖော လစ်အက်ဆစ်တွေ အများ အပြားသောက်သုံးရင်တော့ ကင်ဆာ ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေ ပါတယ် ။ အသက် ၁၉ နှစ်ကျော် လူငယ်တွေမှာ နေ့စဉ်ဖောလစ်အက်ဆစ် ၁၀၀၀ မိုက်ခရိုဂရမ်လိုအပ်ပြီး မွေးကင်းစကလေးငယ် ၆ လအထိ ကတော့ နေ့စသ် ၆၅ မိုက်ခရိုဂရမ်လိုအပ်ပါတယ် ။ ကိုယ်ဆောင်သည်တွေမှာတော့၈၀၀ မှ ၁၀၀၀ မိုက်ခရို ဂရမ်အထိလိုအပ်ပါတယ် ။
ဖောလစ်အက်ဆစ်ကိုဘယ်နေရာတွေက ရနိုင်သလဲ ?
ဖောလစ်အက်ဆစ်တွေအများကြီးပါဝင်တဲ့အစားအစာတွေကတော့
- ဒေါက်ခွ ( spinach) , ကညွှတ် ၊ ခါးဥဖြူ ၊ တရုတ်မုန်လာစသော ဟင်းရွက်များ
- ပဲခြောက် ၊ ပဲစို ၊ ပဲတောင့် ၊ ပဲစေ့ ၊ ပဲပင်နှင့် ပဲနီကလေး
- ဥ အမျိုးမျိုးမှ အနှစ်များ
- Baker's yeast
- ခေါက်ဆွဲခြောက် ၊ နှံစားပင် ၊ ကောက်နှံပင် နဲ့ အသင့်လုပ် နံနက်စာ cereal တွေမှာ ဖောလစ် အက်ဆစ် ၂၅ % မှ ၁၀၀% အထိပါဝင်ပါတယ် ။
- နေကြာစေ့
- အသည်း ( folate တွေအများကြီးပါဝင်ပါတယ် )
- ကျောက်ကပ် စသည်တို့ဖြစ်ပါတယ် ။
ဒါ့အပြင်ဖောလစ်အက်ဆစ် အတန်အတင့်ပါဝင်တဲ့အစားအစာတွေကတော့ လိမ္မော်ဖျော်ရည် ၊ နာနတ်သီး ၊ စပျစ်သီး ၊ ငှက်ပျော်သီး ၊ respberry သီး ၊ ရှောက်ခါးသီး နဲ့ အသီးအရွက်တွေဖြစ်တဲ့ မုန်လာဥနီ ၊ ဂျုံ ၊ ပြောင်း ၊ အာလူး ၊ ခရမ်းချဉ်သီး ၊ ဆလတ်ရွက် ၊ ဂေါ်ဖီထုပ် နဲ့ ဘီယာ စသည်တို့ဖြစ်ပါတယ် ။ ဘယ်အစား အစာတွေက ဘယ်လောက်ထိအတိအကျပါသလဲဆိုတာကိုတော့ USDA National Nutrient Database for Standard Reference မှာ ကြည့်နိုင်ပါတယ် ။ အချို့နိုင်ငံတွေမှာ ဂျုံ ၊ စပါးစတဲ့ထုတ်ကုန်တွေမှာ ဖောလစ်အက်ဆစ်ကို ထည့် သွင်းကြပြီး ဒီလိုတိုင်းပြည်တွေမှာ လူထုရဲ့ ဖောလစ်အက်ဆစ်လိုအပ်ချက်ကို လုံလောက်စွာ ရရှိကြပါတယ် ။ DEF ဆိုတာဟာ dietary folate equivalent system ကို ရည်ညွှန်းပါတယ် ။ DEF ရဲ့သတ်မှတ်ချက်အရ စားအသောက်တွေရဲ့ ဖောလစ်အက်ဆစ်ဟာ 1 mcg ဖြစ်ပြီး သောက်ဆေးတွေမှာ ပါဝင်တဲ့ ဖောလစ် အက်ဆစ် ဟာ 0.6 mcg ဖြစ်ပါတယ် ။ အစာမစားထားတဲ့ အချိန်ဒီ supplement ကိုသောက်မယ်ဆိုရင်တော့ folic acid ဟာ စုပ်ယူနိုင်မှု 0.5mcg ထိလျော့ကျသွားပါတယ် ။ သဘာဝအတိုင်း အစားအစာတွေ မှာပါဝင်တဲ့ ဖော လစ်အက် ဆစ်ဟာ အပူချိန်အမြင့်နဲ့ UV light ကို ခံနိုင်ရည်မရှိပဲ ရေမှာပျော်ဝင်ပါတယ် ။ အချို့ အစားအစာ အစား ထိုး ထုတ်ကုန်တွေမှာ ပါဝင်တဲ့ folate ဟာ RDA ( recommended daily allowance ) အရသတ် မှတ်ထား တဲ့ folate ကို လိုက်မှီနိုင်ခြင်းမရှိပါဘူး ။
ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်မျှတတဲ့ folate ကိုသောက်သုံးခြင်းဟာ သန္ဓေသားမူမမှန်ဖွံ့ဖြိုးခြင်းကို ကာ ကွယ်ပေးနိုင်ပါတယ် ။ အထူးသဖြင့် Neural tube defects တွေဖြစ် ပြီး ဖောလစ် ချို့တဲံ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မွေးရာပါချို့ယွင်းချက်များဖြစ်ပါတယ် ။ Neural tube defects ဆိုတာ ဟာ ကျောရိုး ၊ ဦးခေါင်း ခွံနဲ့ဦးနှောက်တို့မှာ ပုံသဏ္ဍာန်မမှန်တဲ့ ဖွံဖြိုးမှုတွေဖြစ်စေပြီး spina bifida , anencephaly တို့ကိုဖြစ်စေနိုင် ပါတယ် ။

အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် ပထမ လ အတွင်းမှာ ဖောလစ် အက်ဆစ် ချို့တဲ့ခြင်း ၊ စားတဲ့စား အသောက်တွေ မှာလည်း ဖောလစ်အက်ဆစ်လုံလုံလောက်လောက်ပါဝင်ခဲ့ရင် Neural tube defects တွေ ဖြစ်နိုင် ပါတယ် ။ ဒါကြောင့် ဖောလစ်အက်ဆစ်ပါဝင်တဲ့ကိုယ်ဝန်ဆောင်အားဆေး ၊ သောက်ဆေးတွေ ဟာ မွေး ရာ ပါချို့ယွင်းချက်တွေဖြစ်တဲ့ မွေးရာပါ နှလုံးရောဂါ Congenital heart disease နဲ့ နှုတ်ခမ်း ကွဲရောဂါ cleft lips တို့ကိုကာကွယ်ပေးနိုင်ပါတယ် ။ ဒါ့အပြင်ခြေချောင်းလက်ချောင်းမူမမှန်တာတွေနဲ့ ဆီးလမ်းကြောင်း ပုံသဏ္ဍန်မ မှန်တာတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန် မှာ ဖောလစ်အက်ဆစ်ချို့တဲ့ ရင်တော့ နေ့ မစေ့ လမစေ့ပဲ ကလေးမွေးခြင်း Preterm deliver နဲ့ ပေါင်မစေ့ပဲမွေးခြင်း Low birth weight တို့ကိုဖြစ်နိုင်ပြီး ကလေးကြီးထွားမှုနှုန်းကိုလည်းလျော့နည်းစေပါတယ် ။ ဒါ့အပြင် ဖောလစ်အက် ဆစ်လျော့နည်း ရင် သွေးထဲမှာ homocysteine level များလာပြီး ဒီလိုများလာခြင်းဟာ ကိုယ်ဝန်ကို ဆက်တိုက်ပျက်ကျစေနိုင်ပါတယ် ။ ကိုယ်ဝန်ဆောင်ချိန်ပြဿနာတွေဖြစ်တဲ့ အချင်းကွာခြင်း ၊ ကိုယ်ဝန်ဆိပ်တက်ခြင်း ( pre-eclampsia ) တို့ကိုဖြစ်စေနိုင် ပါတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ဖောလစ်အက်ဆစ်မှန်မှန်သောက်သုံးဖို့ နဲ့ ဖောလစ်အက်ဆစ်ပါဝင်တဲ့စအားစာတွေ စားသုံးဖို့ အတွက် ကျန်းမာရေးအသိပညာပေးဖို့ လိုအပ်ပါတယ် ။ အနည်းဆုံး 400 mcg လောက်ပါဝင်တဲ့ အစားအစာတွေ သောက်ဆေးတွေ သောက်သုံးဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ်သောက်သုံးခြင်းဟာ ကလေးငယ်ကို ရောဂါတွေကနေ ကာ ကွယ်ပေးနိုင် ယုံသာမကပဲ ရောဂါရှိနေတဲ့မိခင်တွေ ၊ ဆေးတွေသောက်နေ ရတဲ့မိခင်တွေနဲ့ ဆေး လိပ်သောက် မိခင်တွေကိုပါ ပြဿနာဖြစ်ပွားနိုင် မှု လျော့ နည်းစေနိုင် ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ သုတ်ကောင်တွေ မှာ ဖြစ်တတ်တတဲ့ ခရိုမုန်ဆုန်း ချို့ယွင်းချက်တွေကိုလည်း လျော့နည်းစေပါတယ် ။ ဖောလစ် အက် ဆစ်က ကာကွယ်ပေးနိုင်တဲ့ ရောဂါတွေကတော့
- နှလုံးသွေးကြောကျဉ်းရောဂါ
- လေဖြတ်ခြင်း
- ကင်ဆာရောဂါ
- အ၀လွန်ရောဂါ
- စိတ်ကျရောဂါ
- ဦးနှောက်မှတ်ဥာဏ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ
- ထင်ရောင်ထင်မှားဖြစ်ခြင်း
- ဓါတ်မတည်းခြင်းများ (allergy)
- လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ
- မျိုးမပွားနိုင်ခြင်း
- ကျောက်ကပ်ရောဂါ
- ဆီးချိုသွေးချိုရောဂါ
- မီးယပ်သွေးဆုံးရောဂါ
- ရောဂါပိုးများ ၀င်ရောက်ခြင်း ( infectious disease)
- ပါကင်ဆန်ရောဂါတွင် အရိုးဆုံးရှုံးခြင်း
- အရေပြားရောဂါများ
- B12 deficiency စသည်တို့ပဲဖြစ်ပါတယ် ။
ပြည်သူလူထုနဲ့ ကိုယ်ဝန်ဆောင်သည်တွေအနေနဲ့ ဖောလစ်အက်ဆစ် အကြောင်းကို ဗဟုသုတရ ရှိကြပြီး ဖော လစ် အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ ရောဂါများကို ကာကွယ်နိုင်ကြပါစေ ။
သက်တန့်ချို
22 July 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Posted by
သက်တန့်ချို
0
comments
Labels: Family health, Folic acid, Health care, health education, Primary health care, Public health
Monday, July 18, 2011
Gluten Free diet အကြောင်း
Gluten Free diet အကြောင်း![]()
မြင်းစားဂျုံ
Gluten free diet ဆိုတာကတော့ gluten မပါတဲ့ အစားအသောက်တွေကို ခေါ်ခြင်းဖြစ်ပါတယ် ။ Gluten ဆိုတာ ကတော့ ဂျုံစေ့ ၊ မုယောစပါး ၊ ဘာလီ ၊ ရိုင်းဂျုံ ၊ မုယောခြောက် ၊ စသည်တို့မှာ တွေ့ရတဲ့ ပရိုတိန်း တစ် မျိုးဖြစ် ပါတယ် ။ Gluten ကို အစားအသောက်တွေမှာ အနံ့ကောင်းစေဖို့ ၊ ကြာရှည်ခံဖို့ နဲ့ ထူထဲစေဖို့ တခါတရံ dextrin အနေနဲ့ သုံးကြတာရှိပါတယ် ။ Gluten free အစားအစာတွေဟာ Celiac disease နဲ့ ဆက်နွယ်နေ တဲ့အခြေအနေတွေဖြစ်တဲ့ dermatitis herpetiformis (အရေပြားရောင်ရမ်းနာတစ်မျိုး ) နဲ့ ဂျုံအလာဂျီ တို့ကို ကုသဖို့အတွက် ဆေးပညာ အရ လက်ခံထားတဲ့ တစ်ခုတည်းသော ကုသချက်ဖြစ်ပါတယ် ။ Celiac disease ဆိုတာ ကတော့ gulten intolerance လို့ အသိများပြီး အမေရိကန် ၁၃၃ ယောက်မှာ ၁ ယောက်ဖြစ်လေ့ရှိတဲ့ မျိုးရိုးဗီဇ ( genetic) ရောဂါတစ်ခုဖြစ်ပါတယ် ။ Celiac disease ရဲ့ လက္ခဏာတွေကတော့ ၀မ်းသွားခြင်း ၊ ကိုယ် အလေး ချိန်ကျခြင်း ၊ အာဟာရဓါတ်ချို့တဲ့ခြင်း စတာတွေဖြစ်ပါတယ် ။ European တွေမှာအဖြစ်များပြီး လတ် တလော လေ့စာစမ်းသပ်မှုအဖြေတွေအရတော့ လူမည်းတွေနဲ့ အာရှလူတွေမှာလည်းဖြစ်တယ်လို့ သိရပါ တယ် ။
Gluten free diet သည် အုတ်ဂျုံ ( မြင်းစားဂျုံ) ကိုဖယ်ထုတ်ထားခြင်းပဲဖြစ်ပါတယ် ။ ဆရာဝန်တွေကတော့ မြင်းစား ဂျုံ ( oats) ဟာ celiac ရောဂါခံစားရသူတွေအတွက် allergen တစ်ခုလား သို့မဟုတ် သူတို့ဟာ တခြား အလာ့ ဂျင်တွေကြောင့် ဖြစ်ရတာလားဆိုတာ ( ဂျုံကြိတ်ခွဲတဲ့နေရာမှာ တခြားအလာ့ဂျင်တွေနဲ့ ရောစပ်ခြင်း cross contamination ) ဆိုပြီး ၂ ပိုင်းခွဲခြားထားပါတယ် ။ Gluten free ဆိုတာဟာ ဂလူတန်လုံးဝ မပါတာထက်စာရင် အန္တာရယ်မရှိလောက်တဲ့ပမာဏ ပါဝင်နေခြင်းကို ရည်ညွှန်းခြင်းပဲဖြစ်ပါတယ် ။ ဘယ်လောက် ပမာဏလောက်ပါရင် အန္တရာယ်မရှိဘူဆိုတာကိုတော့ အတိအကျမသိရပါဘူး ။ လတ်တလော စနစ်တ ကျပြုလုပ်ထားတဲ့ review တစ်ခုအရတော့ နေ့စဉ် gluten 10mg အောက်စားသုံးခြင်းဟာ ဆိုကျိုးတွေ ကို မဖြစ်စေပါဘူး လို့ဆိုပါတယ် ။ Gluten free လို့ တံဆိပ်ကပ်ထားတာတွေဟာလည်း နိုင်ငံ တစ်ခုချင်းစီ အပေါ်မူတည်ပြီးတော့ ကွဲပြားခြားနားမှု ရှိနေပါတယ် ။ United States မှာဆိုရင်၂၀၀၇ စံသတ်မှတ်ချက်အရ Gluten free ဆိုတာ ဟာ gluten 20 ppm ထက်နည်းတဲ့အစားအသောက်ကုန်ပစ္စည်းတွေဖြစ်တယ်လို့ FDA က သတ်မှတ်ခဲ့ ပါတယ် ။ လတ်တလော အပြည်ပြည်ဆိုရင်ရာ စံသတ်မှတ်ချက်ကတော့ 20ppm gluten လောက် ပါဝင်တဲ့အစားအစာကို Gluten free foods လို့ခေါ်ပါတယ် ။
အမျိုးမျိုးသော ဂျုံနဲ့ကစီဓါတ်ပါတဲ့စားဖွယ်တွေကို gluten free diet တွှေမဖြစ်စဉ်းစားကြပါတယ် ။ အသုံးအ များဆုံးကတော့ ပြောင်းဖူး ၊ အာလုံး ၊ ဆန် နဲ့ ကလောပီနံတို့ပဲဖြစ်ပါတယ် ။ ပဲအမျိုးမျိုး ၊ ပဲပုပ် ၊ မြေပဲစ သည်တို့ကိုလည်း တခါတရံမှာ gluten free အစားအသောက်အဖြစ်အသုံးပြုကြပြီး ပရိုတိန်းနဲ့ dietary fiber အဖြစ်ထည့်သွင်းအသုံးပြုကြပါတယ် ။ ပန်းဂျုံ (buckwheat) ဟာ ဂျုံနဲ့ ဆက်နွယ်မှုမရှိပါဘူး ။ ပန်းဂျုံကို gluten-free diet အဖြစ် လက်ခံအသုံးပြုနိုင်ပါတယ် ။ ဂလူတန်ကို အစားအစာတွေမှာ နည်းလုံးပေါင်းစုံနဲ့ အသုံးပြုကြ ပါတယ် ။ ဥပမာအားဖြင့် အစားအသောက်တွေ ရေရှည်တည်မြဲစေ၇န်သို့မဟုတ် ရေခဲမုန့်လိုမျိုး ၊ စားမြိန်စေ ဖို့အတွက် thickener အဖြစ်လည်းအသုံးပြုကြပါတယ် ။ Gluten free အစားအစာကို ပဲ စားမယ်လို့ ကြံရွယ် ထားတဲ့လူတွေအတွက်ကတော့ ဆေးတွေနဲ့ ဗီတာမင်တွေကအစ ပါဝင်တဲ့ ingredient (ပါဝင်မှုအမျိုး အစား) တွေကို သေချာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ နှုတ်ခမ်းနီလိုမျိုး ၊ နှုတ်ခမ်းမှာသုံးတဲ့အမွှေးဆီ စတာတွေမှာ လည်း gluten ပါဝင်နိုင်ပါတယ် ။ ဒါကြောင့် မသုံးခင်သေချာ စစ်ဆေးဖို့လိုပါတယ် ။ စာရွက်တွေမှာ ကပ်တဲ့ ကော် မှာလည်း gluten ပါပါတယ် ။ အစားအစာအမျိုးစုမှာ gluten ပါဝင်နေပေမယ့်လည်း သူတို့ဟာ ingredient list မှာတော့ အမြဲပါဝင်လေ့မရှိပါဘူး ။ ဘာလို့မပါသလဲဆိုတော့ ထုတ်ကုန်တစ်ခု စထုတ်စဉ်မှာ gluten ကို အသုံးမပြု တဲ့အတွက်ဖြစ်ပါတယ် ။ ဒါပေမယ့် ပြင်ဆင်တဲ့အခါ (preparation or manufacturing ) မှာတော့ ပါဝင်လာ ပါတယ် ။ Natural flavoring လို့ ဆိုပေမယ့်လည်း gluten ပါဝင်နိုင်တဲ့အတွက် သတိထား ရမှဖြစ်ပါတယ် ။
Gluten free လို့ကပ်ထားတဲ့ label တွေရဲ့မှန်ကန်မှု
Codex Alimentarius မှသတ်မှတ်ထားတဲ့စံအရ gluten free ကိုသတ်မှတ်ထားပါတယ် ။ ဒါပေမယ့် ဒီစံညွှန်း ဟာ gluten မပါတဲ့ သဘာဝ အစာတွေကိုတော့မရည်ညွှန်းပါဘူး ။ လတ်တလော စမ်းသပ်ထားတဲ့ အဖြေတွေ အရ cloeliac disease ရှိတဲ့ လူတစ်ယောက်အတွက် အမြင်ဆုံး လုံခြုံစိတ်ချမှု ၊ အန္တရာယ်မပေးနိုင်မှု ရှိတဲ့ အစားအစာ ဟာ 0.02% ( 200 parts per million ) လောက်ပဲရှိပါတယ် ။ မူလ ဂျုံစေ့ မှာ gluten 12 % ပါဝင်ပါ တယ် ။ သေးငယ်တဲ့ပမာဏဖြစ်ပေမယ့်လည်း cross contaminate ဖြစ်နိုင်တဲ့အတွက် ကိုယ်ပိုင်အစားအသောက်ပြုလုပ်တဲ့အခါမှာရော့ စီးပွားဖြစ်ထုတ်လုပ်တဲ့အခါမှာရော သတိထားဖို့တော့လိုပါတယ် ။ United States မှာတော့ gluten ကို တချို့သောအစားအစာတွေမှာ label ကပ်ထားလေ့မရှိပါဘူး ။ ဘာကြောင့်လည်းဆိုတော့ US FDA ဟာ gluten ကို GRAS - Generally Recognized As Safe ( ယေဘူယျအားဖြင့် အန္တရာယ်မရှိပါ ) လို့ သတ်မှတ်ထားတဲ့အတွက်ဖြစ်ပါတယ် ။ အခုနောက် ဆုံး မှာတော့ အစားအသောက်တွေမဟုတ်တဲ့ ဆေးဝါးတွေနဲ့ ဗီတာမင်ဆေးလုံးတွေမှာ အထူး သဖြင့် ဆေးတောင့် ပုံစံတွေမှာတောင်မှ gluten ဟာ binding agent အနေနဲ့ ပါဝင်တာကိုတွေ့ရပါတယ် ။
Gluten free ပေါင်မုန့်
ပေါင်မုန့်ဟာ အနောက်တိုင်းသားတွေ အတွက် မရှိမဖြစ်အစားအစာတစ်ခုဖြစ်ပါတယ် ။ wheat လိုမျိုးဂျုံစေ့ နဲ့ပြုလုပ် ထားပြီး gluten ပါဝင်ပါတယ် ။ Wheat gluten ဟာ အထူးသဖြင့် ပေါင်မုန့်ကို ဆွဲဆန့်လို့ ရအောင် ပေါင်မုန့်ကို ညက်သွားအောင် ပေါင်းစပ်ထည့်ဝင်ရတဲ့ အရာတစ်ခုဖြစ်ပါတယ် ။ Gluten free ပေါင်မုန့် ကိုတော့ ဆန်နဲ့ပြုလုပ်ပြီး ဆန်ပေါင်မုန့် ၊ ပြောင်းမျိုးနှံစားပင်ပေါင်မုန့် ၊ ပြောင်းနှင့်ပြုပ်လုပ်ထားသော ပေါင်ုမန့် ပဲပေါင်မုန့် စသဖြင့် အမျိုးမျိုးရှိပါတယ် ။ ဒါပေမယ့် gluten မပါဝင်တဲ့အတွက် ရေရှည်မှာ ပုံသဏ္ဍာန်ကို ထိမ်းနိုင် ဖို့တော့ မလွယ်ပါဘူး ။ ဒါကြောင့် ဂလူတန်အစား xanthum gum , hydroxypropyl methylcellulose (HPMC) , corn starch နဲ့ ဥတွေကို အသုံးပြုကြပါတယ် ။
Gluten free beer
Gluten free အစားသောက်တွေမှာ Gluten free beer ကိုလည်းနောက် ပိုင်းတွင်ကျယ်စွာ ထုတ်လုပ် လာကြပြီဖြစ်ပါတယ် ။ ကဲဒါဆိုရင် Gluten free diet တွေကိုစားသုံးခြင်းဖြင့် ဘာတွေဖြစ်နိုင် သလဲဆိုတာ ကို ဆက်လက်လေ့လာကြည့်ရအောင် ။
ဂလူတန်မပါဝင်တဲ့စားသောက်ကုန်အများစုမှာ ဖောလစ်ဓါတ် ၊ သံဓါတ်နဲ့ အမျှင်ဓါတ်တွေ နည်းပါးစွာ ပါဝင်တာ ကိုတွေ့ရပါတယ် ။ ဒါ့အပြင် gluten free diet ကို အမြဲ မရရှိနိုင်တဲ့အတွက် GSE လို့ခေါ်တဲ့ Gluten-Sensitive Enteropathy လူနာတွေဟာ သတ်မှတ်ထားတဲ့တစ်နေ့တာ ဂျုံစပါး စာသည်တို့ကို စားလေ့မရှိကြပါဘူး ။ စံသတ် မှတ်ထားတဲ့ gluten free diet ဟာလည်း တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓါတ် ၊ ဘီဝမ်း ၊ ဘီတူး ၊ ဖောလစ် ၊ သံဓါတ်နဲ့ ကယ်လ်စီယမ်တွေ ကိုလိုက်မမှီပဲ လျော့နည်းနေပါတယ် ။ နီရဲနေတဲ့အသားတွေ ၊ ငါးတွေနဲ့ ဟင်းသီး ဟင်း ရွက်တွေမှာတော့ လိုအပ်တဲ့ အာဟာရတွေအတွက် ပြီးပြည့်စုံတဲ့ အရာတွေဖြစ်ပါတယ် ။
Ref : http://en.wikipedia.org/wiki/Gluten-free_diet
http://www.celiac.com/
သက်တန့်ချို
18 July 2010
စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Posted by
သက်တန့်ချို
0
comments
Labels: Diet, Family health, Gluten Free, Health Awareness, Health care, health education, Public health
Friday, July 15, 2011
Dyspareunia ဆက်ဆံချိန်မှာ နာကျင်တာ (၂)
July 15, 2011 1:46 AM
၁။ တားဆေးကို အချိန်အနည်းငယ် (သို့) တရက် နောက်ကျခြင်းကြောင့် ရာသီသွေးပြန်လာတာ ဘာဖြစ်လို့ပါလဲ။
၂။ ဆက်ဆံချိန်တွင်းမှာ အနေထားတောင်ပြောင်းလို့ မရအောင် သားအိမ်တွင်း နာကျင်နေတာဟာ ဘာကြောင့်ပါလဲ။ ပြီးတော့ ဆက်ဆံလိုစိတ် မရှိသလိုပါ ခံစားနေရတာကရော သက်ဆိုင်ပါသလား။
၁။ တားဆေး အမျိုးအမည် မသိရပါ။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်မယ်ထင်တယ်။ ပဌမ ၂၁ ရက်သောက်ရမဲ့ ဆေးကို ရပ်လိုက်တာနဲ့ သွေးဆင်းတတ်တယ်။ Withdrawal bleeding ခေါ်တယ်။
၂။ Dyspareunia (Painful intercourse) လိင်ဆက်ဆံချိန်မှာ နာစရာမဟုတ်ဘဲ နာတာကို နောက်ဆုံး ဆွီဒင် သုတေသန တခု အလိုအရ အမျိုးသမီးတွေ ၉့၃% မှာ ခံစားရတယ်လို့ ဆိုပါတယ်။ အတွေ့အကြုံနည်းသူနဲ့ ငယ်ရွယ်သူတွေမှာ ပိုများတာလဲ တွေ့ရတယ်။ ဆေးခန်း-ဆေးရုံ ဆရာဝန် ပြပြန်တော့လဲ ပညာသယ်တိုင်းက ဒီအရေးမှာ အာရုံသိပ်မထားကြပြန်ဘူး။ မေးဘို့ ခက်နေ-ရှက်နေ သူတွေကလဲ အများသား။ Sexual counselling service ဆိုတာမျိုးကလဲ နေရာတိုင်းမှာမရှိ၊ ရှိပြန်ရင်လဲ ဈေးကြီးတယ်။ ဒါ့ကြောင့် ကျွန်တော်လဲ အထူးကု မဟုတ်ဘဲ၊ စပါယ်ရှယ် အကူအညီပေးနေတာ ဖြစ်ပါတယ်။
• ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေတွေက တဒါဇင်လောက်တော့ ရှိမယ်။ မဆိုးတာက အများစုဟာ တကယ်ဆိုးဝါးတဲ့ ဝေဒနာတွေ မဟုတ်ဘူး။
• တတ်ကျွမ်းတဲ့ ဆရာဝန်ကနေ မေးမယ်၊ စမ်းသပ်မယ်။ နာမယ်ဆိုတာ အဝကလား၊ အထဲကလား။ အဲ့ အမေးခံရသူက တခါတလေ ခွဲခြား မပြောနိုင်တာ ရှိတတ်တယ်။ မပြောချင်လို့တော့ မဟုတ်ဘူး။
• ၂ဝ၁၁ ထဲမှာ ကျင်းပခဲ့တဲ့ ကွန်ဖရင့်စ် တခုမှာ Bristol Sexual Health Centre က အထူးကုဆရာဝန်တဦး အဆိုအရ အကြောင်းခံက Endometriosis ဆိုတဲ့ သားအိမ်ရောဂါသာဆိုရင် Position ဆက်ဆံပုံ အနေအထားပြုပြင်လို့ အများကြီး သက်သာနိုင်တယ်။
• Emotional factor ရောဂါတွေ မရှိဘဲနဲ့ စိတ်ပိုင်းမှာ ထူးခြားနေလို့ ဖြစ်သူတွေလဲ မရှားပါ။ နဲနဲနာရာကနေ ပိုပြီး မခံနိုင်အောင် တိုးလား-ဆိုးလာစေတာကလဲ စိတ်အခြေခံ ဖြစ်မယ်။ နောက်တကြိမ်ကိုတောင် ကြောက်နေအောင်အထိ စိတ်ဖိစီးမှု များနိုင်သေးတယ်။
• Vaginismus ဆိုတဲ့ မွေးလမ်းကြွက်သားတွေ ကျုံ့လို့ဖြစ်တဲ့ ရောဂါကို အရင်စဉ်းစားမယ်။ သူရှိနေရင် အဝမှာရော အတွင်းဘက်မှာပါ နာစေမယ်။ နာမှာလဲ ကြောက်နေမယ်။ နှစ်နဲ့အထိ ကြာနိုင်တယ်။ ဆိုးဝါးသူတွေမှာ ရာသီလာချိန်သုံးတဲ့ သေးသေးလေးအရွယ်သာရှိတဲ့ Tampons ထည့်တာတောင် မခံနိုင်ဘူး။ ဆရာဝန် လက်တချောင်းထည့်စမ်းတာဆို ဝေးရော။
• Vaginismus ဖြစ်နေလို့ နာတတ်သူဟာ အတူမနေချင်တာလို့တော့ ပြောမရပါ။ ကံကောင်းရင် ကလူကျီစယ်၊ ယုယမှုမျိုးကနေ Orgasm သာယာမှုအထိ ရနိုင်မယ်။
• ငယ်ငယ်ကတည်းက တင်းကြပ်တဲ့ မိဘ-ဆွေမျိုးအုပ်ထိန်းမှုကြောင့်လို့ အနောက်နိုင်ငံဆရာတွေက တွေးကြတယ်။ လူဆိုတာ မွေးကတည်းကနေ သင်ယူနေကြတာပါ။ ပွင့်လင်းမှု နည်းသေးတဲ့ တိုင်းပြည်ကလူတွေဟာ ဒီပညာမျိုးကို သူငယ်ချင်းတွေကနေ ရကြတာများတယ်။ သူငယ်ချင်းဆိုတာ ရောနေတာမို့ အိမ်က၊ ကျောင်းက မရာတဲ့ ပညာတွေတိုးမှာ အမှန်ဘဲ။
• Painful vaginal infections မွေးလမ်း ရောဂါပိုးဝင်တာက နောက်အကြောင်းခံတခု ဖြစ်တယ်။
• Unease with the partner အဖေါ်ကို သိပ်လိုလိုလားလား မရှိသလို ခံစားရတာလဲ ဖြစ်နိုင်တယ်။ မသိစိတ်မှာ အဲလို ဖြစ်တတ်တာလဲ ရှိမယ်။
• Cervix သားအိမ်အဝရောင်နေတာ။ အဲလိုရှိနေရင် အတွင်းနက်အထိ ဆက်ဆံမှုကြောင့်သာ နာမယ်။ Collision dyspareunia လို့ ခေါ်တယ်။
• Womb trouble သားအိမ်မှာ Fibroids အသားပိုရှိနေသူ တချို့မှာ အတွင်းနက် ဆက်ဆံမှုကနေ နာနိုင်တယ်။
• Endometriosis ရောဂါရှိနရင် အထူးသဖြင့် ရာသီလာချိန်နီးရင် ပိုနာတတ်တယ်။
• Ovary problems မျိုးဥအိမ်အလုံးဖြစ်နေတာ။ လူတိုင်းမှာတော့ မနာပါ။
• Pelvic inflammatory disease (PID) တင်ပဆုံတွင်း အင်္ဂါတွေရောင်နေတာ အဖြစ်များတယ်။ ရောဂါပျောက်ရင် ပုံမှန် ပြန်ဖြစ်ပါတယ်။ Chlamydia ပိုးဝင်တာ များတယ်။
• Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာ။
• Bladder infections ဆီးအောင့်နေရင်လဲ နာမယ်။
• Lack of lubrication ဆက်ဆံကာနီးထွက်ရမဲ့ အရည်နည်းတာ၊ မထွက်တာ။
• Nervousness စိတ်လှုတ်ရှားမှု ကဲတာ၊ ပြင်ဆင်မှု အားနည်းတာ၊ စိတ်ကို တင်းထားတာတွေကြောင့်လည့်း အရည်ထွက်ရမှာ နည်းနိုင်တယ်။ အတွေ့အကြုံ နည်းသူတွေ အဖြစ်များတယ်။
• Well-endowed partner အဖေါ်ယောက်ျားက ထူးထူးခြားခြား အင်္ဂါကြီးနေတာ။ တချို့ မွေးရာပါ မဟုတ်ဘဲ တမင်တကာ အပိုအဆာ၊ အပြင်အဆင်တွေ လုပ်ထားရင် ပုံမှန် မိန်းမအဂ်ါနဲ့ အဆင်မပြေနိုင်ဘူး။ ဗဂျိုင်းနား-ခန္ဓာဗေဒအရ အမျိုးသမီးဟာ စိတ်ကလဲ ပေါ်ပေါက်နေရင် ဘယ်လို ကျားအင်္ဂါနဲ့ဖြစ်ဖြစ် မရ မရှိတတ်ပါ။ အရွယ်မတူတာ အတူနေရင် လိုအပ်ရင် ကျားအင်္ဂါအရင်းမျာ စွပ်ထားရတဲ့ ကွင်း Come Close ခေါ်တာ သုံးနိုင်တယ်။
• Menopausal or post-menopausal dryness သွေးဆုံးအမျိုးသမီးတွေ နာမှာ သေခြာတယ်။ Female sex hormones ဆေးပေး ကုသရင် နဂိုလိုနေနိုင်တယ်။ HRT pills ဖြစ်ဖြစ် Hormone cream (ခရင်မ်) ဖြစ်ဖြစ် သုံးနိုင်တယ်။ Ordinary sex lubricants သုံးတာ ပိုလွယ်သေးတယ်။
• Vaginal infections မွေးလမ်း ပိုးဝင်တာ အတော်များများ ရှိတယ်။ Thrush (Fungus) မှိုဝင်တာ သိပ်ပေါတယ်။ Trichomonas ပိုးလဲ ဝင်တယ်။
• Injury ထိခိုက်မိထားတာကိုလဲ စာရင်းသွင်းရတယ်။ ဒီအထဲမှာ ကလေးမီးဖွါးတာလဲ ပါမယ်။ Tear စုပ်ပြဲတာ၊ Episiotomy
• မွေးလမ်းချဲ့မွေးရတာ၊
• Genital warts လိင်လမ်း-ကြွက်နို့။
• Vulvitis မိန်းမကိုယ်ရောင်တာ။ Bubble-baths ရေချိုးနည်းလုပ်လို့ ဓါတုဆေးနဲ့ မတည့်တာ၊ Soaps ဆပ်ပြာနဲ့ မတည့်တာကနေ ဖြစ်တတ်တယ်။
• Haematoma of the clitoris (အစိ) နေရာရောင်တာ၊ သွေးခြည်ဥနေတာ၊ အတွင်းခံ ကြပ်လွန်းတာ အကြာကြီး ဝတ်ထားရာကနေ အထဲမှာ သွေးယိုထွက်နေတဲ့လူနာ တွေ့ဘူးတယ်။
• Cancer ကင်ဆာ ဖြစ်နေလို့နာတာ ရှားလွန်းပါတယ်။
Dr. တင့်ဆွေ
၁၅-၇- ၂ဝ၁ဝ
ယမုန်နာဆေးခန်း
Posted by
Anonymous
4
comments

