Friday, June 15, 2012

သွေးလွန်တုပ်ကွေးအကြောင်း (Dengue)

ကျနော့်ဘလော့တွင် အခုတစ်လော ဆေးပညာနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ တင်တာနည်းနေပြီး ဆရာဝန်လူနာဆက်ဆံရေး ဆောင်းပါးတွေပဲ တင်ဖြစ်နေတဲ့အတွက် တောင်းပန်ပါတယ်။ ကျနော်လည်း ရေးမယ်ရေးမယ်နဲ့ ကျနော်ကိုယ်တိုင်နေမကောင်းတာရော၊ Facebook မှာအမျိုးသားရေးစိတ်ဓါတ်များပြင်းထန်နေသောကြောင့်ရော မရေးဖြစ်တာပါ။ အခုတစ်ခါတော့ မိုးရာသီရောက်ရင် ကျနော်တို့နိုင်ငံမှာ နှိပ်စက်နေကျ သွေးလွန်တုပ်ကွေး အကြောင်းကို တင်ပြလိုက်ပါတယ်။

အင်္ဂလိပ်လို Dengue လို့ခေါ်တဲ့သွေးလွန်တုပ်ကွေးပာာ ခြင်ကိုက်ခံရခြင်းမှတဆင့်ကူးစက်တဲ့ရောဂါပိုးကြောင့်ဖြစ်ပါတယ်။ အိန္ဒိယ၊ အရှေ့တောင်အာရှနဲ့ အာဖရိကတိုက်တို့မှာ အများဆုံးဖြစ်ပွားပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ရောဂါပိုးကို သယ်ဆောင်တဲ့ခြင်ပာာ Aedes aegypti လို့ခေါ်တဲ့ ခြင်မျိုးစိတ်ဖြစ်ပါတယ်။ မြန်မာလိုတော့ ခြင်ကျားလို့ခေါ်တဲ့ ခန္ဒာကိုယ်မှာ အကျားအကျားတွေ ပါတဲ့ ခြင်မျိုးစိတ်ဖြစ်ပါတယ်။ ဒီခြင်တွေအဓိကပေါက်ဖွားတဲ့နေရာကတော့ ကြည်လင်တဲ့ရေသေတွေမှာ ဖြစ်ပြီး ဒီခြင်တွေအဓိက ကျက်စားတဲ့အချိန်ကတော့ နေ့ဘက်အချိန်တွေဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားစေတဲ့ပိုးပာာ flavivirus လို့ခေါ်တဲ့ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပါတယ်။ ဒီပိုးပာာ အမျိုးအစားလေးမျိုးရှိပါတယ်။ အဲဒီအမျိုးအစားလေးမျိုးလုံးက သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါပာာ အဓိကအားဖြင့်တော့ အသက် ၁၅နှစ်အောက်တွေမှာ ဖြစ်တတ်ပေမယ့် အသက်ကြီးသူတွေမှာလည်းဖြစ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများပာာ ပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရပြီး ၃ရက်မှ ၈ရက်အကြာတွင် စတင်ပြသပါတယ်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာပာာ ရောဂါလက္ခဏာ၃ဆင့်နဲ့ ပြသပါတယ်။
ပထမအဆင့်မှာတော့ ကိုယ်အပူချိန်မြင့်တာနဲ့စပါတယ်။ ကိုယ်အပူချိန်မြင့်တက်လာတာနဲ့အတူ ခေါင်းကိုက်ခြင်း၊ တကိုယ်လုံးကိုက်ခဲနေခြင်း၊ ပျို့ချင်အန်ချင်ခြင်း၊ ဘာမှ မစားချင်မသောက်ချင်ဖြစ်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းတစ်လျှောက်မှာ သွေးယိုစိမ့်တဲ့အတွက်ကြောင့် ကော်ဖီရောင်၊ အညိုရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်းတို့ဖြစ်တတ်ပါတယ်။တစ်ခါတစ်လေမှာ ခန္ဒာကိုယ်မှာ အစက်အပြောက်တွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ သွေးလွန်တုပ်ကွေးမှာ ကိုယ်အပူချိန်မြင့်တက်ခြင်းမှာ အပူချိန် ၁၀၄ ဒီဂရီစင်တီဂရိတ်(၄၀ဒီဂရီဖာရင်ပိာုက်) အထိရှိတတ်ပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့သူအများစုပာာ ပထမအဆင့်မှာ လွတ်သွားကြတာများပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အထက်မှာဖော်ပြထားတဲ့ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရထားသူရဲ့ ရောဂါလက္ခဏာတွေပာာ ပုံမှန်ရာသီဥတုအကူးအပြောင်းမှာ ဖြစ်တတ်တဲ့တုပ်ကွေးရောဂါနဲ့ ဘာမှသိပ်မကွာတာကြောင့် အများအားဖြင့်သွေးလွန်တုပ်ကွေးမှန်းမသိလိုက်တာများပါတယ်။ ဆရာဝန်နဲ့ပြသမိတဲ့အခါမှ Hess' test လို့ခေါ်တဲ့သွေးပေါင်ချိန်တိုင်းတဲ့ ကိရိယာနဲ့စစ်ဆေးကြည့်မှသာ သွေးလွန်တုပ်ကွေးမှန်းသိရပါတယ်။ ဒါကြောင့် အခုလို မိုးရာသီမျိုးမှာ ဖျားနာခဲ့မယ်ဆိုရင် သွေးလွန်တုပ်ကွေးအသိမမေ့ဖို့ အရေးကြီးပါတယ်။

အများအားဖြင့်တော့ ကိုယ်ခံအားကောင်းတဲ့သူအများစုမှာ ပထမအဆင့်မှာတင် သွေးလွန်တုပ်ကွေးရောဂါပာာ ပျောက်သွားပါတယ်။ ဒါပေမယ့် အချို့ကိုယ်ခံအားမကောင်းတဲ့သူတွေမှာတော့ ဒီရောဂါပာာ နောက်တစ်ဆင့်ကို တက်သွားပါတယ်။ သွေးလွန်တုပ်ကွေးရောဂါမှာတော့ Critical phase လို့သုံးပါတယ်။ ဒီအဆင့်ကတော့ ကြောက်ဖို့ကောင်းတဲ့အဆင့်ဖြစ်ပါတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ဖျားပြီး ၂ရက်၃ရက်အကြာမှာဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့
၁။ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း (အများအားဖြင့်တော့ ဖျားပြီး ၃ရက်လောက်မှာဖြစ်ပါတယ်)
၂။ ရုတ်တရက်ဗိုက်အောင့်လာခြင်း
၃။ ဂနာမငြိမ်ဖြစ်လာခြင်း သို့မပာုတ် အရမ်းမှိန်းသွားခြင်း
၎။ ခြေဖျား၊ လက်ဖျားတွေအေးစက်လာခြင်း
၅။ အလွန်အမင်း ချွေးထွက်လာခြင်း
၆။ ဆီးမသွားတော့ခြင်း သို့မပာုတ် အလွန်အမင်းနည်းသွားခြင်း
၇။ သွေးဖိအားအလွန်ကျဆင်းလာခြင်း
စတဲ့လက္ခဏာတွေပြသလာပါတယ်။ ဒါ့ကြောင့် ကလေးတွေမှာ ကိုယ်ပူကျပြီး အရမ်းမှိန်းလာတယ်ဆိုရင်လည်း အလွန်သတိထားရပါတယ်။ အမှန်ဆိုဖြစ်သင့်တာက ကိုယ်ပူနေချိန်မှာ ငြိမ်နေတဲ့ကလေးပာာ ကိုယ်ပူကျချိန်မှာ ဆော့ကစားလာရမှာပါ။ အဲလိုမျိုးမဖြစ်ဘဲ ကိုယ်ပူနေချိန်မှာတောင် ကလေးက နည်းနည်းလန်းနေပြီး ကိုယ်ပူကျသွားချိန်မှာတော့ မှိန်းလာပြီဆိုရင် သတိထားရမယ့် အခြေအနေဖြစ်ပါတယ်။
ဒီလိုအခြေအနေကို ရောက်လာပြီဆိုရင်တော့ ကလေးကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ခေါ်ဆောင်သွားပြီး ပြသသင့်ပါတယ်။ လိုအပ်တဲ့ကုသမှုတွေဖြစ်တဲ့ ကိုယ်တွင်းဆုံးရှုံးသွားသော အရည်များကို ဖြည့်တင်းရပါမယ်။ အဲလိုမှမလုပ်ခဲ့ဘူးဆိုရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အဖြစ်နဲ့ ဦးနှောက်ရောင်ခြင်း (Encephalopathay and encephalitis)၊ အသည်းပျက်ဆီးခြင်း၊ နှလုံးကြွက်သားရောင်ခြင်း(Myocarditis)၊ ခန္ဒာကိုယ်အနှံ့မှ သွေးယိုစီးခြင်း (DIC) စတဲ့ပြင်းထန်တဲ့ရောဂါတွေဖြစ်လာပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်။

တတိယအဆင့်ကတော့ ပြန်လည်နာလန်ထလာတဲ့အဆင့်ဖြစ်ပါတယ်။ ကလေးပာာ ဆီးပြန်သွားလာပါတယ်။ စားချင်သောက်ချင်စိတ်ပြန်ရှိလာပါတယ်။ သွေးလွန်တုပ်ကွေးပျောက်ကင်းသွားခြင်းရဲ့ လက္ခဏာဖြစ်တဲ့ အနီကွက်တွေပေါ်လာပါတယ်(ယားတတ်ပါတယ်။) ဒီအနီကွက်တွေပာာ ဒုတိယအဆင့်ကနေကုသမှုတွေလုပ်ခဲ့ပြီး အသက်အန္တရာယ်ကိုကျော်လွှားနိုင်ခဲ့ရင် ၁ရက်က၂ရက်အကြာ၊ ပထမအဆင့်ဆိုရင် ကိုယ်အပူချိန်ကျပြီး ၁ရက်က၂ရက်အကြာမှာ ပေါ်တတ်ပါတယ်။ ဒီလိုမျိုး အနီကွက်တွေပေါ်လာပြီဆိုရင်တော့ စိုးရိမ်စရာမရှိတော့ပါဘူး။
အများအားဖြင့်တော့ သွေးလွန်တုပ်ကွေးပာုတ်မပာုတ် အတည်ပြုရာမှာ Clinical symptoms လို့ခေါ်တဲ့ ရောဂါလက္ခဏာတွေနဲ့ပဲ အတည်ပြုပါတယ်။ စစ်ဆေးမှုတွေအနေနဲ့
Platelet counts (သွေးခဲစေတတ်သောဓါတ်များ) ကျနေတတ်ပါတယ်။
Haematocrits တက်နေတတ်ပါတယ်။
အခြားစစ်ဆေးမှုတွေအနေနဲ့ Coagulation profile, Serum electrolyte, Liver enzymes, Serum complement levels စတာတွေကိုလည်း စစ်ဆေးလို့ရပါတယ်။

သွေးလွန်တုပ်ကွေး၏အဆင့်များ။
အပေါ်ကသုံးဆင့်ကတော့ သွေးလွန်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများနဲ့ပတ်သက်ပြီး ခွဲခြားထားတဲ့အဆင့်များဖြစ်ပြီး အခုဆက်လက်ဖော်ပြမှာကတော့ ကုသတဲ့နေရာမှာ အသုံးပြုတဲ့ အဆင့်များဖြစ်ပါတယ်။
Grade I -သွေးပေါင်ချိန်တိုင်းတဲ့ကိရိယာနဲ့တိုင်းတာချိန်မှာ အစက်အပျောက်တွေပေါ်လာတာကလွဲပြီး တခြား စိုးရိမ်ရတဲ့လက္ခဏာတွေမရှိတဲ့အဆင့်ကို ဆိုလိုပါတယ် (Hess' test positive)
Grade II - Hess' test positive အပြင် သွေးယိုစီးတဲ့လက္ခဏာတွေဖြစ်တဲ့ ခန္ဒာကိုယ်မှာ ထိခိုက်မိသလိုမျိုး သွေးခြေဥသလိုမျိုး အနီကွက်တွေပေါ်လာပါတယ်။
Grade III - ရောဂါလက္ခဏာများမှာ ဒုတိယအဆင့်ဖြစ်တဲ့
၁။ ကိုယ်အပူချိန်ရုတ်တရက်ကျဆင်းသွားခြင်း (အများအားဖြင့်တော့ ဖျားပြီး ၃ရက်လောက်မှာဖြစ်ပါတယ်)
၂။ ရုတ်တရက်ဗိုက်အောင့်လာခြင်း
၃။ ဂနာမငြိမ်ဖြစ်လာခြင်း သို့မပာုတ် အရမ်းမှိန်းသွားခြင်း
၎။ ခြေဖျား၊ လက်ဖျားတွေအေးစက်လာခြင်း
၅။ အလွန်အမင်း ချွေးထွက်လာခြင်း
၆။ ဆီးမသွားတော့ခြင်း သို့မပာုတ် အလွန်အမင်းနည်းသွားခြင်း
၇။ သွေးဖိအားအလွန်ကျဆင်းလာခြင်း
စတဲ့လက္ခဏာတွေရှိလာတဲ့အဆင့်ဖြစ်ပါတယ် (Impending Shock stage လို့ခေါ်ပါတယ်။)
Grade IV -  Impending shock stage ကနေပြီး ကုသမှုမခံယူခဲ့တဲ့အတွက် လုံးဝ Shock stage ကိုရောက်လာတာ ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ သွေးပေါင်ချိန်ကျတာမပာုတ်တော့ဘဲ သွေးဖိအားတိုင်းလို့မရတော့တဲ့ အခြေအနေဖြစ်ပါတယ်။

အထက်ပါရောဂါအဆင့်များပေါ်မူတည်ပြီး ကုသမှုကိုအောက်ပါအတိုင်း လုပ်ဆောင်ရပါတယ်။
Grade I and II
သိပ်မဆိုးသေးတဲ့အဆင့်ပါ။ ရောဂါလက္ခဏာအဆင့်နဲ့ပြောရရင် ပထမအဆင့်လောက်ပါ။ ဒီအဆင့်မှာတော့
၁။ ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေကြည့်ခြင်း)
၂။ ကိုယ်အပူချိန်အတွက် Paracetamol နှင့် ရေပတ်တိုက်ပေးခြင်း (Paracetamol ပာာ ကိုယ်အပူချိန်အတွက်သာမက နာကျင်ကိုက်ခဲနေတာတွေအတွက်လည်း အသုံးပြုပါတယ်။ တခြားအနာသက်သာတဲ့ဆေးတွေဖြစ်တဲ့ Aspirin လိုမျိုးဆေးကို ရှောင်ရှားရပါတယ်။ သွေးထွက်တာကိုပိုဆိုးစေတဲ့အတွက်ဖြစ်ပါတယ်။
၃။ အရည်ပြန်လည်ဖြည့်တင်းပေးရပါမယ်။ ဓါတ်ဆားရည်သောက်ခြင်း၊ အသီးအနှံဖျော်ရည်များသောက်ပေးခြင်းတို့လုပ်ပေးရပါမယ်။
၎။ ဖျားနေတဲ့ကလေးကို အစားအသောက်မကျွေးတာမျိုးကို ရှောင်ရပါမယ်။ ကလေးသာ စားချင်သောက်ချင်စိတ်ရှိမယ်ဆိုရင် ဘာစားစားကျွေးလို့ရပါတယ်။ ဒီနေရာမှာကလေးကို ညိုတဲ့အရည်တွေဖြစ်တဲ့ ကော်ဖီလိုမျိုး တိုက်ခြင်းကိုတော့ ရှောင်ပေးရပါတယ်။ သွေးလွန်တုပ်ကွေး ဖြစ်တဲ့ကလေးတွေမှာ အစာအိမ်လမ်းကြောင်းတစ်လျှောက်က သွေးကြောလေးတွေယိုစိမ့်ပြီး အန်တဲ့အချိန်မှာ အညိုရောင်တွေအန်တတ်တာကြောင့် ကော်ဖီလိုမျိုးအညိုရောင်ရှိတဲ့အရည်များတိုက်ကျွေးထားတဲ့အခါမှာ ခွဲခြားရခက်တာကြောင့်ဖြစ်ပါတယ်။
အောက်ပါအချက်များရှိရင် Grade I and II ဆိုပေမယ့်လည်း ဆေးရုံတင်ထားရပါမယ်။
၁။ ဆေးရုံနှင့် အသွားအလာခက်တဲ့နေရာမှာနေသူများ၊ ပို့ဆောင်ရေးခက်ခဲတဲ့နေရာမှာနေသူများ
၂။ သွေးခဲဓါတ် ၁၀၀ အောက်ကျသူများ။
၃။ သွေးထွက်နေသူများ
၎။ ပါးစပ်မှ အရည်ဖြည့်လို့မရတဲ့သူများ (ဥပမာ အန်နေခြင်း။ မသောက်နိုင်ခြင်း)

Grade III and IV လူနာများကိုတော့ အားလုံးကို ဆေးရုံတင်ပြီး ကုသပေးရပါမယ်။ လိုအပ်တဲ့အရည်ပြန်ဖြည့်တဲ့ကုသနည်းများနဲ့ကုသရပါမယ်။ ဒီနေရာမှာတော့ ချန်ထားခဲ့လိုက်ပါမယ်။

ဆေးရုံဆင်းတဲ့အချိန်
ဆေးရုံတင်ထားရတဲ့သွေးလွန်တုပ်ကွေးလူနာပာာ အောက်ပါအချက်တွေအားလုံးပြည့်စုံနေပြီဆိုရင် ဆေးရုံက
ဆင်းလို့ရပါပြီ။
၁။ အပူကျဆေးမသုံးဘဲ ၂၄နာရီကျော်တဲ့အချိန်ထိမဖျားတော့ရင်၊ အစားစားချင်စိတ်ပြန်ဖြစ်လာပြီး အစားစားနိုင်ရင်
၂။ ကလေးရဲ့ အနေအထားတိုးတက်လာရင် (ဥပမာ ကလေးပြန်လန်းလာရင်)
၃။ စိုးရိမ်ဖွယ်ရာအခြေအနေမှ ၄၈နာရီအထိကျော်လွန်လာပြီး အခြားမည်သည့်နောက်ဆက်တွဲ ဆိုးကျိုးမှမရှိရင်
သတိထားရမှာက အထက်ပါအချက်တွေအားလုံးပြည့်စုံနေမှသာ ဆေးရုံကဆင်းနိုင်မှာဖြစ်ပါတယ်။ ဆေးရုံကအချိန်မတိုင်သေးပဲ
ဆင်းခဲ့ရင် ဆိုးကျိုးတွေဖြစ်ပြီး ကလေးပဲထိခိုက်မှာကိုသတိထားသင့်ပါတယ်။

ကာကွယ်မှုတွေအနေနဲ့
၁။ ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ (ခြင်ဆေးသုံးခြင်း၊ ခန္ဒာကိုယ်အနှံ့ဖုံးနိုင်သော အ၀တ်အစားများဝတ်ခြင်း၊ ခြင်ထောင်ထောင်အိပ်ခြင်း၊ ခြင်လုံစကာတပ်ခြင်း၊)
၂။ ခြင်ပေါက်ဖွားနိုင်မယ့်နေရာတွေကို ရှင်းလင်းပစ်ပါ (ပိုးလောက်လန်းသေဆေးခတ်ခြင်း၊ ပန်းအိုးများရေလဲခြင်း၊ ရေ၀ပ်နိုင်မယ့်နေရာတွေဖယ်ရှားပစ်ခြင်း)

သတိပြုရမယ့်အချက်တွေ
သွေးလွန်တုပ်ကွေးပာာ ခြင်မှတဆင့်ကူးစက်တာဖြစ်ပါတယ်။ ကာကွယ်ဆေးမရှိလို့ အကောင်းဆုံးကာကွယ်နိုင်တာက ခြင်မကိုက်အောင်၊ ခြင်မပေါက်ဖွားနိုင်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။ မိုးတွင်းကာလမှမပာုတ်ပါဘူး၊ မည်သည့်အချိန်တွေမှာမဆို ကလေးတွေဖျားနာရင် သွေးလွန်တုပ်ကွေးအန္တရယ်ကို သတိပြုရပါမယ်။ အသက်အန္တရာယ်ရှိတဲ့ရောဂါဖြစ်ပြီး အသက်အန္တရာယ်မထိခိုက်အောင်လည်း အလွယ်တကူကာကွယ်နိုင်တဲ့ရောဂါဖြစ်လို့ သွေးလွန်တုပ်ကွေးသံသယများရှိခဲ့ရင် ဆေးရုံဆေးခန်းများမှာ သွားရောက်ပြသသင့်ပါတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ သွေးလွန်တုပ်ကွေးပာာ ပထမတစ်ခါဖြစ်ဖူးတဲ့သူတွေမှာ နောက်တစ်ခါဖြစ်ရင် ပိုဆိုးတတ်တာကြောင့် အများကြီးပိုပြီး သတိရှိရပါတယ်။ ရာသီတစ်ခုတည်းမှာကိုပဲ ၂ခါပြန်ဖြစ်နိုင်လို့ ပထမတစ်ခါဖြစ်ပြီးပြီပဲဆိုပြီးတော့ ပေါ့လို့မရတဲ့ရောဂါဖြစ်ပါတယ်။

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Read More...

Tuesday, June 12, 2012

ပြောင်းလဲသင့်တဲ့အရာတွေ

ကျနော်တို့နိုင်ငံမှာ တိုးတက်လာတဲ့နိုင်ငံရေးအခြေအနေတွေ၊ စီးပွားရေးအခြေအနေတွေ တွေ့လာရတာ အတော်လေးကို ၀မ်းသာစရာပါ။ နယ်ပယ်အသီးသီးမှာ တိုးတက်သင့်သလောက်တိုးတက်လာတာတွေ တွေ့လာရတဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍဘက်မှာလည်း တိုးတက်လာနိုင်ကောင်းပါရဲ့လို့ မျှော်လင့်ချက်တွေရှိလာခဲ့ပါတယ်။ တကယ်တော့ ကျန်းမာရေးဆိုတာပာာ နိုင်ငံတစ်နိုင်ငံအတွက် အသက်သွေးကြောတမျှ အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ကျန်းမာတဲ့နိုင်ငံသား အမြောက်အများပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ငံပာာ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်တွေမှာပါ တိုးတက်လာပါတယ်။
ကျန်းမာရေးစနစ်တစ်ခုပာာ ကဏ္ဍပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အဲဒီကဏ္ဍတွေထဲမှာ ဆေးကုသရေး၊ ဆေးပညာသင်ကြားရေး၊ ပညာပေးရေး၊ ဆေးဝါးရှာဖွေဖော်ထုတ်ခြင်း စသည့် ကဏ္ဍတွေပါဝင်ပြီး ကျနော်အဓိကဦးတည်ဆွေးနွေးချင်တဲ့ ကဏ္ဍတွေကတော့ ဆေးကုသရေးနှင့် ဆေးပညာသင်ကြားရေးတို့ဖြစ်ပါတယ်။

မြန်မာပြည်မှာ တပ်မတော်ဆေးတက္ကသိုလ် မပါ ဆေးတက္ကသိုလ် ၄ခုရှိပါတယ်။ ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ ဆေးတက္ကသိုလ်မန္တလေး၊ ဆေးတက္ကသိုလ် မကွေးတို့ဖြစ်ပြီး နှစ်စဉ် ဆရာဝန်ပေါင်း ၂၄၀၀ခန့်ကို မွေးထုတ်ပေးလျှက်ရှိပါတယ်။ တစ်နိုင်ငံလုံးလိုအပ်ချက်နဲ့ကြည့်ရင် ဆရာဝန်အရေအတွက် နှစ်စဉ် ၂၄၀၀ဆိုတာ မများတဲ့အရေအတွက်ပါ။ ဒါပေမယ့်လည်း ကျန်းမာရေး အခြေခံအဆောက်အဦးတွေ၊ ဆေးဝါးပစ္စည်းတွေနဲ့ စက်ကိရိယာတွေ ထောက်ပံ့နိုင်တာ နည်းပါးလွန်းတာကြောင့် ဆရာဝန်သစ်လွင်တွေပာာ လုပ်ငန်းခွင်မ၀င်နိုင်ဘဲ အပြင်မှာပဲ ရောင်လည်လည် ဖြစ်နေတတ်ပါတယ်။ အဲလိုနဲ့နောက်ပိုင်းမှာတော့ ဆရာဝန်ဘွဲ့ရပြီး တခြားစီးပွားရေးဝင်လုပ်တဲ့သူတွေများလာပါတယ်။ ကျနော်တို့အရင်တုန်းက သိခဲ့တာက ဆရာဝန်အလုပ်ပာာ ဘ၀အာမခံချက်ရှိတယ်၊ ကျောင်းပြီးတာနဲ့ အလုပ်ရနိုင်တဲ့ တစ်ခုတည်းသော အသက်မွေးဝမ်းကျောင်းဖြစ်တယ်လို့ သိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ မွေးထုတ်လိုက်တဲ့ဆရာဝန်သစ်လွင်တိုင်းကို အလုပ်ခန့်နိုင်တဲ့ အခြေအနေမှာမရှိတော့တာကြောင့် အခုဆိုရင် ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်လာတဲ့သူတွေတောင် ဆေးတက္ကသိုလ်ကို ရွေးချယ်လာခြင်း နည်းပါးလာပြီး အလုပ်ရနိုင်တဲ့ ရေကြောင်းတက္ကသိုလ်လိုမျိုးဖြစ်ဖြစ်၊ နိုင်ငံခြားတက္ကသိုလ်တစ်ခုခုမှာ သွားရောက်ပညာသင်ကြားတာမျိုးဖြစ်ဖြစ် လုပ်လာကြပါတယ်။ ကျနော်ဒီလိုမျိုး အကြောင်းမဲ့သက်သက်ပြောတာမပာုတ်ပါဘူး။ ဆေးတက္ကသိုလ်များပာာ အရင်တုန်းက မြန်မာပြည်မှာ အမှတ်အမြင့်ဆုံးကျောင်းတွေအနေနဲ့ ရပ်တည်လာပေမယ့် အခုနောက်ပိုင်းမှာ ဖြစ်လာတဲ့ ရေကြောင်းတက္ကသိုလ် ၀င်ခွင့်အမှတ်တွေနဲ့ နှိုင်းယှဉ်လာရင် ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ပာာ ရေကြောင်းတက္ကသိုလ်ဝင်ခွင့်ထက်
နည်းနေတာကို တွေ့မြင်ရနိုင်ပါတယ်။ လူငယ်တွေအနေနဲ့ ဆေးပညာကို ဘ၀အာမခံချက်ပေးနိုင်တဲ့ ပညာရပ်တစ်ခုအနေနဲ့ မရှုမြင်လာတော့ခြင်းပာာ ၀မ်းနည်းစရာကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

ဆရာဝန်တွေ အလုပ်မ၀င်နိုင်တာပာာ မြန်မာ့ကျန်းမာရေးစနစ်မှာ အများကြီးထိခိုက်စေပါတယ်။ ရှိနေတဲ့ အစိုးရဆေးရုံတွေမှာ ၀င်ရောက်အလုပ်လုပ်နေတဲ့ ဆရာဝန်တွေပာာ ၀န်နဲ့အားမမျှတတာကို ကြုံတွေ့လာရပါတယ်။ ဆိုလိုချင်တာက လူဦးရေ ၁၀၀၀ရှိတဲ့နေရာတစ်ခုမှာ ဆေးရုံ၂ရုံလိုအပ်တယ်ဆိုပါစို့၊ ဆေးရုံတစ်ရုံမှာ ဆရာဝန်၂ယောက်လိုအပ်တယ်ဆိုရင် ၂ရုံအတွက်ဆရာဝန်၎ယောက်လိုအပ်ပါတယ်။ ဒါပေမယ့် ဆေးရုံတစ်ရုံတည်းပဲ ထောက်ပံ့နိုင်တယ်ဆိုရင် ဆရာဝန်လည်း ၂ယောက်ပဲခန့်နိုင်ပါမယ်။ အဲဒီလိုဆိုရင် လိုအပ်တဲ့ဆေးရုံ၂ရုံအစား၁ရုံပဲ ထောက်ပံ့နိုင်တဲ့အတွက် အဲဒီဆေးရုံနဲ့ ဆရာဝန်တွေမှာ ၀န်နဲ့အားမမျှတတဲ့ဒဏ်ကို ခံစားရပါမယ်။ အခုကျနော်တို့ကြုံတွေ့နေရတဲ့ အခက်အခဲပာာ အဲလိုမျိုးဖြစ်နေပါတယ်။ အစိုးရဆေးရုံတွေကိုကြည့်ရင် ရှိတဲ့ကုတင်အရေအတွက်ထက် လူနာများပြားနေတဲ့အတွက်ကြောင့် လူနာတွေကို ခုံတန်းနဲ့ထားရတာမျိုး၊ ကော်ရစ်ဒါမှာ ကုတင်ထိုးပြီး ထားရတာမျိုးတွေရှိလာပါတယ်။ ဒါ့အပြင်ဆရာဝန်တစ်ယောက်ပာာ ဆေးကုသမှုလုပ်ငန်းအပြင် ပညာပေးရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ ကျောင်းကျန်းမာရေး စတဲ့အလုပ်တွေကိုလည်း တွဲဖက်လုပ်ကိုင်ရပါတယ်။ အမှန်တော့ ဆေးကုသတဲ့ဆရာဝန်သက်သက်၊ ပညာပေးဆရာဝန်သက်သက် ဖြစ်သင့်တဲ့အစား တစ်ယောက်ထဲကပဲ ပူးတွဲတာဝန်ယူရတဲ့အတွက်ကြောင့် လစ်ပာင်းတာတွေရှိလာပါတယ်။ မြို့ကြီးများမှာတော့ သိပ်မသိသာဘဲ နယ်မြို့တွေမှာဆိုရင် ပိုပြီး သိသာတဲ့အချက်တစ်ခုပါ။ နောက်တစ်ခုကတော့ ဆေးရုံရှိနေပေမယ့် ဆေးဝါးတွေ၊ ဆေးပစ္စည်းကိရိယာတွေ မလုံလောက်တဲ့ပြသနာပါ။ ဆေးရုံလည်းရှိတယ်၊ ဆရာဝန်လည်းရှိပါတယ်၊။ ဒါပေမယ့်လည်း ဆေးဝါးတွေ၊ ပစ္စည်းကိရိယာတွေ မရှိတဲ့အခါမှာတော့ ဆရာဝန်လည်း ဘာမှမတတ်နိုင်တဲ့ အခြေအနေတွေဖြစ်လာပါတယ်။ ဒီအခါဆရာဝန်ဘက်ကလူနာကို ဆေးဝယ်ခိုင်းရတာတွေ၊ အပြင်ဆေးခန်းတွေမှာ ရောဂါရှာဖွေမှုလုပ်ခိုင်းရတာတွေ၊ ပစ္စည်းရှိတဲ့ဆေးရုံတွေကို လွှဲပြောင်းပေးရတာတွေရှိလာပါတယ်။ ဒီအတွက်ဆရာဝန်နဲ့လူနာကြားမှာ  ဆရာဝန်က ဆေးရှိရဲ့သားနဲ့ဝယ်ခိုင်းတယ်၊ အပြင်ဆေးခန်းမှာ ကော်မရှင်ရလို့ သွားစစ်ခိုင်းတယ် စတဲ့အထင်အမြင်လွဲမှားမှုတွေဖြစ်ပေါ်လာပါတယ်။
ဒါ့ကြောင့်ဖြစ်သင့်တာကတော့ အစိုးရအနေနဲ့ ကျန်းမာရေးကဏ္ဍအတွက် အခြေခံအဆောက်အဦးတွေ၊ ဆေးဝါးတွေနဲ့ ပစ္စည်းကိရိယာတွေကို ဒီထက်ပိုပြီးထောက်ပံ့သင့်ပါတယ်။ ဆေးရုံတည်ဆောက်ပေးပြီး ဆရာဝန်ခန့်ထားပေးပြီးရုံနဲ့ မရပ်နေဘဲ အခြေခံလိုအပ်တဲ့ ဆေးဝါးတွေ၊ ပစ္စည်းကိရိယာတွေကို အမြဲထောက်ပံ့နေသင့်ပါတယ်။

ဆေးတက္ကသိုလ်တစ်ခုမှာ ပညာသင်ကြားရတဲ့ကျောင်းသား၊ ကျောင်းသူအရေအတွက်ပာာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို ၆၀၀ခန့်ရှိတတ်ပါတယ်။ အရင်တုန်းက ဆေးတက္ကသိုလ်တစ်ခုမှာ ၁၅၀၀န်းကျင်လောက်သာ သင်ကြားနေရာကနေပြီး အခုလိုလေးဆခန့်တိုးလာတဲ့အခါမှာ အများကြီးအခက်အခဲတွေရှိလာပါတယ်။ သင်ထောက်ကူပစ္စည်းတွေ၊ စာသင်ဆောင်တွေ တိုးတက်သင့်သလောက်တိုးတက်လာပေမယ့်လည်း အခုချိန်ထိ ၀န်နဲ့အားမမျှတာမျိုးဖြစ်နေတုန်းပါပဲ။ ဒီလိုမျိုး တိုးတက်လာတဲ့ကျောင်းသားဦးရေနဲ့အတူ သင်ထောက်ကူပစ္စည်းတွေ၊ ဆရာတွေကို လိုက်ပြီးမှီအောင် မတိုးနိုင်တာကြောင့် ဆရာတွေဘက်ကလည်း အခက်အခဲတွေရှိပါတယ်။ အရင်တုန်းက ဆရာတစ်ယောက်ပာာ ကျောင်းသား ၁၀ယောက်ကိုစာသင်ရတယ်ဆိုရင် အခုအခါမှာ အယောက်၃၀လောက်ကိုသင်ရပါတယ်။ ကုသရေးတာဝန်တွေတစ်ဖက်နဲ့ စာလည်းသင်ရ၊ အမှတ်လည်းခြစ်ရ၊ ဆေးပညာအစည်းအဝေးတွေလည်း တက်ရနဲ့ ဆရာများလည်း အတော်ကြီးကို ပင်ပန်းလာပါတယ်။ သူများနိုင်ငံတွေမှာ ဒီလိုပညာအရည်အချင်းမျိုးနဲ့ဆိုရင် ၀င်ငွေကောင်းကောင်းနဲ့ တာဝန်နည်းနည်းကို အေးအေးဆေးဆေးလုပ်နိုင်ပေမယ့် ဒီမှာတော့ ကိုယ့်မိသားစုမပြောနဲ့ ကိုယ့်အတွက်တောင်မလောက်တဲ့ ၀င်ငွေလေးနဲ့ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာကို ကြည့်ရင် ဘယ်လောက်ကိုယ့်နိုင်ငံကို ချစ်လဲဆိုတာကိုသိနိုင်ပါတယ်။ ဒီလိုမျိုး အစိုးရလခနဲ့မလောက်မငှဖြစ်လာတဲ့အခါမှာတော့ ဆရာဝန်ကြီးများပာာ အပြင်ဆေးခန်းမှာ ထွက်ထိုင်ရတာမျိုးတွေဖြစ်လာပါတယ်။ အမှန်တကယ်စဉ်းစားကြည့်ရင် တစ်နေကုန်လုံးဆေးရုံမှာအလုပ်လုပ်၊ ပြီးတော့ အလုပ်ဆင်းချိန်မှာလည်း အပြင်ဆေးခန်းတွေ၊ ဆေးရုံတွေလိုက်ထိုင်ရတာမျိုးကို ဘယ်သူမှမလုပ်ချင်ပါဘူး။ ဒါပေမယ့်လည်း ပေးထားတဲ့လခက နည်းပါးလွန်းတဲ့အခါမှာတော့ ဆရာဝန်ကြီးတွေလည်း အပြင်ဆေးခန်းထိုင်ရပါတော့တယ်။

နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကို ထိုးနှက်နေတဲ့ နောက်ထပ်အဓိကတစ်ချက်ကတော့ အစိုးရဆေးရုံတွေကို ပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုကျဆင်းလာတဲ့ အချက်ဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာ ကုသမှုခံယူနေတဲ့လူနာအရေအတွက်ကို ကြည့်ရင် ကျနော့်အဆိုမမှားဘူးဆိုတာကို သိနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာလို့ လူနာတွေကို အပြစ်တင်စရာအကြောင်းတော့မရှိပါ။ ပုဂ္ဂလိကဆေးရုံနဲ့ အစိုးရဆေးရုံနှစ်ခုလုံးတက်ဖူးတဲ့သူရှိရင် ဘယ်လိုကွာခြားတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာတာပာာ လစာငွေနည်းပါးခြင်းနဲ့ များပြားလှတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့်လို့ ထင်ပါတယ်။ အခြေခံဝန်ထမ်းတွေရဲ့ လစာငွေနည်းပါးလွန်းတဲ့အတွက်ကြောင့် လုံခြုံရေးတွေကလည်း ဆေးရုံကိုဝင်တာနဲ့ ပိုက်ဆံတောင်းပါတယ်။ ဆေးရုံတွန်းလှည်းသမားကလည်း ပိုက်ဆံတောင်းပါတယ်၊ သန့်ရှင်းရေးဝန်ထမ်းကလည်း ပိုက်ဆံတောင်းပါတယ်။ လူနာတွေဘက်ကလည်း ပိုက်ဆံပေးမှ အလုပ်လုပ်ပေးတယ်လို့ ထင်လာပြီး နေရာတကာ ပိုက်ဆံပေးလာပါတော့တယ်။ ယုတ်စွအဆုံး ဆရာဝန်ကိုတောင် လူနာကို ဂရုစိုက်ဖို့ပြောပြီး ပိုက်ဆံပေးတဲ့အထိဖြစ်လာပါတယ် (ကျနော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်အပျက်ပါ)။ ဒီလိုမျိုး ၀န်ထမ်းတွေ၊ အလုပ်သမားတွေ ပိုက်ဆံတောင်းတယ်ဆိုတာပာာ အမှန်တော့ အရေးယူလို့ရပါတယ်။ အုပ်ချုပ်တဲ့ဆရာဝန်တွေဘက်ကလည်း မသိလို့မပာုတ်ပါဘူး။ လူနာဘက်ကတိုင်တဲ့အချိန် ဒါမှမပာုတ် တစ်ခါတစ်လေမှာ သိပ်ဆိုးလွန်းတဲ့အခြေအနေတွေက လွဲပြီး လွှတ်ပေးထားရတဲ့အခြေအနေပါ။ ဒီလိုအလုပ်သမားတွေ၊ ၀န်ထမ်းတွေတောင်းလို့ဆိုပြီး သူတို့ကိုပဲ အရေးယူပြီး သူတို့လစာနဲ့ မလုံလောက်တဲ့အခြေအနေကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် ဆေးရုံတွေမှာ အလုပ်လုပ်တဲ့သူဆိုတာတောင် ရှိလာတော့မှာမပာုတ်ပါဘူး။ အဲဒီအတွက်ကြောင့် သိပ်မလွန်လာဘူးဆိုရင် သိနေပေမယ့်လည်း မျက်စိမှိတ်နေရတဲ့ အခြေအနေတွေရှိလာပါတယ်။ ဒီလိုမျိုး အစိုးရဆေးရုံတွေမှာ ၀န်ထမ်းတွေ ခဏခဏ တောင်းတာကိုဖြေရှင်းတဲ့နည်းလမ်းကတော့ သူတို့ကို လစာနဲ့လုံလောက်အောင် လစာကို တိုးမြှင့်ပေးလိုက်သင့်ပါတယ်။ အဲဒီလို လစာတိုးမြှင့်ပြီးမှ ဆက်တောင်းနေမယ်ဆိုရင်တော့ ထိရောက်စွာအရေးယူပေးသင့်ပါတယ်။ အဲလိုဆိုရင် အစိုးရဆေးရုံတက်သူတွေ ညည်းညူနေရတဲ့ ပိုက်ဆံခဏခဏတောင်းပြီး အအော်အငေါက်ခံနေရတဲ့ ဒုက္ခကကင်းဝေးနိုင်မှာဖြစ်ပါတယ်။

နောက်တစ်ချက်က အစိုးရဆေးရုံတွေပာာ အခုချိန်ထိ လမ်းပောာင်းကြီးတွေကို မစွန့်လွှတ်ခြင်းဖြစ်ပါတယ်။ ဥပမာပြောရရင်အစိုးရဆေးရုံမှာ CT scan ရိုက်မယ်ဆိုရင် CT scan ရှိတဲ့ဆေးရုံက နေပြီး ဖောင်အရင်သွားဝယ်ရပါတယ်။ အဲဒီဖောင်ကို ဆေးရုံအုပ်၊ အထူးကုဆရာဝန်ကြီး၊ ဆေးရုံတံဆိပ်တုံးအစုံအလင်ထိုးပြီး ဖောင်ယူလာရတဲ့ ဆေးရုံမှာ ပြန်သွားထပ်ရပါတယ်။
အဲဒီနောက်တစ်ပတ်ခန့်အကြာမှာမှ ရိုက်ခွင့်ရပါတယ်။ တစ်ပတ်လောက်အကြာမှ ရိုက်ခွင့်ရတာကတော့ ရှိတဲ့စက်နဲ့ ရိုက်ရတဲ့လူနာနဲ့အင်အားချင်းမမျှတတဲ့အတွက်ကြောင့် လက်ခံနိုင်ပေမယ့် ဖောင်သွားယူရတာ၊ အဆင့်ဆင့်လက်မှတ်ရေးထိုးရတာ၊ ပြန်သွားထပ်ရတာ တွေပာာ မရှိသင့်တော့တဲ့ အဆင့်တွေပါ။ ဆက်သွယ်ရေးစနစ်တွေ ဒီလောက်တိုးတက်ကောင်းမွန်လာတဲ့အချိန်မှာ လူ့အင်အားကို အဲဒီလောက်စိုက်ထုတ်သုံးစွဲနေရတာပာာ လူနာရော၊ လူနာရှင်တွေအတွက်ပါ စိတ်ညစ်ရစေပါတယ်။ ဒါတောင် CT scan တစ်ခုတည်းကိုပဲ ဥပမာပေးထားတာဖြစ်ပါတယ်။ တခြားကိစ္စတွေမှာလည်း ဒီလိုမျိုး အများအပြားရှိပါသေးတယ်။ ဒီလိုရှုပ်ထွေးတဲ့လမ်းကြောင်းတွေ၊ နည်းစနစ်တွေကို စွန့်လွှတ်ပြီးဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင်လည်း လူနာတွေအတွက် အများကြီး အထောက်အကူဖြစ်နိုင်မှာပါ။

နောက်ထပ်ပြုပြင်သင့်တဲ့ အတားအဆီးတစ်ခုကတော့ နိုင်ငံခြားထွက်မယ့်ပညာတတ်လူငယ်တွေကို နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့
နေရာမှာ လျော်ကြေးတောင်းတဲ့ကိစ္စပါ။ ဆရာဝန်တွေသာမကဘဲ နိုင်ငံခြားထွက်မယ့် ပညာတတ်လူငယ်တိုင်းပာာ ဒီပြသနာနဲ့ရင်ဆိုင်ရလေ့ရှိပါတယ်။ နိုင်ငံခြားသွားတဲ့ကိစ္စပာာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အပြီးအပိုင်ထွက်ခွာဖို့မပာုတ်ဘဲ ပညာသွားသင်ဖို့၊ အလည်အပတ်သွားဖို့အတွက် နိုင်ငံခြားထွက်တဲ့သူတွေကို ဒီလိုမျိုးလျော်ကြေးတောင်းတာပာာ မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။ ဒါကြောင့်ပဲ ပညာသွားသင်တဲ့လူငယ်တွေ၊ အပျော်အလည်အပတ်သွားတဲ့သူတွေပာာ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါမှာ ဆယ်တန်းအောင်လို့ပဲ လျှောက်လာကြပါတယ်။ မလိုအပ်တော့တဲ့ ကိစ္စတစ်ခုပါ။ တကယ်ဆိုရင် ပညာသင်ပြီး ကိုယ့်နိုင်ငံကို ကိုယ်ပြန်လာပြီး အကျိုးပြုမယ့်သူတွေအတွက် ဒီလိုမျိုး အနှောက်အယှက်ပာာ မရှိသင့်တော့တဲ့ အရာတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ဆေးတက္ကသိုလ်တက်ခွင့်ပာာ အများသိကြတဲ့အတိုင်းပဲ ဆယ်တန်းအောင်တဲ့အချိန် အမှတ်စာရင်းပေါ်မှာ မူတည်နေပါတယ်။ ဒီစနစ်ပာာလည်း အမှန်အတိုင်းပြောရရင် ဆေးတက္ကသိုလ်ဝင်ခွင့်ရွေးချယ်တဲ့အခါမှာ မသုံးသင့်တဲ့နည်းလမ်းဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ပြန်လည်ဖြေဆိုလို့ မရတော့တဲ့နည်းစနစ်ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ဆေးပညာကို ၀ါသနာပါပြီး အမှတ်နည်းသွားလို့ ဆေးတက္ကသိုလ်တက်ခွင့်မရလိုက်တဲ့ သူတွေအတွက် အများကြီးနစ်နာရပါတယ်။ ဆေးတက္ကသိုလ်ဆင်း ဆရာဝန်ဖြစ်ပြီးခါမှ ၀ါသနာမပါလို့ ဆရာဝန်အလုပ်ကိုမလုပ်ဘဲ တခြားစီးပွားရေးအလုပ်တွေကို လုပ်နေတဲ့သူတွေကို မြင်ရရင် ဆေးပညာကို ၀ါသနာပါပေမယ့် တက်ခွင့်မရလိုက်တဲ့သူတွေအတွက် ပိုပြီးခံစားရပါတယ်။ ဆေးပညာကို တကယ်လေ့လာချင်တဲ့သူတွေတက်ရောက်မှသာ အကျိုးရှိစေပါတယ်။ ဒီလိုမှမပာုတ်ဘဲ ၀ါသနာမပါဘဲ ဆေးတက္ကသိုလ်ကို မိဘတက်ခိုင်းလို့၊ အမှတ်မီလို့ စတဲ့အကြောင်းတွေနဲ့ တက်ရောက်လာသူတွေပာာ ဆေးကုဖို့ရည်ရွယ်ချက်မရှိသလို ဆေးပညာသင်ကြားတဲ့အခါမှာလည်း လိုအပ်တဲ့ ခံယူချက်မရှိတာကြောင့် နိုင်ငံရဲ့ ကျန်းမာရေးစနစ်အတွက် အကျိုးမရှိစေတဲ့အပြင် သူပာာ တကယ်တက်ချင်တဲ့သူရဲ့ နေရာကို ၀င်ယူလိုက်တဲ့အတွက် ဆေးကုမယ့်ဆရာဝန်တစ်ယောက်ဆုံးရှုံးသွားစေပါတယ်။ အဲလိုအကြောင်းတွေကြောင့် ဆေးတက္ကသိုလ်ကို တကယ်ဆရာဝန်အလုပ်ကို စိတ်ဝင်စားတဲ့သူ၊ ဆေးပညာကို စိတ်ဝင်စားတဲ့သူတွေကိုသာ ရွေးချယ်တက်စေတဲ့စနစ်မျိုးကို ကျင့်သုံးသင့်ပါတယ်။

ဆေးပညာဘွဲ့ရပြီးသူတွေအတွက် မပာာဘွဲ့ကို မြန်မာနိုင်ငံမှာပဲ ဆက်လက်သင်ကြားနိုင်ပါတယ်။ ၀မ်းနည်းစရာကောင်းတာက ဒီလိုမပာာဘွဲ့သင်တန်းတက်ရောက်ခွင့်ရှိသူတွေပာာ ဆေးပညာဘွဲ့ရရှိရုံနဲ့ မလုံလောက်ဘဲ အနည်းဆုံး အစိုးရဆေးရုံတွေမှာ ၂နှစ်လက်ထောက်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ထားသူ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တစ်ခုပါ။ အရင်တုန်းကလိုမျိုး ဘွဲ့ရပြီး ဆရာဝန်တိုင်းကို အလုပ်ခန့်နိုင်တဲ့အခြေအနေမှာဆိုရင်တော့ ဒီကန့်သတ်ချက်ပာာ ဘာမှပြသနာမရှိပေမယ့် အခုလိုမျိုး အားလုံးကို အလုပ်မခန့်နိုင်တော့တဲ့အချိန်တွေမှာတော့ ပြသနာရှိလာပါတယ်။ ဒီလိုနဲ့ပဲ ဘွဲ့ရပြီး အလုပ်ဝင်ဖို့စောင့်နေတဲ့သူတွေပာာ စာဆက်သင်ဖို့လည်း အခွင့်အရေးမရ၊ အလုပ်လည်းမရနဲ့ နောက်ဆုံးတခြားအလုပ်တွေပြောင်းလဲလုပ်ဖြစ်ကုန်တာပါပဲ။ (ကျနော်တို့တစ်နိုင်ငံထဲမှာသာ ဆရာဝန်ကားပွဲစားတွေ၊ ဆရာဝန်ဆန်ပွဲရုံပိုင်ရှင်တွေ၊ ဆရာဝန်စီးပွားရေးလုပ်ငန်းရှင်တွေ ရှိမယ်လို့ထင်ပါတယ်။ ဒါတွေပာာ ဆရာဝန်တွေကို အလုပ်မခန့်နိုင်တဲ့အတွက်ကြောင့် နောက်ဆက်တွဲဆုံးရှုံးရတဲ့ အခြေအနေတွေပါ။)
ဒီလိုမပာာဘွဲ့သင်တန်းတက်ရောက်ဖို့ကို ပထမဆုံး မိမိတက်ရောက်မယ့်ဘာသာရပ်စာမေးပွဲကို အရင်ဖြေဆိုရပါတယ်။ အဲဒီဝင်ခွင့်အောင်မြင်မှသာတက်ရောက်ခွင့်ရှိတာပါ။ ဒါကြောင့် ကျနော့်အမြင်ပြောရရင်တော့ အလုပ်မ၀င်ထားသော်လည်း တကယ်အဆင့်မီမယ်၊ စာတတ်တယ်ဆိုရင် မပာာဘွဲ့သင်တန်း ၀င်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ပေးသင့်ပါတယ်။ အဲလိုဖြေဆိုလို့ အောင်မြင်တယ်ဆိုရင်တော့ တကယ်အရည်အချင်းရှိသူဖြစ်လို့ တက်ရောက်ခွင့်ပြုသင့်ပါတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ ကျနော့်ဒီဆောင်းပါးပာာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ်နဲ့ပတ်သက်ပြီး ပြုပြင်သင့်တာတွေကို ဝေဖန်အကြံပေးရုံသက်သက်သာဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ရေးသားထားခြင်းမပာုတ်ပါဘူး။ တကယ်လို့ ဒီဆောင်းပါးမှာပါတဲ့ အဖြစ်အပျက်တွေ၊ အသုံးအနှုန်းတွေပာာ တစ်စုံတစ်ယောက်ကိုထိခိုက်စေခဲ့မယ်ဆိုရင် အနူးအညွတ်တောင်းပန်အပ်ပါတယ်။ သဘောထားကြီးစွာနဲ့ခွင့်လွှတ်ပေးစေလိုပါတယ်။

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Read More...

Saturday, June 2, 2012

မြန်မာ့ကျန်းမာရေးစနစ်၏ အနာဂါတ်

ကျနော်တို့ ဆေးကျောင်းတက်နေတုန်းက ဆရာများပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ မြန်မာပြည်မှာ ဆရာဝန်ဖြစ်ရတာ အတော်ကံကောင်းတယ်ဆိုတဲ့စကားပါ။ ဘာလို့လည်းဆိုတော့ မြန်မာလူမျိုးတွေပာာ အင်မတန်သဘောကောင်းပြီး သည်းခံခွှင့်လွှတ်တတ်တဲ့လူမျိုးများပါ။ နိုင်ငံခြားမှာ ဆေးကျောင်းသားဆိုရင် လူနာကို ထိခွင့်ကိုင်ခွင့်တောင် မရှိပေမယ့် ဒီမှာတော့ လူနာတွေအများကြီးကို စမ်းသပ်နိုင်ပါတယ်။ မေးမြန်းနိုင်ပါတယ်။ လူနာတွေကလည်း ဆရာဝန်ငယ်လေးတွေကို ၀ိုင်းဝန်းကူညီပေးကြပါတယ်။ မြန်မာပြည်ကလူနာတွေပာာ ဆေးကျောင်းသား ဆရာဝန်ဖြစ်ဖို့ နောက်ဆုံးစာမေးပွဲမှာ လူတွေ့ဖြေတဲ့အချိန် ကျောင်းသားမှားနေရင်တောင် အတွေ့အကြုံရှိတဲ့လူနာဆိုရင် ကျောင်းသားကို ဆရာအဆူမခံရအောင် ၀ိုင်းဝန်းကူညီပေးကြတဲ့ အင်မတန်ချစ်ဖို့ကောင်းတဲ့ လူနာတွေဖြစ်ပါတယ်။ ဆရာဝန်အမှားလုပ်ခဲ့မိရင်တောင် ခွှင့်လွှတ်ပေးတတ်တဲ့ စေတနာကောင်းတဲ့လူနာတွေဖြစ်ကြပါတယ်။ ဒါကြောင့်ဆရာဝန်တွေဘက်ကလည်း လူနာကို အတတ်နိုင်ဆုံး အကုန်အကျသက်သာအောင်၊ ဝေဒနာသက်သာအောင် မိမိရဲ့ မိသားစုဝင်တွေလိုမျိုး စေတနာထားပြီး ပြုစုကုသပေးခဲ့ကြပါတယ်။ အခုတော့ အားလုံးပြောင်းလဲသွားတာကို လူတိုင်းသတိထားမိမှာပါ။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် အခုအခါမှာ ကျနော်တို့နိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ ဆရာဝန်နဲ့ လူနာဆက်ဆံရေးပျက်ပြားသွားပြီ ဆိုတာကို ကျနော်တို့ ၀မ်းနည်းစွာနဲ့ပဲ မြင်တွေ့နေရပါပြီ။ လူနာနဲ့ ဆရာဝန်ကြားမှာ ရှိတဲ့ ယုံကြည်မှုက ပျက်သုန်းသွားပြီး လူနာက ဆရာဝန်ကို သံသယမျက်လုံးနဲ့ ကြည့်သလို ဆရာဝန်တွေဘက်ကလည်း မိမိဘက်က လုံချုံမှုရှိအောင် အကုန်လုံးကို စိတ်ချရအောင် လုပ်လာတဲ့အတွက်ကြောင့် လူနာတွေဘက်မှာ အကုန်အကျတွေများ၊ အချိန်တွေကြာလာရပါတယ်။
ကျနော်တို့နိုင်ငံမှာ မီဒီယာကိုအားကိုးပြီး ဆရာဝန်တွေကို လက်ညှိုးထိုးနေတဲ့ အဖြစ်တွေအများကြီး ဖြစ်လာတာကို အားလုံးသတိထားမိမှာပါ။ ဒါပေမယ့်ဖြစ်ဖြစ်မြောက်မြောက် ဆရာဝန်တွေဘက်က ပြန်ပြီး ဖြေရှင်းတာကို ကျနော်မတွေ့မိပါဘူး။ စကားနည်းရန်စဲသဘောမျိုးလားတော့လည်း မသိပါ။ ဒါပေမယ့် အဲလိုမျိုးတိတ်တဆိတ်နေနေတာက ပိုပြီး ဆရာဝန်နဲ့ လူနာကြားထဲက သံသယတွေကို ကြီးထွားလာစေပါတယ်။ လူနာတွေဘက်က ဒီဆရာဝန်တွေမှားနေလို့ ဘာမှပြန်မပြောတာ ဖြစ်မယ်လို့ ထင်လာနိုင်ပါတယ်။ ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေမှာ ဆရာဝန်အမှားတွေရှိနေသလို ဆရာဝန်မမှားဘဲနဲ့ လူနာအထင်လွဲနေတဲ့ အဖြစ်အပျက်တွေလည်း အများကြီးရှိနေပါတယ်။ ဥပမာပြောရရင် SSC မှာဖြစ်ပွားခဲ့တဲ့ သွေးလွန်တုပ်ကွေးရောဂါကို အူအတက်ပေါက်တယ်ထင်ပြီး ခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကြီးမှာ လူနာကို သေချာစမ်းသပ်မေးမြန်းဖို့ ကျန်ခဲ့တဲ့ အပြစ်ရှိပါတယ်။ ဒါပေမယ့် SSC မှာပဲဖြစ်ခဲ့တဲ့ ကလေးအထဲမှာသေနေတာကို မခွဲပေးလို့ လူနာသေရတယ်ဆိုတဲ့ အဖြစ်အပျက်မှာတော့ ဆရာဝန်မှာ အပြစ်မရှိဘဲ ရုတ်တရက်သေဆုံးသွားတဲ့အတွက် အထင်လွဲနေကြတာပါ။ မီဒီယာတွေရဲ့ ခံယူချက်ပာာ မှန်ပါတယ်။ အများပြည်သူတွေဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ နစ်နာတယ်ထင်တဲ့ဘက်ကနေပြီး ရေးတယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းဖြစ်လာတဲ့အကျိုးဆက်တွေကတော့ မီဒီယာတွေရဲ့ ကျွမ်းကျင်သူများနဲ့ သေချာဆွေးနွေးပြီး အဖြစ်အပျက်တစ်ခုကို မှားသည်မှန်သည် စုံစမ်းဖို့ ပျက်ကွက်ခဲ့တဲ့အတွက်ကြောင့် ဆရာဝန်နဲ့လူနာဆက်ဆံရေးပျက်ပြားသွားရပါတယ်။ ကျနော်ပြောချင်တာက ဆရာဝန်မှားတဲ့အခါမှာ ဆရာဝန်အမှားကို နားလည်သူတွေနဲ့သေချာမေးမြန်းပြီး ထောက်ပြရေးသားနိုင်ပါတယ်။ ကျနော်လက်ခံပါတယ်။ ဒါပေမယ့် ဆရာဝန်အမှားမပာုတ်ဘဲ လူနာအထင်လွဲသွားတာကို သေချာမမေးမြန်းမစုံစမ်းဘဲ ဆရာဝန်အပြစ်လိုမျိုး ရေးသားတဲ့အခါမှာတော့ အများကြီးနစ်နာကြရပါတယ်။ နစ်နာတယ်ဆိုတာ ဆရာဝန်တစ်ယောက်တည်းမပာုတ်ဘဲ လူနာလည်း နစ်နာပါတယ်။ နိုင်ငံခြားမှာ ဆေးကုသဖူးတဲ့သူတွေပာာ ဆေးကုသခဘယ်လောက်ဈေးကြီးလဲဆိုတာကို သိကြမှာပါ။ ဆေးကုသမှုကုန်ကျစရိတ်ကိုကြည့်ရင် ရောဂါကုတာထက် ရောဂါကို အဖြေရှာတဲ့အတွက် ကုန်ကျမှုက ပိုပြီး များနေတတ်တာကို သတိထားမိပါလိမ့်မယ်။ အဲဒါဘာလို့လည်းဆိုတော့ သူတို့နိုင်ငံတွေမှာ ဆေးကုသတော့မယ်ဆိုရင် ဆရာဝန်တွေက သူတို့ဘက်ကအလွန်မဖြစ်အောင် အမှားမရှိအောင် ရောဂါနဲ့ ပတ်သက်မယ်လို့ထင်တာတွေ အားလုံးကို စစ်ခိုင်းတတ်ပါတယ်။ အဲဒါကြောင့် ဆေးစစ်တဲ့စရိတ်တွေက ပိုပြီး ကုန်ကျနေတာပါ။ ကျနော်တို့နိုင်ငံအတွက် ပြန်ကြည့်ရအောင်ပါ။ မှန်ပါတယ်။ တတ်နိုင်တဲ့သူတွေအတွက်တော့ ဒီမှာပဲစစ်စစ်၊ နိုင်ငံခြားမှာပဲသွားစစ်စစ် အကုန်ခံနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ နိုင်ငံပာာ ဆင်းရဲတဲ့နိုင်ငံတစ်ခုပါ။ နိုင်ငံသားအများစုပာာ ဆင်းရဲကြပြီး စားဝတ်နေရေးအတွက်ရုန်းကန်နေရသူတွေပါ။ ကျန်းမာရေး စောင့်ရှောက်မှုအစိုးရက ပေးနိုင်တဲ့ ပမာဏနည်းလွန်းတဲ့အတွက် ရောဂါဖြစ်လာရင် မိမိပိုက်ဆံနဲ့ ကုသရသူတွေပါ။ အဲလိုလူနာတွေကို ဆရာဝန်က အဲလိုမျိုး ရောဂါနဲ့ပတ်သက်မယ်ထင်တာတွေ အားလုံးကို စစ်ခိုင်းမယ်ဆိုရင် သူတို့ဘက်က ဘယ်လိုနေမလဲဆိုတာကို စဉ်းစားကြည့်ပါ။ စားဖို့တောင်အနိုင်နိုင်ဖြစ်နေသူတွေမှာ အဲလောက်ဆေးကုသဖို့အတွက် သုံးနိုင်မလားဆိုတာ စဉ်းစားကြည့်ပါ။ အခုကျနော်တို့ကြုံနေတာ အဲလိုမျိုးဖြစ်နေပါပြီ။ လူနာတွေက ဆရာဝန်အမှားကို ထောက်ပြီးတရားတဘောင်ဖြစ်လာမှာကို စိုးလာတဲ့အတွက်ကြောင့် ဆရာဝန်တွေပာာ လူနာတွေကို လုံးဝသေချာအောင် အားလုံးစစ်ခိုင်းလာတဲ့အခါမှာ လူနာတွေဘက်ကလည်း အများကြီး နစ်နာလာပါတယ်။ ဥပမာပြောရရင် ဆရာဝန်ကြီးတစ်ယောက်ပာာ လူနာရဲ့ ဝေဒနာကို စမ်းသပ်ရုံနဲ့ ၇၀% လောက်ရောဂါကို မှန်အောင်ခန့်မှန်းနိုင်ပါတယ်။ ဆေးစစ်စရာမလိုဘဲ စရိတ်သက်သက်သာသာနဲ့ ရောဂါကိုကုသနိုင်ပါတယ်။ ဒါပေမယ့်ကုသမှုမှာ တခုခုချို့ယွင်းလို့သော်လည်းကောင်း၊ လူနာရဲ့ ရောဂါအခြေအနေကြောင့်သော်လည်းကောင်း လူနာအသက်အန္တရာယ်ထိခိုက်သွားနိုင်ပါတယ်။ အဲလိုမျိုးအခြေအနေမှာ ပြသနာတွေရှိလာနိုင်ပါတယ်။ လူနာဘက်က နားလည်ပေးရင် ပြသနာမရှိပေမယ့် လူနာဘက်က မကျေနပ်တဲ့အခါမှာတော့ ဆရာဝန်ပာာ လိုအပ်တဲ့စစ်ဆေးချက်တွေ မပြုလုပ်ပါဘူးဆိုတဲ့ စွဲချက်နဲ့ တရားစွဲနိုင်ပါတယ်။ အဲဒါကြောင့် အခုအခါမှာ ဆရာဝန်ကြီးတွေဘက်ကလည်း ရောဂါကို ခန့်မှန်းနိုင်ပေမယ့် လုံးဝသေချာအောင် စစ်ဆေးချက်တွေအမျိုးမျိုး လုပ်ခိုင်းလာရပါတယ်။ လူနာလည်း စရိတ်ထောင်းလာပါတယ်။
ဒီလိုမျိုးဆရာဝန်နဲ့လူနာကြားက အဖြစ်အပျက်တွေကြောင့် အခုအခါမှာဆရာဝန်တွေပာာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကိုခံလာရပါတယ်။ ဆရာဝန်တွေဘက်ကလည်း လူနာကုသတဲ့နေရာမှာ အရင်ကလောက် လွတ်လွတ်လပ်လပ် မစဉ်းစားနိုင် မလုပ်နိုင်တော့ပါဘူး။ ပြသနာတွေဖြစ်လာမှာကို ကြောက်လန့်နေရပြီး မိမိဘက်က တတ်နိုင်သမျှ စိတ်ချရအောင်လုပ်လာကြပါတယ်။ ဒီနေ့ ၂.၆.၂၀၁၂ စနေနေ့ထွက်တဲ့ The Voice ဂျာနယ်မှာပါတဲ့ အဖြစ်အပျက်လေးတစ်ခုကို တင်ပြချင်ပါတယ်။ ပြည်မြို့ ပုဂ္ဂလိက ဆေးရုံမှာသေဆုံးသွားခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဖခင်နဲ့ တွေ့ဆုံမေးမြန်းခန်းလေးပါ။ အဲဒီဂျာနယ်က မေးမြန်းခန်းကို ဖတ်ကြည့်ရင် မြန်မာပြည်သူတွေ ဆရာဝန်တွေအပေါ် ဘယ်လောက်တောင်အမြင်စောင်းနေလဲဆိုတာကို သိမြင်နိုင်ပါတယ်။ အဲဒီဂျာနယ်မှာပါတဲ့ အချက်အလက်တွေပာာ ဆရာဝန်တွေကို အမြင်စောင်းဖို့ဖြစ်နေတဲ့အတွက်လည်း ကျနော်ကြားထဲက ၀င်ဖြေရှင်းတာပါ။
အဲဒီအဖြစ်အပျက်ကို အကြမ်းဖျင်းပြန်ပြောရရင် လူနာက ပုဂ္ဂလိကဆေးရုံမှာတက်တယ်။ ပြီးတော့ လူနာကွယ်လွန်သွားပါတယ်။ အဲဒါအဖေဖြစ်သူဦးမောင်မောင်က ဆရာဝန်တွေ၊ သူနာပြုတွေအမှားကြောင့် သားဖြစ်သူသေဆုံးရပါတယ်ဆိုပြီး အဆင့်ဆင့်တိုင်ကြားပါတယ်။ ဒါပေမယ့် ဘယ်သူကမှအရေးယူမှုမပြုဘူးဆိုပြီး မီဒီယာကို တိုင်ကြားတာဖြစ်ပါတယ်။ The Voice ကိုဖတ်လိုက်တဲ့သူတွေကတော့ သိရှိမှာပါ။
သေဆုံးသူပာာ အသည်းရောင်တဲ့ရောဂါနဲ့ပတ်သက်ပြီး ဆေးရုံမှာ တက်ရောက်ကုသမှုခံယူခဲ့ပါတယ်။ ဆေးရုံမှာနေရင်းနဲ့ကို လူနာပာာ အခြေအနေပိုပြီးဆိုးလာပြီး ကွယ်လွန်သွားခဲ့ရပါတယ်။ ဒီအခါမှာ အဖေဖြစ်သူယူဆတာက သားဖြစ်သူသေဆုံးရတာက ဆေးရုံကပေးတဲ့ဆေးတွေကြောင့် သူ့သားအခြေအနေပိုဆိုးလာရတယ်လို့ ထင်ပါတယ်။ အပြစ်တင်ထားတဲ့ဆေးကတော့ Ceftriaxone လို့ခေါ်တဲ့ ထိုးဆေးတစ်မျိုးပါ။ ဒီနေရာမှာ ကျနော်သုံးသပ်မိရသလောက် သေဆုံးသူရဲ့ ရောဂါကို ခန့်မှန်းရရင်တော့ အသည်းရောင်ပြီး အသည်းပျက်ဆီးသွားတဲ့အတွက် သေဆုံးရတယ်လို့ယူဆရပါတယ်။ ဘာလို့လည်းဆိုတော့ လူနာဖခင်ရဲ့အဆိုအရ သူ့သားပာာ အသည်းရောင်ပြီးဆေးရုံတက်ရတယ်။ ဆေးရုံတက်ပြီးချိန်မှာတော့ ဂနာမငြိမ်တော့ဘဲ ကြောင်တောင်တောင်ဖြစ်လာတယ်လို့ဆိုပါတယ်။ အဲဒါကဘာကိုပြလဲဆိုတော့ အသည်းရောင်ပြီး အသည်းပျက်ဆီးတဲ့အတွက် အသည်းက စွန့်ထုတ်ချေဖျက်ဖို့လိုအပ်တဲ့ဓါတ်တွေ မချေဖျက်နိုင်တော့လို့ အဲဒီဓါတ်တွေက ဦးနှောက်ကိုရောက်ပြီး ကြောင်တောင်တောင်ဖြစ်လာတာပါ။ ဒီလူနာမှာမပာုတ်ပါဘူး။ ကျနော်တို့ အစိုးရဆေးရုံတွေမှာ အများမပြားတွေ့ဖူးပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ အတတ်နိုင်ဆုံးလုပ်နိုင်တာက အသည်းအစားထိုးဖို့ပဲဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ လုပ်ဖို့မလွယ်ဘဲ နိုင်ငံခြားမှာပဲ သွားလုပ်ရပါတယ်။ လူနာသေဆုံးရတဲ့အကြောင်းရင်းက အသည်းပျက်ဆီးနေတာကို အသည်းအစားထိုးမှုမလုပ်နိုင်တဲ့အတွက်ကြောင့် သေဆုံးရတာပါ။ Ceftriaxone ကြောင့် မပာုတ်ပါဘူး။ ဦးမောင်မောင်ဆက်လက်ပြောကြားတာက Ceftriaxone ပာာ ဒီလိုရောဂါမျိုးမှာ သုံးလို့မရဘဲ အသုံးပြုခဲ့တဲ့အတွက်ကြောင့် သူ့သားသေရတယ်လို့ပြောပါတယ်။ အဲဒါလည်းမှားပါတယ်။ Ceftriaxone ကိုအသည်းမကောင်းတဲ့လူနာမှာ လုံးဝမသုံးရတဲ့ Contraindication မပာုတ်ပါဘူ။ သတိနဲ့ အသုံးပြုရတဲ့ Caution သာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ ဆေးရုံတော်တော်များများမှာ Ceftrixone ကို အဓိကပိုးသတ်ဆေးအနေနဲ့အသုံးပြုကြပါတယ်။ ဒီနေရာမှာပိုးသတ်ဆေးအသုံးပြုရတဲ့ ရည်ရွယ်ချက်ကတော့ အသည်းကနေပြီး ခန္ဒာကိုယ်အတွက်လိုအပ်တဲ့ အကာအကွယ်ဓါတ်တွေ မထုတ်ပေးနိုင်တော့တဲ့အတွက်ကြောင့် ပိုးဝင်ရောက်ခြင်းကနေပြီး ကာကွယ်နိုင်အောင် အသုံးပြုရတာပါ။
နောက်တချက်ကတော့ ဦးမောင်မောင်ပာာ သူနာပြုတွေနဲ့ စကားများခဲ့တဲ့အတွက်ကြောင့် သူ့သားကို သေအောင်တမင်ပစ်ထားတယ်လို့ဆိုပါတယ်။ ဒီနေရာမှာ ဦးမောင်မောင်ပာာ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို ဘယ်လိုဆက်ဆံခဲ့လည်းဆိုတာကို ကြည့်ရင်သူနာပြုတွေ စိတ်ဆိုးတယ်ဆိုတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလိုစိတ်ဆိုးရုံနဲ့တော့ လူနာကို သေအောင်တမင်မပစ်ထားလောက်ဘူးလို့ ကျနော်ယူဆပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးလို့တော့ ကျနော်လည်းအသေအချာမသိတဲ့အတွက် ဘာမှမှတ်ချက်မပေးလိုပါဘူး။ ဒါပေမယ့် ဦးမောင်မောင်ဆက်ပြောတာကတော့ သူပာာ မြန်မာနိုင်ငံမှာရှိသမျှ အဖွဲ့အစည်းတိုင်း (ဆေးပညာအဖွဲ့အစည်းရော အစိုးရအဖွဲ့အစည်းများကိုပါ) တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့်ဘယ်သူမှ ခုချိန်ထိအရေးမယူသေးဘူးလို့ပြောပါတယ် (လူနာကွယ်လွန်ခဲ့တာက လွန်ခဲ့တဲ့ ၁နှစ်၎လကျော်ကပါ)။ ဒီနေရာမှာ စဉ်းစားကြည့်ကြပါ။ ကျနော်တို့နိုင်ငံပာာ ဥပဒေမရှိတဲ့ မင်းမဲ့တိုင်းပြည်မပာုတ်ပါဘူး။ ဦးမောင်မောင်တိုင်ကြားခဲ့တာတွေပာာ အမှန်ဖြစ်ခဲ့မယ်၊ ဆရာဝန်တွေ၊ သူနာပြုတွေဘက်ကလည်း မှားယွင်းခဲ့မယ်ဆိုရင် ဒီလောက်အဖွဲ့အစည်းတွေ အများကြီးတိုင်ကြားခဲ့တာ အရေးယူမှုတွေကတော့ ရှိကိုရှိလာရမှာပါ။ အဲဒါကို အခုထိဘယ်လိုမှအရေးယူမှုတွေ မရှိလာဘူးဆိုတော့ ဘယ်ဘက်ကမှားနေလို့လဲဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။
ကျနော်ဒီစာကိုရေးဖြစ်တဲ့ အဓိကအကြောင်းရင်းကတော့ ဦးမောင်မောင်ပြောသွားတဲ့ စကားဖြစ်တဲ့ "ကျနော့်အဓိက ရည်ရွယ်ချက်က ဒီနိုင်ငံကဆရာဝန်တွေ၊ ဆေးဘက်ဆိုင်ရာကလူတွေပာာ လူနာရဲ့အသက်ကို သစ္စာ၊ သမာဓိ၊ ပညာဆိုတာတွေနဲ့ ကယ်တင်ရမယ့်အစား 007 License to kill လိုမျိုးအသေသတ်နေတာတွေကို နောက်မဖြစ်လာအောင်တားဆီးဖို့ပါ"ဆိုတဲ့စကားကြောင့်ပါ။ ဦးမောင်မောင် သူ့သားသေဆုံးခဲ့တဲ့အတွက် ခံစားရတာကို စာနာနားလည်ပေမယ့် ဆေးပညာနယ်ပယ်တစ်ခုလုံးကို စော်ကားသွားတဲ့၊ ပြည်သူတွေဒီနယ်ပယ်ကြီးတစ်ခုလုံးကို အထင်လွဲမှားသွားနိုင်တဲ့၊ ယုံကြည်မှုမရှိစေတော့မယ့် စကားတစ်ခွန်းကို လက်လွတ်စပယ်ပြောသွားကတော့ လုံးဝလက်သင့်မခံနိုင်ပါ။ ဦးမောင်မောင်ပြောသလိုဆိုရင် တနိုင်ငံလုံးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်တွေအားလုံးပာာ လူသတ်သမားတွေဖြစ်ရပါတယ်။ ဆေးရုံတွေအားလုံးပာာလည်း သားသတ်ခန်းတွေဖြစ်ရပါတယ်။ အစိုးရထောက်ပံ့မှုနည်းတဲ့အချိန်မှာ ရှိတာနဲ့ဖြစ်အောင် စောင့်ရှောက်မှုပေးနေတဲ့ဆရာဝန်တွေ၊ ၀န်ထမ်းတွေအားလုံးကို စော်ကားသွားခြင်းဖြစ်ပါတယ်။ ၀န်ထမ်းတွေဆရာဝန်တွေထဲမှာ အကျင့်ပျက်မှုတွေရှိနေတယ်ဆိုတာကို ကျနော်လက်ခံပါတယ်။ မငြင်းပါဘူး။ ဒါပေမယ့် အဲဒါတွေပာာ ဆေးပညာနယ်ပယ်တစ်ခုလုံးကို ကိုယ်စားမပြုပါဘူး။ ဦးမောင်မောင်အနေနဲ့ မိမိမကျေနပ်ချက်ကို ဖြေရှင်းလို့ရပေမယ့် အခုလိုမျိုး ၀ါးလုံးရှည်နဲ့ သိမ်းကြုံးပြီး အကုန်လုံးကို စော်ကားသွားတာကတော့ လုံးဝမဖြစ်သင့်ပါဘူး။ အစိုးရကပေးတဲ့ ကိုယ့်အတွက်တောင်မလောက်တဲ့ လခလေးနဲ့ အစိုးရဆေးရုံတွေမှာ ကုသမှုတွေပေးနေတဲ့ ဆရာဝန်ကြီးတွေကို အားနာသင့်ပါတယ်။ နွမ်းပါးတဲ့ လူနာတွေ၊ ဘယ်သူမှန်းမသိဘဲလာပစ်ထားတဲ့ လူနာတွေကို ကိုယ့်အိတ်ထဲက စိုက်ထုတ်ကုသပေးနေတဲ့ လက်ထောက်ဆရာဝန်တွေ၊ အလုပ်သင်ဆရာဝန်တွေကို အားနာသင့်ပါတယ်။ အဲလို လူနာရဲ့အညစ်အကြေးတွေ၊ လူနာရဲ့ ဝေယျာဝစ္စတွေကိုလုပ်ပေးနေရတဲ့ သူနာပြုတွေ၊ ၀န်ထမ်းတွေကိုလည်း အားနာသင့်ပါတယ်။ ဒီလိုမျိုးကို ဖော်ပြပေးခဲ့တဲ့ ဂျာနယ်မှာလည်း တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ထုတ်ပြန်သင့်တဲ့အစား ဒီလိုမျိုးလက်လွတ်စပယ်ထုတ်ပြန်ခဲ့တဲ့အတွက် တာဝန်ရှိပါတယ်။ ကျန်းမာရေးစနစ်တစ်ခုလုံးကို လူထုယုံကြည်မှုလွဲမှားသွားနိုင်တဲ့အတွက် အများကြီးအကျိုးယုတ်စေပါတယ်။

အချုပ်ပြောရရင် ကျနော်တို့နိုင်ငံမှာ အခုလိုမျိုး ဆရာဝန်နဲ့ လူနာကြားဆက်ဆံရေးပျက်ပြားလာတဲ့ကိစ္စပာာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတစ်ခုပါ။ လူနာတွေဘက်ကနစ်နာသလို ဆရာဝန်တွေဘက်မှာလည်း အင်မတန်ကို အနေအထိုင်ကြုံ့ပြီး ထိတ်လန့်လာရပါတယ်။ ဒီလိုမျိုးကိစ္စမျိုးတွေ မဖြစ်ရအောင် နှစ်ဦးနှစ်ဘက်က ညှိုနှိုင်းပြီး အဆင်ပြေအောင်ဆောင်ရွက်သင့်ပါတယ်။ လူနာနဲ့ဆရာဝန်အကြား နားလည်မှုကို ပြန်လည်တည်ဆောက်သင့်ပါတယ်။ မီဒီယာတွေအနေနဲ့လည်း ဆရာဝန်တွေဘက်က မှားတာကို ထောက်ပြသလို လူနာတွေဘက်က မှားနေတာတွေကိုလည်း ရှင်းလင်းပေးသင့်ပါတယ်။ အဲဒါမှာ လူနာနဲ့ဆရာဝန်ကြားက သံသယတွေလျော့ပါးလာမှာပါ။ ကျနော်ကတော့ အခုချိန်ထိ ဆရာဝန်နဲ့လူနာကြား ပာိုအရင်ကလို ချစ်ဖို့ကောင်းတဲ့ ဆက်ဆံရေးလေး ပြန်ပြီးဖြစ်ထွန်းလာစေချင်ပါတယ်။ အဲလိုမျိုးပြန်ဖြစ်လာဖို့လည်း နှစ်ဦးနှစ်ဘက် အားလုံးဝိုင်းဝန်းကူညီပေးစေချင်ပါတယ်ခင်ဗျာ။ ဒီလိုမှမပာုတ်ရင်တော့ ကျနော်တို့ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ရေစုန်မှာမျောပြီး အားလုံးအကျိုးယုတ်စေမှာဖြစ်ပါတယ်။ အားလုံးဆင်ခြင်တွေးတောနိုင်ကြပါစေ။

Posted by Dr. Thurein Hlaing Win (www.academicmedicines.blogspot.com)

Read More...