Thursday, March 1, 2012

Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

Wed, Feb 22, 2012 at 8:00 PM
သူငယ်ချင်းတစ်ယောက်က အကူညီတောင်းလို့ပါ။ အဲဒါ သူ့မှာ ကိုယ်ဝန် ရှိလားလို့ သိချင်ပါတယ်တဲ့။ ပြီးတော့ သူက ကိုယ်ဝန်ရှိသူရဲ့ လက္ခဏာတွေကိုလည်း သိချင်ပါတယ်တဲ့။ (၂) လ ဝန်းကျင် အနေအထားပေါ့။

Mon, Feb 20, 2012 at 12:47 PM
ကိုယ်ဝန်ရှိမရှိကို ဆီးစမ်းတာ negative ပြပါတယ်၊ ဆိုင်ကနေဝယ်စမ်းပါတယ်။ အမျိုးသားနဲ့ အတူနေ ဖြစ်တာက ၁၂ ရက်နေ့ နောက်ဆုံးပါ။ ရာသီလာတာကတော့ ပြီးခဲ့တဲ့လ ကတော့ ၁၅ ရက်ကလာပါတယ်။ ဒီလမှာတော့ ဆီးစပ်တွေသာ ကိုက်ခဲနေပြီး ၂ ရက်လောက်ရှိပါပြီ သွေးနဲနဲဆင်းနေပါတယ်။ ခြောက်ခြောက်ကြီးဖြစ်နေပါတယ်။ (အဖြူကော အနီရော မရှိပဲ) ၃ လလောက်ရှိပါပြီ။ ရာသီလာတာ ၃ ရက်လောက်တော့ နောက်ကျနေပါတယ်။ ဘာဆေးများသောက်ရပါမလဲ။

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။ ကာယကံရှင်က သတိမထားမိဘဲ သူ့ယောက်ျားက ထင်တာလဲ ရှိတတ်တယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
1. Missed period ရာသီမလာခြင်း၊ Unusual or abnormal period ရာသီ မမှန်ခြင်း၊ Implantation bleeding ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ Spotting သွေးနဲနဲ ဆင်းတတ်တယ်။ ဆီးစပ်နေရာကလဲ Cramping နာတာ ခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန် (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
2. Just feeling pregnant ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
3. Nausea and Vomiting ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
4. Changes in libido လိင်စိတ် ပြောင်းလဲလာခြင်း၊
5. Soreness of the Breasts ရင်သားနာခြင်း၊
6. Enlargement of the Breasts ရင်သား ပိုကြီးထွားလာခြင်း၊
7. Montgomery's Tubercules ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊
8. Colostrum from Breasts ညှစ်ရင် နို့ရည်ကြည် ထွက်လာခြင်း၊
9. Frequent Urination, Cystitis ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
10. Strange Cravings ချင်ခြင်းတပ်ခြင်း၊
11. Fatigue အားကုန်ခြင်း၊
12. Skin Changes အသားအရေပြောင်းလဲလာခြင်း၊
13. Stretch Marks ဗိုက်ကြော စသည်ပြတ်ခြင်း၊
14. Enlarging Uterus သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။
15. Movement ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲဖြစ်နိုင်တယ်။
16. Dizziness or fainting မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
17. X-ray Detection ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
18. Fetal Heart Sounds ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ Ultrasound နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
19. Ultrasound Detection (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
20. Positive Pregnancy Test ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
• Headache ခေါင်းကိုက်တာ၊
• Mood swings and irritability စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) • ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။
• (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

Pregnancy Test ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
• ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် False negative ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။
• Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ Implantation မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။
• အဲဒီရက်ဆိုတာ Ovulation မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။
• Ovulation မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။
• ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ Act of Intercourse ဘယ်ရက်မှာ လိင်ဆက်ဆံသလဲဆိုတာထက် Day of Ovulation ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။
• Sperm သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။
• Implantation သားအိမ်အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုး ဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။
• တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှု ပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် False negative မမှန်တဲ့အနုတ်ပြနိုင်တယ်။ ကလေးရအောင် Insemination သုက်ပိုး အပြင်ကနေ ထည့်ပေးနည်းလုပ်ရင်လဲ အတူတူဘဲ။
• First Response Early Result Pregnancy Test ဆိုတာကို ရာသီလာရမဲ့ရက် (မလာတော့မဲ့ရက်) မတိုင်ခင် ၆ ရက် ကတည်းက ကိုယ်ဝန်ရှိတယ် ဆိုတာကိုပြမဲ့ hCG ဟော်မုန်းရှိနေတာကို သိမယ်လို့ ကြော်ညာပြီး ရောင်းနေပြီ။

Dr. တင့်ဆွေ
၂၃-၂-၂၀၁၂


Related Posts :



16 comments:

saung hnin said...

ဆရာ ကိုယ်ဝန် ရှိရင် ရာသီသွေး ကနဲနဲဆင်းရအုံးမှာဆရာ။ သမီးက ကိုယ်ဝန် ၂လ နည်းပါးတော့ ရှိနေပြီ။ သွေးကနဲနဲမှမဆင်းဘူးဆရာ။ ဘယ်လိုလုဎ်ရမှာလဲဆရာ..... ပြောပေးပါဦးဆရာ။

Anonymous said...

Laypyay said...
သွေးမဆင်းတာ ပိုတောင်မှ ကောင်းပါတယ်။ လုံးဝ စိုးရိမ်စရာမရှိပါ။

saung hnin said...

ခုလိုဖြေပေးတာ အရမ်းကိုကျေးဇူးတင်ပါတယ် ဆရာ.........

saung hnin said...
This comment has been removed by the author.
mary said...

ဆရာဒီဝက်ဆိုက်လေးတွေ.တာနဲ.အရမ်းကိုဝမ်းသာမိပါတယ်ဘာဖြစ်လို.လည်းဆိုတော.သမီးအိမ်ထောင်ကျတာ၂နှစ်ရှိပါပြီခလေးလိုချင်တာအရမ်းဘဲ.ဒါပေမဲ.အခုချိန်အထိမရသေးဘူးလေ..ဘာဖြစ်လို.မရနိုင်သေးတာလည်းဆိုတာသိချင်တယ်ဆရာနောက်ပြီး..သုတ်ပိုးနဲ.မမျိုးဥကဘယ်အချိန်မှာဆုံဖို.များပါသလဲအဲဒါလေးကိုသိချင်လို.ဖြေပေးပါနော်
ဆရာ...သားအိမ်သားဆေးသောက်ဖို.ရော်လိုပါသလား
ဆရာ....

mary said...

ဆရာဒီဝက်ဆိုက်လေးတွေ.တာနဲ.အရမ်းကိုဝမ်းသာမိပါတယ်ဘာဖြစ်လို.လည်းဆိုတော.သမီးအိမ်ထောင်ကျတာ၂နှစ်ရှိပါပြီခလေးလိုချင်တာအရမ်းဘဲ.ဒါပေမဲ.အခုချိန်အထိမရသေးဘူးလေ..ဘာဖြစ်လို.မရနိုင်သေးတာလည်းဆိုတာသိချင်တယ်ဆရာနောက်ပြီး..သုတ်ပိုးနဲ.မမျိုးဥကဘယ်အချိန်မှာဆုံဖို.များပါသလဲအဲဒါလေးကိုသိချင်လို.ဖြေပေးပါနော်
ဆရာ...သားအိမ်သားဆေးသောက်ဖို.ရော်လိုပါသလား
ဆရာ....

Anonymous said...

mary said...
• Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://health-adult-reading.blogspot.com/2011/04/infertility-1.html
• Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://health-adult-reading.blogspot.com/2011/04/infertility-2.html
• Infertility Treatments ကလေးရအောင် ကုသနည်းများ http://health-adult-reading.blogspot.in/2012/02/infertility-treatments.html
တွေကို ဖတ်နိုင်ပါတယ်။

ကညောမူဖိုး said...
This comment has been removed by the author.
နှင်းပွင့် said...

ကိုယ်ဝန်ရှိနေစဉ် သွေးဆင်းတယ်ဆိုတာ ဘယ်လောက်များများဆင်းလဲသိချင်ပါတယ်ဆရာ။ ကျွန်မတို့ ဇနီးမောင်နှံက သားသမီးယူဖို့ကြိုးစားနေကြတာပါ။ ပြီးခဲ့တဲ့လအထိ ရာသီပုံမှာလာခဲ့ပြီး ဒီလမှာ ပုံမှန်လာရမယ့်ရက်ထက် (၇)ရက်လောက်စောပြီး သွေးဆင်းနေပါတယ်။ ဒါဟာ ပုံမှန်သွေးဆင်းတာလား ကိုယ်ဝန်ရှိတာလားဆိုတာ ဘယ်လိုခွဲခြားသိနိုင်မလဲသချင်ပါတယ်ဆရာ။

Unknown said...

Unknown said...

ကျ​နော်​ကို​ကျေဇူးပြု၍​ဖြေကြား​ပေး​စေချင်​ပါတယ်
ကျ​နော်​နဲ့ကျ​နော့​ကောင်းမ​လေးတို့ပြီးခဲ့တဲ့လကအတူ​နေဖြစ်​ခဲ့ပါတယ်​ရာသီ​သွေးမ​ပေါ်ခင်​၁၀ရက်​အလို​လောင်​ကပါ အဲတုန်းကလာရမယ်​ရက်​မှာ ၃ရက်​ပဲလာပါတယ်​ ခုလကျ ​နောက်​ကျ​နေတာလား
မလာတာလား​တော့​သေချာမသိပါဘူး အဲလိုဖြစ်​တာ ကိုယ်​၀န်​ရှိတဲ့လက္ခဏာ လာသိပါရ​စေ ရှိခဲ့ရင်​​ရော တားလို့မှီ​သေးလာဆရာ
ကျေဇူးပြု၍​ဖြေ​ပေး​စေချင်​ပါတယ်

Unknown said...

ကျ​နော်​ကို​ကျေဇူးပြု၍​ဖြေကြား​ပေး​စေချင်​ပါတယ်
ကျ​နော်​နဲ့ကျ​နော့​ကောင်းမ​လေးတို့ပြီးခဲ့တဲ့လကအတူ​နေဖြစ်​ခဲ့ပါတယ်​ရာသီ​သွေးမ​ပေါ်ခင်​၁၀ရက်​အလို​လောင်​ကပါ အဲတုန်းကလာရမယ်​ရက်​မှာ ၃ရက်​ပဲလာပါတယ်​ ခုလကျ ​နောက်​ကျ​နေတာလား
မလာတာလား​တော့​သေချာမသိပါဘူး အဲလိုဖြစ်​တာ ကိုယ်​၀န်​ရှိတဲ့လက္ခဏာ လာသိပါရ​စေ ရှိခဲ့ရင်​​ရော တားလို့မှီ​သေးလာဆရာ
ကျေဇူးပြု၍​ဖြေ​ပေး​စေချင်​ပါတယ်

Unknown said...

Unknown said...

ဆရာ ကိုယ်ဝန်ဆောင်နေစဉ်စပ်တွေကိုက်တာ ဘာဖြစ်တတ်လဲဆရာ ကိုယ်ဝန်က ၁လလောက်ရှိပါပြီ

Unknown said...

ဆရာ ကိုယ်ဝန် ၂လ ပါ ..အန်တာ အော တာ လုံးဝမရှိပါ..အိပ်တာပဲ ရှိပါတယ်ဆရာ..အဲဒါ ပုံမှန် လက္ခဏ ပါလားဆရာ..ကျေးဇူးတင်ပါတယ်

Unknown said...

ဆရာတစ်ခုလောက်ဖြေကြားပေးစေချင်ပါတယ်ကိုယ်ဝန်နုသေးရင်ဘယ်ဆေးသုံပြီးဖျတ်ချလို့ရလဲမသိဘူးဆရာကျွန်မတို့ကယူဖို့အဆင်မပြေသေးလို့ပါကိုယ်ဝန်ကတစ်လဝန်းကျင်ပါဆရာ