Sunday, January 9, 2011

Viagra သန်မာစေတဲ့ဆေး

ကလေးတွေ ငယ်သေးရင် အိပ်ယာထဲမှာ ရှူပါကြတယ်။ လူကြီးတွေမှာ “ဆီးသွားတဲ့အခါ ဖိနပ်ပေါ်ကျတယ်” လို့ ပြောကြတာက Impotency ပန်းသေ-ပန်းညှိုးရောဂါ ဖြစ်နေလို့ပါ။

ပန်းသေ-ပန်းညှိုးဖြစ်တာကို ကုစားနည်းတွေ ကြိုးစား ပမ်းစား ရှာဖွေခဲ့ကြရတယ်။ နောက်ဆုံးပေါ်လဲဖြစ် နောက်ထပ် ပေါ်စရာ မလိုတော့ဘူး ပြောနိုင်မဲ့ Viagra ဆေးကို ၁၉၉၈ မတ်လ ၂၇ ရက်ကစပြီး ဆိုင်တင်ခဲ့ပါပြီ။ ဆေးက တကယ် အစွမ်းထက်သလို ဘေးထွက်ဆိုးကျိုးက သိပ်ထူးလှတာ မဟုတ်လို့ အလွန်အောင်မြင်တဲ့ အသစ်တီထွင်မှု ဖြစ်တယ်။ ဒေါ်လာ သန်းထောင်ကျော် စီးပွါးရေးလဲ ဖြစ်ပါတယ်။

Viagra သောက်လိုက်ရင် Phosphodiesterase type 5 (PDE5) (အင်ဇိုင်း) ကို တားဆီးပေးတယ်။ PDE5 နည်းလာရင် Smooth muscle ကြွက်သားနုတွေကို ပြော့စေပြေီး၊ လိင်တံမှာ သွေးပိုလျှောက်လာစေတယ်။ ရလဒ်အဖြစ် Erection လိင်တံ သန်မာလာစေတယ်။

ဆေးတိုင်းမှာ Generic name ဆေးနာမယ်နဲ့ Trade name အရောင်းအယ်လုပ်ဘို့ပေးတဲ့ နာမယ်ဆိုပြီး နှစ်မျိုး ရှိရာမှာ Viagra က Generic နာမယ်ပါ။ တခြားနာမယ်တွေ Caverta, Sildenafil citrate, Revatio စသဖြင့် ရှိသေးတယ်။ Viagra ကို Nicknames တင်စားခေါ်တာတွေလဲ ရှိတယ်။ Vitamin V, Mo Mojo, Woodmaker, The pill for men, Soft Tabs, Blue Pill စသဖြင့်။ Kamagra ကတော့ တရားဝင်နာမယ် ဖြစ်လာတယ်။

Sildenafil citrate ဆေးဟာ Pfizer Company ရဲ့ Generic Viagra ဆိုပြီးပေးတဲ့ မူပိုင်ဖြစ်လို့ နောက်လူတွေ ဒီနာမယ် အတိုင်း ရောင်းလို့မရပါ။ Herbal Viagra, Natural Viagra ဆိုတာတွေက အတုလို့ ပြောနိုင်တယ်။ (အွန်လိုင်း) ကနေ ၀ယ်ခြင်ရင် သတိထားပေးတာထဲမှာ “အဆိုးဆုံးက တရုပ်-ကုမ္ပဏီ ဖြစ်တယ်” လို့ ဆိုတယ်။ ဆေးကို စစ်ကြည့်တော့ Sildenafil citrate မပါဘူးတဲ့။

Generic Viagra ဆေးအစစ်ကို အသုံးမပြုခင် နာရီဝက် ကြိုသောက်ရပြီး၊ အစွမ်းက ၄-၆ နာရီအထိ ရှိတယ်။ လက်တွေ့ သုံးသူတွေ ပြောတာက ဆေးသောက်ပြီး၊ ၁ နာရီနဲ့ ၂ နာရီအတွင်း အစွမ်းထက်ဆုံးဘဲတဲ့။ 25, 50, 100 mg pills အနေနဲ့ ရောင်းပါတယ်။ 50 mg က အများဆုံးသုံးတဲ့ စံဖြစ်ပါတယ်။ စသုံးသူတွေကို 50 mg ဘဲ သောက်ရတယ်။ အသက်ကြီးတိုင်း များရတာ မဟုတ်ပါ။ ၆၅ နှစ်ကျော်သူ၊ ကျောက်ကပ်၊ အသဲ ချို့ယွင်းနေသူတွေကို 25 mg သာ ပေးပါတယ်။

တခါသောက်ရင် 100 mg ထက်မကျော်နဲ့။ ၂၄ နာရီအတွင်း တခြားသတ္တိတူရှိတဲ့ Tadalafil (Cialis), Vardenafil (Levitra) ဆေးတွေနဲ့ တွဲမသောက်ပါနဲ့။ ဒါတွေကလဲ Phosphodiesterase inhibitor ဆေးတွေဘဲ။ များသွားရင် Priapism လို့ ခေါ်တဲ့ တောင့်တင်းနေတဲ့ လိင်တံ ပြန်မကျတာ အန္တရာယ်ရှိနိုင်ပါတယ်။

သာမန် ဘေးထွက်ဆိုးကျိုးတွေသာ ရှိပါတယ်။ မျက်နှာနီမြန်း၊ ခေါင်းကိုက်၊ နှာစေးသလိုဖြစ်၊ အစာမကျေ၊ ပျို့ချင်တာ ဖြစ်တတ်တယ်။ အလင်းရောင်ကြည့်တာ နဲနဲထိခိုက်တတ်တယ်။ ခဏပါ။ နှလုံးရောဂါ အခံရှိသူတွေအတွက် မသင့်ပါ။ နှလုံး သွေးကြောကျဉ်း ရောဂါဆေး၊ Nitrostat, Nitrolingual, Nitro-Dur, Nitro-Bid, Isosorbide တွေနဲ့အတူ မသောက်ရပါ။ အရက်က Viagra ဆေးစွမ်းကို ယာယီနည်းစေတယ်။ ဆေးကို အစာမရှိချိန်သောက်ရင် မြန်တယ်။ အစာမှာ အဆီများရင် သတ္တိပြတာ နှေးမယ်။ HIV နဲ့ အသဲရောင် စီ ရှိနေသူတွေကိုပေးတဲ့ Protease inhibitors ဆေး ပေးနေရင် ဂရုစိုက်ရတယ်။

Viagra 50mg ၁၀ လုံးကို $19.95 ဒေါ်လာ၊ 100 mg ၁၀ လုံးကို $29.95 ဒေါ်လာ၊ 150 mg ၁၀ လုံးကို $39.95 ဒေါ်လာ ဈေးရှိတယ်။ Viagra နဲ့ တူတဲ့ Revatio စားဆေး 20 mg Tablets နဲ့ ထိုးဆေး Injection 10 mg per 12.5 mL ဖြစ်တယ်။

Kamagra tablet ဆိုတာ Ajanta Pharmaceuticals ကနေ ထုတ်တာပါ။ Sildenafil Citrate ပါတာပါဘဲ။ ၁ နာရီ ကြိုသောက်ရမယ်။ ၄ နာရီအထိ ခံတယ်။ အသက် သိပ်မကြီးသေးရင် 50 mg သောက်ပါ။ ၆၅ နှစ်ကျော်ရင် 25 mg သာ သောက်ပါ။ တနေ့ထဲမှာ 100 mg ထက် မများစေနဲ့။ 12 လုံးကို $40 ဒေါ်လာ၊ 100 လုံးကို $130 ဒေါ်လာ (အွန်လိုင်း) မှာ ကြော်ညာတယ်။ Kamagra ကို အမျိုးသမီးတွေမှာ သုံးရတယ်လို့ သက်သေမပြနိုင်သေးဘူး။ Viagra ကတော့ အမျိုးသမီးတွေပါ လိင်စိတ်သန်စေဘို့ သုံးနိုင်တယ်ဆိုတာ ပြောလာ နေကြပါပြီ။

စားဆေးအပြင် Kamagra Oral Jelly လဲ လာတယ်။ ဆွဲဆောင်မှုရှိတဲ့ အနံ့ပါ သေခြာ ထည့်ထားသေးတယ်။ ကြော်ညာတဲ့အခါ Natural aphrodisiacs သဘာဝ လိင်စိတ်ကြွအနံ့ Myriad flavors ပါတယ်လို့ ရေးတယ်။ ဖတ်တာနဲ့တောင် ဆွဲဆောင်မှု ရှိနေပြီ။ သရက်သီး၊ ချော့ကလက်၊ ငှက်ပျေားသီး၊ စထောဘယ်ရီ၊ ဗနီလာ၊ အနံ့တွေ ပါတယ်။ မိနစ် ၂၀ ဆိုရင် အစွမ်းပြတယ်လို့ ဆိုတယ်။ ၅ ထုပ်ကို $35 ဒေါ်လာ၊ 10 ထုပ်ကို $40 ဒေါ်လာ။

Tadalis SX ဆေးကတော့ ၃၆ နာရီအထိ ကြာကြာ အစွမ်းပြတယ်ဆိုတယ်။ 20 mg ၁၀ လုံးကို $59 ဒေါ်လာ ပေးရတယ်။ ဈေးချိုတဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ Apcalis, Caverta, Forzest, Levitra, Lovegra, Silagra, Slimona, Tadacip, Womenra, Xenical, Zenegra စတာတွေ ဖြစ်တယ်။ အိန္ဒိယမှာ Vigora ဆေးကို သုံးကြပါတယ်။ 100 mg လေးလုံးပါ တကပ်ကို ရူးပီး ၁၀၀ (ကျပ် ၁၉၀၀) ပေးရတယ်။ အနီရောင် ဆေးလုံးပါ။ 50 mg က မီးခိုးပြာရောင်၊ စိန်ပွင့်ပုံ၊ အသဲပုံ လာတယ်။

Viagra လိုဆေးကို ပန်းသေ-ပန်းညှိုးအပြင် Pulmonary arterial hypertension (PAH) ဆိုတဲ့ အဆုပ်ရောဂါကို ကုရာမှာလဲ သုံးပါတယ်။ ဒါ့ပြင် တောင်တက်သမားတွေမှာ ဖြစ်တတ်တဲ့ Pulmonary edema အဆုပ်ရောင်တာ အတွက်လဲ သုံးပါသေးတယ်။

Viagra ဆိုတဲ့ ဝေါဟာရကို တရုတ်နဲ့ ရုရှားတွေအခေါ်က Widget နဲ့ တူတယ်။ ကွန်ပြူတာနဲ့ ဆိုင်တဲ့ တတိယလူလဲ ယူသုံးနိုင်တဲ့ Stand-alone application ကို ဆိုလိုတာပါ။ ကွန်မြုနစ် အမှတ်ပေးစနစ်အရ စီးပွါးရေးပညာသင်တဲ့ ကျောင်းသားတွေ နောက်ဆုံး (ပရောဂျက်) ကို တင်တဲ့အခါ (အီးမေးလ်) နဲ့ လူတကာဆီ လျှောက်ပို့ခွင့် ရှိသတဲ့။ ဒီလို လုပ်တာကို Viagra Spam လို့ တင်စားပြောကြတယ်။

လိင်တံ မသန်မာနိုင်တဲ့ Erectile dysfunction ဆိုတာ အများဆုံးက စိတ်ပိုင်းချို့ယွင်းချက် တခုခု ရှိလို့ပါ။ Stress စိတ်ဖိအားများ၊ Fatigue အားကုန်၊ Anxiety စိုးရိမ်စိတ်ကဲ၊ Depression စိတ်ကျ။ ဒီလိုဖြစ်ရသူတွေအတွက် Viagra ဆေးက ၉၀% ထိရောက်ပြီး၊ စိတ်ကြောင့် မဟုတ်တဲ့ တခြားအကြောင်းနဲ့ ဖြစ်သူတွေမှာ ၇၀-၈၀% ထိရောက်ပါတယ်။ တချို့က လိင်စိတ်လာစေဘို့၊ လိင်ဆက်ဆံတာမှာ ပိုသာယာစေဘို့၊ လိင်အင်္ဂါ အမြဲကြီးထွားဘို့ ရည်ရွယ်ပြီး သုံးကြပေမဲ့ အထောက်အထား မရှိပါ။

Dr. တင့်ဆွေ
၉-၁-၂၀၁၁


Related Posts :



9 comments:

ုkyaw thu said...

လေးစားရပါသောဆရာများခင်ဗျာ
1. လိင်ဆက်ဆံပြီးတိုင်း လိင်တံမှာ အရမ်းနာကျင်နေ ရပါသည်။ တစ်ရက်တွင် တစ်ကြိမ်တစ်ခါထက် ပိုဆက်ဆံမရ ဖြစ်နေပါသည်။
2.အဘယ်ကြောင့်ထိုသို့ဖြစ်ရသည်ကို ရှင်းပြပေးစေချင်ပါသည်ခင်ဗျာ။
3. ထိုသို့ဖြစ်လျှင် မည်ကဲ့သို့ ပြုလုပ်ရမည် ပါရှင်းပြပေးစေချင်ပါသည်ခင်ဗျာ

Anonymous said...

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက
• ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊
• လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။
• ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။
• လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊
• လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ လိုအပ်ရင် နေတဲ့ တိုင်းပြည်။
• ဆေးနာမည် ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။
• ဖုန်းဆက်ပြီး မေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
• drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။

• ဖြေတာတွေကို တင်သင့်တာ တင်ပြီးတာနဲ့ မေးသူရဲ့ (အီးမေးလ်) တွေကို မှတ်တမ်းထဲမှာ ဖျက်လိုက်ပါတယ်။ Privacy သဘောအပြင် ကျင့်ဝတ်အရ လုပ်ရတာပါ။ နောက်တခါ မေးလာလို့ အရင်တခါက ဘာလဲဆိုတာ ပြန်မပြောရင်၊ နောက်ပြီး ပို့သမျှ (အိုင်ဒီ) တွေက မတူရင် ပြန်ရှာရတာ အလုပ်ကြီးတခု ဖြစ်နေပါတယ်။
• စာရိုက်တာမှာလဲ ဂရုစိုက်ပေးစေချင်ပါတယ်။ စာလုံးပေါင်း၊ သတ်ပုံ လိုတာတော့ ကြိုးစား ပြင်ပါမယ်။ (ဒေါ့တ်) တွေနဲ့ ရိုက်တာက ဖတ်ရတာ၊ ပြင်ရတာ မလွယ်ပါ။ ပုဒ်မ-ပုဒ်ထီး ပြီးရင် (စပေ့စ်) မခြားတာ မမှန်ပါ။ ပုဒ်မ-ပုဒ်ထီး ရှေ့က (စပေ့စ်) ခြားတာလဲ မှားပါတယ်။
• မြန်မာစာရေးရင် မြန်မာလိုမှန်၊ အင်္ဂလိပ်ဆိုလဲ သူ့ဟာနဲ့သူ မမှားသင့်ပါ။ ကပြားလဲ ရပါတယ်။ ဒါပေမဲ့ အမှန်တွေ ရောတာမှ လူရာဝင်ပါတယ်။ အများဖတ်ဘို့ တင်တာဆိုတော့ ပုံနှိပ်ထုတ်ဝေသူတွေလို ဖတ်တဲ့သူတွေကို လေးစားရပါတယ်။
• ကိုယ်သိချင်တာ၊ ပျောက်ကင်း-သက်သာချင်တာအတွက် SMS တွေလို အတိုကောက်ရေးတာ ဒီနေရာမှာ မသင့်လျှော်ပါ။
• တချက်လွဲရင် တသက်လဲ ဖြစ်နိုင်လို့ နားလည်မှုနဲ့ ကူညီစေချင်ပါတယ်။

arakan said...

ဆရာကျနော်သိချင်တာလေးမေးပါရစေ ယောက်ကျားတွေလိင်ဆက်ဆံတဲ့အခါအများဆုံးကြာချိန်ကဘယ်လောက်အထီးဖြစ်နိုင်ပါလည်ဆရာ ကျနော်ကပုံမှန်ကျတော့ခဏလေးဘဲကြာနေလို့ပါဆန္ဒမပြည်ဘူးဖြစ်နေပါတယ် ပြီးတော့လည်ဆရာကျနော်ဘာကြောင့်သုတ်လွတ်မြန်တာလည်းအဲးတာသိချင်ပါတယ်

arakan said...

ဆရာကျနော်သိချင်တာလေးမေးပါရစေ ယောက်ကျားတွေလိင်ဆက်ဆံတဲ့အခါအများဆုံးကြာချိန်ကဘယ်လောက်အထီးဖြစ်နိုင်ပါလည်ဆရာ ကျနော်ကပုံမှန်ကျတော့ခဏလေးဘဲကြာနေလို့ပါဆန္ဒမပြည်ဘူးဖြစ်နေပါတယ် ပြီးတော့လည်ဆရာကျနော်ဘာကြောင့်သုတ်လွတ်မြန်တာလည်းအဲးတာသိချင်ပါတယ်

Anonymous said...

arakan said...
ဒီ (ဆိုက်) က ကျွန်တော့် ကိုယ်ပိုင်မဟုတ်လို့ စာတွေကို ရွေးတင်ပါတယ်။ ဒီမေးခွန်းမျိုးအတွက် http://health-adult-reading.blogspot.in/ ဒီနေရာမှာ လာဖတ်ပါ။
drswe01@gmail.com တိုက်ရိုက်လဲ မေးနိုင်ပါတယ်။

almon said...

ဆရာ viagra ဆေးကို ဆေးဆိုင်တွေမှာရောင်းပါသလား...တရားဝင်လားဆိုတာသိပါရစေ...တလောက သတင်းစာမှာ ဖမ်းတဲ့ဆေးတွေထဲမှာ viagra ဆိုတာတွေ့လိုက်မိလိုပါ

Unknown said...

ok

Unknown said...

ဆရာ ကျွန်တော်က အဖော်နဲ့ဆက်ဆံရင် လိင်တံထောင်ပေမဲ့ ခဏလေးနဲ့ ပြန်ကျသွားပါတယ် ပီးတော့ ခုတလောမှာလဲ လိင်စိတ်နည်းပါးနေပါတယ် ဘာကြောင့်လဲဆ်ုတာ သိချင်ပါတယ်ဆရာ

Unknown said...

Hi