Sunday, October 30, 2011

Chilli ငရုတ်သီး အရသာ

Sat, Oct 29, 2011 at 4:34 PM
သမီး အစ်ကို ဘာရောဂါဖြစ်နေမှန်းမသိလို့။ သူက အရင်တုန်းကတော့ ကွမ်းစားတယ်။ မစားတာ နှစ်လလောက်တော့ ရှိပါပြီရှင့်။ သူအခု အစပ်စားလို့ မရတဲ့ ရောဂါ ဖြစ်နေပါတယ်ရှင့်။ အရောင်တင်လေး နည်းနည်းလေးပါရင်ကို လျှာကော လည်ချောင်းကော အာခေါင်ကော စပ်နေပါတယ်။ လျှာကွဲတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်ရှင့်။ နည်းနည်းလေး စားမိရင် ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ မခံမရပ်နိုင်အောင် စပ်တယ်ပြောလို့ အစပ်မစားပဲ နေနေရပါတယ်။ ဘာဖြစ်မှန်းလည်း မသိပါဘူးရှင့်။ သူ့အသက်က ၂၅ နှစ်ပါ။ အာခေါင်-ကင်ဆာ ဖြစ်နိုင်မလားရှင့်။ ရောဂါရယ်၊ သောက်ရမဲ့ဆေးရယ် သိချင်ပါတယ်ရှင့်။

Read More...

Nipple discharge နို့ကနေ နို့မဟုတ်တာ ထွက်ရင်

2011/10/29
ကျွန်မ အသက် ၃၅ ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်က ကျွန်မ ဘယ်ဘက် Nipple မှာ အရည်ကြည်နည်းနည်း ထွက်ပါတယ်။
ရေချိုးပြီးလို့ တဘက်နဲ့ သုတ်ပြီးတဲ့အခါမှာ အရည်ကြည်လေး နည်းနည်း တွေ့ပါတယ်။ နောက်ပိုင်း မတွေ့တော့ အမှတ်တမဲ့ နေဖြစ်ပါတယ်။ ရာသီမလာခင်နဲ့ လာပြီးအချိန် အကျိတ်အဖုတွေ မိမိဘာသာ စမ်းသပ်ဖြစ်ပါတယ်။ အကျိတ်အဖုတော့ မစမ်းမိပါဘူး။ တစ်လကို သုံးလေးကြိမ်တော့ ကိုက်ပါတယ်။ ရာသီမလာခင်ကော၊ လာပြီးချိန်ကော ကိုက်ပါတယ်။ ဘယ်ဘက်က ပိုကိုက်ပါတယ်။

Read More...

Wednesday, October 26, 2011

Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂)

Wed, Oct 26, 2011 at 10:27 AM
ဆရာရဲ့ “လူနာဆရာဆက်ဆံရေး” အကြောင်း ဖတ်ပြီး၊ The Voice က Interview ကို ဆရာဘယ်လို မှတ်ချက်ပြုမလဲ ဆိုတာ သိချင်လာပါတယ်။ Link ပေးလိုက်ပါတယ်။

ပေးတဲ့ (လင်ခ်) ကို သွားလို့ မရပါ။ ဒါနဲ့ ရှာဖတ်ပါတယ်။ အူအတက်ရောဂါ၊ နှစ်ခါ ခွဲစိတ်ကုသရတာ နဲ့ လူနာ ကွယ်လွန်သွားရရှာတဲ့ သတင်းကို (ရေဒီယို) နဲ့ (အင်တာနက်) ကတဆင့် ကြားရ၊ ဖတ်ရပါတယ်။ လက်လှမ်း မီသလောက်ပေါ့။ မေးလာလို့တော့ ဖြေရမဲ့ တာဝန်ရှိတာမို့ ပြန်ဖြေပါမယ်။ ပုံနှိပ်ထုတ်ဝေဘို့ မရေးခဲ့သေးပါ။ ရေဒီယိုကလဲ မပြောခဲ့ပါ။

Read More...

Tuesday, October 25, 2011

Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်

Mon, Oct 24, 2011 at 10:56 PM
Medicine ဆေးတွေကို ဘယ်လောက်ရက်ကျော်ရင် Expire လို့ သတ်မှတ်ပါသလဲ။ ရက်လွန်ဆေးရဲ့ Side Effect တွေကို ပြည့်စုံအောင် ရှင်းပြပေးပါ။

“ပဲလှော်လို ဝါးစားကြတယ်” လို့ တင်စားတတ်တဲ့ အများသုံးဆေးတွေထဲက အကိုက်အခဲ-အဖျားပျာက်ဆေး (အက်စပရင်) ကို ရက်လွန်သွားတာ သောက်မိရင် သေနိုင်တယ်လို့အထိ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။

Read More...

Friday, October 21, 2011

Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ

ကျွန်တော့် အမျိုးသမီးက အသက် ၃၇၊ ကိုယ်ဝန် ၉ ပတ်ထဲမှာပါ။ အမျိုးသမီးက Hepatitis B carrier patient ပါ။ ဒါ့ကြောင့် ဆရာဝန်က သံဓာတ်နဲ့ မတည့်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သံဓာတ်ပါသော Obimin ဆေး သောက်သင့်/မသင့် သိချင်ပါတယ်။ ဆရာဝန်ကတော့ Folic Acid ပဲပေးလိုက်ပါတယ်။ ကျွန်တော်တို့က အပြင်ဆေးဆိုင်က Obmin- AZ ဆိုတာ ဝယ်လာခဲ့မိပါတယ်။ သူ့မှာပါတဲ့ ဆေးအမယ် တွေကတော့ ဗီတာမင်တွေအပြင် Ferrous Fumarate – 200 mg ပါတာ ဖတ်ရပါတယ်။

သန္ဓေသားဟာ သံဓာတ်လိုတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ သံဓာတ်ဟာ ကလေးအတွက် မဖြစ်မနေ သောက်သင့်တယ်ဆိုရင် အမျိုးသမီးကတော့ သူ ထိခိုက်ပေမယ့်လည်း သောက်ချင်တယ် လို့ပြောပါတယ်။ ဒါကြောင့်မို့ Obimin ကို ဆက်သောက်သင့်၊ မသင့် ညွှန်ကြားပေးပါဦး။ ဒါမှမဟုတ် မိခင်ရော ကလေးပါ အဆင်ပြေမယ့် နည်းလမ်းရှိရင်လည်း ညွှန်ကြားပေးပါဦး။

Read More...

Thursday, July 28, 2011

Integrated Program For High-Risk Pregnancy

အထူးတကာ့ အထူးဆုံး၊ အကောင်းတကာ့ အကောင်ဆုံး ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု

ကိုယ်ဝန်တိုင်းကို အထူး ဂရုစိုက်သင့်တယ်။ တကယ်လို့ ပုံမှန်ကိုယ်ဝန်ကနေ တခုခု ထူးလာရင်၊ ဒါမှမဟုတ် မိခင်လောင်းမှာ ကျန်းမာရေး ချို့ယွင်းနေရင် အထူး-စပါယ်ရှယ် ဂရုစိုက်ရလိမ့်မယ်။

Read More...

July 28 is World Hepatitis Day ဇူလိုင် ၂၈ ကမ္ဘာ့ အသဲရောင်ရောဂါနေ့

လူပေါင်း ၁ဝ သန်းဟာ မူးယစ်ဆေး တရားမဝင်ထိုးရာကနေ အသဲရောင် စီ ပိုး ကူးစက်ခံနေကြရပြီး ၁့၂ သန်းမှာ ဘီ ပိုး ကူးစက်ခံ ထားရတယ်။

ဒီဆိုးဝါးလှတဲ့ ဗိုင်းရပ်ပိုးတွေကြောင့် အသက်သေတဲ့အထိ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် သွေးကတဆင့် ကူးစက်မှု လျှော့ကျစေအောင် နဲ့ ကုသစရိတ် နည်းပါအောင် လုပ်ဘို့ လိုအပ်နေတယ်။

Read More...

အသက်သတ်လွတ် စားသူများအတွက် အကြံပြုချက်

ဒီပို့စ်တွင် ကျွန်မ အရင်တင်ခဲ့သည့် အာဟာရနှင့်ပတ်သက်သည့် ပို့စ်အဟောင်းများထဲမှ လိုအပ်သော အချက်အလက်များကို ပြန်လည် ရွေးထုတ် ကောက်နှုတ်ပြီး အသက်သတ်လွတ် စားသူများအတွက် စားသုံးရန် လိုအပ်သော အစားအစာများနှင့် ပေါင်းစပ်ကာ သီးသန့်အကြံပြု ဖေါ်ပြထားပါသည်။

Read More...

Monday, July 25, 2011

Doctor-patient relationship ဆရာ-လူနာ ဆက်ဆံရေး

2011/7/22
ဆရာခင်ဗျာ မျက်လုံးဝါရခြင်းအကြောင်းကို ဖြေကြားပေးတဲ့အတွက် ဖော်မပြတတ်အောင် ကျေးဇူး အများကြီး တင်ရပါတယ်။ ဆရာ၏ စိတ်ဓာတ်နှင့် စေတနာ၊ ပညာနှင့် လုပ်ဆောင်ချက်များ အတိုင်း ထပ်တူကျမည့် ဆရာများ မြန်မာပြည်မှာ အများကြီးရှိနေခဲ့ရင် ကောင်းမယ် ဆိုတာကို တွေးမိသေးတယ်။

ကျေးဇူးတင်တယ်ဗျာ။ မောပမ်းတဲ့ အချိန်မှာ အားရှိလာစေတာလဲ မှန်တယ်ဗျ။

Read More...

Bartholin's cyst (ဘာသိုလင်-ဆစ်စ်)

Bartholin's cyst အကြောင်း ပြောပြပါလား။ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လို ကုသရတာလဲနဲ့ ခွဲစိပ်ကုသမှ ပျောက်ကင်းတဲ့ ရောဂါလား။ ဒီကနေတဆင့် အမြစ်တွယ်ပြီး ကင်ဆာတွေ ဘာတွေရော ဖြစ်သွား နိုင်ပါလား။ ဒီမှာ ဆေးခန်းပြတာတော့ ခွဲစိပ် ကုသရမယ်ဆိုလို့ပါ။ ဆေးပညာနဲ့ ပက်သက်တဲ့ အင်္ဂလိပ် စကား အခေါ်အဝေါ်တွေနဲ့ ဘာသာစကား အခက်အခဲကြောင့် ဆရာဝန် ရှင်းပြတာရော Online မှာ English လို ပြန်ဖတ်တာတွေရော ပေါင်းပေမယ့် သိချင်သလောက် မသိရပါဘူး။ အဲဒါဖြစ်နေချိန်ရော ခင်ပွန်းသည်နဲ့ အတူနေလို့ ရပါလား။ မခွဲတဲ့နည်းနဲ့ ကုလို့ရရင် ကုချင်လို့ပါ။ ခွဲစိပ်ရမှာ ကြောက်ပါတယ်။ ဒီတနည်းပဲရှိတယ် ခွဲမှရမယ် ဆိုလဲ နောင်ဆက်ဖြစ်လာမယ့် အကျိုးဆက်ကို သိချင်ပါတယ်။ အခုလောလောဆယ်တော့ Antibiotic သောက်ပြီး ရေနွေးနဲ့ စိမ်ပါတယ်။ နဲနဲတော့ သေးလာတယ်လို့ ထင်ရပါတယ်။ အရှင်း ပျောက်မယ့်နည်းများ ရှိမလားဆရာ။

Read More...

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်

ဝမ်းချုပ်ခြင်းနှင့်အမျှင်ဓါတ်



ဝမ်းချုပ်ခြင်းဆိုတဲ့ အရာကို လူတိုင်း တွေ့ကြုံဖူးပါလိမ့်မယ် ။ ၀မ်းချုပ်စေတဲ့အကြောင်းအရာ အများကြီး ရှိတဲ့အ နက်က ရေဓါတ်နည်းခြင်းနဲ့ အမျှင်ဓါတ်နည်းခြင်းကြောင့် ၀မ်းချုပ်ခြင်းဖြစ်တာ အများဆုံးပါပဲ ။ တချို့ဆိုရင် ၀မ်းချုပ် တဲ့အတွက် ကိုယ်လက်မအီမသာဖြစ်ပြီး ခေါင်းတွေအုံ ခေါင်းတွေကိုက်တဲ့အထိတောင် ခံစားရလေ့ရှိပါတယ် ။ ၀မ်း ချုပ်ခြင်း ကို constipation အပြင် costiveness , dyschezia , dyssynergic defaecation စသဖြင့် လည်း ခေါ်ကြပါသေးတယ် ။ ဆိုလိုတဲ့သဘောကတော့ bowel moments (အူလှုပ်ရှားခြင်း ၊ ကျင်ကြီးစွန့်ခြင်း) ဟာ ခက် ခဲနေ ခြင်း ဖြစ်ပါတယ် ။ ၀မ်းချုပ်ခြင်းဆိုတာ အဖြစ်များတဲ့ ၀မ်းသွားနေစဉ် နာကျင်ခြင်း ( painful defecation) ပဲဖြစ် ပါတယ် ။ အရမ်းကို ၀မ်းချုပ်နေပြီးဆိုရင်တော့ obstipation (လေနှင့်ဝမ်းလုံးဝမသွားနိုင်ခြင်း ) fecal impaction ( ၀မ်းလုံးဝမသွားပဲ ပိတ်ဆို့ခြင်း ) စသည်တို့ ဖြစ်နိုင်ပါတယ် ။

Read More...

Friday, July 22, 2011

ဖောလစ်အက်ဆစ်အကြောင်း

ဖောလစ်အက်ဆစ်အကြောင်း



ဖောလစ်အက်ဆစ်ကို vitamin B9 (သို့မဟုတ်) Vitamin Bc , folacin နဲ့ folate လို့ လည်းခေါ်တွင်ပါတယ် ။ ရေ မှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် ဘီနိုင်းဖြစ်ပြီး pteroyl-L-glutamic acid , pteroyl-L-glutamate နဲ့ pteroylmonoglutamic acid ဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ ဇီဝနည်းအရ သူ့ဘာသာသူ active မဖြစ်ပါဘူး ။ ဒါပေမယ့်လည်း tetrahydrofolate နဲ့ အသည်းထဲမှာ dihydrofolic acid အဖြစ်ပြောင်း သွားနိုင်ခြင်း က အလွန်ကို အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ဖောလစ်အက်ဆစ်ဟာ လူ့ခန္ဓာကိုယ်က များပြား လှတဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် မရှိမဖြစ် အရေးကြီးတဲ့အရာ တစ်ခုဖြစ်ပါတယ် ။ လူ့ခန္ဓာကိုယ် ဟာ ဒီအန်အေ တွေ ထုတ်လုပ်ဖို့ ပြုပြင်ဖို့ အတွက် folate ကိုလိုအပ်ပါတယ် ။ ဆဲလ်တွေ ပွားများဖို့ ၊ ကြီးထွားဖို့ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာလည်း အထူးလိုအပ်ပြီး အချို့သော ကင်ဆာရော ဂါတွေမှာ အစာစားခြင်း တာဝန်ကို ထမ်းဆောင်ပေးပြန်ပါတယ် ။ သဘာဝ folate တွေအများအပြားပါဝင်တဲ့ သာမန် အစားအစာတွေဟာကင်ဆာ ဖြစ်ပွားနိုင်မှုကို လျော့ကျစေနိုင်ပါတယ် ။ ဒါပေမယ့် တွေ့ရှိချက် ကွဲပြား မှုတွေကတော့ သောက်ဆေးတွေမှာ folate တွေအများကြီးပါဝင်နေခြင်းဟာ အချို့သော ကင်ဆာတွေဖြစ် ပွားမှု ကို အားပေးစေနိုင်ပါတယ်လို့ ဆိုပြန်ပါတယ် ။ ဒါပေမယ့်လည်း ကလေးတွေနဲ့ အရွယ်ရောက်စ လူငယ်တွေမှာ ကျန်းမာတဲ့ သွေးနီဥတွေထုတ်လုပ်ဖို့အတွက် folic acid ကို လိုအပ်ပြီး သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင် ပါတယ် ။

Read More...

Monday, July 18, 2011

Gluten Free diet အကြောင်း

Gluten Free diet အကြောင်း



မြင်းစားဂျုံ

( ဒီအကြောင်းလေးကို မေးထားတဲ့သူကလည်း အစ်မကြီး အဖြူရောင်နတ်သမီးဖြစ်ပါတယ် ။ Facebook မှာမေး ထားခြင်းပဲဖြစ် ပါတယ် ။ လက်လှမ်းမီသလောက် စုစည်းရှာဖွေတင်ဆက်ပေးလိုက်ပါတယ် ။ )

Gluten free diet ဆိုတာကတော့ gluten မပါတဲ့ အစားအသောက်တွေကို ခေါ်ခြင်းဖြစ်ပါတယ် ။ Gluten ဆိုတာ ကတော့ ဂျုံစေ့ ၊ မုယောစပါး ၊ ဘာလီ ၊ ရိုင်းဂျုံ ၊ မုယောခြောက် ၊ စသည်တို့မှာ တွေ့ရတဲ့ ပရိုတိန်း တစ် မျိုးဖြစ် ပါတယ် ။ Gluten ကို အစားအသောက်တွေမှာ အနံ့ကောင်းစေဖို့ ၊ ကြာရှည်ခံဖို့ နဲ့ ထူထဲစေဖို့ တခါတရံ dextrin အနေနဲ့ သုံးကြတာရှိပါတယ် ။ Gluten free အစားအစာတွေဟာ Celiac disease နဲ့ ဆက်နွယ်နေ တဲ့အခြေအနေတွေဖြစ်တဲ့ dermatitis herpetiformis (အရေပြားရောင်ရမ်းနာတစ်မျိုး ) နဲ့ ဂျုံအလာဂျီ တို့ကို ကုသဖို့အတွက် ဆေးပညာ အရ လက်ခံထားတဲ့ တစ်ခုတည်းသော ကုသချက်ဖြစ်ပါတယ် ။ Celiac disease ဆိုတာ ကတော့ gulten intolerance လို့ အသိများပြီး အမေရိကန် ၁၃၃ ယောက်မှာ ၁ ယောက်ဖြစ်လေ့ရှိတဲ့ မျိုးရိုးဗီဇ ( genetic) ရောဂါတစ်ခုဖြစ်ပါတယ် ။ Celiac disease ရဲ့ လက္ခဏာတွေကတော့ ၀မ်းသွားခြင်း ၊ ကိုယ် အလေး ချိန်ကျခြင်း ၊ အာဟာရဓါတ်ချို့တဲ့ခြင်း စတာတွေဖြစ်ပါတယ် ။ European တွေမှာအဖြစ်များပြီး လတ် တလော လေ့စာစမ်းသပ်မှုအဖြေတွေအရတော့ လူမည်းတွေနဲ့ အာရှလူတွေမှာလည်းဖြစ်တယ်လို့ သိရပါ တယ် ။

Read More...

Friday, July 15, 2011

Dyspareunia ဆက်ဆံချိန်မှာ နာကျင်တာ (၂)

July 15, 2011 1:46 AM
၁။ တားဆေးကို အချိန်အနည်းငယ် (သို့) တရက် နောက်ကျခြင်းကြောင့် ရာသီသွေးပြန်လာတာ ဘာဖြစ်လို့ပါလဲ။
၂။ ဆက်ဆံချိန်တွင်းမှာ အနေထားတောင်ပြောင်းလို့ မရအောင် သားအိမ်တွင်း နာကျင်နေတာဟာ ဘာကြောင့်ပါလဲ။ ပြီးတော့ ဆက်ဆံလိုစိတ် မရှိသလိုပါ ခံစားနေရတာကရော သက်ဆိုင်ပါသလား။

Read More...