Friday, September 24, 2010

Allergy အကြောင်းသိကောင်းစရာ

Allergy အကြောင်းသိကောင်းစရာ



Allergy ဆိုတာဘာလဲ ?

Allergy ဆိုတာ ဓါတ်မတည့်မှုပုံစံတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် (Immune System) ရဲ့ ချို့ယွင်း မှုတစ်ခုဖြစ်ပါတယ် ။ ဓါတ်မတည့်မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ်မရှိတဲ့ ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာ အလွန်ကိုပဲ လျှင်မြန်ပြီး ကြိုတင် လည်းခန့်မှန်းလို့ရပါတယ် ။ Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓါတ်မတည့်မှု ဖြစ်စဉ်တွေထဲက နံပါတ် တစ် Type I ဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ mast cells နဲ့ basophils လို့ခေါ်တဲ့ အချို့သော သွေးဖြူဥဆဲလ်တွေကို IgE လို့ခေါ်တဲ့ Antibody တစ်မျိုးကနေပြီး အလွန်အမင်းလှုံ့ဆော်ပေးမှုကြောင့် အကျိုးဆက်အနေနဲ့ လွန်စွာ ရောင်ရမ်းခြင်း (Inflammatory Response) ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ် ။ အဖြစ်များတဲ့ ဓါတ်မ တည့်မှုဖြစ်စဉ်တွေကတော့ နှင်းခူနာ ၊ ၀တ်မှုံတွေကြောင့် ဖြစ်တဲ့ hay fever ၊ ပန်းနာရင်ကြပ်ရောဂါ ၊ အစား အစာ ဓါတ်မတည့်မှုများနဲ့ အချို့သော အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ reaction များပဲ ဖြစ်ပါတယ် ။


Hay Fever လို့ခေါ်တဲ့ သိပ်မပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးကတော့ လူထုထဲမှာ အဖြစ်များပြီး မျက်စိနာခြင်း ၊ ယားယံခြင်းနဲ့ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေဖြစ်လေ့ရှိပါတယ် ။ Allergy တွေဟာ ပန်းနာရင်ကျပ်ရော ဂါမှာ လည်း အဓိက အစိတ်အပိုင်းကနေပါဝင်ပါတယ် ။ အချို့သောလူတွေမှာတော့ ပတ်ဝန်းကျင် (သို့မဟုတ်) အစား အသောက်မှာပါတဲ့ ဓါတ်မတည့်တဲ့အရာတွေကြောင့် အလွန်ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းမျိုးဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ Anaphylactic reaction တွေဖြစ်ပေါ်နိုင်ပါတယ် ။

ဓါတ်မတည့်ခြင်းအခြေအနေကို သိရှိနိုင်ဖို့ ယခုအချိန်မှာ စမ်းသပ်နိုင်မှု (Test) တွေ အများကြီးပေါ်ပေါက်နေပြီ ဖြစ်ပါတယ် ။ အဲဒီအထဲမှာမှ အရေပြားကို ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတစ်ခုခုကို ထိတွေ့စေပြီး သွေးထဲ မှာပါရှိတဲ့ ဓါတ်မတည့်ခြင်းနဲ့သက်ဆိုင်တဲ့ (Allergen-specific IgE) အဆင့်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ် ။ Allergy ကို ကုသမှုတွေကတော့ ဓါတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့ အရာတွေကို ရှောင်ရှားခြင်း ၊ Anti-histamines ၊ steroid နဲ့ အခြား ဆေးတွေကို သုံးစွဲခြင်း ၊ Allergen တွေနဲ့ ထိတွေ့တဲ့အခါ ဓါတ်မ တည့် မှုဖြစ်စဉ်ကိုနည်းပါးအောင်ပြုလုပ်ခြင်း (Desensitize) နဲ့ Immunotherapy ပေးခြင်းစသည်တို့ ပဲ ဖြစ်ပါတယ် ။

Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

ဓါတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကတော့ ဖုန်မှုန့် ၊ ပန်းဝတ်မှုံ စသဖြင့်အမျိုးမျိုးရှိပြီး အဲဒါတွေကိုတော့ Airborne particles တွေလို့ခေါ်ပါတယ် ။ အဲဒီလိုအခါမှာတော့ လေနဲ့ ထိတွေ့တာနဲ့တင် ဓါတ်မ တည့်မှု တွေဖြစ်စေနိုင်ပါတယ် ။ ( ဥပမာ မျက်စိ ၊ နှာခေါင်း နှင့် အဆုတ်စသည် ) ဓါတ်မတည့်မှုကြောင့်ဇြစ်တဲ့ နှာမွှန်ခြင်း (Allergic Rhinitis) ကို hay fever လို့ အသိများပြီး နှာခေါင်းအတွင်းမအီမသာဖြစ်ခြင်း ၊ နှာချေခြင်း ၊ ယား ယံခြင်းနဲ့ မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ ရှူသွင်းလိုက်တဲ့ ဓါတ်မတဲ့စေတဲ့အရာတွေကြောင့် လေပြွန်ပေါက်တွေကျဉ်းမြောင်းပြီး အသက်ရှူကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ အဲဒီအချိန်မှာ အဆုတ်ထဲမှာ Mucus (အချွဲရည်) တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း ၊ အသက်ရှုမ၀ခြင်း ချောင်းဆိုးခြင်းနဲ့ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ကို ခံစားရနိုင်ပါတယ် ။

အစားအသောက်တွေ ၊ အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်ခြင်းမျိုးကိုတော့ Aspirin (သို့မဟုတ်) Penicillin ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ် ။ အစားအ သောက် ကြောင့် ဓါတ်မတည့်ခြင်းမျိုးမှာ ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဗိုက်ဖောခြင်း ၊ အန်ခြင်း ၊၀မ်းသွားခြင်း ၊ အ ရေပြားယားယံခြင်းနဲ့ အရေပြားယောင်ရမ်းခြင်းမျိုး ဖြစ်စေနိုင်ပါတယ် ။ အစားအသောက်ကြောင့် ဓါတ်မ တည့် ခြင်းမျိုးမှာ အသက် ရှူလမ်းကြောင့်ဆိုင်ရာ (ဥပမာ ရင်ကျပ်ခြင်းနဲ့ နှာမွှန်ခြင်း) မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ် ။

အင်ဆက်ပိုးမွှားကိုက်ခဲခံရခြင်း ၊ ပိုးသတ်ဆေးများနဲ့ အချို့သော ဆေးများကြောင့် စနစ်အလိုက် ဓါတ်မ တည့်ခြင်းမျိုး (Systemic allergic response) များဖြစ်စေနိုင်ပြီး ဒါကို Anaphylaxis လို့ ခေါ်ပါတယ် ။ ခန္ဓာကိုယ်ရှိ အတွင်းအဂါင်္များ ထိခိုက်ခံရနိုင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း ၊ အသက်ရှူလမ်းကြောင်း ၊ သွေး လည်ပတ်မှုလမ်းကြောင်းတို့ ပါဝင်ပါတယ် ။ ပြင်းထန်မှုနှုန်းအပေါ်မှုတည်ပြီး အရေပြားယောင်ရမ်းခြင်း ၊ လေပြွှန် ကျဉ်းမြောင်းခြင်း ၊ ခြေလက်ရောင်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ၊ သတိလစ်မေ့မျောခြင်း နဲ့ နောက်ဆုံး အသက် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။ ဒီလိုဓါတ်မတည့်မှုမျိုးကတော့ ရုတ်တ ရက်ချက်ခြင်း ဇြစ်ပေါ်စေ နိုင်သလို အချိန်ကြာပြီးတော့မှလည်း ဖြစ်ပေါ်နိုင်ပါတယ် ။ တခါတရံ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ allergic response တွေဟာ epinephrine ပေးဖို့လိုအပ်ပါတယ် ။

ရာဘာစေးကဲ့သို့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာနဲ့ အရေပြားကို ထိတွေ့မိရင်တော့ ဖြစ်ပေါ်တတ်တဲ့ ဓါတ်မ တည့် ခြင်းမျိုးမှာ အရေပြားရောင်ရမ်းခြင်း နဲ့ နှင်းခူနာတွေဖြစ်စေနိုင်ပါတယ် ။ အရေပြားရောင်ရမ်းခြင်းမျိုးမှာ အနီ ကွက်ထွက်ခြင်း ၊ ရောင်ရမ်းခြင်း စသဖြင့်ဖြစ်စေနိုင်ပြီး Wheal and flare reaction လို့လည်း အသိ များပါတယ် ။

Allergy ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလည်း ?



ဓါတ်မတည့်ခြင်းဖြစ်စေတဲ့အရောင်းအရင်းကို ခေါင်းစဉ်ခွဲကြည့်မယ်ဆိုရင် Host နဲ့ Environmental factors ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ Host Factor ထဲမှာဆိုရင် မျိုးရိုးဗီဇ ၊ လိင်အမျိုးအစား ၊ လူမျိုး နဲ့ အသက် အရွယ်စ သဖြင့် ပါရှိပါတယ် ။ ဒါပေမယ့်လည်း မျိုးရိုးဗီဇ (Genetic Factors ) တစ်ခုထဲနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ဓါတ်မတည့်ခြင်းမျိုးတွေဟာ များပြားလို့လာပါတယ် ။ အဓိက ပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်များ စေတဲ့အ ကြောင်း အရင်း လေးခုကတော့

-ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေ (Infectious diseases) တွေ ထိတွေ့ခံရခြင်း
-ပတ်ဝန်းကျင်ညစ်ညမ်းမှုများ
-ဓါတ်မတည့်စေသောအရာ (Allergen Levels)
-အစားအသောက် ပုံစံ ပြောင်းလဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ် ။

Food Allergens များ

-မြေပဲ
-pecan ဟုခေါ်သော ပန်းညိုရောင်အခွံရှိသော စားရသည့်သစ်စေ့
-pistachio ဟုခေါ်သော အစိမ်းရောင်စိမ့်သော အခွံမာသီးတစ်မျိုး
-သစ်ကြားသီး
-နှမ်း
-ဘိန်းပန်း စသည်တို့ဖြစ်ပါတယ် ။

ကြက်ဥ ၊ ဘဲဥ စသည်တို့မှ ဓါတ်မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက် ငါးနှစ်အရွယ်မှာ အယောက် ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ ရှိပါတယ် ။ အဓိက ဓါတ်မတည့်ခြင်းဖြစ်စေတာကတော့ ကြက်ဥ ၊ ဘဲဥမှ အနှစ်များမဟုတ်ပဲ အဖြူရောင် ပရိုတိန်းအလွှာပဲဖြစ်ပါတယ် ။ နွားနို့ ၊ ဆိတ်နို့ နှင့် သိုးမှရသော နို့ ၊ ဒိန်ခဲစ သည်တို့ကလည်း Food allergens များပဲ ဖြစ်ပါတယ် ။ အခြား အစားအသောက်မှ ဓါတ်မတည့် မှုဖြစ်စေတဲ့အရာတွေကတော့ ပဲပိစပ် ၊ ဂျုံစေ့ ၊ ငါး ၊ shellfish ငါး (အခွံမာရှိ၍စားကောင်းသောငါး ) ၊ သစ်သီး သစ်ရွက်များ နဲ့ အခြား သဘာဝမဟုတ်တဲ့ အရောင်အနံ့အရသာ နဲ့ပြုလုပ်ထားတဲ့ စားသောက် ဖွယ် ရာတွေပဲ ဖြစ်ပါတယ် ။

Non-food protein allergen များ

-ကြက်ပေါင်စေး ၊ ရာဘာစေး
-ကီဝီသီး
-ထောပတ်သီး
-သစ်အယ်သီး
-ငှက်ပျောသီး စသည်တို့ ဖြစ်ပါတယ် ။

Ref : Wikipedia

ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို
24 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................


Related Posts :



6 comments:

စန္ဒကူး said...

တစ်ခုလောက်မေးချင်လို့ပါ..
ရင်ဘတ်မှာလေ အနီကွက်တွေဖြစ်လာပီး အနီ အစက်စက်လေးတွေ..နဲ့ အဖုသေးသေးလေးတွေ (ကပ်မနေဘူး) နဲနဲလေးခြားခြားပီး အပြင်လိုက် ဖြစ်လာ တာဘာကြောင့်များပါလဲရှင့်။
အစားလဲ ပုံမှန်ထက်ထူးတာမစားပါဘူး.
ကျေးဇူးပါ..

hninpwint said...

ဆရာ..ဓာတ်မတည်.မှု.ကြောင့်နှာအမြဲချေတတ်ပါသလား။ကျွန်မကအမြဲနှာစေးနေတတ်လို.ပါ..ပူရင်လည်းဖြစ်တတ်သလို..အေးရင်ဖြစ်တတ်ပါတယ်...အနံပြင်းပြင်းတွေရရင်လည်းဖြစ်တတ်ပါတယ်။ဆရာဝန်တော်တော်များများနဲ.ပြဖူးပါတယ်။ဒါပေမဲ့လည်းမသက်သာပါဘူးဆရာ.cetirizineကိုအမြဲလိုဆောင်ပြီးသောက်နေရပါတယ်။အဲဒီဆေးကိုလည်းအမြဲသောက်လိုကောင်းပါမလားလို.ပါ....ပြီးတော့တခါတလေနှာခေါင်းထိပ်ဖျားလေးတွေလည်းယားတတ်ပါတယ်..ဘာကြောင့်အဲလိုဖြစ်တယ်ဆိုတာ..သိချင်ပါတယ်..ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ်..ဆရာရှင့်

ဇီဝက (ဆေး-၂) said...

Hello sayar, I would like to reference your article in Myanmar Wikipedia.

Hay said...

ဆရာရှင့်
သမီးမှာ allergic ဖြစ်နေတာကြာပါပြီ
နှစ်နဲ့ချီကြာအောင်ဖြစ်လိုက် ပျောက်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတာပါပဲ
သမီးတို့လမ်းထိပ်ကဆရာဝန်က cetrezine သောက်ခိုင်းလို့ သောက်နေတာ တစ်နှစ်လောက်ရှိပါပြီ
သက်သာတာကလွဲလို့ မပျောက်သေးပါ
ဆေးသောက်နေရင်းနဲ့တောင် allergic ဖြစ်တတ်ပါတယ်
သမီးအနေနဲ့ ဘယ်လိုကုသမှုခံယူသင့်ပါသလဲ
ဘယ်လိုဆရာဝန်နဲ့ ပြသင့်ပါသလဲရှင့်(ဥပမာ အထွေထွေသမားတော်)
လမ်းညွှန်ပေးပါဆရာ
ကျေးဇူးတင်ပါတယ်

Hay said...

ဆရာရှင့်
သမီးမှာ allergic ဖြစ်နေတာကြာပါပြီ
နှစ်နဲ့ချီကြာအောင်ဖြစ်လိုက် ပျောက်သွားလိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေတာပါပဲ
သမီးတို့လမ်းထိပ်ကဆရာဝန်က cetrezine သောက်ခိုင်းလို့ သောက်နေတာ တစ်နှစ်လောက်ရှိပါပြီ
သက်သာတာကလွဲလို့ မပျောက်သေးပါ
ဆေးသောက်နေရင်းနဲ့တောင် allergic ဖြစ်တတ်ပါတယ်
သမီးအနေနဲ့ ဘယ်လိုကုသမှုခံယူသင့်ပါသလဲ
ဘယ်လိုဆရာဝန်နဲ့ ပြသင့်ပါသလဲရှင့်(ဥပမာ အထွေထွေသမားတော်)
လမ်းညွှန်ပေးပါဆရာ
ကျေးဇူးတင်ပါတယ်

psych said...

ကြုံတွေနေရတာတေ့ ဒီ လို ပါ.. အခုလို ဆောင်းတွင်ူ ဘက် နဲ့နွေ ဘက်တွေ မှာ ဆိုရင် ပိုဖြစ်ပါတယ်... ရားယံပြီး အဖုလေးတွေ ဖြစ် လာ တာ ပါ.. အေး စေတဲ့ အရာတခုခု ကိုဖြစ်နေတဲ့နေရာမှာ ကပ် လိုက် ၇င် တော့အရားသက်သာပါတယ်ပြီးရင် ပျောက်သွားတတ်ပါတယ်... များသော အားဖြင့်..ချွေးထွက် နေချိန် အသား မှာ ရေ သို့မဟုတ် Lotion ကြောင့်စို နေချိန် မှာ.. ဖုန်မှုန့် လာကပ် ရင်ဖြစ်တပ် ပါတယ်.. သမီါ် တို့ နေနေတာ ကလဲ မြန်မာ ပြည်ဆိုတော့ ဖှုန်မလွတ်ပါ ဘူး.. ဘယ်လို ကာကွယ် နိုင် ပါ သလဲ... ???