Monday, July 12, 2010

Dyspareunia ဆက်ဆံချိန်မှာ နာကျင်တာ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၂)

ဒေါက်တာရှင့်
မိန်းကလေးကိစ္စနဲ့ ပတ်သက်ပြီး မေးချင်တာလေးတွေရှိလို့  မေးလ် နဲ့ ဆက်သွယ်ခြင်း ဖြစ်ပါတယ်။ ဆေးခန်းသွားပြဖို့လဲ ဘယ်လိုပြောပြီး သွားရမှန်းမသိလို့ ဆရာနဲ့ တိုင်ပင်ပါရစေ။ မိန်းကလေး တယောက်မှာ အဖြူဆင်းတာနဲ့ အနီဆင်းတယ်လို့  ရှိတာ သိပါတယ်ဆရာ။ ကျမမှာ ဖြစ်နေတာက အဖြူဆင်းတဲ့အခါ ညိုညစ်ညစ်အရောင်တွေ ဆင်းပါတယ်။ အဲဒါ ပုံမှန် ဟုတ်ပါသလား ဆရာ။ ပြီးကျမမှာ အိမ်ထောင်ရှိပါတယ်။ ယောကျားနဲ့ နေတဲ့ အချိန်တော်တော်များများမှာ သားအိမ် နာတတ်ပါတယ်။ သားအိမ် တခုခု ပုံမှန် မဟုတ်လို့  နာတာများလားလို့ သံသယ ဖြစ်နေပါတယ်။ သားအိမ် သန့် အောင် လုပ်ဖို့  ဆရာဝန်နဲ့ ပြဖို့  လိုပါသလား။ အန္တရာယ်ရှိလာမှာ စိုးလို့ ပါ။ ကျေးဇူပြုပြီး ညွန်ကြားပေးပါဆရာ။

မေးခွန်းမှာ နှစ်ပိုင်းပါပေမဲ့ နှစ်ခုက ဆက်စပ်နေပါတယ်။ အမျိုးသမီးများ ဆက်ဆံချိန်မှာ ထူးပြီး နာကျင်တာကို Dyspareunia ခေါ်တယ်။ ထူးပြီး နာတယ်လို့ ပြောရတာက ပဌမဆုံး အကြိမ် ဆက်ဆံရင် နာကျင်မှုခံစားရတာမျိုးက ရောဂါမဟုတ်ပါ။ ကိုယ်ခန္ဓာ အရွယ်အစား မတူသူတွေ ဆက်ဆံတဲ့အခါ၊ အထူး သတိမပြုရင် နာတတ်တယ်။ အရင်က မနာဘူးပေမဲ့ အခုမှ နာလာတာက ထူးလာတာမျိုး ဖြစ်တယ်။

မေးခွန်းမှာ ပါသလိုမျိုးဖြစ်တာကတော့ အခြေခံ ရောဂါတခုခုကြောင့် ဖြစ်လာရတဲ့ လက္ခဏာတခုသာ ဖြစ်ပါတယ်။ အဖြစ်နိုင်ဆုံးကတော့ မွေးလမ်းကြောင်းတနေရာမှာ ပိုးတမျိုးမျိုးဝင်နေတာကြောင့် အဖြူ (ညိုညစ်ညစ်) ဆင်းတာဖြစ်ပြီး၊ နာကျင်တာကပါ ဆက်ဖြစ်လာစေတယ်။

ပိုးဝင်တာကို Infection ခေါ်တယ်။ ပိုးတွေက အမျိုးမျိုး။ Candidiasis, Chlamydia, Trichomonous တွေဖြစ်တယ်။ အဖြူဆင်းတာလို့ သာမန်ခေါ်ကြပေမဲ့ အရောင်က အမျိုးမျိုးရှိတယ်။ အဖြူ၊ မီးခိုးရောင်၊ အ၀ါ၊ အစိမ်း၊ အနီ၊ ညိုတယ်ဆိုရင် သွေးနဲ့ရောနေလို့ ဖြစ်တတ်တယ်။ ဆင်းတာသာမက ယားတာနဲ့ပါ တွဲတတ်တယ်။ နံတာလည်း ရှိတတ်တယ်။ ဖြစ်စေတဲ့ ပိုးအမျိုးအစားအပေါ် မူတည်တယ်။ အပြစ်-အကျဲလည်း မတူဘူး။ နောက်ဆက်တွဲ Pelvic inflammatory disease တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ ဖြစ်လာစေတတ်တယ်။ ဒီအဆင့်မှာလည်း နာတယ်။

ဆေးကုတာလည်း မခက်လှပါ။ Leucorrhoea, Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း၊ အသက် ၁၈ နှစ် ပြည့်မှဖတ်ပါ (၁၅) မှာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီစာရေးတဲ့နေ့မှာဘဲ လူနာတယောက် လာပြတယ်။ ဗမာပြည်က ထွက်လာတာ မကြာသေးဘူး။ အိမ်ထောင်ကျတာ ၅ နှစ်၊ ကလေးမရှိ၊ အဖြူဆင်း၊ သားအိမ်နာ။ မေးကြည့်တော့မှ အိမ်ထောင်နဲ့ နေရင်လည်း နာတယ်။ မွေးလမ်းကို စမ်းတော့ ဆီးစပ်နေရာ နှစ်ဖက်မှာ နာတယ်။ သူ့မှာ မွေးလမ်းအင်္ဂါတွေ ရောင်တာ ကြာနေလို့ သားအိမ်ပြွန် ကျဉ်း-ပိတ်တာကြောင့် ကလေးမရနိုင်တာပါ ဖြစ်လာစေတယ်။

ပိုးဝင်တာလို ရုပ်ပိုင်း အခြေအနေကြောင့် သာမက စိတ်ပိုင်းကြောင့်ပါ ဖြစ်နိုင်တယ်။ အဓမ္မပြုကျင့် ခံရတာ၊ ခံရဘူးတာ၊ အဖေါ်ကို စိတ်ဆိုးနေတာ၊ ဒီလို ဆက်ဆံလိုက်ရင် နောက်ဆက်တွဲ ဖြစ်လာမှာကို သောကရောက်နေတာ။

Vaginismus ဆိုတဲ့ (ဗဂျိုင်းနား) ဘေးက ကြွက်သားတွေ စိတ်အလိုမပါဘဲ၊ လှုတ်ရှားလို့ကြောင့် နာတာမျိုးလဲ ရှိသေးတယ်။ ပုံမှန်ထွက်လာရမဲ့ စိုစွပ်စေတဲ့အရည် Vaginal lubrication နည်းရင်လည်း နာစေတယ်။ ဒါမျိုးက သွေးဆုံးသူတွေမှာ ဖြစ်တယ်။ ငယ်သူတွေမှာတော့ စိတ်မပါဘဲ ဆက်ဆံလို့ အရည်ထွက်နည်းပြီး နာတာ။ စုံအောင် ပြောရရင် ဆိုင်ရာနေရာမှာ ထိခိုက် ဒဏ်ရာ ရနေလို့လည်း နာနိုင်တာဘဲ။ ဆိုပါစို့ Episiotomy မွေးလမ်းကြောင်းချဲ့ မွေးဖွါးအပြီး။

မွေးလမ်း မဟုတ်ဘဲ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ STD လိင်ကနေ ကူးစက်တဲ့ရောဂါတွေကြောင့်ပါ နာတတ်သေးတယ်။ ပဋိဇီဝဆေးနဲ့ ကုရတယ်။ တခြား အဖြစ်နည်းတာတွေက Ovarian Cyst မျိုးဥအိမ်အလုံး၊ Endometriosis ဆိုတဲ့ သားအိမ် အတွင်းလွှာက (ဆဲလ်) မျိုးတွေက တခြား နေရာတွေမှာ ရောက်နေတဲ့ရောဂါ။ Cancer ကင်ဆာ၊ Xerosis သွေးဆုံးပြီး မွေးလမ်းကျဉ်း ရောဂါ၊ သားအိမ်ထဲ မဟုတ်ဘဲ ကိုယ်ဝန်ဆောင်တာ၊ တင်ပါးဆုံတွင်း သွေးပြန်ကြောထုံးတာ။ နောက်ပြီး Condom (ကွန်ဒွန်)၊ အမျိုးသမီးသုံး Diaphragm (ဒိုင်ယာဖရမ်)၊ Spermicide သုတ်ပိုးသေဆေးကို မတည့်တာ ကြောင့်လည်း ဖြစ်နိုင်သေးတယ်။

မွေးရာပါ (ဗဂျိုင်းနာ) မှာ ထူးနေသူတွေလည်း ရှိတတ်တယ်။ Vaginal septum ခေါ်တဲ့ မွေးလမ်းက အကန့် ပါနေလို့ Double vagina နှစ်ခန်း ဖြစ်နေတာ။ အပျိုမြှေးမှာပါ ပြဿနာ ရှိနေတတ်တယ်။ Imperforate hymen လုံးဝ ပိတ်နေတာ၊ Microperforate hymen ပိတ်သလောက် ဖြစ်နေတာ၊ Rigid hymen တင်းတောင့်နေတဲ့ အပျိုမြှေး၊ Septate hymen တနေရာမှာ ထူနေလို့ နှစ်ခွလို ဖြစ်နေတာ။ ဒီလိုအမျိုးသမီးများမှာ ဆက်ဆံတဲ့အခါ နာမယ်။ ခွဲစိတ်ပြုပြင်ရင် ကောင်းသွားတယ်။

Vulvar vestibulitis ဆိုတဲ့ ရှားရှားပါပါးရောဂါတခု ရှိသေးတယ်။ အင်္ဂါအ၀ နေရာမှာရှိတဲ့ အာရုံကြောတွေက ထူပြီး နာတာကို မခံနိုင်ဖြစ်နေတာ။ နဲနဲထိတာနဲ့ နာတယ်။ ဒီလိုအမျိုးသမီးတွေမှာ တခြားနေရာတွေ နာနေတာ ရှိတတ်တယ်။ ဒီလိုလူနာကို ကုသရတာလည်း လက်ဝင်တယ်။ အနာ-အရောင် သက်သာစေတဲ့ လိမ်းဆေး၊ စားဆေးတွေနဲ့ မရရင် စိတ်ကိုပြုပြင်ဆေး Antidepressants နဲ့ Anticonvulsants တက်တာ သက်သာဆေးတွေကိုပါ နည်းနည်းစီ ပေးရတယ်။

နာတာက အ၀င်ဝ၊ အထဲနဲ့ ဟိုထိပ်မှာ ဆိုတဲ့နေရာ နာတာ မတူတတ်ဘူး။ အတွင်းပိုင်းထိပ်မှာ နာတာမျိုးက သားအိမ်၊ သားအိမ်ဝ၊ သားအိမ်ပြွန် ရောင်တာကြောင့် ဖြစ်တတ်တယ်။ နာတာကလည်း နဲနဲ နဲ့ များများ မတူကြဘူး။ နာလာလို့ ဆက်ဆံနေရင်း စိတ်အာရုံ ပြောင်းသွားစေတယ်။ မေးလာသူလိုဘဲ စိုးရိမ်စိတ် ၀င်လာမယ်။ မစိုးရိမ်ပါနဲ့။

အပေါ်ယံနေရာ နာတာမျိုးနဲ့ သွေးဆုံးသူတွေအတွက် Water-based lubricants (KY Jelley) ချောဆီ သုံးနိုင်တယ်။ ထုံဆေးကိုလည်း သုံးနိုင်တယ်။ Xylocaine, Lignocaine ထိုးဆေး၊ ညှစ်ဘူး၊ ပန်းဆေးဆိုပြီး လာတယ်။ အသင့်ဆုံးက Xylocaine 2%, 5% (ဂျယ်လီ) ဖြစ်ပါတယ်။ ၅ မိနစ်နေရင် ထုံလာပါမယ်။ မိနစ် ၃ဝ လောက်ခံတယ်။

အတွင်းဘက်နေရာက နာတာဆိုရင် ဆက်ဆံတဲ့ အနေအထားပြောင်းတာက ယေဘူယျသဘော အထောက်အကူပြုမယ်။ ဖြစ်စေတဲ့ အကြောင်းရင်းကိုလည်း ကုသရမှာပါ။ ဥပမာ Infections ရှိရင် Antibiotics, Antifungal drugs ပဋိဇီဝဆေးတွေ ပေးရမယ်။ သွေးဆုံးချိန်ဖြစ်သူတွေကို Estrogen cream ထည့်စေရတယ်။ Cysts or abscesses အနာ၊ အလုံးရှိရင်၊ Congenital abnormality မွေးရာပါချို့ယွင်းချက် ရှိနေရင်၊ ခွဲစိတ်ပြုပြင် ပေးရမယ်။ Prolapse of the uterus သားအိမ်ကျ နေရင် Pessary ထည့်တာနဲ့ ခွဲစိတ်တာလုပ်ရမယ်။

လေ့ကျင့်ခန်းတွေ Pelvic muscle relaxation exercises, yoga, general relaxation exercises တွေနဲ့ပါ ကူပေးနိုင်တယ်။ တချို့အမျိုးသမီးများက Psychotherapy and sex therapy စိတ်ပိုင်းကုသတာ လိုချင်လိုမယ်။ ဆက်စပ်နေတဲ့ ခေါင်းစဉ်ပါ စာတွေကိုလည်း ဖတ်စေချင်တယ်။

Leucorrhoea, Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း
Q and A White discharge PV မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း အမေး-အဖြေ
Dryness of Vagina ဟိုနေရာမှာ ခြောက်နေတာ
Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ

Dr. တင့်ဆွေ
၁၁-၇-၂၀၁၀


Related Posts :



22 comments:

Unknown said...

ဆရာခင်ဗျား. ဒီပို့စ်နဲ့မဆိုင်တဲ့ မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါဦး။ ကျွန်တော့်အသက်23နှစ်ပါ။ငယ်ငယ်ကသွားကျန်းမာရေးဂရုမစိုက်ခဲ့တော့ အံသွားတွေ ပျက်စီးခဲ့ပါတယ်။ 2006 ခုနှစ်လောက်ကကျွန်တော့်အံသွား တစ်နေရာတွက်သွားစိုက်ခဲ့ပါတယ်၊ သတ္တုသွားနဲ့စိုက်ခဲ့တာပါ၊ အဲဒီပျက်စီးတဲ့သွားတစ်ချောင်းတွက် အသေစိုက်နည်းနဲ့ စိုက်တော့ တခြား အကောင်းနှစ်ချောင်းပါ ပါသွားပါတယ်။
အဲဒီသွားတွေစိုက်ပြီးတဲ့နောက်ပိုင်း ကျွန်တော်ဆံပင်တွေစဖြူလာပါတယ်၊ အခုဆို တစ်ခေါင်းလုံးနီးပါး ဟိုတစ်စ ဒီတစ်စဖြူနေပါပြီ။ ရွေ၊ငွေ၊ကြွေ၊သတ္တု အဲဒီသွားတွေစိုက်ခြင်းရဲ့ ဆိုးကျိုးမှာ ဆံပင်ဖြူတာပါလားသိချင်လို့ပါ။ ကျွန်တော်တို့နယ်ဘက်မှာ အသက်က 35 လောက်နဲ့ တစ်ခေါင်းလုံးဖွေးနေသူအသိတွေကိုကြည့်လိုက်ရင် သတ္တုသွားစိုက်ထားတဲ့သူတွေဖြစ်နေတော့၊ အဲလိုများပတ်သတ်လားဆိုတာ သိချင်လို့ပါဆရာ၊ နောက်ပြီး ကာကွယ်ဘို့တွက်လေးလည်း အကြံပေးပါဦး၊ နှုတ်ပြစ်ပြီးတခြားဟာပြောင်းစိုက်ရရင်ကောင်းမလားမသိဘူးဆရာ၊ အကြံပေးပါဦးဗျာ။ အခုကျွန်တော်ကတခြားနိုင်ငံမှာရောက်နေတော့ ဆေးခန်းပြတာလည်းဘာသာစကားအခက်အခဲနဲ့ အနည်းငယ်ဒုက္ခရောက်ရပါတယ်။ ကျေးဇူးပြုပြီးဖြေပေးပါဦးဆရာ။

Unknown said...

ဆရာခင်ဗျား. ဒီပို့စ်နဲ့မဆိုင်တဲ့ မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါဦး။ ကျွန်တော့်အသက်23နှစ်ပါ။ငယ်ငယ်ကသွားကျန်းမာရေးဂရုမစိုက်ခဲ့တော့ အံသွားတွေ ပျက်စီးခဲ့ပါတယ်။ 2006 ခုနှစ်လောက်ကကျွန်တော့်အံသွား တစ်နေရာတွက်သွားစိုက်ခဲ့ပါတယ်၊ သတ္တုသွားနဲ့စိုက်ခဲ့တာပါ၊ အဲဒီပျက်စီးတဲ့သွားတစ်ချောင်းတွက် အသေစိုက်နည်းနဲ့ စိုက်တော့ တခြား အကောင်းနှစ်ချောင်းပါ ပါသွားပါတယ်။
အဲဒီသွားတွေစိုက်ပြီးတဲ့နောက်ပိုင်း ကျွန်တော်ဆံပင်တွေစဖြူလာပါတယ်၊ အခုဆို တစ်ခေါင်းလုံးနီးပါး ဟိုတစ်စ ဒီတစ်စဖြူနေပါပြီ။ ရွေ၊ငွေ၊ကြွေ၊သတ္တု အဲဒီသွားတွေစိုက်ခြင်းရဲ့ ဆိုးကျိုးမှာ ဆံပင်ဖြူတာပါလားသိချင်လို့ပါ။ ကျွန်တော်တို့နယ်ဘက်မှာ အသက်က 35 လောက်နဲ့ တစ်ခေါင်းလုံးဖွေးနေသူအသိတွေကိုကြည့်လိုက်ရင် သတ္တုသွားစိုက်ထားတဲ့သူတွေဖြစ်နေတော့၊ အဲလိုများပတ်သတ်လားဆိုတာ သိချင်လို့ပါဆရာ၊ နောက်ပြီး ကာကွယ်ဘို့တွက်လေးလည်း အကြံပေးပါဦး၊ နှုတ်ပြစ်ပြီးတခြားဟာပြောင်းစိုက်ရရင်ကောင်းမလားမသိဘူးဆရာ၊ အကြံပေးပါဦးဗျာ။ အခုကျွန်တော်ကတခြားနိုင်ငံမှာရောက်နေတော့ ဆေးခန်းပြတာလည်းဘာသာစကားအခက်အခဲနဲ့ အနည်းငယ်ဒုက္ခရောက်ရပါတယ်။ ကျေးဇူးပြုပြီးဖြေပေးပါဦးဆရာ။

Anonymous said...

မေးခွန်းရတာ ကြာသွားပါပြီ။ ဆရာက သွားအထူးကု မဟုတ်လို့ အမျိုးထဲက အထူးကုကို လှမ်းမေးတာ၊ ခုထိတော့ မပြန်သေးဘူး။

ရေးပြတာက စိတ်ဝင်စားဘို့ ကောင်းတယ်။ သုတေသန ဆန်ဆန်လေး။ “သတ္တုအဆိပ်သင့်တာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး” ထင်ပါတယ်။ တခြားနိုင်ငံတွေက သွားအတု အဆိပ်သင့်ခြင်းစာ ရှာတာ မတွေ့ရသေးဘူး။ မဖြစ်တာလား၊ သုတေသန မလုပ်တာလား၊ တခုခုဘဲ။

ကျွန်တော်တို့ တိုင်းပြည်မှာ သုံးတဲ့ သွားအတုတွေရဲ့ အရည်အသွေးကို မခန့်မှန်းတတ်ဘူး။ “သွားအတုတပ်သည်” ဆိုင်းဘုတ်တွေ တောနယ်တွေမှာပါ တွေ့နေရတာ သိပ်မကောင်းဘူး ထင်ပါတယ်။ တကယ် စစ်မှန်မှု၊ အာမခံချက် ရှိ-မရှိ ဘယ်သူတွေက ဂရုစိုက်မလဲ။

အောက်ကျ-နောက်ကျနေချိန်၊ ပွင့်လင်း-လွတ်လပ်မှု ကင်းမဲ့ နေချိန်တွေမှာ အကောင်းနဲ့ အဆိုး၊ အစစ်နဲ့ အတုခွဲရတာ ခက်တယ်။

“အတုခေတ်က လွတ်ကြပါစေ။”

သွားအတုအကြောင်း ဂဃနဏသိရမှာ ထပ်ရေးပါရစေ။

Dr. တင့်ဆွေ
၃၀-၇-၂၀၁၀

iterayouth said...

ဆရာရေ
သိချင်စရာရှိလိုဆရာကိုအားကိုးလျှက်မေးပါရစေ
ရန်ကုန်မှာ HIVကိုစိတ်ချစွာစစ်နိုင်တဲံ့နေရာကိုသိချင်ပါတယ်။HIV ဆေးဟာတန်ဖိုးဘယ်လောက်ရိုပါသလ။ဲ
ရောဂါဖြစ်နေပြီဆိုရင်
အသက်ဘယ်လောက်ထိနေနိုင်ပါသလဲ။

Anonymous said...

စာရေးပေးသူ ကျွန်တော်က အပြင်မှာနေရသူမို့ အထဲ ဈေးကွက် အခြေအနေ တိတိကျကျ မသိပါ ခင်ဗျာ။ သိတဲ့ဆရာများ ပြန်ကြားစေလိုပါတယ်။

Unknown said...

ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ ဆရာ့ဆီက ပြန်စာလေးရောက်မလားလို့မျှော်နေတာကြာပါပြီ။ အခုလို တကူးတက ပြန်ဖြေပေးတဲ့အတွက် ဝမ်းသာမိပါတယ်။ အကြောင်းရင်းလေးသိရင် ကျွန်တော့်တွက်ပို့စ်တင်ပေးပါဦးဆရာ။ ကျွန်တော်ဒီသွားတွေမစိုက်ခင် သွားစိုက်တယ်ဆိုတာ ကျိုးသွားတဲ့ သွားနေရာဘဲ စိုက်တယ်လို့ အလွယ်တကူထင်ခဲ့တာပါ။ဒါနဲ့ အမေနဲ့ ဆေးခန်းကိုရောက်တော့၊ထုံဆေးထိုးပြီးဘေးသွားတွေကိုစားလိုက်တာ ငုတ်စိလေးတွေကျန်တော့တယ်၊ အိမ်ပြန်ရောက်မှ မှန်နဲ့ကြည့်မိတော့ ဘေးသွားတွေပျက်စီးကုန်တာ မြင်မိတော့ တော်တော်စိတ်မကောင်းဖြစ်မိခဲ့တယ်။ အမေ့ကိုလည်းမပြောပြရကောင်းလားဆိုပြီး စိတ်ကောက်မိသေးတယ်။ တစ်ချောင်းကောင်းဘို့တွက်နဲ့၊ တခြားနှစ်ချောင်းပါ အလကားပေးလိုက်ရတယ်ဆိုပြီးလေ။
စိုက်ပြီး အိမ်ပြန်လာတော့ တော်တော်ကို စိတ်ညစ်သွားပါတယ်၊ အထိတွေ့ခြင်းက တခြားစီလေ၊ ဘာမှကိုစားချင်စိတ်မရှိတော့ဘူး။
အခု ကျွန်တော်နဲ့ပက်သတ်သမျှ သူငယ်ချင်းမိတ်ဆွေတွေ သွားဝေဒနာဖြစ်ပြီဆိုရင်၊ အခေါင်းပေါက်နေပြီးလား၊အရမ်းကြီးလား၊ မကြီးရင် ဖာထေးလိုက်၊ အဲဒါအရမ်းကောင်းတယ်၊ စိုက်မှာလား၊ စဉ်းစားဥိးနော် ၊ ဒီလိုဒီကြောင်းရှိတယ်ဆိုပြီးပြောပြမိတယ်။

Thiha @ Zarchi said...

http://warwarkhaingmin.blogspot.com/2010/07/blog-post_18.html ဒီဘလော့ပိုင်ရှင် မမဝါရဲ့ ခင်ပွန်းက သွားဆရာဝန် တစ်ယောက်ပါ.. အကူအညီ ရနိုင်မယ်လို့ မျှော်လင့်ပါတယ် ..

ခမ်းအောင် said...

ဆရာခင်ဗျား.
မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါခင်ဗျား။
ကွန်တုံးမသုံးမိဘဲလိင်ဆက်ဆံပြီးသုတ်ရေကိုအပြင်မှာထုတ်လိုက်ရင်ကော်ကိုယ်ဝန်ရနိုင်ဘာသလားခင်ဗျား။
ကျေးဇူးပြုပြီးဖြေပေးပါခင်ဗျား

Anonymous said...

မိသားစုစီမံကိန်း နည်း အမျိုးမျိုးကို (သူများဆီမှာ) သုတေသန လုပ်ထားတယ်။ ယောက်ျား သားကြောဖြတ်နည်းက မအောင်မြင်မှု ၀့၀၂-၀့၁% နဲ့ စိတ်ချရဆုံး၊ အမျိုးသမီး သားကြောဖြတ်နည်း = ၀့၂%၊ အမျိုးသမီး စားဆေးနည်း = ၀့၁%၊ ယောက်ျား ကွန်ဒွန်နည်း = ၁-၃%၊ အမျိုးသမီး (ဒိုင်ယာဖရမ်) နည်း = ၁-၆%၊ အမျိုးသမီး သုတ်ပိုးသေဆေးနည်း ၃%၊ အမျိုးသမီး ဟော်မုန်း ကပ်ခွါနည်း = ၀့၂%၊ အမျိုးသမီး သားအိမ်ထဲ ပစ္စည်းထည့်နည်း IUCD = ၀့၆-၁့၅%၊ ရက်ရှောင်နည်း = ၃%၊ ယောက်ျား သုတ်ရည် အပြင်ထုတ်နည်း = ၄%၊ ဘာမှ မသုံးရင် ၈၅% ကလေးရနိုင်တယ်။

ခမ်းအောင် said...

အခုလိုဖြေကြားပေးတဲ့အတွက်ဆရာကို၊ကျေးဇူးအများ
ကြီးတင်ပါတယ်ခင်ဗျာ။

sumon said...

ဆရာ
ဆက်ဆံချိန်တွင်းမှာ အနေထားတောင်ပြောင်းလို့မရအောင် သားအိမ်တွင်းနာကျင်နေတာဟာ ဘာကြောင့်ပါလဲ။
ပြီးတော့ ဆက်ဆံလိုစိတ်မရှိသလိုပါခံစားနေရတာကရော သက်ဆိုင်ပါသလား။
တားဆေးကို အချိန်အနည်းငယ် (သို့) တရက် နောက်ကျခြင်းကြောင့် ရာသီသွေးပြန်လာတာဘာဖြစ်လို့ပါလဲ
မေးခွန်းအားလုံးအတွက် နည်းလမ်း (သို့) ဆေးဝါးကို ညွှန်ကြားပေးပါရှင့်။

minther said...

ဆရာ
ကျွန်​​တော်​ဆက်​ဆံတုန်းကကျွန်​​တော်​အင်္ဂါနည်းနည်းဘဲဝင်​တုန်း​ကြောက်​လို့ပြန်​ထုတ်​လိုက်​ပါတယ်​sperm​တော့မထွက်​ပါဘူးပြီး​တော့သူကရာသီလာပြီးတာ၆ရက်​ဘဲရှိပါ​သေးတယ်​အဲဒါကိုယ်​ဝန်​ရနိုင်​လားဆရာ

minther said...

ဆရာမြန်​မြန်​​ဖြေ​ပေးပါအုံးစိတ်​ပူ​နေလို့ပါ

Unknown said...

ဆရာခင်​ဗျား
ကျေးဇူးပြု၍​မေးခွန်းတစ်​ခု​​မေးခွင့်​ပြုပါ ဆရာ။
ကျွန်​​တော့ ဇနီး မှာ h-mole ဖြစ်​​နေပါတယ်​ ဆရာ ။ ဆီးစစ်​ကြည့်​ရင်​​တော့ ၁ ​ကြောင်းပဲပြပါတယ်​ ဆရာ ။ ဒါ​ပေမဲ့ သွေးက ခဏခဏ အများကြီးဆင်းပါတယ်​ဆရာ ။ ​သွေးသွင်းထားတာ ၇ ပုလင်း ရှိပါပြီ ဆရာ။ TVS ရိုက်​​တော့ ​သွေး​ကြော​ရောင်​​နေတယ်​လို့​ပြောပါတယ်​ ဆရာ။ ​ဆေးကုတာ ၂ လရှိပါပြီ ​သွေးက ဆင်း​နေတုန်းပဲ ဆရာ။ အဲ့ဒါ ဘယ်​လိုလုပ်​မှ အ​ကောင်းဆုံးဖြစ်​နိုင်​မလဲဆိုတာ သိချင်​လို့ပါ ဆရာ။
ကျေးဇူးပြု၍ ​စေတနာ​ရှေ့ထားပြီး ဖြေကြား​ပေးပါဆရာ။

Unknown said...

ဆရာခင်​ဗျား
ကျေးဇူးပြု၍​မေးခွန်းတစ်​ခု​​မေးခွင့်​ပြုပါ ဆရာ။
ကျွန်​​တော့ ဇနီး မှာ h-mole ဖြစ်​​နေပါတယ်​ ဆရာ ။ ဆီးစစ်​ကြည့်​ရင်​​တော့ ၁ ​ကြောင်းပဲပြပါတယ်​ ဆရာ ။ ဒါ​ပေမဲ့ သွေးက ခဏခဏ အများကြီးဆင်းပါတယ်​ဆရာ ။ ​သွေးသွင်းထားတာ ၇ ပုလင်း ရှိပါပြီ ဆရာ။ TVS ရိုက်​​တော့ ​သွေး​ကြော​ရောင်​​နေတယ်​လို့​ပြောပါတယ်​ ဆရာ။ ​ဆေးကုတာ ၂ လရှိပါပြီ ​သွေးက ဆင်း​နေတုန်းပဲ ဆရာ။ အဲ့ဒါ ဘယ်​လိုလုပ်​မှ အ​ကောင်းဆုံးဖြစ်​နိုင်​မလဲဆိုတာ သိချင်​လို့ပါ ဆရာ။
ကျေးဇူးပြု၍ ​စေတနာ​ရှေ့ထားပြီး ဖြေကြား​ပေးပါဆရာ။

Minnd said...

HI ဆရာ

Unknown said...
This comment has been removed by the author.
Unknown said...
This comment has been removed by the author.
Unknown said...

ဆရာကြီးရှင်.သမီးက ဘယ်ဘက်သားဥပြွန်မှာ အရည်အိတ်တည်ပြီး သားအိမ်ထဲမှာ အသားလုံးနှစ်လုံးရှိလို့ လွန်ခဲ့တဲ့၂၀၁၄က ခွဲစိပ်ခဲ့ပါတယ်ဆရာ

Unknown said...

မခွဲစိပ်ခင်က ca-125စစ်တာ ၁၁၀ရှိခဲ့ပါတယ် ခွဲစိပ်ပြီးbocလုပ်တာ ကင်ဆာရောဂါမရှိခဲ့ပါဘူးဆရာ ပြီးခဲ့တဲ့၂လပိုင်းထိလဲ ဆရာဝန်နဲ့ follow up check upလုပ်ခဲ့ပါတယ်ရှင့် ဒါပေမယ့် ခုတစ်ပတ်နှစ်ပတ်မှာ တင်ပါးအသားတွေနာကျင် ပေါင်ကျန်တွေစစ်တစ်စစ်တစ်ဖြစ်လို့ general check upလုပ်ကြည့်ခဲ့ရာ ca-125က ၃၆.၇၅ဖြစ်နေပြန်၍ ကင်ဆာcellများရှိနေလို့ ပြသလား ဘာကြောင့်လားဆိုတာလေး သိပါရစေ ဆရာကြီးရှင့်

Unknown said...

လွန်ခဲ့တဲ့ ၂လပိုင်းက ca-125အဖြေက ၁၄.၆၅ဖြစ်ပြီး ceaလဲမရှိ pap smearလဲ စစ်ပြီးကာကွယ်ဆေးထိုးထားပါတယ်ဆရာ အဲ့လောက် check upလုပ်နေတဲ့ကြားက ဖြစ်နေရတဲ့အကြောင်းရင်းကို သမီးသိပါရစေရှင် လေးစားစွာဖြင့် nandar

Unknown said...

လွန်ခဲ့တဲ့ ၂လပိုင်းက ca-125အဖြေက ၁၄.၆၅ဖြစ်ပြီး ceaလဲမရှိ pap smearလဲ စစ်ပြီးကာကွယ်ဆေးထိုးထားပါတယ်ဆရာ အဲ့လောက် check upလုပ်နေတဲ့ကြားက ဖြစ်နေရတဲ့အကြောင်းရင်းကို သမီးသိပါရစေရှင် လေးစားစွာဖြင့် nandar