Monday, February 22, 2010

ဆိုရေးရှိက ဆိုရလိမ့်မယ်


ကျန်းမာရေးရှုဒေါင့်ကနေ Physical, Psycho-social ဘယ်ဘက်ကိုပဲ ကြည့်ကြည့် လုံးဝ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရတာကို ကျောင်းတွေမှာ (Sexual Education) မရှိတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ အတုခိုးမှားပြီး လိုက်လုပ်သူတွေ ရှိနေမှာကို လွန်စွာ စိုးရိမ်ပူပန်မိလို့ ဖတ်သင့်တဲ့ ပို့စ်တခုကို ညွှန်းရင်း ဒီပို့စ်ကို တင်ပေးရခြင်း ဖြစ်ပါတယ်။ ကျွန်မက ဘလော့ဂ်အစုံဖတ်သူ ဖြစ်လို့ ကျွန်မဘလော့ဂ်ကိုလည်း ဘလော့ဂါမျိုးစုံ ရောက်တယ်ဆိုတာ သိပေမဲ့ သံဃာတော် စာဖတ်သူတွေနဲ့ သံဃာတော် ဘလော့ဂါတွေအတွက်ကျတော့ ဒီပို့စ်က သိစရာလည်းမလို ဖတ်ဖို့လည်း မသင့်လျော်ဘူးလို့ ယူဆတဲ့အတွက် ပို့စ်အသစ် တင်ထားတာ တွေ့လို့ ၀င်လာမိတဲ့ သံဃာတော်တွေရှိရင် ဒီပို့စ်ကို လုံးဝမဖတ်ဘဲ လှည့်ပြန်ဖို့ ပထမဦးစွာ လျှောက်ထားပါရစေ ဘုရား။ တခြား လူစာဖတ်သူများကိုတော့ ကျွန်မ ညွန်းပေးလိုတဲ့ မူလ ပို့စ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးမှ ဖတ်ပါလို့ ပြောထားပေမဲ့ ကျွန်မအနေနဲ့ ကတော့ အသက်အရွယ်ကို မသတ်မှတ်လိုပါဘူး။ အင်တာနက်သုံးနေသူ Secondary School (ခုနှစ်တန်းနှင့် အထက်) အဆင့် ကျောင်းသားအရွယ်ကနေ လူကြီးတွေအထိ အသက်အရွယ်မရွေး မည်သူမဆို ဖတ်နိုင်တယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ ဆရာဝန်၊ သူနာပြု၊ Physiotherapist, Occupational therapist, Health Care Social Worker (or) Consultants စတဲ့ ကျန်းမာရေးပညာရှင်တွေထဲက ရောက်လာရင်လည်း ကျွန်မဆွေးနွေးချက်တွေကို ဖတ်ဖြစ်အောင် ဖတ်ပြီး ပြန်လည်ဆွေးနွေးသင့်တာကို ဆွေးနွေးပြီးမှ ပြန်ကြဖို့ မေတ္တာ ရပ်ခံပါတယ်။





ပထမဦးစွာ ညွှန်းပေးလိုတဲ့ ပို့စ်ကို မပြောခင် ဒီပို့စ်ကို ကျွန်မ ဘာကြောင့် ညွှန်းရတယ်ဆိုတဲ့ ညွန်းစရာအကြောင်း ပေါ်လာရတဲ့ နောက်ခံသမိုင်းကို အရင်ရှင်းပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး နောက်ဆုံးလတွေမှာ လူကြိုက်များတဲ့ ဘလော့ဂါ အစ်မတယောက်ရဲ့ C-Box မှာ မကောင်းတဲ့သူတွေက ဆဲဆိုထားတာ ရှိသလို မဖွယ်မရာပုံတွေ ပါတဲ့ Link တခုတည်းကို C-Box တခုလုံးနီးပါး ပြည့်အောင် ထပ်ခါထပ်ခါ ရိုက်ထည့်ပြီး တင်ထားတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကလည်း စာမရွေးဖတ်တတ်တဲ့သူဆိုတော့ အစမှာ မသိဘဲနဲ့ ဘလော့ဂ်ကြော်ညာတွေ ထင်ပြီး Click ကြည့်မိတဲ့အခါမှာ မဖွယ်မရာ ပုံတွေ ဖြစ်နေလို့ ချက်ချင်းပဲ ပြန်ထွက်လိုက်တယ်။ နောက်တော့ အဲဒီဘလော့ဂ်က C-Box မှာ ကျွန်မက လာလည်ကြောင်း နှုတ်ဆက်ထားခဲ့ပြီး ဆဲထားတာတွေ မကောင်းတာ လာတင်ထားတာတွေကို ဖျက်သင့်ကြောင်း C-Box အထဲမှာပဲ အကြံပြုပြီး ပြန်လာခဲ့ပါတယ်။ အတော်ကြာတော့ G-talk မှာတွေ့တဲ့ ဘလော့ဂါ မောင်လေးတယောက်နဲ့ ချတ်မှာ စကားပြောနေချိန်မှာ အတုလား အစစ်လားတော့မသိဘူး အစ်မနာမယ်နဲ့ အဲဒီမှာ လာရေးထားတယ်လို့ ပြောလို့ ကျွန်မ သွားကြည့်တော့ ငယ်နိုင်ဆိုပြီးတော့ အရေမရ အဖတ်မရတွေ ပြောနေရေးနေတာကို တွေ့ရပါတယ်။ ကျွန်မလည်း အဲဒါကျွန်မ မဟုတ်ဘူးဆိုတာ မှတ်ချက်အထဲထိ ၀င်ပြောပြီး ပြန်လာလိုက်လို့ ဘလော့ဂ်ပိုင်ရှင်ကတော့ ခုနက ပြောနေ ရေးနေတာ ကျွန်မ မဟုတ်ဘူးဆိုတာ သိသွားပါတယ်။ ဒါကတော့ ဘလော့ဂ်တွေမှာ အလုပ်မရှိအကိုင်မရှိ သူများနာမည် သုံးပြီး ပေါက်ကရတွေ လျှောက်လုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြောချင်တာပါ။ ကျွန်မ ပြောချင်တဲ့ အဓိကအကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ပြောရရင် အဲဒီဘလော့ဂ်မှာ တွေ့ခဲ့တဲ့ မဖွယ်မရာ Link တွေက နောက်နေ့ကျတော့ ကျွန်မ C-Box ကို ရောက်လာပါတယ်။ ကျွန်မလည်း C-Box ထဲမှာ ဖျက်လိုက်ပြီး နောက်တခါ လာတင်ရင် IP ကို block လုပ်မယ်လို့ သတိပေးလိုက်တော့ နောက်တော့ လာမတင်တော့ပါဘူး။ ဒီတခါတော့ ကျွန်မက သူတို့လာတင်တဲ့ link ကို တနေရာမှာ သိမ်းပြီး ၀င်ကြည့်မိတယ်။ ကျွန်မဘ၀မှာ မယုံကြည်နိုင်လောက်အောင် တခါမှမမြင်ဘူးတဲ့ အံ့ဖွယ်ထူးဆန်း နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ပြုမူနေတဲ့ ဖိုနဲ့မ မဖွယ်မရာ ပုံတွေကို တွေ့ရတော့ အပြင်မှာ တကယ်ပဲ ဒါမျိုးလုပ်နေတာ ရှိလား ဒါမှမဟုတ် လူတွေ ကိလေသာစိတ်ထအောင် တမင်ကြော်ငြာတာလား ဆိုတာကို ဝေခွဲလို့မရ ဖြစ်ခဲ့ပါတယ်။ ကျွန်မက အင်တာနက်ကို သုံးဖူးတာ ကြာပြီ ဖြစ်ပေမဲ့ ဒါမျိုးတွေ တခါမှ တွေ့လည်းမတွေ့ဖူး ကြည့်ဖို့လည်း စိတ်မ၀င်စားခဲ့တာ ဘုရားစူးပါပဲ။ ဒါပေမဲ့ အခုတော့ စိတ်မ၀င်စားလို့ မရတော့လောက်အောင် ကျွန်မစိတ်ထဲမှာ ဘ၀င်မကျတာတွေ စိုးရိမ်မှုတွေကို လွှမ်းမိုးနေစေခဲ့တယ်။

ပြည့်တန်ဆာဆိုတာ လက်ရှိကမ္ဘာမှာလည်း ခေတ်အဆက်ဆက်မှာ နိုင်ငံတွေအပေါ် မူတည်ပြီး တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ရှိခဲ့သလို ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း အမ္ဗပါလီတို့ သီရိမာတို့ဆိုတာ ဘုရားလက်ထက်က ထင်ရှားတဲ့ ပြည့်တန်ဆာတွေ ဖြစ်ကြတယ်လို့ လေ့လာသိရှိရပါတယ်။ အရင်ကမ္ဘာတွေတုန်းကလည်း ပြည့်တန်ဆာ ဖြစ်ခဲ့သူတွေလို့ ဆိုထားတာ ရှိတော့ သံသရာ အဆက်ဆက် မှာလည်း ပြည့်တန်ဆာ ရှိခဲ့တယ်ဆိုတာနဲ့ လူ့အဖွဲ့အစည်းဟာ ပြည့်တာဆာနဲ့ မကင်းဘူး ဆိုတာ ကျွန်မတို့ ငြင်းလို့ ရမယ် မထင်ပါဘူး။ လက်ရှိကမ္ဘာာမှာလည်း နိုင်ငံအတော်များများမှာ တရားမ၀င်ဘဲ ခိုးလုပ်နေတာနဲ့ စာရင် တရားဝင်က ပိုပြီး Safety နဲ့ညီညွတ်ပြီး အန္တရယ်ပိုကင်း တိုင်းပြည် ဘဏ္ဍာလည်းတိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည့်တန်ဆာ အလုပ်၊ လောင်းကစားအလုပ်တွေကို တရားဝင် မှတ်ပုံတင်ထားပေးတာ ရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုတောင် တားလို့မရတဲ့အဆုံး သုံးစွဲတာကို အန္တရယ်ကင်းကင်းနဲ့ သုံးစွဲနိုင်အောင် အကူအညီပေးတာက Safety ရှိရှိနဲ့ ရောဂါ ပြန့်နှံ့မှုကို ကာကွယ်နိုင်မယ်လို့ ဆုံးဖြတ်ပြီး ဖြန့်ဖြူးသူကိုပဲ အရေးယူ၊ သုံးစွဲသူကိုကျတော့ Safety ရှိအောင် အကူအညီပေးတဲ့ Social welfare ကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ Drug and Alcohol Service တွေ ရှိလာကြတာ ကျွန်မ သဘောပေါက်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေမှာ အလုပ်ရှင်၊ အလုပ်သမား၊ ဖေါက်သည် သဘောတူလို့ အဲဒီလုပ်ငန်းကို လုပ်ကြတာ ကျွန်မဘာမှ စောတက မတက်လိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းမှာ Occupational Health and Safety Policy ဆိုတာ ရှိရပါတယ်။ အဲဒီပေါ်လစီအရ ပညာရှင်အဆင့် ဖြစ်တဲ့ ဆရာဝန်တွေ သူနာပြုတွေက သူတို့ကုသတဲ့ လူနာရဲ့ ရောဂါအခြေအနေနဲ့ သုံးစွဲတဲ့ ဆေးဝါးတွေ၊ ပစ္စည်းတန်ဆာပလာတွေရဲ့ အကျိုးအပြစ်ကို သိရမယ်။ အလုပ်ကြမ်း သမားတယောက်ဟာ အရာဝတ္တုတခုကို Handling လုပ်ရာမှာ ခါးနာခြင်း စတဲ့ ဒဏ်ဖြစ်စေတဲ့ ရောဂါမရအောင် ဒူးကိုဘယ်လိုအသုံးပြုပြီး ခါးနဲ့ ကျောကို ဘယ်လိုမတ်မတ် ထားကာ သယ်ရ၊ မရမယ်ဆိုတာ သိရမယ်။ သန့်ရှင်းရေးအလုပ်သမား တဦးဟာ Micro-organisms လို့ ခေါ်တဲ့ ပိုးမွှားတွေရဲ့ ပွားနှုန်းကို အကြမ်းဖျင်း သိရပြီး သူတို့ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်နဲ့ သတ်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာကို သိရမှာဖြစ်သလို ဒီပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလည်း သိရပါတယ်။ အလုပ်သမားတိုင်းက မိမိလုပ်ငန်းခွင်မှာ မီးလောင်ရင် Evacuation က အစီစဉ်နဲ့ စုရပ်မှာ ဘယ်လိုဆုံမယ် စုရပ်က ဘယ်မှာဆိုတာသိရမယ်။ အဓိကက အလုပ်လုပ်တဲ့အချိန်မှာ ဒီအလုပ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အဲဒီဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို စနစ်တကျ ကာကွယ်ရမယ်ဆိုတာ လုပ်ငန်းတိုင်းမှာ ပေါ်လစီ ရှိရပါတယ်။

ဒီပုံတွေကိုကြည့်ပြီး ပြည့်တန်ဆာ လုပ်ငန်းမှာ Occupational Health and Safety Policy ဆိုတာ ရှိကော ရှိရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိပါတယ်။ ဒီလုပ်ငန်းအကြောင်းကိုလည်း တခါမှ အခုလို စိတ်ဝင်တစား မရှိခဲ့ဖူးတာ အမှန်ပါ။ ကျွန်မက ဒီလိုပုံတွေကို အခုမှ တွေ့ဖူးတာ ဖြစ်ပေမဲ့ အင်တာနက် သုံးနေသူ အတော်များများက တွေ့ဖူးတာ ကြာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ လုပ်ငန်းတိုင်းမှာ ပေါ်လစီက မရှိလို့မရပါဘူး ရှိမှာ သေချာပါတယ်။ ရှိရင် အခု ကျွန်မ မြင်တွေ့ခဲ့ရတဲ့ ပုံတွေကို အဲဒီပေါ်လစီအရ ဘယ်အနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကို ခွင့်ပြုထားတယ်ဆိုရင် Health Care Professional တွေက ဘာဖြစ်လို့ မျက်စိမှိတ်၊ နားပိတ်ပြီး နေရတာလဲဆိုတာ ကျွန်မ နားလည်လို့မရ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်ဆိုတာ လူသားတွေအတွက် အန္တရယ်ရှိတာကို သိလျက်နဲ့ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ အများပြည်သူရဲ့ အန္တရယ်ကို လစ်လျူရှုရာ ရောက်ပါတယ်။ ဘယ်လိုအကြောင်းအရာမှာပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဘာမျက်နှာမှ ထောက်စရာမလို ဘယ်သူ့ကိုမှ ကပ်ဖားယပ်ဖား လုပ်စရာမလိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ကျန်းမာရေး ပညာရှင်တွေနဲ့ မသင့်တော်ဘူး ထင်တဲ့သူတွေက ဘာဖြစ်လို့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေရတာလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘဲ စိတ်ထဲမှ ဘ၀င်မကျ ဖြစ်ရပါတယ်။

တကယ်က ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာနဲ့ လာပျော်ပါးတဲ့ သူတွေဟာ သူတို့ရဲ့ Reproductive organ တွေကိုပဲ အသုံးပြပြုခွင့် ပေးဖို့ ဥပဒေပြုဖို့ လိုအပ်တယ်လို့ ကျွန်မ ယူဆတယ်။ တခြား Reproductive Organ နဲ့ မဆိုင်တာကို အသုံးပြုမယ်ဆိုရင် အဲဒီ Organ တွေပါဝင်တဲ့ System တခုစီရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုးအပြစ်ကို အကြမ်းဖျင်း ပညာပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေက အများကြီး တွေ့ရပေမဲ့ အခု အဓိကပြောလိုတဲ့ အချက်က သူ့နေရာ မဟုတ်တဲ့ အင်္ဂလိပ်လို Anus မြန်မာလို စအိုဝကနေ လိင်ဆက်ဆံတဲ့ ကိစ္စကို ပြောလိုတာဖြစ်ပါတယ်။ ကျွန်မတွေ့ရတဲ့ တခြား Safety နဲ့ မညီတဲ့ အမူအယာတွေလည်း အများကြီး ရှိခဲ့ပေမဲ့ အဲဒါတွေ အတွက် ဘယ်လို Safety နဲ့ မညီဆိုတာကို ထောက်ပြဖို့ သိထားတဲ့ ဗဟုသုတ အလုံအလောက် မရှိတဲ့ အတွက် ဒီတခုတည်းကိုပဲ ညွှ့န်းလိုက်ပါတယ်။

ကျွန်မ နောက် Semester မှာ သင်ရမယ့် ကျန်းမာရေးဆိုင်ရာ ဆွေနွေးမှု Online Subject တခုမှာ ကျောင်းသား တယောက်စီက Forum တခုစီကို အဆိုတင်သွင်းရပြီး အလှည့်ကျ Coordinator အဖြစ် တာဝန်ယူရတာ ရှိပါတယ်။ ကျွန်မ Coordinator အလှည့်ကျပြီ Forum ကို ဦးဆောင် ဆွေးနွေးတဲ့ အလှည့်မှာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Occupational Health and Safety ကို ကျွန်မရဲ့ စိုးရိမ်မှု (Concern) အဖြစ် အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ အဲဒီမှာ မဆွေးနွေးခင် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး Occupational Health and Safety Policy ကို ကြိုလေ့လာထားချင်လို့ ကျန်းမာရေး ပညာရှင် ဘလော့ဂ်မောင်နှမများနှင့် အဲဒါနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိသူများကို မျှဝေ ဆွေးနွေးပေးဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသမီး တယေက်အနေနဲ့ ဒီပို့စ်ကို ကျွန်မ မတင်ချင်တဲ့တာ အမှန်ပါ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ကအနေ ဒီနှစ်အထိ တအုံနွေးနွေးနဲ့ ချီတုံချတုံ ဖြစ်ကာ မတင်ဖြစ်ဘဲ ရှိနေရာကနေ နောက်ဆုံးတော့ ဆိုရေးရှိက ဆိုရလိမ့်မယ်လို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ကျွန်မ ညွှန်းလိုတဲ့ ပို့စ်က ဆရာ ဒေါက်တာတင့်ဆွေ တင်ပြီးသားပို့စ် ဖြစ်ပြီး ဖတ်ပြီးသူလည်း အတော်များများ ရှိပါလိမ့်မယ်။ မဖတ်ရသေးသူများ အတွက်တော့ ဗဟုသုတ အတော်ရပါတယ်။ ဒီပို့စ်ထဲမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဖြင့် ရရှိတဲ့ အကျိုးအပြစ်အပြင် Reproductive Organ တွေနဲ့ စအိုရဲ့ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပုံတွေကိုပါ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။ Sexual Health နဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင် မရေးနိုင်ဘဲ နားလည်တဲ့ သူရေးထားတာကို ပြန်ညွန်းရတာ ဖြစ်ပါတယ်။ ပို့စ်ကို ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။



Related Posts :



8 comments:

Anonymous said...

I wish positive contributions should follow.

I notice there are different forums (Blogs) where different people express differently. Some are too immature and some are encouraging. I mean on two subjects: Health and Politics.

I assume Bloggers are relatively young. But some of them are quite intelligent and constructive.

Best!

Anonymous said...

မငယ်နိုင်ရေ အစ်မပြောလို့ ကျွန်တော် internet ကနေ bing လိုက်တာ စာအုပ်တစ်အုပ်တွေ့လို့ မျှဝေလိုက်ပါတယ်။ New Zealand sex industry အတွက် occupational health and safety guide ပါ။

http://espu-ca.org/wp/wp-content/uploads/2008/02/nz-health-and-safety-handbook.pdf

Anonymous said...

နောက်ထပ်တွေ့ထားတဲ့ site လေးတွေပါ။ အသုံးဝင်မယ်လို့ ထင်ပါတယ်။

http://www.scarletalliance.org.au/issues/occ-health-safety/

http://www.bayswan.org/

http://www.uri.edu/artsci/wms/hughes/mhvhealt.htm

http://www.prostitutescollective.net/

Nge Naing said...

ဆရာ ဒေါက်တာတင့်ဆွေနှင့် ဆရာဇိဝကတို့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မက ဒီလို Safety နဲ့ အညီညွတ်တဲ့ အပြုအမူတွေကို လုပ်နေတာကို အဲဒီနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ ကျန်းမာရေး ပညာရှင်တွေအနေနဲ့ ဘယ်လိုသဘောထားလဲ ဆိုတာ သိချင်လို့ ဆွေးနွေးပေးစေချင်တာ တခုပါပဲ။ ဆရာဇိဝကပေးတဲ့ Link တွေအတွက် ကျေးဇူးတင်ပါတယ်။ ကြည့်လိုက်ဦးမယ်။

William Thargi said...

အိုင်ဆေး
ဒီအန်တီကြီးကြည့် ရတာ ဟတ်ကိုး (Hard core) တွေ XXXX တွေ ကြည့်ပြီး အရမ်း စိတ်လှုပ်ရှား သွားတယ်နဲ့ တူပါတယ်
စိတ်လျှော့ စိတ်လျှော့
ဟတ်ကိုး အကြောင်းတော့ ဒီနေရာမှာ အိုင်ဆေး ဘာမှသိပ်မပြောချင်ဘူး ဗျာ
သို့ပေမယ်လို့ ခင်ဗျားတို့ သားပိုက်ကောင်အရပ်က XXXX ဆိုတဲ့ တံဆိပ် နဲ့ ဗျစ်ရည် ကတော့ လွှတ်ကောင်းဗျား
အပ္ပမာဒေန
ဝီလျှံသာဂိ

Nge Naing said...

William Thargi ရေးထားတာတွေက ကျွန်မ သိပ်နားမလည်သလို ကျွန်မ တင်တဲ့ ပို့စ်နဲ့ ဘာမှမဆိုင်ဘူးထင်လို့ ပို့စ်နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံပါရစေ။

မှတ်ချက်ပေးတဲ့ နေရာမှာလည်း ဒီပို့စ်မှာ ကျန်းမာရေး ပညာရှင် မဟုတ်တဲ့သူဆီက ဘာဆွေးနွေးမှုကိုမှ ဖိတ်ခေါ်ခြင်း မရှိပါဘူး။ Sexual Health နဲ့ ပတ်သက်ပြီး ကျွန်မမှာ ဘာဗဟုသုတမှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင် သိပ်နားမလည်လို့ ကျန်းမာရေးပညာရှင်တွေကို ဆွေးနွေးပေးဖို့ ဖိတ်ခေါ်တဲ့အချိန်မှာ ကျန်တဲ့သူတွေကိုကျတော့ ဆရာဒေါက်တာတင့်ဆွေ တင်တဲ့ ပို့စ်ကို ညွန်းပေးခြင်းသာ ဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေရဲ့ ပို့စ်ကို ဖတ်ပြီး ဆွေးနွေးစရာ ရှိရင် သူ့ပို့စ်အောက်မှာပဲ ဆွေးနွေး မှတ်ချက်ပေးနိုင်ပါတယ်။

William Thargi said...

အိုင်ဆေး
ကျွန်ုပ်ရေးတာတွေကို နားမလည်တာကိုတော့ စိတ်ဓါတ် မကျပါနဲ့ လူတစ်ယောက်နဲ့ တစ်ယောက် IQ ချင်းက ဘယ်တူနိုင်ပါ့မလဲ ကျိုးစားရင် တဖြေးဖြေး နားလည်လာနိုင် ပါတယ်။
IQ ချင်းက မတူ သလို အမြင်ချင်းကလဲ ကွဲပေမပေါ့ ပိုစ့် နဲ့ ဆိုင်တယ် မဆိုင်ဘူး ဆိုတာကို ပြောပါတယ်။
အန်တီကြီးရေးထား တဲ့ “ကျွန်မတို့ မြန်မာလူမျိုးတွေ အတုခိုးမှားပြီး လိုက်လုပ်သူတွေ ရှိနေမှာကို လွန်စွာ စိုးရိမ်ပူပန်မိလို့” ဆိုတာကို ဖတ်မိလို့ အစိုးရိမ်လွန်ပြီး အန်တီကြီးကိုယ်တိုင် ဒုက္ခ ရောက်မှာကို ကျွန်ုပ်က လွန်စွာစိုးရိမ်ပြီး အန်တီကြီးကို စိတ်လျှော့ခိုင်းမိတာ လေဗျာ။
အဲသဟာကို အန်တီကြီှးဆီမှာ မထည့်ဘဲ တခြားဘယ်မှာ သွားရေး မတုန်းဗျ။
အန်တီကြီးက “ဒေါက်တာတင့်ဆွေရဲ့ ပို့စ်ကို ဖတ်ပြီး ဆွေးနွေးစရာ ရှိရင် သူ့ပို့စ်အောက်မှာပဲ ဆွေးနွေး မှတ်ချက်ပေးနိုင်ပါတယ်” ဆိုပေမယ်လို့ “ဒေါကဒေါက်တင့် ရေ … အန်တီကြီး စိတ်လျှော့ စိတ်လျှော့” လို့သွားပြောလို့ ကလည်းမဖြစ်ချေသေးဘူးလေ။
ဒီတော့ အန်တီကြီး မေတ္တာရပ် ခံ၊ တောင်းဆိုတာနေတာကို ကျွန်ုပ် အနေနဲ့ လတ်တလော မဖြည့်ဆည်း၊ မလိုက်လျှော နိုင်သေးတာကို နားလည်ပေးဘာ … နားလည်ပေးဘာ
(စိုင်းစိုင်း သီချင်း အလိုက် ဖြစ်နေတာကို လည်း)
နားလည်ပေးဘာ … နားလည်ပေးဘာ
အပ္ပမာဒေန
ဝီလျှံသာဂိ

min min san said...

U are not wrong u should post more cos some people are not aware all this, really so at least u can safe somepeople awareness and control their self after they read your posts, thanks u!