Saturday, May 30, 2009

Bacteria Play Role in Preventing Spread of Malaria


Bacteria Play Role in Preventing Spread of Malaria
The following article is copied from John Hopkins Public health news site.


Microbes in Mosquito’s Gut Stimulate Immune Response Against Malaria Parasite

Bacteria in the gut of the Anopheles gambiae mosquito inhibit infection of the insect with Plasmodium falciparum, the parasite that causes malaria in humans, according to researchers at the Johns Hopkins Bloomberg School of Public Health. Scientists with the Bloomberg School’s Malaria Research Institute found that removing these bacteria, or microbial flora, with antibiotics made the mosquitoes more susceptible to Plasmodium infection because of a lack of immune stimulation. Their study is published in the May 8, 2009, edition of the journal PLoS Pathogens.

Read More...

Fear for new malaria drug resistance


By Jill McGivering
BBC News, Cambodia

In a small community in Western Cambodia, scientists are puzzling over why malaria parasites seem to be developing a resistance to drugs - and fearing the consequences.
Ten days ago, Chhem Bunchhin, a teacher in Battambang Province, became ill with chills, fever, headache and vomiting.
At a nearby health centre he was treated with drugs considered a "silver bullet" in the battle against falciparum malaria.
This treatment with artesunate drugs was part of a clinical study being carried out by the US Armed Forces Research Institute of Medical Science (AFRIMS).
In the past, artesunates have always cleared malaria parasites from the blood in two or three days. But after four days of monitored treatment, Chhem Bunchhin was still testing positive for parasites.


Read More...

Monday, May 18, 2009

10 Essential Public Health Services


ပြည်သူ့ကျန်းမာရေး လုပ်ငန်းလို့ ပြောတဲ့အခါ အဲဒါက ဘာတွေကို ဆောင်ရွက်ပေးနေတာလဲလို့ မေးစရာ ရှိလာပါတယ်။
နိုင်ငံ တစ်နိုင်ငံချင်း ပေါ်မှာ မူတည်လို့ ပြည်သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ နားလည်ထားမှုတွေ၊ ဆောင်ရွက်နေမှုတွေ ကွာခြားနေပါလိမ့်မယ်။
အမေရိကန် နိုင်ငံကတော့ ပြည်သူ့ ကျန်းမာရေးမှာ အရေးပါတဲ့ လုပ်ငန်း တာဝန် ဆယ်ခု ရှိတယ်လို့ သတ်မှတ်ထားပါတယ်။
အဲဒါတွေက -

Read More...

Sunday, May 10, 2009

Mother's Day

မိခင်များနေ့

ဒီနေ့က မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အတော်များများရဲ့ "မိခင်များနေ့" လို့ wikipedia မှာ ဖော်ပြထားပါတယ်။ မေလ၊ ဒုတိယ သီတင်းပတ်ရဲ့ တနင်္ဂနွေရက်လို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံမှာကတော့ အချိန်ကွာဟ မှုကြောင့် မနက်ဖြန်မှ ကျရောက်မှာပါ။
ဒီနှစ် မိခင်များနေ့ အတွက် CARE အဖွဲ့ က ၀င်လာတဲ့ သတင်းပေးချက်ကလေးကို ပြန်မျှပေးချင်ပါတယ်။
အဲဒါက
“တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပြောမယ် ဆိုရင် တစ်နေ့မှာ အမျိုးသမီး ၁၄၀၀ ဦးဟာ ကိုယ်
ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းတို့နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ ပြဿနာများကြောင့် နေ့စဉ် အသက် ဆုံးရှူံး နေကြရပါတယ်။
ဒီလို အသက်ဆုံးရှူံးရခြင်းရဲ့ အကြောင်းအရင်း အများစုက ကာကွယ်တားဆီးလို့ ရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
အများစုက အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနဲ့၊ နားလည်ကျွမ်းကျင်တဲ့ ဆေးပညာရှင်တွေ နည်းပါးတဲ့ ဆင်းရဲနွမ်းပါးတဲ့ လူမှု ပတ်ဝန်းကျင်း အသိုင်းအ၀ိုင်းတွေမှာ နေထိုင်နေရတဲ့ အတွက် ဒီလို အဖြစ်မျိုးတွေနဲ့ ကြုံတွေ့နေကြရတာပါ”
တဲ့။

Saturday, May 9, 2009

beta-endorphine

ဘီတာ-အန်ဒေါ်ဖင်း အကြောင်း တစေ့တစောင်း

ဘီတာ-အန်ဒေါ်ဖင်း( beta-endorphine) ဆိုတာ ခန္ဓာကိုယ်ထဲကနေ ထွက်တဲ့ ဘိန်းကဲ့သို့သော ဒြပ်ပေါင်း တစ်ခု ဖြစ်ပါတယ်။ သူ့ကို ဦးနှောက်မှာ ရှိတဲ့ ပစ်ကျူထရီဂလင်း (pituitary gland) နဲ့ ဟိုက်ပိုသဲလမတ် (hypothalmus) ဆိုတဲ့ နေရာတွေကနေ ထုတ်ပေးပါတယ်။ ဘယ်လို အချိန်တွေမှာ ထွက်တတ်သလဲ ဆိုတော့ အားစိုက်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်တဲ့ အချိန်တွေမှာ၊ စိတ်တက်ကြွမှု မြင့်မားနေတဲ့အချိန်တွေမှာ၊ နာကျင်တဲ့ အချိန်မှာ၊ လိင်ဆက်ဆံချိန် ခံစားမှု အထွတ်အထိပ် ရောက်တဲ့ကာလတွေမှာ ထွက်တတ်ပါတယ်။ သူက နာကျင်မှုတွေကို သက်သာစေနိုင်တဲ့ မော်ဖင်းလို သက်ရောက်မှုမျိုး ရှိတဲ့ ခန္ဓာကိုယ်တွင်းက ထုတ်ပေးတဲ့ ဒြပ်ပေါင်း တစ်ခု ဖြစ်ပါတယ်။

Read More...

Friday, May 8, 2009

Cerebrovascular Accident (Stroke)


သွေးကြောပေါက်ပြီး လေဖြတ်ပုံနှင့် သွေးကြောပိတ်ဆို့ပြီး လေဖြတ်ပုံ


လေဖြတ်ခြင်း

 အရပ်သုံးစကား လေဖြတ်ခြင်း (stroke) ဟု ခေါ်သော ဆေးအခေါ်အဝေါ် Cerebro-Vascular Accident (CVA) သည် နှလုံးမှ ဦးနှောက်သို့ သွေးထောက်ပံ့ပေးနေသော သွေးကြော ထိခိုက်ပျက်စီး၍ ဦးနှောက်အတွင်း သွေးယိုစီးခြင်း (Haemorrhage) (သို့မဟုတ်) တခြားမှ မျောပါလာသော အစအနတခုခုက ဦးနှောက်သွေးကြောကို လာရောက် ပိတ်ဆို့စေခြင်း (Thrombosis)  တခုခုကြောင့် ဖြစ်ရသည်။ သွေးယိုစီးခြင်း (Haemorrhage) ကြောင့် ဖြစ်စေ၊ သွေးကြောပိတ်ဆို့ခြင်း (Thrombosis)  ကြောင့်ဖြစ်စေ  ထိုသို့ ဖြစ်ပါက ဦးနှောက်တွင် နှလုံးမှ ပို့ပေးသော အောက်စီဂျင်ကို အလုံအလောက် မရနိုင်ခြင်းကြောင့် ဦးနှောက် တစ်ရှူးတချို့ ပျက်စီးသွားသည်။ ထိုအခါ ထိုသက်ဆိုင်ရာ ဦးနှောက်အစိတ်ပိုင်း ထိန်းချုပ်ထားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ဦးနှောက်ကြား အဆက်အသွယ် ပြတ်သွား၍ ဦးနှောက်မှ အမိန့်ပေးနိုင်စွမ်း မရှိတော့၍ ထိုအစိတ်အပိုင်းများ အလုပ်မလုပ်နိုင် ဖြစ်သွားခြင်းကို လေဖြတ်ခြင်းဟု ခေါ်သည်။

ဖြစ်ရသည့်အကြောင်းရင်း

လေဖြတ်ခြင်းကို ဖြစ်စေသည့် အဓိကအရင်းခံ ပြဿနာများမှာ

(၁)ဆေးလိပ်သောက်ခြင်း၊
(၂) ကိုယ်အလေးချိန်များခြင်း
(၃) သွေးထဲကော်လက်စရောလ် (တိရိစ္ဆာာန်မှ ထွက်သည့် အဆီတမျိုး) များခြင်း၊
(၄)သွေးတိုး (သို့) ဆီးချို တခုခု (သို့) နှစ်ခုစလုံး ရှိခြင်း၊
(၅)အရက် အလွန်အမင်း သောက်ခြင်းတို့ ဖြစ်သည်။

(၁) ဆေးလိပ်သောက်ခြင်း

ဆေးလိပ် သောက်သောအခါ ဆေးလိပ်အတွင်းတွင် ပါဝင်သော နီကိုတင်းသည် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်း အားလုံးကို ထိခိုက်စေပြီး ကာဗွန်ဒိုင်အောက်ဆိုက်ကို အလွန်အမင်း များစေပြီး သွေးကြောထဲ အောက်စီဂျင်ကို နည်းစေခြင်း၊ သွေးလွှတ်ကြောအတွင်းရှိ တခြား ပါဝင်သော ဓါတ်ပေါင်းများ (Arterial Blood gases) ကိုလည်း မမျှမတ ဖြစ်စေခြင်းဖြင့် သွေးလွှတ်ကြောကို ထိခိုက်စေပါသည်။

(၂) ကိုယ်အလေးချိန်များခြင်း

ကိုယ်အလေးချိန် များသောအခါ နှလုံးမှ ခန္ဓာကိုယ် အနှံ့အပြားသို့ အာဟာရနှင့် အောက်စီဂျင် ထောက်ပံ့ရာတွင် အရောက်နှေးကွေးစေပါသည်။ အရပ်နှင့်မမျှအောင် ကြီးမားနေသော ခန္ဓာကိုယ်မှ တောင်းဆိုသည့်အတိုင်း အာဟာရနှင့် အောက်စီဂျင်ကို အလုံအလောက် ပို့ပေးနိုင်ရန် နှလုံးနှင့် သွေးလွှတ်ကြောသည် ခန္ဓာကိုယ် ကြီးမားလေ အလုပ်ကို မနိုင်မနင်း ပိုလုပ်ရလေ ဖြစ်သည်။

(၃) သွေးထဲ ကော်လက်စထရောလ် အဆီများခြင်း

သွေးထဲတွင် ကော်လက်စထရောလ် များပါက ကော်လက်စထရောလ်ကြောင့် သွေးကို လိုသည်ထက်ပို၍ ပျစ်ခဲစေပြီး သွေးစီးမှုကို နှေးစေခြင်း၊ ၎င်းမှ ဖြစ်ပေါ်လာသည့် အဆီဖတ်များသည် သွေးကြောနံရံတွင် အနည်ထိုင်ကာ တွယ်ကပ်စေပြီး သွေးလွှတ်ကြောကို မာကျောစေခြင်းနှင့် ကျဉ်းစေခြင်း၊ အချိန်ကြာလာသောအခါ သွေးကြောနံရံတွင် အနည်ထိုင်၍ မာကျောနေသော ကော်လက်စထရောလ် အဖတ်များသည် တစစီပဲ့ထွက်ကာ သွေးထဲ၌လွှင့်မျောပြီး သွေးကြောကို ပိတ်ဆို့စေပါသည်။ နှလုံးသွေးကြော၊ ဦးနှောက်သွေးကြောနှင့် မည်သည့်အင်္ဂါ အစိတ်အပိုင်းရှိ သွေးကြောကို ပိတ်ဆို့ခံရသည်ဖြစ်စေ ပိတ်ဆို့ခံရသော အစိတ်အပိုင်းအတွက် အောက်စီဂျင်ကို ပြတ်တောက်စေပါသည်။

(၄) သွေးတိုးနှင့် ဆီးချိုရောဂါများ ရှိခြင်း

သွေးတိုးရောဂါသည် ထိုကဲ့သို့ သွေးလွှတ်ကြောမှ မနိုင်မနင်း အလုပ်လုပ်ရဖန် များသောကြောင့် ဖြစ်လာရသည်။ ထို့ကြောင့် သွေးတိုးရောဂါ ရှိသူသည် သွေးပေါင်ချိန်ကို ပုံမှန်အတိုင်း မထိန်းချုပ်နိုင်ပါက ကိုယ်အလေးအချိန် များခြင်းကြောင့် ရင်ဆိုင်ရသော အထက်ပါ အခက်အခဲများအပြင် သွေးလွှတ်ကြောမှာ ကျုံ့နိုင်ဆန့်နိုင်သည့်အား မရှိသောကြောင့် အရှိန်နှင့် တိုက်စားလာသော သွေးဖိအားဒဏ်ကို မခံနိုင်ပဲ သွေးကြောကို လွယ်ကူစွာ ပေါက်ပြဲစေပြီး သွေးယိုစီးစေခြင်း (Haemorrhage)ကို ဖြစ်ပြီး လေဖြတ်စေနိုင်သည်။

ဆီးချိုရောဂါရှိသူများသည် သွေးထဲရှိ သကြားဓါတ်ကို ပုံမှန်ဖြစ်နေအောင် အမြဲတမ်း မထိန်းချုပ်နိုင်ပါက စားသုံးလိုက်သည့် ထမင်းနှင့် တခြားအာဟာရများမှ ကူးပြောင်းပေးလိုက်သော ဂလူးကို့စ် (သို့) သကြားဓါတ်များကို ဆဲလ်များမှ စုပ်ယူနိုင်ခြင်းမရှိပဲ သွေးထဲတွင်သာ လှည့်လည်သွားလာ နေသောကြောင့် ၎င်းမှာလည်း ကော်လက်စထရောလ်နည်းတူ သွေးကြောနံရံတွင် အနည်ထိုင်စေကာ သွေးကြောကို မာကျော၊ ကျဉ်းမြောင်းစေပြီး အစပဲ့ထွက်လွှင့်မျောကာ ဦးနှောက်သွေးကြောကို သွားပိတ်ဆို့စေခြင်း((Thrombosis) ကို ဖြစ်ပြီး လေဖြတ်စေပါသည်။

(၅) အရက် အလွန်အကျွံသောက်ခြင်း

အရက်အလွန်အကျွံ သောက်ခြင်းသည် ဗဟိုအာရုံကြော အဖွဲ့အစည်း (Central Nervous System (CNS) အား တိုက်ရိုက် ထိခိုက်စေသောကြောင့် အာရုံတုံ့ပြန်မှု (Motor
Function) အလုပ်လုပ်နိုင်အားကို ပျက်စီး (သို့) လျှော့နည်းစေသည်။ ထို့အပြင် သွေးကြောအပါအ၀င် ခန္ဓာကိုယ်ရှိ အင်္ဂါအစိတ်အပိုင်း အားလုံးရှိ ကြွက်သားများကိုလည်း ပြေလျှော့စေသောကြောင့် သွေးလွှတ်ကြော၏ အလုပ်လုပ်နိုင်မှု အားကို ဆုတ်ယုတ်စေပြီး အောင်စီဂျင် ဖြန့်ဖြူးမှုကို ထိခိုက်စေပါသည်။ ကြွက်သား ပြေလျှော့စေခြင်းနှင့် အာရုံတုံ့ပြန်မှု အားနည်းသောကြောင့် ခန္ဓာကိုယ် အလုပ်လုပ်မှုနှင့် ဦးနှောက်ထိန်းချုပ်မှုကို လျှော့စေသော်လည်း အရက်သောက်ခြင်းသည် စိတ်ကို တက်ကြွစေပြီး အာရုံခံစားမှု (Sesory) ကိုမူ လွန်ကဲစေပါသည်။ ထိုတက်ကြွလွန်ကဲသော အာရုံကြောင့် မရှိကို အရှိအဖြစ် ထင်မှတ်ယူဆခြင်း (delusion)၊ အာရုံတွင် တကယ်မဟုတ်သည့် အကြား၊ အမြင်နှင့် ခံစားမှုများ ထင်ဟပ်ဖြစ်ပေါ်နေခြင်း (Auditory, visual and tatile hallusination) တို့အား ဖြစ်ပေါ်စေပါသည်။ လေဖြတ်ခြင်းနှင့် အရက်မူးခြင်း နှစ်ခုစလုံးသည် ဦးနှောက်ကို ထိခိုက်စေခြင်း ဟူသည့် အကြောင်းရင်း တူသောကြောင့် လေဖြတ်သော သူတယေက်တွင် တွေ့နိုင်သည့်လက္ခာတချို့ကို အရက်မူးနေသူတွင်လည်း တွေ့နိုင်ပါသည်။ ၎င်းတို့မှာ အသိ၊ မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရား နည်းသွားခြင်း၊ စကားပြောလျင် ဗလုံးဗထွေးဖြစ်နေခြင်း၊ လမ်းကို ဒယိမ်းဒယိုင်လျှောက်ခြင်း၊ မျက်လုံးကို ကောင်းကောင်း မဖွင့်နိုင်ခြင်း၊ အစာကောင်းကောင်း မမျိုနိုင်ခြင်း စသည်တို့သည် ဦးနှောက်ပုံမှန် အလုပ်မလုပ် နိုင်သောကြောင့် ဖြစ်ပေါ်သော လဏ္ခာများ ဖြစ်သည်။

လက္ခဏာများ

ထိခိုက်သည့် သွေးကြောအလိုက် ဦးနှောက်တစ်ရှူး ပျက်စီးသည့် အစိတ်အပိုင်း ကွဲပြားသောကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း (သို့) အလုပ်လုပ်မှုစနစ် ချွတ်ယွင်းသွားသည့် နေရာနှင့် လက္ခဏာများမှာလည်း ကွဲပြားသည်။ ထိခိုက်သွားသော ဦးနှောက်၏ ဧရိယာအပေါ်မူတည်၍ လှုပ်ရှားရာ၌ ဟန်ချက် မထိန်းနိုင်ဖြစ်ခြင်း၊ ကိုယ်တခြမ်း (သို့) တပိုင်းသေသွားနိုင်ခြင်း၊ မှတ်ဉာဏ် ဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းသွားနိုင်ခြင်း၊ စကားမပြောနိုင်ခြင်း (သို့) မပီတော့ခြင်း၊ တက်ခြင်း၊ နားထဲမှာ ပုံမှန်မဟုတ်ပဲ အမြဲဆူညံနေသလို ခံစားရခြင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။

စမ်းသပ်တွေ့ရှိပုံ

လေဖြတ်ခြင်းကို X-ray, CT (Computer Tomography) scan, Magnetic Resonance Imaging (MRI), သွေးစစ်ခြင်း၊ ဦးနှောက်အတွင်း အရည်စစ်ဆေးခြင်း၊ ဦးနှောက်လျှပ်စစ်လှိုင်းကို (EEG) စစ်ဆေးခြင်းတို့ဖြင့် စမ်းသပ်တွေ့ရှိနိုင်သည်။

ကုသမှု

လေဖြတ်သည်ဟု သိသည်နှင့် (သို့) သင်္ကာမကင်း ဖြစ်သည်နှင့် ချက်ချင်း အရေးပေါ် ဆေးရုံတင်ရမည်။ သွေးကြော ပိတ်ဆို့မှု (သို့) သွေးယိုစီးမှုအတွက် ဦးနှောက်ကို ခွဲစိတ်ကုသရမည်။ ခွဲစိတ်ပြီးနောက် နောက်ထပ်တကြိမ် သွေးကြောပိတ်ဆို့ပြီး လေဖြတ်ခြင်းကို ထပ်မဖြစ်စေရန် ကာကွယ်နိုင်ရန် ဆရာဝန်မှ  Aspirin, Warfarin စသည့် လူနာနှင့် သင့်တော်သည့် သွေးကိုကျဲစေသည့် ဆေးတခုခု ပေးနိုင်သည်။ ထိခိုက်သွားသော ခန္ဓာကိုယ် အစိတ်အပိုင်းအား အကောင်းဆုံး ပြန်လည် အလုပ်လုပ် နိုင်စေရန်အတွက် ထိခိုက် ပျက်စီးသွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းနှင့် ထိခိုက်သည့် အမျိုးအစားအပေါ် မူတည်ပြီး သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်များ၏ အကူအညီဖြင့် ပြန်လည်ပြုစုပျိုးထောင် လေ့ကျင့်ခြင်း (Rehabilitation) ဖြင့် အချိန်ယူ၍ ကုသရပါသည်။
ဦးနှောက် တစ်ရှူးပျက်စီး ဆုံးရှုံးမှု အနည်းအများအပေါ် မူတည်ပြီး အနည်းအကျဉ်းမှ လုံးဝ ပြန်လည် သက်သာ ပျောက်ကင်းနိုင်ပါတယ်။ အလုပ်မလုပ်နိုင် ဖြစ်သွားသည့် ခန္ဓာကိုယ် အစိတ်အပိုင်းအပေါ် မူတည်ပြီး လုပ်ရမည့် လေ့ကျင့်ခန်းမှာလည်း ကွဲပြားသည့်အတွက် တွေ့ရမည့် ကျန်းမာရေး ပညာရှင်များလည်း ကွဲပြားပါတယ်။ ဥပမာ- စကားပြောမရ၊ အစာမျိုမရ၊ (သို့မဟုတ်) စကားပြောမပီ၊ အစာမျိုရခက် ဖြစ်သွားပါက လ့ကျင့်ခန်းအတွက် Speech Pathologists နှင့် Dieticians ကို တွေ့ရမယ်။ ကိုယ်ကာယ ခန္ဓာကိုယ်အစိတ်အပိုင်း မသန်စွမ်း၊ ဖြစ်သွားပါက Physiotherapists နဲ့ Occupational therapists တို့အား တွေ့ရမယ်။ သြစကြေးလျားတွင် လေဖြတ်သည့် အမျိုးအစားအပေါ် မူတည်၍ သက်ဆိုင်ရာ ကျန်းမာရေး ပညာရှင်များနဲ့ တွေ့ပြီးပါက အိမ်မှာ မိမိဖါသာ ဆက်လက် ဆောင်ရွက်ရန် နေ့စဉ် လှုပ်ရှားဆောင်ရွက်သည့် တကိုယ်ရေ တကာယကိစ္စများ ဆောင်ရွက်ရန်နှင့် လေ့ကျင့်ခန်းလုပ်နိုင်ရန်အတွက် အသေးစိတ်ကို သင်ပြပေးပြီး ဆက်လက်ဆောင်ရွက်ရမည့် အစီစဉ်တွေ (Follow up programmes) တွေကို ပေးပြီးမှ ဆေးရုံက ပေးဆင်းပါသည်။ မြန်မာပြည်မှာ လေဖြတ်သူအတွက် လေဖြတ်သူအတွက် ပြန်လည်လေ့ကျင့်ပျိုးထောင်ပေးသည့် ၀န်ဆောင်မှု (Rehabilitation Services) ရှိမရှိ မသေချာသည့်အတွက် အကောင်းဆုံးက အိမ်ရောက်ပြီးနှင့် နောက်ပိုင်း ဆက်လုပ်ရမည့် အချက်များကို ဆေးရုံမဆင်းမီ ဆေးရုံမှာ မိမိအား အဓိက တာဝန်ယူ ကုသပေးသည့် ဆရာဝန် (Treating Doctor) နှင့် အသေအချာ တိုင်ပင်မေးမြန်းခြင်းသည် အကောင်းဆုံး ဖြစ်နိုင်ပါသည်။
ကာကွယ်ခြင်း

ဆေးလိပ်မသောက်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်ထိန်းခြင်း (BMI 18.5-25)၊ အဆီများသည့် အစားအစာများနှင့် အသားကို လိုသည်ထက် ပိုမစားခြင်း၊ သွေးတိုးရှိသူများသည် သွေးပေါင်းချိန်ကို အမြဲတမ်းပုံမှန် ဖြစ်နေအောင် ထိန်းချုပ်ရန် ဆရာဝန်၏ ညွန်ကြားချက်အတိုင်း မပျက်မကွက် လိုက်နာခြင်း၊ ဆီးချိုရှိသူများသည်လည်း သွေးထဲ သကြားဓာတ်ကို မမြဲတမ်းပုံမှန် ဖြစ်နေအောင် ထိန်းချူပ်နိုင်ဘို့အတွက်  ဆရာဝန် ညွန်ကြားသည့်အတိုင်း မပျက်မကွက် လိုက်နာဆောင်ရွက်ခြင်း၊ အရက်ကို သောက်သင့်သည်ဟု သတ်မှတ်ထားသည်ထက် ပိုမသောက်ခြင်း (လုံးဝမသောက်က ပိုကောင်းပါသည်)၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန် ပြုလုပ်ခြင်း စသည်တို့ဖြင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါသည်။ ထိုသို့ မကာကွယ်နိုင်ပါက ဆေးလိပ်သောက်သူ၊ အ၀လွန်သူ၊ သွေးတိုး၊ ဆီးချို ရှိသူ၊ အရက်အလွန်အမင်းသောက်သူ၊ သူများသည် တနေ့လေဖြတ်ပြီး မသန်စွမ်းဘ၀ ရောက်မည့်ရာခိုင်နှုန်းအတော်များပါသည်။  လေဖြတ်ခြင်းကို ဖြစ်ပြီးသူများ ပိုမဆိုးအောင် ကာကွယ်နိုင်ပြီး မဖြစ်သေးသူများ ကောင်းစွာကာကွယ်နိုင်ကြပါစေ။

ရွှ့င်လန်းချမ်းမြေ့ကြပါစေ



Read More...

Thursday, May 7, 2009

Asthma

ပန်းနာရင်ကျပ်ရောဂါ



ပန်းနာရင်ကျပ် ရောဂါဟာ အဆုတ် တွင်းရှိ အသက်ရှူ လမ်းကြောင်း ကို ထိခိုက် စေသော နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပါတယ် .. အမေရိကတွင် လူဦးရေ ၁၇ သန်းကျော် ပန်းနာရင်ကျပ် ရောဂါ ခံစားနေရပြီး သုံးပုံ တစ်ပုံမှာ ကလေးများ ဖြစ်ပါတယ်.. ၂၀၀၂ ခုနှစ် တွင် ပန်းနာရင်ကျပ် ရောဂါကြောင့် ဆေးရုံ တက်ရ သူပေါင်း ၄၇၈,၀၀၀ ဦး ရှိပြီး ၄,၆၅၇ ဦး သေဆုံးခဲ့ ပါတယ်...


အဆုတ်ရဲ့ လုပ်ငန်း တာဝန် အကြောင်း ပထမဆုံး ပြောပြ ချင်ပါတယ်.. ရှူသွင်းလိုက်တဲ့ လေထဲမှ အောက်ဆီဂျင် နဲ့ ခန္ဓာကိုယ် ထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် တို့ ဖလှယ်ခြင်း သည် အဆုတ်၏ အဓိက လုပ်ငန်း တာဝန် ဖြစ်ပါတယ်... အောက်ဆီဂျင် ကြွယ်ဝ သော ရှူသွင်း လိုက်တဲ့ လေဟာ လေမျို (Larynx)၊ လေပြွန်မကြီး (Trachea)၊ လေပြွန် (Bronchus)၊ လေပြွန်ငယ် (Bronchiole) တို့ကို အဆင့်ဆင့် ဖြတ်သန်းပြီး လေအိတ် (Alveoli) များ သို့ ရောက်ရှိ တဲ့အခါ အဆုတ် သွေးလွှတ်ကြော ငယ် (Pulmonary arteriole) များထဲမှ ကာဗွန် ဒိုင် အောက်ဆိုဒ် နဲ့ ဖလှယ် ကြ ပါတယ် (Gas Exchange) ... အဲဒီမှ တစ်ဆင့် အဆုတ် သွေးပြန်ကြော (Pulmonary veins) များမှ နှလုံး သို့ ပို့ဆောင်ပြီး နှလုံးမှ ခန္ဓာကိုယ် တစ်ခုလုံး သို့ ဖြန့်ဝေ ပို့လွှတ်ပါတယ်... ဒါ့ကြောင့် အောက်ဆီဂျင် ကို ခန္ဓာကိုယ် အနှံ့အပြား မှ တစ်ရှူးများ၊ ဆဲလ် များ အသက် ရှင်သန် ရေးအတွက် အသုံး ပြုနိုင် ကြပါတယ်..


ပန်းနာ ရင်ကျပ် ရောဂါ ခံစား ရပြီ ဆိုလျှင် အဆုတ်ဟာ အဓိက တုန့်ပြန်မှု (၃) ရပ် ဖြစ်ပေါ် ပါတယ်...


  1. အဆုတ် လေပြွန်ငယ် များ (Bronchioles) ကျဉ်းမြောင်း လာခြင်း (Bronchoconstriction)

    • လေပြွန်ငယ် များရှိ ကြွက်သား များ ကျုံ့ခြင်း ကြောင့် လေပြွန်ငယ် များ ကျဉ်း လာပါတယ်.. ဒါ့ကြောင့် အသက် ရှူထုတ် တဲ့ အခါ ၀ီစီ ကဲ့သို့ အသံ မြည်ပြီး မောလာ တတ်ပါတယ်..

  2. အဆုတ် လေ၀င် ရာ လမ်းကြောင်း တစ်လျှောက် ယောင်ရမ်းပြီး အချွဲများ (mucus) ထွက်လာခြင်း (Bronchial Inflammation)

    • ဓါတ်မတည့် ပစ္စည်း တစ်မျိုး ခန္ဓာ ကိုယ်တွင်း ၀င်ရောက် လာပါက လေပြွန်ငယ် နံရံ တစ်လျှောက် မှ ယောင်ရမ်း ခြင်းကို ဖြစ်စေသော ဓာတု ပစ္စည်း များ (Histamine, Leukotrienes) ထွက်လာပြီး လေပြွန် ငယ် များကို ယောင်ရမ်း စေပြီး ချွဲပြစ်သော အရည်များ (mucus) ထွက်လာပါတယ်.. လေပြွန်ငယ် ယောင်ရမ်း မှု၊ ချွဲထွက် လာမှု ကြောင့် လေပြွန်ငယ် ကျဉ်းခြင်း ပိုဆိုး လာစေ ပါတယ်...

  3. အဆုတ် လမ်းကြောင်း တစ်လျှောက်မှ တုန့်ပြန်မှု လွန်ကဲခြင်း (Hyperreactivity)

    • ဓာတ်မတည့် မှုကြောင့် ကြာရှည်စွာ လေပြွန်ငယ် ယောင်ရမ်း ခြင်း ၊ လေပြွန်ငယ် ကျဉ်းမြောင်း ခြင်း ဖြစ်ခြင်း ကြောင့် ဓာတ်မတည့် မှု ပစ္စည်း များ ကို ပို၍ တုန့်ပြန်မှု များ လာပါတယ်...(Hypersensitivity)


Read More...

Tuesday, May 5, 2009

Resource Materials for Local NGOs & CBOs

ဒေသခံ လူမှုရေး အဖွဲ့အစည်းများအတွက် နည်းပညာ ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ

ဒီ network Learning ဆိုတဲ့ website ကလေးထဲမှာ အစိုးရ မဟုတ်တဲ့ အဖွဲ့ အစည်းကလေး တစ်ခုကို ဘယ်လို ကောင်းမွန်စွာ တည်ဆောက်ကြမလဲ ဆိုတာက စလို့ အလှူရှင်တွေဆီ စာရေးတာ အပါအ၀င် NGO တစ်ခု အတွက် လိုအပ်တဲ့ နည်းပညာ အထောက်အကူ တော်တော်များများ ရှိနေတာကို တွေ့ရပါတယ်။

အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုကို ဘယ်လို ကျင်းပရသလဲ၊
အခြေခံ နှစ်သိမ့်ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ နည်းပညာ၊
ဝန်ထမ်းတွေကို ဘယ်လို အရည်အသွေး မြှင့်တင်ရမလဲ၊
ကျား၊မ အခန်းကဏ္ဍနဲ့ ပတ်သက်တဲ့ အသိပညာ၊
ကိုယ့်အဖွဲ့လေးရဲ့ အားနည်းချက်၊ အားသာချက်၊ လုပ်ဆောင်နိုင်ခြေ၊ အခက်အခဲ စတာတွေကို ဘယ်လို ပြန်လည်သုံးသပ်မလဲ၊
ငွေကြေး စီမံခန့်ခွဲမှု၊
အစီရင်ခံစာ ရေးတာ စတာတွေနဲ့ ပတ်သက်တဲ့ e-book တွေကို download လုပ်ပြီး ဖတ်လို့ ရပါတယ်။

Read More...

Sunday, May 3, 2009

365 days and beyond

၃၊ ၅၊ ၂၀၀၉

၃၆၅ ရက် အလွန်


လူပေါင်း တစ်သိန်းကျော်ကို တစ်ညတည်းမှာ အသက်ဆုံးပါး စေခဲ့တဲ့ နာဂစ် ဖြစ်ခဲ့တာ ၃၆၅ ရက် ရှိပြီ။ အချိန်တစ်နှစ် ကြာသွားပြီဆိုတော့ အားလုံးမေ့မေ့ ပျောက်ပျောက်ပဲလား။

မဟုတ်ပါ။

မြန်မာနိုင်ငံတွင်းကရော နိုင်ငံ ပြင်ပကပါ စေတနာရှင်များက ဆက်လက် ထောက်ပံ့ကူညီ နေတဲ့အတွက် ကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ ရှင်သန်နေဆဲပါလေ။

အောက်က ဗွီဒီယိုလေးကတော့ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့များစွာထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေး ကွန်ရက်အဖွဲ့ ရဲ့ မူလတန်းကျောင်း (တူးမြောင်းကျေးရွာ၊ ဒေးဒရဲမြို့နယ်၊ ဧရာဝတီတိုင်း) ဆောက်လုပ် လှူဒါန်းမှု မှတ်တမ်းလေးပါ။ နတ်လူ သာဓုခေါ်နိုင်ကြပါစေ။