Sunday, November 2, 2008

Emergency Contraception !!!


အရေးပေါ် သားဆက် ခြားနည်းများ

အရေးပေါ်သားဆက် ခြားနည်းများ တွင် သောက် ဆေး ကို အတူနေပြီး ( ၇၂ ) နာရီ အတွင်း အသုံး ပြု နိုင် ပါ သည် ။
Postinor သို့ မ ဟုတ်Ecee-2 ကို အသုံး ပြု နိုင် ပါ သည် ။ ထို ဆေး တို့  တွင် levonogestrol ( 0.75 mg ) ပါဝင် ပါ သည် ။
တခါ သောက် လျှင် ၂ လုံး တစ် တွဲ သောက် ရပါ သည် ။ ထို ဆေး များ လွယ် တကူ မ ရ ပါ က ရိုး ရိုး လက်ညိုး ထိုး တား ဆေး ကဒ်
မှအညို ရောင်ဆေး လုံး များ ကို ၄ လုံး ၄ လုံး စီ ၁၂ နာရီ ခြား ပြီး သောက် ရင် လဲ ရ ပါ သည် ။
ထိုဆေး များ သောက် ပြီး ၂ နာ ရီ အတွင်း ဆေး များ အန် ပါ က ချက် ချင်း ဆေး ထပ် သောက် ဖို့ လို အပ် ပါ သည် ။
အရေးပေါ် သားဆက် ခြားနည်း မှ ပစ္စည်း ထည့် နည်း တွင် အတူ နေ ပြီး ( ၅ ) ရက် အတွင်း ထည့် နိုင် ပါ သည်။
ပစ္စည်း ထည့် ပြီး မှ မတော် တဆ ကိုယ် ၀န် ရ သွား ပါ က ... သိ သိ ချင်း ပြန် ထုတ် ပစ်ရ ပါ မည် ။


Related Posts :



4 comments:

Dr. Junior said...

emergency contraception သုံးရာမှာ သတိထားရမှာတော့ မရည်ရွယ်ဘဲ အတူနေဖြစ်ရင်သာ သုံးသင့်တာ ဖြစ်ပြီး အတူနေ ဇနီးမောင်နှံတွေမှာ မသုံးသင့်ပါဘူး။ စိတ်ချရတဲ့ ရာခိုင်နှုန်း နည်းပါးတဲ့ အပြင် သားအိမ်ပြင်ပ သန္ဓေတည်နိုင်တဲ့ အခွင့်အလမ်း ပိုများတယ်လို့ ဆိုပါတယ်။

Unknown said...

Ecee2 ကိုသုံးရင် ဘယ်လို Side Effect တွေရှိသေးလဲဟင် သိချင်တယ်..
ကျွန်တော်တို့က အိမ်ထောင်သည်တွေပါ..
ဘယ်လိုသားဆက်ခြားရင်ကောင်းမလဲလို့..
Ecee2 ကိုပဲ အခုသုံးပါတယ်..
အကြံကောင်းပေးပါဦး
ဆေးဆိုရင်လည်း အကောင်းဆုံးဆေးတစ်လက်ရဲ့နံမည်
သိပါရစေ..

ni ni said...

levono 72 ဆေးကို တလမှာ တခါအမြဲသုံးလို့ ရပါသလား။ တလလျှင် တ၇က်နှစ်ရက် သာတွေ့ရတဲ့ ဇနီးမောင်နှံတွေအနေနဲ့ အဲ့ဒီဆေးကို လစဉ်သုံးလျှင် အဆင်ပြေနိုင်ပါသလား။ နောင်ကလေးပြန်ယူလျှင် အဆင်ပြေနိုင်ပါသလား သိပါရစေ။

Unknown said...

အကယ်​၍လိင်​တစ်​ကြိမ်​တစ်​ခါဆက်​ဆံခဲ့မယ်​ဆိုရင်​လက်​ညိုးထိုး​ဆေးအညိုေ၇ာင်​လုံးကိုဘယ်​နှစ်​ကတ်​ကုန်​သည်​အထိ​သောက်​သုံးသင့်​ပါသလဲ။