Friday, May 30, 2008

Carbon Monoxide

ဆိုးရွားလှတဲ့ အခြေအနေတွေကြားမှာ ဆီးဈေးကြီးလို့ မီးစက်မထွန်းနိင်သေးဘူးလို့ ဆိုနိုင်ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် မီးစက်ထွန်းမိကြတဲ့အခါ ၀န်ပိမှာလည်း စိုးမိလို့ သံလွင်အိပ်မက်မှာ ရေးပေးဖြစ်ခဲ့တဲ့ ပို့စ်လေးတခုကို ပြန်တင်ပေးလိုက်ပါတယ်။

Read More...

Friday, May 2, 2008

Allergies

ဓါတ်မတည့်ခြင်း





ဓါတ်မတည့်ခြင်းသည် လူတိုင်းလိုလို ဖြစ်ပွားပုံနဲ့ပြင်းထန်မှုသာကွာခြားပြီး တစ်မျိုးမဟုတ်တစ်မျိုးဖြစ်
ဘူးကြလိမ်မ့ယ်....မျက်စိတွေယားလာမယ်.နှာရည်တွေရွှဲလာမယ်.နှာခြေမယ်..ကအစ အင်ပြင်တွေ
ထွက် အသက်ရှူကြပ် ရှော့(shock)ဖြစ်တဲ့အထိ ပြင်းထန်မှုအမျိုးမျိုးတွေ့နိုင်ပါတယ်..
ဒီလိုဖြစ်တာဟာ ခန္ဓာကိုယ်ရဲ့ခုခံမှုစနစ်က ခန္ဓာကိုယ်တွင်းဝင်လာတဲ့အရာများကို ရန်သူသဖွယ်သ
ဘောထားပြီး မှားယွင်းတုန့်ပြန်တိုက်ခိုက်မှုကြောင့် ဖြစ်လာတာပါ…..မိမိနဲ့ဓါတ်မတည့်တဲ့အရာဝတ္ထု
တစ်မျိုးခန္ဓာကိုယ်တွင်းဝင်လာမယ်ဆိုရင် IgE antibodies ခေါ် ခန္ဓာကိုယ်ခုခံမှုစနစ်အဖွဲ့ဝင်ရဲ့ တုန့်
ပြန်မှုကြောင့် ကာကွယ်ရေးဓါတ်ပစ္စည်းများ သွေးလှည့်ပတ်မှုစနစ်အတွင်းသို့ ထွက်လာပါတယ်..အဲ
ဒီဓါတ်ပစ္စည်းများထဲကတစ်မျိုးဟာ Histamine ဖြစ်ပါတယ်..သွေးအတွင်း Histamine ဓါတ်ရောက်
ရှိလာရင် မျက်စိ၊ နှာခေါင်း၊ လည်ချောင်း၊ အဆုတ်၊ အရေပြား၊ အစာအိမ်အူလမ်းကြောင်းတစ်
လျှောက် ဓါတ်တုန့်ပြန်မှုဖြစ်ပေါ်ပြီး ဓါတ်မတည့်လက္ခဏာများ ပေါ်ပေါက်လာပါတယ်..
မျက်စိယားခြင်း၊ မျက်ရည်ထွက်ခြင်း၊ နှာရည်ကျနှာစေးခြင်း၊ နှာခြေခြင်း၊ လည်ပင်းယားယံခြင်း၊ ပန်း
နာကဲ့သို့အသက်ရှူကျပ်လာခြင်း၊ အရေပြားပေါ်တွင်အနီကွက်အင်ပြင်များထွက်ခြင်း၊ သတိမေ့မျောပြီး
ရှော့(shock)ဖြစ်ခြင်းစတဲ့ ရောဂါလက္ခဏာများ ရောဂါပြင်းထန်မှုအဆင့်အလိုက် ဖြစ်ပွားနိုင်ပါတယ်..

Read More...