Sunday, October 30, 2011

Chilli ငရုတ်သီး အရသာ

Sat, Oct 29, 2011 at 4:34 PM
သမီး အစ်ကို ဘာရောဂါဖြစ်နေမှန်းမသိလို့။ သူက အရင်တုန်းကတော့ ကွမ်းစားတယ်။ မစားတာ နှစ်လလောက်တော့ ရှိပါပြီရှင့်။ သူအခု အစပ်စားလို့ မရတဲ့ ရောဂါ ဖြစ်နေပါတယ်ရှင့်။ အရောင်တင်လေး နည်းနည်းလေးပါရင်ကို လျှာကော လည်ချောင်းကော အာခေါင်ကော စပ်နေပါတယ်။ လျှာကွဲတာလည်း မဟုတ်ဘူးလို့ ပြောပါတယ်ရှင့်။ နည်းနည်းလေး စားမိရင် ချွေးသီးချွေးပေါက်တွေ ကျလာပါတယ်။ မခံမရပ်နိုင်အောင် စပ်တယ်ပြောလို့ အစပ်မစားပဲ နေနေရပါတယ်။ ဘာဖြစ်မှန်းလည်း မသိပါဘူးရှင့်။ သူ့အသက်က ၂၅ နှစ်ပါ။ အာခေါင်-ကင်ဆာ ဖြစ်နိုင်မလားရှင့်။ ရောဂါရယ်၊ သောက်ရမဲ့ဆေးရယ် သိချင်ပါတယ်ရှင့်။

Read More...

Nipple discharge နို့ကနေ နို့မဟုတ်တာ ထွက်ရင်

2011/10/29
ကျွန်မ အသက် ၃၅ ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်က ကျွန်မ ဘယ်ဘက် Nipple မှာ အရည်ကြည်နည်းနည်း ထွက်ပါတယ်။
ရေချိုးပြီးလို့ တဘက်နဲ့ သုတ်ပြီးတဲ့အခါမှာ အရည်ကြည်လေး နည်းနည်း တွေ့ပါတယ်။ နောက်ပိုင်း မတွေ့တော့ အမှတ်တမဲ့ နေဖြစ်ပါတယ်။ ရာသီမလာခင်နဲ့ လာပြီးအချိန် အကျိတ်အဖုတွေ မိမိဘာသာ စမ်းသပ်ဖြစ်ပါတယ်။ အကျိတ်အဖုတော့ မစမ်းမိပါဘူး။ တစ်လကို သုံးလေးကြိမ်တော့ ကိုက်ပါတယ်။ ရာသီမလာခင်ကော၊ လာပြီးချိန်ကော ကိုက်ပါတယ်။ ဘယ်ဘက်က ပိုကိုက်ပါတယ်။

Read More...

Wednesday, October 26, 2011

Doctor-patient relationship (2) ဆရာ-လူနာ ဆက်ဆံရေး (၂)

Wed, Oct 26, 2011 at 10:27 AM
ဆရာရဲ့ “လူနာဆရာဆက်ဆံရေး” အကြောင်း ဖတ်ပြီး၊ The Voice က Interview ကို ဆရာဘယ်လို မှတ်ချက်ပြုမလဲ ဆိုတာ သိချင်လာပါတယ်။ Link ပေးလိုက်ပါတယ်။

ပေးတဲ့ (လင်ခ်) ကို သွားလို့ မရပါ။ ဒါနဲ့ ရှာဖတ်ပါတယ်။ အူအတက်ရောဂါ၊ နှစ်ခါ ခွဲစိတ်ကုသရတာ နဲ့ လူနာ ကွယ်လွန်သွားရရှာတဲ့ သတင်းကို (ရေဒီယို) နဲ့ (အင်တာနက်) ကတဆင့် ကြားရ၊ ဖတ်ရပါတယ်။ လက်လှမ်း မီသလောက်ပေါ့။ မေးလာလို့တော့ ဖြေရမဲ့ တာဝန်ရှိတာမို့ ပြန်ဖြေပါမယ်။ ပုံနှိပ်ထုတ်ဝေဘို့ မရေးခဲ့သေးပါ။ ရေဒီယိုကလဲ မပြောခဲ့ပါ။

Read More...

Tuesday, October 25, 2011

Drug Expiration Dates ဆေးတွေ ရက်လွန်နေရင်

Mon, Oct 24, 2011 at 10:56 PM
Medicine ဆေးတွေကို ဘယ်လောက်ရက်ကျော်ရင် Expire လို့ သတ်မှတ်ပါသလဲ။ ရက်လွန်ဆေးရဲ့ Side Effect တွေကို ပြည့်စုံအောင် ရှင်းပြပေးပါ။

“ပဲလှော်လို ဝါးစားကြတယ်” လို့ တင်စားတတ်တဲ့ အများသုံးဆေးတွေထဲက အကိုက်အခဲ-အဖျားပျာက်ဆေး (အက်စပရင်) ကို ရက်လွန်သွားတာ သောက်မိရင် သေနိုင်တယ်လို့အထိ သတိပေးတာ မမှားပါ။ အကုန်လဲ မမှန်ပါ။

Read More...

Friday, October 21, 2011

Iron supplement and Liver diseases သံဓါတ်နဲ့ အသဲရောဂါ

ကျွန်တော့် အမျိုးသမီးက အသက် ၃၇၊ ကိုယ်ဝန် ၉ ပတ်ထဲမှာပါ။ အမျိုးသမီးက Hepatitis B carrier patient ပါ။ ဒါ့ကြောင့် ဆရာဝန်က သံဓာတ်နဲ့ မတည့်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ သံဓာတ်ပါသော Obimin ဆေး သောက်သင့်/မသင့် သိချင်ပါတယ်။ ဆရာဝန်ကတော့ Folic Acid ပဲပေးလိုက်ပါတယ်။ ကျွန်တော်တို့က အပြင်ဆေးဆိုင်က Obmin- AZ ဆိုတာ ဝယ်လာခဲ့မိပါတယ်။ သူ့မှာပါတဲ့ ဆေးအမယ် တွေကတော့ ဗီတာမင်တွေအပြင် Ferrous Fumarate – 200 mg ပါတာ ဖတ်ရပါတယ်။

သန္ဓေသားဟာ သံဓာတ်လိုတယ်လို့ ရေးထားတာ ဖတ်ဖူးပါတယ်။ သံဓာတ်ဟာ ကလေးအတွက် မဖြစ်မနေ သောက်သင့်တယ်ဆိုရင် အမျိုးသမီးကတော့ သူ ထိခိုက်ပေမယ့်လည်း သောက်ချင်တယ် လို့ပြောပါတယ်။ ဒါကြောင့်မို့ Obimin ကို ဆက်သောက်သင့်၊ မသင့် ညွှန်ကြားပေးပါဦး။ ဒါမှမဟုတ် မိခင်ရော ကလေးပါ အဆင်ပြေမယ့် နည်းလမ်းရှိရင်လည်း ညွှန်ကြားပေးပါဦး။

Read More...