Thursday, November 27, 2008

Healthy Diet

ကျန်းမာစွာ အသက်ရှင် ရပ်တည်ရန် နေ့စဉ် စားသုံးရန်လိုအပ်သော အစာပမာဏ

ဗီတာမင်နှင့် သတ္တုဓါတ်များသည် သီးခြား တည်ရှိနေခြင်း မဟုတ်ပဲ Macronutrients များထဲတွင် ပါဝင် နေသောကြောင့် အာဟာရ အကြီးစားများကို နေ့စဉ် စားသုံးသင့်သည့် ပမာဏအတိုင်း လုံလောက် မျှတစွာ စားသုံးပါက လိုအပ်သော ဗီတာမင်နှင့် သတ္တုဓါတ် များကို မချို့တဲ့အောင် ကာကွယ် ပြီးသား ဖြစ်သလို တခြား ရောဂါပေါင်းများစွာကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါသည်။ နေ့စဉ် စားသုံး သင့်သည့် ပမာဏ အတွက် Australian Guideline for Healthy Diet တွင် အကြံပြု ထားသည့်အတိုင်း ကောက်နှုတ် တင်ပြ လိုက် ပါသည်။ ထို အကြံပြုချက် ထဲတွင် အရည်ဖြစ်စေ၊ အဖတ်ဖြစ်စေ တခွက်စာ ဆိုသည်မှာ အရည် ၂၅၀ မီလီလီတာ ၀င်သည့် ခွက် (သို့) ပန်းကန်လုံး တလုံးစာကို ဆိုလိုပါသည်။ နေ့စဉ် စားသုံး သင့်သည့် အစားအစာ များကို အောက်ပါအတိုင်း အုပ်စုကြီးငါးခု ခွဲထားပါသည်။

၁။ ကာဗွန်ဟိုက်ဒရိတ် (ကစီဓါတ် များသော) နှံစား သီးနှံများ

ထမင်း၊ ပေါင်မုန့်၊ cereals, Pasta, ခေါက်ဆွဲ စသည် ဆန်၊ ဂျုံ၊ ပြောင်း တို့ဖြင့် ပြုလုပ် ထားသော အစားအစာ အကုန်လုံးပါဝင်ပြီး စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ်ပြီး ငါးကြိမ် အထိ စားသုံး သင့်သည် ဟု စံ သတ်မှတ် ထားပါသည်။
- ပေါင်မုန့် အချပ်ဖြစ်ပါက နှစ်ချပ်
- ပေါင်မုန့်အလုံးဖြစ်ပါက အနေတော်အရွယ် တလုံး
- ခေါက်ခွဲ၊ Pasta, cereal နှင့် ထမင်း ဖြစ်ပါက ပန်းကန်လုံးတလုံးစာ ( ယောင်းမ (သို) ထမင်းခူးဇွန်း အနေ တော်အရွယ်နှင့် တခပ်စာ) သတ်မှတ်ထားပါသည်။ သို့သော်လည်း ထမင်းကို အဓိကစားသော မြန်မာ လူမျိုးများအတွက်မူ ထမင်းကို ယောင်းမနှင့် တခပ်စာကို တခါစားအဖြစ် တင်းတိမ် နိုင်မည် မဟုတ် သဖြင့် ငါးခွက်စာကို မိမိ တနေ့စာ သတ်မှတ်ပြီး အကြိမ်ကို မိမိ ကြိုက်နှစ်သက် သလို သတ်မှတ် စားသုံး နိုင်ပါသည်။ အလုပ်ကြမ်း လုပ်သူမဟုတ်ပဲ ထိုထက် ပိုစားပါက အ၀လွန် ရောဂါရပြီး နောက်ဆက်တွဲ ရောဂါများစွာ ရနိုင် ပါသည်။

၂။ ဟင်းသီး ဟင်းရွက်များ

ဟင်းသီး ဟင်းရွက်များ ကိုလည်း စားသုံး သင့်သည့် ပမာဏကို အောက်ပါအတိုင်း သတ်မှတ် ထားပါသည်။
- ဟင်းသီးဟင်းရွက် အစိမ်း (သို့) အကျက် ၇၅ ဂရမ် (သို့) တခွက်စာ
- ရောနှောထားစသည့် အသီးအရွက် ဖြစ်ပါက တခွက်စာ
- အာလူး (သို့) ခရမ်းချဉ်သီးကဲ့သို့ အစားအစာ ဖြစ်ပါက တလုံးခန့် စသည်ဖြင့် တခါစားကို သတ်မှတ်ထားပြီး တနေ့စာအတွက် ငါးကြိမ် စာခန့် စားသင့်ပါသည်။ သို့သော်လည်း ဟင်းသီးဟင်းရွက်သည် ခန္ဓာကိုယ်အတွက် အများဆုံး စားသင့် သောကြောင့် အစာအိမ်မှ လက်ခံ ပါက သတ်မှတ် ထားသည် ထက် ပိုစား၍ ပြဿနာ မရှိပါ။

၃။ အသီး နှံများ


အသီးနှံများကို အနည်းဆုံး တနေ့ နှစ်ကြိမ်ခန့်နှင့် တခါစားကို အောက်ပါ စံ သတ်မှတ် ထားသည့် ဥပမာ အတိုင်း စားသုံးသင့်ပါသည်။
- အနေတော်အရွယ် ပန်းသီး၊ ငှက်ပျောသီးနှင့် ကီဝီသီး စသည့် တလုံး
- အရည် ဖြစ်ပါက ခွက်တ၀က်
- စပျစ်သီး၊ စထရော် ဘယ်ရီကဲ့သို့ အသီးများနှင့် အသီးမျိုးမျိုးကို စိတ်ပြီး ရောနှောထားပါက တခွက်စာ
- အသီးခြောက်များ ဖြစ်ပါက ခွက်တ၀က်စာ နှင့် စည်သွပ် ထားသည့် အသီးဖြစ်ပါက တခွက်စာ ကို တခါစားအဖြစ် သတ်မှတ် စားသုံး သင့်ပါသည်။

အရည် ဆိုသည်မှာ ဆော်ဒါနှင့် သကြားပါဝင်သည့် Soft Drink ကို ဆိုလြိုခင်း မဟုတ်ပဲ ပန်းသီး (သို့) တခြားအသီးနှံများကို ရေအပါအ၀င် မည်သည့် အကူပစ္စည်းမှ မရောပဲ ၁၀၀% အရည် ညှစ်ထားသော သစ်သီးရည် ကိုသာ ဆိုလို ပါသည်။ အချိုဓါတ် နည်းသည့် အသီး ဖြစ်ပါက တနေ့ နှစ်ကြိမ် ထက် ပိုစား နိုင်ပါသည်။

၎။ နို့ထွက် ပစ္စည်းများ

နို့နှင့် နို့ထွက် အစားအစာ များကို တနေ့ နှစ်ကြိမ် မှ ငါးကြိမ် ခန့်အထိ စားသုံး သင့်ပြီး တခါစားကို အောက်ပါ ဥပမာအတိုင်း စံ သတ်မှတ် ထားပါသည်။
- ပဲနို့ (သို့) မလိုင်ဆယ်ပြီးသောနို့ (Skim milk) တခွက်စာ (၂၅၀ မီလီလီတာ)
- Cheese နှစ်လွှာ (သို့) ၄၀ ဂရမ်
- ဒိန်ချဉ် ၂၀၀ မီလီလီတာ

၅။ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးနှင့် အစေ့များ

အသားဓါတ်ကို အဓိက ပေးသော အစားအစာများ ဖြစ်ပြီး အသားဓါတ်သည် ခန္ဓာကိုယ်ထဲတွင် ၇၀% ထုတ်လုပ်သောကြောင့် တနေ့ကို ၁-၂ ကြိမ်ခန့်သာ စားသုံးသင့်ပါသည်။ တခါစားရန် ပမာဏကို အောက်ပါအတိုင်း ဥပမာပေးပါသည်။
- ချက်ပြုတ်ထားသော အဆီနှင့် အရေပြားမပါသည့် ကြိုက်နှစ်သက်ရာ အသား သေးသေးနှစ်တုံး (သို့) ၆၅-၁၀၀ ဂရမ်ခန့် (စဉ်းထားသည့် အသား ဖြစ်ပါက ခွက်တ၀က်စာ)
- ကင်ထားသော အသားနှစ်လွှာ
- ငါးအသား ၈၀ - ၁၂၀ ဂရမ်
- ကြက်ဥ သေးသေး နှစ်လုံး
- မြေပဲ၊ နှမ်း၊ နေကြာစေ့နှင့် တခြား အခံမာစေ့များ ခွက်တ၀က်ခန့်
- အပြုတ် (သို့) ကျက်ပြီးသော ပဲအမျိုးမျိုး တခွက်စာ စားသုံး သင့်ပါသည်။

နိဂုံးချုပ် အနေဖြင့် အသက်ရှင်စဉ် ကာလ တွင် ကျန်းမာရေး သည် လူတယောက် အတွက် ပထမ အရေးကြီးဆုံး လိုအပ်ချက် ဖြစ်ပါ သည်။ လူတယောက် ကျန်းမာစွာ အသက်ရှင်ရပ် တည်ရန် အတွက် အဟာရသည် အရေးကြီးဆုံး ဖြစ်ပြီး ကာကွယ်ခြင်း သည် ကုသခြင်း ထက် ပိုမို ထိရောက်သည် ဟူသည့် စကားနှင့် အညီ အာဟာရကို လုံလောက် မျှတစွာ စားသုံးခြင်း ဖြင့် အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း တို့ကို ရှောင်ကျဉ် နိုင်ပြီး ၎င်းတို့ကြောင့် ဖြစ်လာ နိုင်သည့် ရောဂါ ပေါင်း များစွာ ကိုလည်း ကာကွယ်သင့်ပါသည်။

Read More...

Wednesday, November 26, 2008

Essential Nutrients for Healthy living (2)

ကျန်းမာစွာ အသက်ရှင်ရန် မရှိမဖြစ် လိုအပ်သော အာဟာရ (၂)

Micronutrients များမှာ ဗီတာမင်များ နှင့် သတ္တုဓါတ်များ ဟူ၍ နှစ်မျိုးရှိပြီး ၎င်းတို့ကို ခန္ဓာကိုယ် အတွင်း ဇီဝကမ္မ လုပ်ငန်းများ ပုံမှန် လည်ပတ် နိုင်ရန်အတွက် အကူ အင်ဇိုင်း အဖြစ် လည်းကောင်း၊ ချိန်ခွင်လျှာ ထိန်းညှိ ပေးသည့်အရာများ အဖြစ် လည်းကောင်း ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်ပါသည်။ Macronutrients ( အကြီးစား အာဟာရများ) အကြောင်း ကို ပထမပိုင်းတွင် တင်ပြခဲ့ပြီး ဖြစ်၍ ဤ ဒုတိယ ပိုင်းတွင် Micronutrients ( အသေးစား အဟာရများ) ၏ အလုပ် လုပ်ပုံနှင့် ရနိုင်သည့် အစားအစာ၊ စားသုံး သင့်သည့် ပမာဏနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာများ ကို တင်ပြ လိုက်ပါသည်။

1. ဗီတာမင်များ (Vitamins)

ဗီတာမင်ကို ရေတွင် ပျော်ဝင်သော ဗီတာမင် (Water-soluble Vitamins) နှင့် ဆီတွင် ပျော်ဝင်သော ဗီတာမင် (Fat-soluble Vitamins) ဟူ၍ နှစ်မျိုး ခွဲခြား ထား ပါသည်။ ဗီတာမင် C နှင့် B အုပ်စုဝင် များသည် ရေတွင် ပျော်ဝင်သည့် ဗီတာမင်များဖြစ်ပြီး ဗီတာမင် A, D, E နှင့် K များသည် အဆီတွင် ပျော်ဝင်သော ဗီတာမင်များ ဖြစ်သည်။ ကွဲပြား သည်မှာ အဆီတွင် ပျော်ဝင်သော ဗီထာမင် တချို့ကို ခန္ဓာကိုယ် မှ ထဲမှာပင် ထုတ်လုပ် သော ကြောင့် အစားအစာ များတွင် ၀ါဝင်ရန် မလိုပါ၊ သို့သော် လည်း ၎င်းတို့၏ အသုံးဝင်ပုံနှင့် ချို့တဲ့ပါက ဖြစ်လာ နိုင်သည့် ပြဿနာ များကို သိရှိထား ရန် လိုအပ်ပါသည်။ ရေတွင် ပျော်ဝင်သော ဗီတာမင်များ သည် ခန္ဓာကိုယ် ထဲတွင် သိုလှောင် ထားခြင်း မရှိ သော ကြောင့် နေ့စဉ် ပုံမှန် စားသုံးရန် လိုအပ်သည့် မရှိမဖြစ် သည့် အာဟာရ များ ဖြစ်သည်။

ဗီတာမင် A

ခန္ဓာကိုယ် အတွင်း အပေါ်ရံ ဆဲလ်များနှင့် ချွဲသလိပ် ရှိရာဆဲလ် ( Mucosa cells) ကို ပုံမှန် ဖွဲ့စည်း စေ၍ အလင်းရောင် နည်းသော နေရာတွင် အမြင် အာရုံကို ပိုမို ကြည်လင် အောင် ဆောင်ရွက် ပေးသည်။ ၎င်းကို တိရိစ္ဆာန် ထွက် အစားအစာများ၊ ဂေါ်ဖီထုပ်၊ ဆလတ်ရွက် မုံလာဥစသည့် ဟင်းသီး ဟင်းရွက်များ နှင့် အသီးနှံ အမျိုးမျိုး တွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ညဘက် မမြင်ရခြင်း၊ အရေပြား ကြမ်း၍ ခြောက်ခြင်း နှင့် ရေရှည် ချို့တဲ့နေပါက မျက်ကြည်လွှာ ခြောက်ခမ်း တွန့်လိမ်ပြီး မျက်စိကွယ် သည် အထိ ဖြစ်နိုင်ပါသည်။

ဗီတာမင် B1

ကာဗွန် ဟိုက်ဒရိတ်အစာ ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် နာ့ဗ်ဆဲလ်များ အဟာရအတွက် အထောက်အကူ ပြုပေးသည်။ ၎င်းကို ကစီဓါတ် အစာမျိုးမျိုး၊ ပဲ၊ အသား၊ အာလူးနှင့် သစ်စေ့များ၊ လိမ္မော်သီး၊ ဖရဲသီးနှင့် ထောပတ်သီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အစား အသောက်ပျက်ခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ခြင်း (neuritis)၊ Beriberi ဟုခေါ်သည့် ဖေါ်ရောင်ခြင်း ( Wet beriberi) သို့မဟုတ် အလွန်အမင်း ပိန်ချုံးခြင်း (Dry beriberi) စသည့်တို့ကို ဖြစ်စေနိုင်ပါသည်။ ရေရှည် ဖြစ်နေပါက အာရုံကြောများ ပျက်စီး ယိုယွင်း လာခြင်းနှင့် နှလုံးရောဂါကြောင့် အသက် ဆုံးရှုံး သည်အထိ ဖြစ်နိုင် ပါသည်။

ဗီတာမင် B2

၎င်းကို ကာဗွန် ဟိုက်ဒရိတ်အပြင် အသားဓါတ် ဇီဝကမ္မ လုပ်ငန်းစဉ်နှင့် သွေးနီဥ ထုတ်လုပ်သည့် နေရာတွင် အသုံးပြု ပါသည်။ ၎င်းကို အသည်း၊ နို့၊ ဥများနှင့် ကီဝီသီး များတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား၊ လျှာနှင့် ပါးစပ်အချွဲအမြှေးပါး ရောင်ရမ်းခြင်း (angular stoma titis)၊ နှုတ်ခမ်းကွဲပြီး ကျီးကန်း ပါးစပ်နာ ဖြစ်ဖြင်း၊ ခြေဖ၀ါးများ ပူစပ်ပူလောင်ဖြစ်ခြင်း၊ မျက်စိယားပြီး ပူစပ်ပူလောင်ဖြစ်ဖြင်းနှင့် အလင်းရောင် အပေါ် ခံနိုင်ရည် မရှိခြင်း တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B3

အပေါ်ယံ သွေးကြောကို ကျယ်စေခြင်း၊ အဆီဓါတ်နှင့် ကော်လက် စရောလ်ကို ကျဆင်း စေခြင်း အတွက် အသုံးပြု သည့်အပြင် အရေးကြီး သည့် တစ်ရှူးများ အသက်ရှူ သည့် လုပ်ငန်းတွင် လိုအပ်သော အင်ဇိုင်းကို ၎င်းမှ ဖွဲ့စည်း ပေးပါသည်။ ၎င်းကို ဗီတာမင် B2 ပါ အစားအစာ များတွင် ရနိုင်သည့်အပြင် ငှာက်ပျောသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးနှင့် မက်မန်းသီး များတွင် လည်း ရနိုင်ပါသည်။ ချို့တဲ့ပါက အရေပြား ရောင်ခြင်း၊ ၀မ်းလျှောခြင်း၊ စိတ်ဓါတ်ကျ ခြင်းများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B6

ကာဗွန် ဟိုက်ဒရိတ်၊ အဆီဓါတ်၊ အသားဓါတ် စသည့် တို့၏ ဇီဝကမ္မ လုပ်ငန်း များ အတွက် အကူ အင်ဇိုင်းအဖြစ် ဆောင်ရွက် ပေးသည်။ ထို့အပြင် သွေးနီဥထဲရှိ ခန္ဓာကိုယ် အတွက် အောက်စီကျင် သယ်ဆောင် ပေးသည့် ဟီမိုဂလိုဘင် မော်လီကျူးကို ဖွဲ့စည်းရာ တွင်လည်း အကူအညီ ပေးသည်။ ၎င်းကို အာဟာရ အကြီးစား အမျိုးမျိုးတွင် ရနိုင်ပြီး ထောပတ်သီး၊ ငှက်ပျောသီးနှင့် ဖရဲသီးများတွင် ရနိုင်ပါသည်။ ချို့တဲ့ပါက ပါးစပ် အမြှေးပါး ရောင်ရမ်းခြင်း၊ အပြင်ပိုင်း နာ့ဗ်ကြော ရောင်ရမ်းခြင်း၊ နှတ်ခမ်းကွဲခြင်းနှင့် သွေးအားနည်း ရောဂါ တမျိုး (Hypochromic anaemia) တို့ကို ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် B12

ဆဲလ်များ ပုံမှန် ကြီးထွားမှု၊ အပေါ်ယံ ဆဲလ်များ ထုတ်လုပ်မှု၊ သွေးနီဥ ထုတ်လုပ်မှုနှင့် အာရုံကြော စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများကို ထိန်းသိမ်း ရာ တွင် မရှိမဖြစ် အသုံးပြုရန် လိုအပ် ပါသည်။ ၎င်းကို တိရိစ္ဆာန်ထွက် အစားအစာ များမှသာ ရရှိနိုင်ပြီး ဟင်းသီး ဟင်းရွက်၊ အသီးနှံ များ အပါအ၀င် မည်သည့် အပင်ထွက် အစားအစာ များမှ မရနိုင်ပါ။ ချို့တဲ့ပါက သွေးအားနည်း ရောဂါတချို့ ( Pernicious Anaemia) ရနိုင်ပြီး နာ့ဗ်ကြော စနစ် ပျက်စီး နိုင်ပါသည်။

ဗီတာမင် C

အနာ ဒဏ်ရာများ ကျက်လွယ်စေခြင်း၊ ရောဂါကို ခံနိုင်ရည်ရှိစေခြင်း၊ ကာဗွန်ဟိုက်ဒရိတ်နှင့် သံဓါတ် အစာခြေဖျက်မှု လုပ်ငန်းစဉ်၊ အဆီ နှင့် အသားဓါတ် ထုတ်လုပ်မှု၊ သွား၊ အရိုးနှင့် ဆံချည်မျှင် သွေးကြော နံရံများအား ထိန်းသိမ်း စောင့်ရှောက်မှု၊ အဆိပ် ဖြစ်စေသည့် အရာ များအား ခုခံတိုက်ဖျက်မှု၊ သံဓါတ် စုပ်ယူမှု၊ သွေးနီဥ ထုတ်လုပ်မှု၊ ဆဲ အတွင်းရှိ ပစ္စည်းများ ထုတ်လုပ်မှု စသည့်အတွက် ဗီတာမင် စီကို မရှိမဖြစ် လိုအပ်ပါသည်။ ၎င်းကို အချဉ် ဓါတ်ရှိသော လတ်ဆတ် သည့် မည်သည့် အစားအစာ များတွင် မဆို ပေါများစွာ ရရှိနိုင်ပါသည်။ ချို့တဲ့ပါက Scurvy ဟု ခေါ်သည့် ရောဂါကို ရရှိနိုင်ပြီး သွားဖုံး ရောင်၍ သွေးထွက်ခြင်း၊ မွေးညင်းပေါက် ပတ်လည်တွင် သေးငယ်သော အနီစက်များ ပေါ်ခြင်း၊ အရေပြား အောက်ရှိ ပျောက်ပြီးသော အနာ ဒဏ်ရာ ဟောင်းမှ သွေးပြန် ထွက်နိုင်ခြင်း စသည့် လက္ခဏာ များ ကို တွေ့နိုင် ပါသည်။

ဗီတာမင် D

ကယ်လစီယံ (ထုံးဓါတ်) နှင့် တခြား သတ္တုဓါတ် တချို့ကို မျှခြေ ထိန်းညှိ ပေးခြင်း၊ အူသိမ်မှ ကယ်လ်စီယံနှင့် ဖော့စ်ဖိတ် စုပ်ယူရာ တွင် အကူအညီ ပေးသည်။ ၎င်းကို ခန္ဓာကိုယ် အတွင်းရှိ ကော်လက် စထရောလ် နှင့် နေရောင်ခြည် တို့ ပေါင်းစပ်ပြီး ထုတ်လုပ် ပါသည်။ အသည်း နှင့် ငါးအဆီများတွင် အဓိက ရနိုင်ပြီး ၎င်းကို အကျိုးပြု ကော်လက်စရောလ် အဖြစ် ပြောင်းလဲ စေပါသည်။ ၎င်းအတွက် တခြားသော သီးသန့် အစားအစာများ စားရန် မလိုပဲ နေရာင်ခြည်ကို အရေပြားနှင့် ထိတွေ့ခွင့် အပူပိုင်း ဒေသတွင် တနေ့ ၁၀ မိနှစ် ၁၅ မိနှစ်ခန့်၊ အအေးပိုင်း ဒေသတွင် ထိုထက်ပို၍ ရရှိပါက လုံလောက် ပါသည်။ ချို့တဲ့ ပါက လူကြီးများတွင် Osteomalacia နှင့် ကလေး များတွင် Rickets ဟုခေါ်သည့် အရိုးပျော့ခြင်း နှင့် အရိုး ကွေးခြင်း ရောဂါများ ဖြစ်နိုင် ပါသည်။

ဗီတာမင် E

ခန္ဓာကိုယ်ကို အဆိပ် ဖြစ်စေနိုင်သော အရာများကို တိုက်ဖျက်ခြင်း နှင့် ပြည့်ဝဆီ (Saturated Fat) များ ကြောင့် သွေးကြော ပိတ်စေ နိုင်သည့် အခြေအနေ များကို ကာကွယ် ပေးသည်။ ၎င်းကို အဓိက အားဖြင့် အသီးအရွက်၊ Unsaturated Fats (ဥပမာ- သံလွင်ဆီ၊ ပဲပုပ်ပဲဆီ၊ ငါးဆီ၊ နေကြာပန်း ဆီ စသည့်) များ၊ ဥ၊ ထောပတ်၊ ကြမ်းသည့် ကစီဓါတ် (ဥပမာ- လုံးတီးဆန်၊ ဂျုံကြမ်း) စသည် အစားအစာ များတွင် ရနိုင် ပါသည်။ ချို့တဲ့ပါက သွေးအားနည်း ရောဂါနှင့် အစာ စုပ်ယူမှု ချို့တဲ့သည့် ရောဂါ ရှိသည့် လူကြီးများ တွင် အာရုံ မစူးစိုက် နိုင်မှုများ ဖြစ်စေ နိုင်ပါသည်။

ဗီတာမင် K

အသည်း တွင်း ရှိ သွေးခဲသည့် အရာများကို ထုတ်လုပ်ရာ တွင် အသုံး ပြုသည်။ သွေး ပျော်စေသည့် အစားအစာများ သို့မဟုတ် ဆေးများ ၏ သက်ရောက်မှုကို ပိတ်ပင် တားဆီး သည်။ ဗီတာမင် E ကို အူမကြီး အတွင်းရှိ ဘက်တီးရီးယား များက ထုတ်လုပ် ပေး ပါသည်။ ချို့တဲ့ပါက သွေးထွက် လွယ်ကူခြင်း၊ ကိုယ်ဝန်ဆောင် တွင် ချို့တဲ့ပါက မွေးခါစ ကလေးတွင် သွေးထွက် လွန်သည့် ရောဂါ ရနိုင် ပါသည်။

၂။ သတ္တဓါတ်များ

သတ္တုဓါတ်အားလုံးသည် မရှိမဖြစ်လိုအပ်ပြီး ထုံးဓါတ်နှင့် သံဓါတ် နှစ်ခုမှလွဲ၍ တခြားသော သတ္တုဓါတ်များသည် အစာ ကောင်းစွာ စား နိုင်သူ များအတွက် သာမာန် အားဖြင့် ချို့တဲ့မှု နည်းပါး ပါသည်။ သံဓါတ်နှင့် ထုံးဓါတ် နှစ်ခုသာ ချို့တဲ့မှုများပြီး တခြားသော သတ္တုဓါတ် များကို ၀မ်း သွားခြင်း၊ သွေးထွက် လွန်ခြင်းနှင့် အန်များခြင်း စသည့် ရုတ်တရက် ရောဂါ တခုခု ၀င်ရောက် လာမှသာ ဖြစ်လေ့ ရှိပါသည်။

ထုံးဓါတ် (Calcium)

ထုံးဓါတ် သည် အရိုး နှင့် သွား ပုံမှန်ဖွံ့ဖြိုးရန်အတွက် အထူး အရေးကြီးပါသည်။ ထို့အပြင် နှလုံး ကြွက်သားနှင့် အာရုံကြော စနစ် လုပ်ငန်း လုပ်ဆောင် ရာတွင် ပါဝင်ခြင်း၊ သွေးကို အဆင့်ဆင့် ပြုပြင်ရာတွင် ပါဝင် ဆောင်ရွက်ခြင်း၊ ဟော်မုန်းများနှင့် အာရုံကြော ဖြန့်ကျက်သည့် အစိတ်အပိုင်း များကို သိုလှောင် ပေးခြင်းနှင့် ထုတ်ပေးခြင်း၊ ဗီတာမင် B12 ကို စုပ်ယူရာတွင် အကူအညီ ပေးခြင်း စသည် တို့အတွက် ကယ်လ်စီယံကို မရှိမဖြစ် လိုအပ်ပါသည်။ နို့ထွက် ပစ္စည်းများနှင့် အသား ငါးများတွင် အများဆုံး ရနိုင်ပါသည်။

သံဓါတ် (Iron)

ခန္ဓာကိုယ် ထဲရှိ အောက်စီဂျင် သယ်ဆောင် ပေးနေသည့် ဟီမို ဂလိုဘင် အသွင်ဖြင့် အသုံးပြုပါသည်။ ၎င်း ကို အသား၊ အသည်းနှင့် အစိမ်း ရင့်ရောင် ဟင်းသီး ဟင်းရွက် များတွင် အများဆုံး တွေ့ရပါသည်။

Magnesium

အင်ဇိုင်း များ၏ လုပ်ငန်းစဉ်၊ စားသုံး၍ ပိုလျှံသော ဂလူးကို့စ်ကို အသည်းထဲ၌ သိမ်းထားရန် ဂလိုင်ကိုဂျင် အဖြစ် ပြောင်းခြင်း၊ အသားဓါတ် နှင့် DNA များ ထုတ်လုပ်ခြင်း၊ အာရုံကြောအတွင်း ဓါဓုဗေဒ ဓါတ်ပေါင်းများ ပြန့်နှံ့စေခြင်း၊ သွေးကို မခဲအောင် ပြုလုပ်ခြင်း ထုံးဓါတ် သကဲ့သို့ အရိုးများအား သတ္တုဓါတ် ဖြည့်ပေးခြင်း တို့အတွက် မဂ္ဂနီစီယံကို မရှိမဖြစ် လိုအပ်သည်။ နို့ထွက် ပစ္စည်းများ၊ အသားငါးနှင့် အစိမ်းရင့်ရောင် ဟင်းသီး ဟင်းရွက်များတွင် အများဆုံး ရနိုင်ပါသည်။

Phosphate

အရိုးထဲတွင် အများဆုံး တွေ့ရပြီး ကြွက်သား အပျော့များ ထဲတွင်လည်း အနည်းငယ် တွေ့ရသည်။ ခန္ဓာကိုယ် အတွက် စွမ်းအင် သိုလှောင်ခြင်း နှင့် သယ်ဆောင်ခြင်း။ ဗီတာမင် ဘီ အသုံးပြုရာတွင် ကူညီခြင်း၊ ကျောက်ကပ်မှ ဟိုက်ဒရိုဂျင် စစ်ထုတ် ရာတွင် အကူ ပစ္စည်းအဖြစ် အသုံးပြုခြင်း စသည့် တို့အတွက် မရှိမဖြစ် လိုအပ်ပါသည်။

Sodium and Potassum

Sodium (ဆားဓါတ်) သည် ဆဲ အပြင်ဘက်ရှိ အဓိက သတ္တုဓါတ်ဖြစ်ပြီး Potassium သည် ဆဲ အတွင်းရှိ အဓိက သတ္တု ဖြစ်သည်။ ၎င်းတို့ နှစ်ခုတွဲ၍ နာ့ဗ်ကြော စနစ်၏ လျှပ်စစ် စီးဖြန်းမှု Action potential ကို ထိန်းပေးပြီး ဆဲအတွင်း Sodium ပါဝင်မှု (0.9g/L) ပုံမှန် ဖြစ်အောင် အရည်၏ မျှခြေကို ထိန်းပေး သည်။ ၎င်းတို့နှစ်ခု ဆဲလ်အတွင်းအပြင် ဟန်ချက်ညီညီ လုပ်ဆောင်၍ ကြွက်သားကို ကျုံ့စေခြင်း ဖြင့် နှလုံး၊ ကျောက်ကပ် စသည်တို့ကို ပုံမှန် အလုပ်လုပ် စေပါသည်။ Sodium သည် ဘိုင်ကာဗွန်နိတ်နှင့် ပေါင်း၍ လည်း ခန္ဓာကိုယ် တွင် ရေ၊ အက်ဆစ်၊ ဘေ့စ်နှင့် သွေးထဲ သွေးရည်ကြည် (Plasma) ပါဝင်မှု ပမာဏတို့ကို ထိန်းညှိ ပေးပါသည်။ နေ့စဉ် ပေါင်းခံရေ မှလွဲပြီး နေ့စဉ် စားသုံး နေသည့် အဟာရတိုင်းတွင် ဆားဓါတ် ပါဝင်ပြီးဖြစ်၍ ဆားကို သီးသန့် ထပ်ဖြည့် စားရန် မလိုပါ။ ဆားကို ချက်ပြုတ် ရာတွင် ဆားကို ဖြည့်စွက် အသုံးပြု နေခြင်းမှာ အရသာ အတွက်သာ ဖြစ်ပါသည်။

Zinc (သွပ်ဓါတ်)

သွပ်ဓါတ်သည် အနာကျက် လွယ်စေခြင်း၊ အသားဓါတ် ထုတ်လုပ်ခြင်း၊ ဗီတာမင် A ရွှေ့လျားရာတွင် အကူအညီ ပေးခြင်း၊ ပုံမှန် အရေပြား လုပ်ငန်းစဉ် အတွက် လိုအပ်သော အင်ဇိုင်းနှင့် ဓါတ်ပြုခြင်း၊ အစားအစာ များ၏ အရသာနှင့် အနံ့ကို နဂို အတိုင်း ဖြစ်အောင် ထိန်းပေး ခြင်းနှင့် ခုခံအား လုပ်ဆောင်ချက် များအတွက် အကူအညီ ပေးသည်။ ချို့တဲ့မှု အဖြစ်နည်းပြီး ဖြစ်ပါက အရေပြား၊ အစာမြိုပြွန်၊ မျက်ကြည်လွှာ ရောဂါများ၊ ကလေးများ တွင် ကြီးထွားမှု နှေးကွေး စေခြင်းများ ဖြစ်နိုင်ပါသည်။ Zinc ဓါတ်အကြောင်းကို ပိုမို အသေးစိတ် သိရှိလိုပါက ကိုဝင်းဇော် စုစည်း တင်ပြထားသည့် ”လိုအပ်ချက် နည်းနည်းနှင့် ထိရောက်မှုများများ Zinc ဓါတ်” ကို http://winzaw-mdy.blogspot.com/2008/09/zinc.html တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်။

Read More...

Saturday, November 15, 2008

Melamine & Health Problems




အခုတလော ကျန်းမာရေးဆိုင်ရာ သတင်းများထဲတွင် တရုတ်နိုင်ငံထုတ် နို့မှုန့်များထဲ၌ လူကိုအန္တရာယ် ဖြစ်စေသော မယ်လမင်း ဓာတ်များပါဝင်သည့်သတင်းက တုန်လှုပ်စရာ စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်နေပါတယ်.. ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်ထိ ရရှိထားပြီးသော စာရင်းများအရ တရုတ်နိုင်ငံတွင် မယ်လမင်း ပါဝင်သော နို့မှုန့် သောက်သုံးမိခြင်းကြောင့် နာမကျန်းဖြစ်သူ ၅၃၀၀၀ ရှိပြီး ၁၂၈၀၀ ကျော်မှာ ဆေးရုံတက် ကုသမှု ခံယူနေရကာ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်..

မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင် ကြွယ်ဝတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်.. ပရိုတိန်းဓာတ်က ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် အသုံးမကျဘဲ ဆိုးကျိုးကိုသာ ရစေပါတယ်.. မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ဟာ ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက တော်ရုံနဲ့ ပြန်မထွက်နိုင်တော့ဘဲ ကြာလာတဲ့အခါ အဆိပ်ဓာတ် အဖြစ် ဒုက္ခပေးပါတော့တယ်..



အစားအစာ တစ်ခုတွင် ပရိုတိန်းပါဝင်မှုကို နိုက်ထရိုဂျင် ပါဝင်မှုဖြင့် တိုင်းပါတယ်.. "Kjeldaha Protein Test" "Dumas Protein Test" တို့ဖြင့် စမ်းသပ်၍ နိုက်ထရိုဂျင် များများပါလျှင် ပရိုတိန်း ကြွယ်ဝသဖြင့် များများ စားသင့်သည်ဟု သတ်မှတ်ချက် ထုံးစံ ရှိပါတယ်.. ဒါပေမယ့် စမ်းသပ်တွေ့ရှိတဲ့ နိုက်ထရိုဂျင်ဟာ အမှန်တကယ် ပရိုတိန်းလား? မယ်လမင်းလား? ဆိုတာကို ခွဲခြား မသိနိုင်ပါ.. ဒါကို အခွင့်ကောင်းယူ၍ စီးပွားရေးသမားများက နို့မှုန့်ထဲ မယ်လမင်း ထည့်ပြီး ပရိုတိန်း များသယောင်ယောင် ထင်မှတ်မှားအောင် ထုတ်လုပ် ရောင်းချလာကြပါတယ်..





မယ်လမင်း အစ

မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တီထွင်တွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဟာ အင်မတန်အသုံးဝင်တဲ့ စက်မှုကုန်ကြမ်း တစ်မျိုး ဖြစ်ပါတယ်.. မယ်လမင်းကို ဖော်မယ်လ်ဒီဟိုက်နဲ့ ပေါင်းလိုက်ပါက Melamine Resin ရရှိပြီး ၎င်းကို ပလတ်စတစ် ခွက်ယောက် အသုံးအဆောင်များတွင် သုတ်လိမ်း လိုက်တဲ့အခါ ပေါ့ပါးခိုင်ခန့်လှတဲ့ မယ်လမင်း အသုံးအဆောင်များ ဖြစ်လာပါတယ်.. မယ်လမင်း အသုံးအဆောင်များဟာ ပေါ့ပါးလှပ၍ တော်ရုံနဲ့ ကွဲအက် ပျက်စီးခြင်းမရှိသဖြင့် ကမ္ဘာတစ်လွှား လူကြိုက်များပါတယ်.. မယ်လမင်းဟာ နိုက်ထရိုဂျင် များစွာပါဝင်လို့ ဓာတ်မြေသြဇာ အဖြစ် စမ်းသုံးကြည့်သော်လည်း မအောင်မြင်ခဲ့ပါဘူး.. တိရိစ္ဆာန်အစာထဲ ထည့်သုံးကြည့်တော့လည်း မသင့်တော်ကြောင်း တွေ့ရှိခဲ့ပြန်တယ်..



မယ်လမင်းဟာ များပြားစွာ ထိတွေ့ပါက အန္တရာယ် ကြီးမားတဲ့ ပစ္စည်း ဖြစ်ပါတယ်.. ကြွက်များတွင် စမ်းသပ်မှုများအရ >3,000 mg/kg နှုန်းနဲ့ စားသုံးမိပါက မျိုးပွားနိုင်မှုကို ထိခိုက်စေခြင်း၊ ဆီးအိတ် (Urinary Bladder) နဲ့ ကျောက်ကပ် (Kidney) တွင် ကျောက်တည်ခြင်း၊ ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း (Ca Bladder)၊ ကျောက်ကပ်ပျက်စီး သေဆုံးခြင်းများ တွေ့ရှိခဲ့ပါတယ်.. ၁၉၅၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနအရ ခွေးများကို မယ်လမင်း ၃ % ပါဝင်သော အစားအစာများကို တစ်နှစ်ကြာ ကျွေးပြီးတဲ့အခါ စမ်းသပ် တွေ့ရှိချက်အရ ဆီးထဲမှာ မယ်လမင်းဓာတ် ပါဝင်လာခြင်း၊ ဆီးအနည်ပါခြင်း၊ ဆီးထဲတွင် သွေးပါခြင်း (Haematuria)၊ ဆီးထဲတွင် ပရိုတိန်းဓာတ် ပါလာခြင်း (Proteinuria)၊ ဆီးသွားများလာခြင်း (Polyuria) တို့ တွေ့ရှိခဲ့ပါတယ်..



တကယ်တော့ မယ်လမင်းပြဿနာဟာ ကောက်ရိုးမီးလို အခုမှ ဟုတ်ကနဲ တောက်ပြီး ပေါ်လာတာ မဟုတ်ဘဲ ဖွဲမီးလို တငွေ့ငွေ့ လောင်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပါပြီ.. မယ်လမင်းပါဝင်တဲ့ တိရိစ္ဆာန် အစားအစာများကြောင့် အိမ်မွေးတိရိစ္ဆာန်များ နာမကျန်း သေဆုံးမှုများ ရှိကြောင်း ၂၀၀၇ ခုနှစ်ထဲမှာပင် သတိထားမိ လာကြပါတယ်.. ၂၀၀၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အမေရိက အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ထုတ်ပြန်ကြေညာရာတွင် တရုတ်နိုင်ငံ Xuzhou Anying Biologic Technology မှ ထုတ်လုပ်တဲ့ တိရစ္ဆာန် အစားအစာများမှာ မယ်လမင်းဓာတ် ပါဝင်ကြောင်း၊ ၎င်းအစားအစာများကို စားသုံးမိသော အိမ်မွေးတိရစ္ဆာန်များတွင် ဆီးကျောက်တည်ခြင်း၊ ဆီးတွင် သွေးပါခြင်းများ ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်..



၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်း ရောက်လာသောအခါ ကလေးငယ်များမှာ ထူးထူးခြားခြား ဆီးထဲသွေးပါခြင်း၊ ဆီးကျောက် ဆီးထဲပါလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း စတဲ့ ရောဂါများ သိသိသာသာ ဖြစ်လာကြောင်း သတိပြုမိလာကြတယ်.. သံသယစိတ်ဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် လေ့လာလိုက်သောအခါ ရောဂါအဓိက ဖြစ်ပွားရာ တရုတ်ပြည် အနောက်မြောက်ပိုင်းရှိ Gansu ဒေသတွင် ဝယ်ယူရရှိနိုင်သော ကလေးနို့မှုန့် အမျိုးအမည် ၂၂ မျိုးတွင် မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်.. Mengnuiu , Yill နဲ့ Yashili အပါအဝင် အခြားကုမ္ပဏီများမှ ထုတ်လုပ်တဲ့ နို့မှုန့်များတွင်လည်း မယ်လမင်းဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဓာတ်ဟာ သူ့ချည်းသက်သက် ဖြစ်ပါက အန္တရာယ် မပေးနိုင်သော်လည်း Cyanuric Acid နဲ့ တွဲဖက်မိပါက ကျောက်တည်ခြင်းကို ဖြစ်စေပါတယ်..



တစ်ဖန် မယ်လမင်း အသုံးအဆောင် များနှင့် ပတ်သက်၍လည်း သတိထားစရာ ရှိလာပါတယ်.. ဗြိတိန်တွင် ၂၀၀၄ ခုနှစ်က မယ်လမင်း အသုံးအဆောင် ၅၀ ကို လေ့လာခဲ့ပါတယ်.. မယ်လမင်း အသုံးအဆောင်များကို အပူချိန် 70ံC ရှိသော အရည်ထည့်ကာ ၂ နာရီကြာ ထားကြည့်ခြင်း၊ ပန်းသီးဖျော်ရည် ထည့်ကြည့်ခြင်းများ ပြုလုပ် လေ့လာသောအခါ ပစ္စည်း ၅၀ အနက် ၄၃ ခုက မယ်လမင်း စိမ့်ထွက်မှုရှိပြီး၊ အခု ၅၀ စလုံးက ဖော်မယ်လ်ဒီဟိုက် ထွက်ရှိလာကြောင်း တွေ့ရှိရပါတယ်.. အဆိုပါတွေ့ရှိမှုကြောင့် ဈေးကွက်မှ ဖယ်ရှားစေခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်.. မယ်လမင်း အသုံးအဆောင်များကြောင့် ကျန်းမာရေး ထိခိုက်စေကြောင်း ခိုင်မာတဲ့ တိုက်ရိုက်တွေ့ရှိမှုမျိုး မတွေ့ရသေးသော်လည်း သတိထားရမယ့် အခြေအနေဖြစ်ကြောင်း သိထားသင့်ပါတယ်..



မယ်လမင်း အန္တရာယ်မှ ကင်းဝေးစေရန် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါတယ်..


  • ကလေးငယ်များကို မိခင်နို့သာ ပထမ ဦးစားပေးအဖြစ် ရွေးချယ် တိုက်ကျွေးပါ.. မယ်လမင်း ပါဝင်မှု မရှိကြောင်း သေချာသော နို့မှုန့်ပင် ဖြစ်ပါစေ၊ မိခင်နို့ကို အစားထိုးရန် မဖြစ်နိုင်ကြောင်း သတိရပါ..


  • အကြောင်းကြောင်းကြောင့် မိခင်နို့ တိုက်ကျွေးရန် မဖြစ်နိုင်ပါက သန့်ရှင်း လတ်ဆတ်သော နွားနို့ကို ကျိုချက် တိုက်ကျွေးပါ..


  • မယ်လမင်း ပါဝင်မှုကို စစ်ဆေးထားပြီး မယ်လမင်း ပါဝင်မှု မရှိကြောင်း အာမခံချက် ပါရှိသော နို့မှုန့်ကိုသာ ရွေးချယ် သုံးစွဲပါ..



  • မည်သို့ပင် ဆိုပါစေ မယ်လမင်း ပြဿနာဟာ မျက်မှောက်ခေတ် တီထွင် ကြံဆမှုများကို စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှုမြင်တတ်ရပါမယ်..သဘာဝအတိုင်းနေ၊ သဘာဝကျကျ စားလျှင် အန္တရာယ် နည်းပါးသလောက် ဓာတုဗေဒ နည်းများကို အတတ်ဆန်းကာ အလွဲသုံးပါက အများသူငါအတွက် ကြီးမားသော ကျန်းမာရေး ပြဿနာကို ဆောင်ကြဉ်းပေး နိုင်ကြောင်း သဘောပေါက်စေရန် ရေးသားတင်ပြ လိုက်ပါတယ်..




    2008 Nov, ထုတ် အာရောဂျံ မဂ္ဂဇင်းမှ ဆရာ မြတ်ထွဋ်ညွန့်(ဆေး-၂)၏ ဆောင်းပါးကို အကျဉ်းချုပ် တည်းဖြတ် ဖော်ပြပါသည်။

Read More...

Tuesday, November 11, 2008

HIV / AIDS (1)




HIV ဆိုတာ ဘာလဲ ?
HIV (Human Immunodeficiency Virus) ဆိုတာက လူ့ရဲ့ ကိုယ်ခံစွမ်းအား ကိုကျဆင်းစေ တဲ့ (Virus)ပိုး ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် ပိုးကခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်း အားစနစ်မှာ ပါတဲ့ Cells ဆဲလ် တွေကို သူရဲ့ (ဒီဗိုင်းရပ်စ် ပိုးရဲ့) ပုံစတူ ကိုယ်ပွား တွေ အဖြစ်လုပ် ပြစ်ပါတယ်။ ဒီလို နဲ့ဒီရောဂါပိုး ဟာ ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ စွမ်းအား စနစ် ကိုတဖြည်းဖြည်း နဲ့ အသေအချာ ကို ဖျက်ဆီး ပြစ်တော့ တာပါပဲ။

AIDS ဆိုတာ ဘာလဲ ?
AIDS (Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်း မှုကူးစက်ရောဂါ ဆိုတာကတော့ HIV ပိုး ကူးစက်ခံ ရခြင်းကြောင့် ရရှိခံ စားလာရတဲ့ ရောဂါလက္ခ နာ အစုအပေါင်း ဖြစ်ပါတယ်။ အဲဒီအခါ ပုံမှန်အားဖြင့် ကျန်း မာနေတဲ့ သူတွေမှာ မကူးစက် နိုင် တဲ့( ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ အားစနစ် နိမ့်ကျ မှသာ ကူးစက်နိုင်တဲ့ ) ကူးစက် ရောဂါ တွေ(opportunistic infections ) ၀င်ပြီး အသက် အန္တရာယ် ကို စိုးရိမ် ရတဲ့ ကူးစက်ရောဂါ တွေ ရရှိ ပါတော့တယ်။ AIDS ရောဂါ ဖြစ်နေတယ်လို့ ဘယ်လို သတ်မှတ်လဲ ဆိုတော့ ကိုယ်ခံ စွမ်းအား စနစ် မှာ ပါဝင်တဲ့ (T cells ) တွေ က သတ်မှတ်ထားတဲ့ Level ထက် နိမ့် ကျ နေရင် (သို့) သွေးစစ် တဲ့အခါမှာ HIV (positive) ဖြစ်နေပြီး ကျန်း မာနေတဲ့ သူတွေမှာ မကူးစက်နိုင် တဲ့ ( ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ အားစနစ် နိမ့်ကျ မှာသာ ကူးစက်နိုင်တဲ့ ) ကူးစက်ရောဂါ တွေ (opportunistic infections) တွေ ၀င်နေပြီဆိုရင် သတ်မှတ် ပါတယ်။ HIV ပိုးရှိတဲ့သူတွေမှာ ဒီကူးစက် ရောဂါတွေ opportunistic infections တွေကြောင့်(HIV ပိုး ကိုယ်တိုင်ကြောင့် မဟုတ်ဘဲ ) မကြာခဏ ဆိုသလို နာမကျန်း ဖြစ်ရ ဖြင်း (သို့) သေဆုံးရခြင်း ဖြစ်နိုင်ပါတယ်။

HIV ပိုးကြောင့် ခန္ဓာ ကိုယ်မှာ ဘယ်လို ထိခိုက် သလဲ ?
ပုံမှန်အား ဖြင့်တော့ ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်းအား စနစ် (Immune System ) ကBacterias ၊Virus စတဲ့ရောဂါ ပိုးမွှားတွေ ကိုခန္ဓာ ကိုယ်အတွင်း မ၀င်ရောက်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ခန္ဓာကိုယ် ကို လက်နက်တွေရဲ့ ရန်ကနေ ကာကွယ်ပေး တဲ့ သံချပ်ကာ အိင်္ကျီနဲ့ တူပါတယ်။ HIV ပိုး ကိုယ်ထဲကို ၀င်သွားပြီဆိုတာ နဲ့ ဒီပိုးက အကာအကွယ် အီင်္ကျီကို အပေါက်တွေ ဖောက်ပြစ်တော့တာပါပဲ။ နောက်ဆုံးမှာတော့ ဒီအကာကွယ် အီင်္ကျီက ဘာမှမကာကွယ်နိုင်တော့လောက်အောင် ဆိုးရွား ချိနဲ့ သွားတော့တာပါပဲ။ အဲဒီလို မျိုး HIV ပိုးကြောင့် ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံစွမ်း အားစနစ်က ကျဆင်း ချိနဲ့သွား တဲ့အခါ မှာ အဲဒီ လိုကို AIDS ရှိနေပြီ လို့ ဆိုလိုပါတယ်။

ဒါကြောင့် HIV positive ဖြစ်နေပါလျက် ကုသမှုမခံ ယူဘူးဆိုရင် (အကြမ်းဖြင်း အားဖြင့်) ၈ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ HIV ကနေ AIDS ရောဂါသည် ဘ၀ကိုရောက်ရှိ သွားပါတယ်။

HIV ရောဂါပိုး ဘယ်လို ကူးစက်လဲ ?
HIV ရောဂါပိုးဟာ ခန္ဓာကိုယ် ကနေ ထွက်တဲ့ အရည်တွေ(သွေး ၊ အမျိုးသား/ အမျိုးသမီး ရဲ့အင်္ဂါ ဇာတ်ကနေထွက်တဲ့ အရည်တွေ ၊မိခင် နို့ရည် တွေ) ကနေ တဆင့် ကူးစက်နိုင်ပါတယ်။ လူတစ်ဦးမှ တစ်ဦးကို HIV ပိုး ကူးစက် ဖို့ဆိုရင် HIV ပိုးပါဝင်နေတဲ့ ခန္ဓာကိုယ် က နေ ထွက်တဲ့ အရည် တွေ ကခြား တစ်ဦးရဲ့ သွေးထဲကို ရောက်ရှိ သွား မှာ သာ ကူးစက် သွားနိုင်ပါတယ်။

အများ အားဖြင့် HIVပိုး ကူးစက်ပုံ နည်းလမ်း တွေကတော့ -
၁။ အကာအကွယ် ပစ္စည်း ( ကွန်ဒုံး) အသုံးမပြုဘဲ လိင်တူလိင်ကွဲ ဆက်ဆံ ခြင်း (ပါး စပ်ဖြင့် လိင်ဆက်ဆံ ခြင်းကြောင့်လဲ ကူးစက် နိုင်ပါတယ်)
၂။ ဆေးထိုး အပ်ကိုမျှ၍ အသုံးပြုခြင်း
၃။ မိခင်မှ ကလေးသို့ ကူးစက်ခြင်း (ကိုယ်ဝန် ဆောင်နေစဉ် ၊ မွေးဖွားစဉ် မှာ သာ ကူးစက်နိုင်ရုံ သာမက နို့တိုက်ခြင်း ကနေလဲ ကူးနိုင်ပါတယ်။ )

(ဆက်လက် ဖေါ်ပြပါမည်)

ဒေါက်တာ စိုင်းဝေအောင်

Read More...

Tuesday, November 4, 2008

Ischemic Heart Disease

နှလုံးသွေးကြောကျဉ်းရောဂါ



နှလုံးဟာ ခန္ဓာကိုယ် တစ်ခုလုံးသို့ သွေးလည်ပတ် စီးဆင်းရန်အတွက် လုပ်ဆောင်ပေးသော သွေးညှစ်စက်
(Blood Pump Machine) တစ်ခု ပဲဖြစ်ပါတယ်..တစ်ရက်လျှင် ပျမ်းမျှ အကြိမ် ၁၀၀,၀၀၀ ခန့် ခုန်ရပြီး သွေး
ထုထည် ဂါလံ ၂,၀၀၀ ခန့် ညှစ်ထုတ် ပေးနေရပါတယ်.. လူ့သက်တမ်း တစ်လျှောက်လုံး မရပ်မနား စည်း
ချက်မှန်မှန် ညှစ်ထုတ်ပေး နေရပြီး အသက် ၇၀ အရွယ်ရောက်ပါက နှလုံးခုန်ခြင်း အကြိမ်ပေါင်း ၂.၅ ဘီလီ
ယံ ကျော် ခုန်ပြီး ဖြစ်ပါတယ်.. ဒီလို အချိန်ပြည့် လုပ်ဆောင်နိုင်အောင် နှလုံးကြွက်သားအတွက် အောက်စီ
ဂျင်နဲ့ အာဟာရကို နှလုံးသွေးကြော (Coronary Arteries) များက ထောက်ပံ့ပေးနေရပါတယ်.. အကြောင်း
အမျိုးမျိုးကြောင့် နှလုံးသွေးကြောများဟာ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နဲ့ အာ
ဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့တဲ့အခါ နှလုံးသွေးကြောကျဉ်း လက္ခဏာများ ပေါ်ပေါက်လာပါ
တယ်.. အမေရိကန်နိုင်ငံတွင် လူဦးရေ ၃သန်းမှ ၄သန်းခန့်ထိ ဘာလက္ခဏာမှမပြပဲ နှလုံးသွေးကြောကျဉ်း
ရောဂါ ဖြစ်ပေါ်နေပါတယ်..


နှလုံးသွေးကြော ကျဉ်းစေသော အဓိက အချက်(၃)ချက်မှာ

  1. သွေးတိုးရောဂါ (Hypertension)
  2. သွေးတွင်း ကိုလက်စထရော များခြင်း (Hypercholesterolaemia)
  3. ဆေးလိပ်သောက်ခြင်း (Smoking)
တို့ဖြစ်ပါတယ်...
နှလုံးသွေးကြော ကျဉ်းစေသော အခြား အကြောင်းများကတော့
  • ဆီးချိုသွေးချိုရောဂါ (Diabetes)
  • စိတ်ဖိစီးမှုများခြင်း (Stress)
  • အဝလွန်ခြင်း (Overweight)
  • လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်း (Sedentary Lifestyle)
တို့ဖြစ်ပါတယ်..




အထက်ပါ အကြောင်းများကြောင့် သွေးကြောရဲ့ အတွင်းနံရံဟာ အနည်ကျ စုပုံ ထူအမ်းလာပြီး (Athero-
sclerosis) ကျဉ်းမြောင်းလာပါတယ်.. အနည်ကျ စုပုံတဲ့ အထဲတွင် ကိုလက်စထရော (Cholesterol)၊ ကယ်
လ်စီယမ် (Calcium)၊ ဆဲလ်သေ အစအနများ (Cellular debris)၊ သွေးမွှားဥများ (Platelets) များ ပါဝင်ပါ
တယ်.. ၎င်း အနည်ကျစုပုံခဲသည် သွေးကြောနံရံမှ ပြုတ်ထွက်ပြီး သွေးကြော တစ်နေရာတွင် ပိတ်မိတတ်ပါ
တယ် (Embolism).. နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေး
ကြော ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်
ခြင်း (Gangrene) တို့ ဖြစ်တတ်ပါတယ်..


နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ (Angina Pectoris)
  • ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း
    • ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပုခုံးနှင့် ဘယ်ဘက်လက်မောင်းသို့၎င်း၊ လည်ပင်းနှင့် မေးစေ့တစ်ဝိုက် သို့၎င်း ပြန်နှံ့နာကျင် တတ်ပါတယ်.. ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်အလုပ် လုပ်ရခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့်(၃၀)မှ (၅)မိနစ်ထိ ကြာတတ်ပါတယ်.. အနားယူပါက သက်သာလာပါတယ်..
  • အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊
  • ပျို့အန်ခြင်း၊
  • အလွန်အမင်း ချွေးထွက်လာခြင်း၊
  • အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း (Heart Attack) ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ပါတယ်..

ရောဂါစမ်းသပ်စစ်ဆေးချက်များ
  • Exercise Electrocardiogram (ECG) ရိုက်ခြင်း၊
  • Cardiac Catheterization
    • Tube အသေးစား တစ်မျိုးအား ခြေထောက် (သို့) လက်မောင်း သွေးကြောမှတစ်ဆင့် နှလုံးသွေးကြောသို့ ရောက်အောင်လုပ်ပြီး Special dye တစ်မျိုးအား ထုတ်လွှတ်၍ ဓါတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းတဲ့နေရာ သိနိုင်ပါတယ်..
  • ရင်ဘတ်ဓါတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံးအခြေအနေကို ကြည့်ခြင်း၊
  • သွေးတွင်း ကိုလက်စထရော စစ်ဆေးခြင်း၊ ဆီးချိုသွေးချို စစ်ဆေးခြင်း၊
တို့ ပြုလုပ်ရန် လိုအပ်ပါတယ်..
လိုက်နာရမည့်အချက်များ
  • တိရိစ္ဆာန်အဆီများ၊ နီသောအသား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ
  • ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်
  • သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်
  • သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်
  • စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်

ဆေးဝါးကုသမှု
ဆေးဝါများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာသောက်သုံးရပါမယ်..
  • Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
  • သွေးခဲခြင်းကိုတားဆီးပေးသောဆေးများ ie. Aspirin (Aspilet),.....
  • သွေးတွင်းကိုလက်စထရော များနေပါက ကျစေသောဆေးများ ie. Statins (Atorvastatin, Simvastatin,....)
  • ခွဲစိတ်ကုသမှု-နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း (Coronary Bypass) နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်..

Read More...

Monday, November 3, 2008

Tropical Medicine

အပူပိုင်းဒေသဆိုသည်မှာ အီကွေတာနဲ့ဆိုင်သော ဒေသများကို ဆိုလိုပြီး အီကွေတာ ဒေသအပါအ၀င် မြောက်ဘက်တွင် မြောက်လတ္တိကျု ၂၃.၅ ဒီဂရီအတွင်းနှင့် တောင်ဘက်တွင် တောင်လတ္တိကျု ၂၃.၅ ဒီကရီအတွင်းရှိ ဒေသများသည် အပူပိုင်း ဒေသထဲတွင် ပါဝင်ပါသည်။

အပူပိုင်းဒေသတွင် ပါဝင်သော နိုင်ငံများကို မြေပုံမှတဆင့် လေ့လာနိုင်ပါသည်။


ထိုဒေသများတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူချိန်၊ ရာသီဥတုအမျိုးအစား၊ ပတ်ဝန်းကျင်၊ နေထိုင်ကျက်စားသော ပိုးမွှားများ၊ အစားအသောက် ၊ လူနေမှုစနစ် စသည်တို့အ ပေါ်မူတည်ပြီး ဖြစ်ပွားတတ်သော ရောဂါများရှိလေရာ ယင်းတို့ကိုလေ့လာသော ဆေးပညာ ဘာသာရပ်တခု အဖြစ်ပေါ်ပေါက်ခဲ့ပြီး ၎င်းကို အပူပိုင်းဒေသဆိုင်ရာ ဆေးပညာ ဘာသာရပ်ဟု ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါသည်။

အပူပိုင်းဒေသဆိုင်ရာ ရောဂါများတွင်

၁။ အစားအသောက် ၊ ရေ၊ မြေကြီး တို့မှတဆင့် ကူးစက်တတ်သောရောဂါများ နှင့် တကိုယ်ရေ မသန့်ရှင်းမှုကြောင့် ဖြစ်ပွားရသော ရောဂါများ

ဥပမာ။ ။ ၀မ်းပျက်ဝမ်းလျှော ရောဂါအမျိုးမျိုး၊ ကပ်ပါးကောင်ကြောင့်ဖြစ်ပေါ်တတ်သော ရောဂါအမျိုးမျိုး၊ အသည်းယောင်အသားဝါ အေ ပိုးကြောင့်ဖြစ်သော အသည်းရောင်ရောဂါ ၊ သံကောင် တုတ်ကောင် နှင့် ယင်းတို့နှင့်စပ်ဆိုင်သော ကျန်းမာရေးပြသနာများ ၊အစားအသောက် မဆင်ခြင်မှုကြောင့် ဖြစ်တတ်သော ရောဂါများပါဝင်ပေသည်။

၂။ ခြင်ကြောင့်ဖြစ်ပေါ်တတ်သော ရောဂါအမျိုးမျိုး

ခြင်ကြောင့်ဖြစ်တတ်သော ရောဂါများတွင် လူအများဆုံးသိထားသော ရောဂါမှာ ငှက်ဖျားရောဂါနှင့် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပြီး အခြားသောရောဂါများဖြစ်သည့် ဆင်ခြေထောက်ရောဂါ (filariasis and enlephatiasis)၊ ဦးဏှောက် အမြှေးရောင်ရောဂါအမျိုးမျိုး (Japanese B encephalitis, west nine virus encephalitis) စသည်တို့ပါဝင်ပါတယ်။

၃။ ခြင်မဟုတ်သောအကောင်များကြောင့် ဖြစ်ပေါ်တတ်သော ရောဂါအမျိုးမျိုး

ခြင်မဟုတ်သော ပိုးမွှားများဖြစ်သည့် မွှား (tick)၊ ကမျဉ်းကောင် (mite) ၊ ယင်ကောင်အမျိုးမျိုး (fly) ၊ သန်း အပါအ၀ါအ၀င် အခြားသော သွေးစုပ်တတ်သော အကောင်ငယ်ကလေးများ(flea)၊ စသည်တို့သည်လည်း အချို့သော ရောဂါများကိုဖြစ်ပွားစေခြင်း၊ ယင်းတို့မှ တဆင့် ပိုးမွှားများကို သယ်ဆောင်ကာ လူသားတို့အား ကူးစက်စေခြင်းများရှိသဖြင့် ၎င်းတို့ကြောင့်ဖြစ်သော ရောဂါများ ကိုလည်းလေ့လာနိုင်ပေသည် ။ ဥပမာအားဖြင့် ဆိုသော် rickettissia ဟုခေါ်သော မွှားကောင်များတွင် သယ်ဆောင်တတ်သော ရောဂါပိုးကြောင့်ဖြစ်တတ်သော ရောဂါ၊ ကြွက်၏ ကျင်ငယ်မှတဆင့် ကူးစက်တတ်သော leptospirosis ဟုခေါ်သောရောဂါ စသည်တို့ဖြစ်သည်။ ထို့အပြင် မေးခိုင်ရောဂါနှင့် ခွေးရူးရောဂါများကိုလည်း လေ့လာနိုင်ပါသည်။

၎။ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ

ထိုအခန်းကဏ္ဌတွင် အေအိုင်ဒီအက်စ် ရောဂါ အပါအ၀င် ခုခံအားကျဆင်းမှုနှင့် ဆက်နွယ်သော ပြသနာများ ၊အခြားသော လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများပါဝင်ပေသည်။

၅။ အပူပိုင်းဒေသတွင် အဖြစ်များသော ကျန်းမာရေးဆိုင်ရာပြသနာများနှင့် ရောဂါများ

ထိုပြသနာများတွင်တော့ အပူပိုင်းဒေသဆိုင်ရာ ရောဂါများ မဟုတ်သည့်တိုင် အဖြစ်များသော ရောဂါများဖြစ်လေရာ တီဘီရောဂါ၊ အသည်းရောင် အသားဝါရောဂါအမျိုးမျိုး၊ အဆုတ်ပွရောဂါနှင့် အခြားသော အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် ဖစ်သောရောဂါများ၊ အပူပိုင်းဒေသတွင် အဖြစ်များသော သွေးနှင့်ဆိုင်သော ရောဂါများ၊ မြွေကိုက်ခံရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အပူပိုင်းဒေသတွင် ဖြစ်ပွားတတ်သော ကျောက်ကပ်ဆိုင်ရာ ရောဂါများ ၊ သွေးဆိပ်တက်ခြင်းနှင့် အခြားသောလက္ခဏာများကို ဖြစ်ပေါ်စေပြီး ရောဂါမဖြစ်ပေါ်မှီ ခန္ဓာကိုယ်ထဲတွင် အချိန်ကြာမြင့်စွာနေနိုင်သည့် meloidosis ဟုခေါ်သော ရောဂါ စသည်ဖြင့်ပါဝင်ပေသည်။

၆။ ခရီးသွားဆေးပညာ

ယခုခေတ်တွင် ကမ္ဘာလှည့်ခရီးသွားလာခြင်းသည် ခေတ်စားလာသည်နှင့်အမျှ ရောဂါပိုးမွှားများသည်လည်း တနေရာမှတနေရာသို့ ကူးသန်းရောက်ရှိပေရာ ခရီးသွားခြင်းမှ တဆင့်ဖြစ်ပွားတတ်သော ရောဂါများ ကို လည်းလေ့လာနိုင်ပေသည်။

အပူပိုင်းဆိုင်ရာ ရောဂါများသည် အပူပိုင်းဒေသ တခုတည်းတွင်သာ ဖြစ်ပွားတတ်သော ရောဂါများ မဟုတ်ဘဲ အခြားသော ကမ္ဘာအရပ်ရပ်ရှိဒေသများသို့ပါ ကူးစက်ပြန့် ပွားလျှက်ရှိသော ရောဂါများဖြစ်သည်။ ယခုအခါ အပူပိုင်းဒေသဆိုင်ရာ ဆေးပညာဟု ကမ္ဘာအရပ်ရပ်ရှိ တက္ကသိုလ်များတွင် သင်ကြားပေး နေသော်လည်း အချို့သော အပူပိုင်းဒေသရှိ နိုင်ငံများတွင် ထိုရောဂါများကို သတိထားမှုနည်းခြင်း၊ ရောဂါ စစ်ဆေးမှုပိုင်းဆိုင်ရာ အခက်အခဲများရှိမှုကြောင့် ရောဂါများကို ရင်ဆိုင်နေရသည့် တိုင်အောင် ရောဂါအမည်ဖော်နိုင်မှု၊ တိကျသော ကုသမှုရနိုင်မှုများ အတွက် အခက်အခဲများရှိနေဆဲဖြစ်သည်။

Reference:

1.Wikipedia

2. Mahidol. Courses in tropical clinical medicine. Bangkok school of Tropical medicine. Faculty of tropical Medicine, Mahidol University.

မွန်းသက်ပန် (ဆေး-၁)

လောကအလှ၊ ကျန်းမာရေး၊ နိုဝင်ဘာ ၁ ရက် ၂၀၀၈ ခုနှစ်

Read More...

Sunday, November 2, 2008

Emergency Contraception !!!


အရေးပေါ် သားဆက် ခြားနည်းများ

အရေးပေါ်သားဆက် ခြားနည်းများ တွင် သောက် ဆေး ကို အတူနေပြီး ( ၇၂ ) နာရီ အတွင်း အသုံး ပြု နိုင် ပါ သည် ။
Postinor သို့ မ ဟုတ်Ecee-2 ကို အသုံး ပြု နိုင် ပါ သည် ။ ထို ဆေး တို့  တွင် levonogestrol ( 0.75 mg ) ပါဝင် ပါ သည် ။
တခါ သောက် လျှင် ၂ လုံး တစ် တွဲ သောက် ရပါ သည် ။ ထို ဆေး များ လွယ် တကူ မ ရ ပါ က ရိုး ရိုး လက်ညိုး ထိုး တား ဆေး ကဒ်
မှအညို ရောင်ဆေး လုံး များ ကို ၄ လုံး ၄ လုံး စီ ၁၂ နာရီ ခြား ပြီး သောက် ရင် လဲ ရ ပါ သည် ။
ထိုဆေး များ သောက် ပြီး ၂ နာ ရီ အတွင်း ဆေး များ အန် ပါ က ချက် ချင်း ဆေး ထပ် သောက် ဖို့ လို အပ် ပါ သည် ။
အရေးပေါ် သားဆက် ခြားနည်း မှ ပစ္စည်း ထည့် နည်း တွင် အတူ နေ ပြီး ( ၅ ) ရက် အတွင်း ထည့် နိုင် ပါ သည်။
ပစ္စည်း ထည့် ပြီး မှ မတော် တဆ ကိုယ် ၀န် ရ သွား ပါ က ... သိ သိ ချင်း ပြန် ထုတ် ပစ်ရ ပါ မည် ။

Read More...

Methods of Contraception ...

သားဆက် ခြားနည်းတွေ က များ တယ် ဆို တော့  ... ဘာ ကိုရွေး မ လဲ

၁ ... အသည်း ဝေဒနာ ရှင်များ.. ရင် သား ကင်ဆာ ဝေဒနာ ရှင် များ သည် ... တား ဆေး ထိုး ဆေး များ ရှောင် သင့် ပြီး ... IUCD သုံး သင့်  ပါ သည် ။
၂ ... သားအိမ် ကင်ဆာ ... မျိုး ဥအိမ် ကင် ဆာ ဝေဒနာ ရှင် များ သည် ... IUCD ရှောင် ပြီး ... တားဆေး ထိုး ဆေးသုံး သင့် ပါ သည် ။
၃ ... သွေး ခဲ ဝေ ဒနာ ရှင် များ သည် ... သား ကြော မဖြတ် သင့် ပါ ... estrogen ပါ သော ဆေး ကိုပြီး ... progestrogen ပါ သော ဆေး ကို သုံး ပါ ။
၎ ... သွေး တိုး ဝေဒနာ ရှင် များ သည် ...သားကြော ဖြတ် ခြင်း ... estrogen တို့  ကို ရှောင် ပြီး ... IUCD Progestrogen Norplant တို ကို သုံး နိုင် ပါ သည်။
၅ ... ဆီး ချို သက် ၂၀ နှစ် ကျော် လာ သူ များ သည် ... estrogen ကို ရှောင် ရပါ မည် ။
၆ ... တက် တတ် သူ များ ... ခေါင်း ကိုက် တတ် သူ များ သည် ... တားဆေး ထိုး ဆေး များ ရှောင် ပြီး ... IUCD သုံး သင့် ပါ သည်။

Read More...

Saturday, November 1, 2008

When you eat recklessly, ...

အစားအသောက် မဆင်ခြင်တဲ့အခါ(၂)

သံလွင်အိပ်မက် အတွဲ (၂) အမှတ် (၃) မှာဖော်ပြခဲ့ဖူးတဲ့ ကျမမွန်းသက်ပန် ရဲ့ ဆောင်းပါးတခုကို ပြန်တင်ပေးထားချင်ပါတယ်။ ကိုလေး (ဆေး-၁) ဆိုတဲ့ အမည်နဲ့ရေးသားခဲ့တာဖြစ်ပါတယ်။


အပူပိုင်းဒေသရှိ အချို့သော အပင်များနှင့် အသီးအနှံများကိုစားသုံးခြင်းသည် လူတို့အား စိတ်ညစ်ညူးစေသော အဆိပ်သင့်ခြင်းမှစ၍ အသက်အန္တရာယ်ဖြစ်စေနိုင်သည့် အဆိပ်သင့်ခြင်းတို့အထိဖြစ်စေနိုင်ပေသည်။ အစားမတော် တလုတ် အသွားမတော်တလှမ်းဆိုသော စကားနှင့်အညီ ထိုအသီးအနှံများသည် ယျေဘူယျအားဖြင့် လူသားတို့အား ပြင်းထန်စွာဆိုးကျိုး မဖြစ်စေနိုင်သော်လည်း အခန့်မသင့်သော အခါတွင်ကား ယင်းတို့၏ဆိုးကျိုးများမှာ လူနေမှုဘ၀ကို အဟန့်အတား ဖြစ်စေပါသည်။

၎င်းတို့ထဲမှ အသီးတခုမှာ စားသုံးပြီးနာရီအနည်းငယ်အတွင်း အနံ့ဆိုးရွားစွာ ထွက်စေနိုင်သော်လည်း အချို့သောသူများ စွဲစွဲမြဲမြဲ နှစ်ချိုက်နေဆဲဖြစ်သော ဒညင်းသီးပင်ဖြစ်သည်။ အဆိုပါ ဒညင်းသီးကို သိပ္ပံနည်းကျ ခွဲခြားကြည့်မည်ဆိုပါလျှင် အောက်ပါ အတိုင်းခွဲခြားနိုင်မည်ဖြစ်သည်။


Kingdom: Plantae
Phylum: Magnoliophyta
Class: Magnoliopsida
Order: Fabales
Family: Fabaceae
Subfamily: Mimosoideae
Genus: Pithecellobium

ဒညင်းပင်များကို အရှေ့တောင် အာရှတွင်အများဆုံးတွေ့ရပြီး ဒညင်းသီးသည် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတောင်ပိုင်းများတွင် ခေတ်စားသော ရိုးရာ အစားအစာများထဲမှ တခု အဖြစ်ပါဝင်လျှက်ရှိသည်။ ဒညင်းသီးးကို ပြုတ်၍သော်လည်းကောင်း၊ ၀က်သားသို့မဟုတ် ကြက်သားများနှင့် တွဲဖက်ပြီး ချက်၍သော်လည်းကောင်း ၊ ခပ်စပ်စပ်ထောင်းထုထားသောဒညင်းသီးကို အုန်းနို့ နှင့် ရောကာ အချိုပွဲ အဖြစ်သော်လည်းကောင်း မီးဖုတ်ပြီး သို့မဟုတ် ဆားစိမ်ပြီးနောက် အတို့အမြှုတ်အဖြစ်သော်လည်းကောင်း အမျိုးမျိုး စားသုံးတတ်ကြပေသည်။ ဒညင်းသီးကို မိုးဦးကျစ အချိန်တွင် စပြီးတွေ့ရှိနိုင်သော်လည်း စက်တင်ဘာနှင့် ဖေဖော်ဝါရီ လကြားတွင် ပေါပေါများများတွေ့ရှိနိုင်ပေရာ အဆိပ်သင့်မှုနှုန်း မှာလည်း ထိုလများတွင် များပြား နေတတ်ပေသည်။

ဒညင်းသီးတွင် ပါဝင်သော 1-2% djenkolic acid သည့် ပုံမှန်အားဖြင့်လူသားတို့အား အနည်းငယ်မျှသာ အဆိပ်သင့်စေပေသည်။ djenkolic acid ဆိုသည်မှာ sulphur ပါသော amino acid တမျိုးဖြစ်ပြီး cystine ဟုခေါ်သော amino acid နှင့် အနည်းငယ်ဆင်တူပေသည်။

ဒညင်းသီးကို စားသုံးပြီးနာရီအနည်းငယ်အတွင်းတွင်ပင် ခံတွင်းနံ့၊ ဆီးအပါအ၀င် အခြား သော ခန္ဓာကိုယ်မှ ထွက်သော အရည်များထဲ၌် ယင်းမှ စွန့်ပစ်ပစ္စည်းဖြစ်သော sulfuric acid ၏ အာနိသင်များကြောင့် ဆိုးရွားသော အနံ့တမျိုးကို ရရှိနိုင်ပေသည်။ ယင်းအနံ့သည် အဆိပ်သင့်ခြင်းကြောင့် မဟုတ်သေးသော်လည်း အတိုင်းအတာတခုအထိ ပတ်ဝန်းကျင်အား ညစ်ညမ်းစေခြင်း၊ လူမှုဆက်ဆံရေးတွင် အဟန့်အတား ဖြစ်စေခြင်းတို့ကို ဖြစ်စေနိုင်ပေသည်။ djenkolic acid သည်ခန္ဓာကိုယ်ထဲတွင် ငrystal တမျိုးဖြစ်ပေါ် စေပြီး ယင်း crystal သည် ကျောက်ကပ်ပြွန်များထဲတွင် စုစည်းနေတတ်ကာ ပြွန်များကို ပိတ်စေနိုင်ပြီး ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို ထိခိုက်စေခြင်းဖြစ်သည်။ ဒညင်းသီးစားသုံးသော သူများထဲတွင် အခန့်မသင့်ပဲ ကျောက်ကပ်ထိခိုက်သူများမှာ djenkolic acid crystal (ပုံဆောင်ခဲ)များကြောင့် သို့မဟုတ် dejnkolic acid တွင်ပါဝင်သော အဆိပ်တမျိုးကြောင့် ဖြစ်နိုင်ပေသည်။

ထို့ကြောင့် ဒညင်းသီးစားသုံးပြီး အခန့်မသင့်သောအခါ တွင် မူးခြင်း၊ အန်ခြင်းမှ စ၍ ၀မ်းဗိုက်အောက်ပိုင်းနှင့် ဆီးစပ်တွင် အောင့်တတ်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးနည်းသွားခြင်း၊ ဆီးတွင် ပရိုတိန်းများပါခြင်း၊ သွေးပေါင်တက်ခြင်း၊ နှင့် အချို့သော သူများတွင် ရုတ်တရက် ကျောက်ကပ်ပျက်စီးခြင်းလက္ခဏာများအထိ တွေ့နိုင်ပေသည်။ ဒညင်းသီးကြောင့်ဖြစ်တတ်သော ဆိုးရွားစွာ ကျောက်ကပ်ပျက်စီးခြင်းမှာ အတော်အတန်ရှားပါးလှပြီး ၎င်း၏ဖြစ်စဉ်မှာ uric acid ကြောင့်ဖြစ်တတ်သော ကျောက်ကပ်ပျက်စီးမှုနှင့် အတော်ကိုဆင်တူပေသည်။

အချို့သောသူများတွင် ကိုယ်အပူချိန်အနည်းငယ်တက်ခြင်း၊ သွေးဖြူဥများခြင်းတို့ကိုပါ ပူးတွဲ တွေ့နိုင်ပါသည်။

ဆီးစစ်ကြည့်မည်ဆိုပါ က ဆီးထဲတွင် ပရိုတိန်း၊ ဆဲလ်များနှင့် သွေးနီဥများ အပ်နှင့်တူသောပုံဆောင်ခဲ crystal များကိုတွေ့ရမည်ဖြစ်သည်။ အဆိပ်သင့်သူ၏ ကျောက်ကပ်ကို တီဗွီဓတ်မှန်ရိုက်ကြည့်မည်ဆိုပါ လျှင် ကျောက်ကပ် အနည်းငယ်ကြီးနေသော လက္ခဏာများကိုတွေ့နိုင်ပေသည်။

ဝေဒနာပြင်းထန်သူများ၏ သွေးကိုစစ်ဆေးကြည့်မည်ဆိုပါလျှင် ကျောက်ကပ် မကောင်းသော လက္ခဏာများဖြစ်သည့် creatinine ပမာဏတက်နေတတ်သည်ကို တွေ့နိုင်ပေသည်။

အဆိပ်သင့်စေနိုင်သော ပမာဏ

လူတဦးတစ်ယောက်ချင်းစီပေါ်မူတည်ပြီး အဆိပ်သင့်မှု ပမာဏမှာ ကွာခြားနိုင်ပေသည်။ များသောအားဖြင့် ဒညင်းသီးအလုံး ၂၀ နှင့်အထက် စားသုံးပါလျှင် အဆိပ်သင့်နိုင်သောအလား အလာများစွာရှိပေသည်။ သို့သော်လည်း အချို့သောသူများတွင် ဒညင်းသီးတလုံးစားရုံမျှဖြင့် အဆိပ်သင့်နိုင်ကြောင်း တွေ့ရှိရပေသည်။

ကုသနည်း

အဆိပ်သင့်သောသူအများစုမှာ ရက်အနည်းငယ်အတွင်းတွင် ပြန်လည် ကောင်းမွန်လာနိုင်သော်လည်း ကျောက်ကပ် ပျက်စီးနိုင်သည့် လက္ခဏာရှိသူများအား ဆေးရုံတွင်းကုသမှုပေးရန် လိုအပ်ပေသည်။ ကုသနည်းမှာရောဂါလက္ခဏာများ သက်သာစေရန် လိုအပ်သောဆေးများပေးခြင်းသော်လည်းကောင်း၊ ဆီး၏ PH တွင် အက်ဆစ်များနေမှုကို လျော့ကျစေရန် NaHCO3 ဟုခေါ်သော ဆေးတမျိုး ကိုသွေးပြန်ကြောထဲသို့ ထိုးသွင်းပေးခြင်းဖြင့်လည်းကောင်း၊ ဆီးဆေးများ ကို လူတဦးစီအလိုက် ချင့်ချိန်၍ပေးခြင်းဖြင့် သော်လည်းကောင်း ကုသရပေသည်။ ရုတ်တရက် ကျောက်ကပ်ပျက်စီးသော လက္ခဏာရှိသူများအား အနီးကပ် အထူးကြပ်မတ်ကုသခြင်းများကို ပြုလုပ်ခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါသည်။

ထိုသို့ကုသခြင်းများဖြင့် မသက်သာနိုင်သော ဝေဒနာရှင်များအား ဆီးလမ်းကြောင်း အတွင်းသို့ ပြွန်ချောင်း ထည့်သွင်းကုသခြင်းများ ပြုလုပ်ရပါမည်။

ကာကွယ်နည်းများ

ဒညင်းသီးသည် အစိမ်းစားသုံးခြင်း ၊ ဒညင်းသီးစားသုံးသော ရက်များတွင် ရေအနည်းငယ်သာ သောက်သုံးဖြစ်ခြင်းများသည် အဆိပ်သင့်မှုကို ပိုမိုဆိုးရွားစေသခြင့် ယင်းအပြုအမူများ ကိုသတိပြူရှောင်ကျဉ်သင့်ပေသည်။

ထို့ကြောင့် ဒညင်းသီးကြောင့် ဖြစ်သော အဆိပ်သင့်ရောဂါ djenkolism သည်အချိန်မှီကုသနိုင်လျှင် ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်သည့် ရောဂါဖြစ်သော်လည်း ခံစားရခက်သော ရောဂါတမျိုးဖြစ်လေရာ ငွေကုန် လူပန်းမဖြစ်ရလေအောင် အဆိုပါ အသီးအား ချင့်ချိန်စားသုံးသင့်ပေသည်။

Reference

1. Wikepidea

2. Viroj Wiwanitkit. Renal failure due to djenkolism: an appraisal of previously reported Thai cases .Clin Exp Nephrol (2005) 9:343.

3. Wong JS et al. Acute Anuric Renal Failure Following Jering Bean Ingestion. ASIAN JOURNAL OF SURGERY VOL 30. NO 1. JANUARY 2007

.မွန်းသက်ပန် (ဆေး-၁)

Read More...