ဆေးလောကမှာ တူသလိုလိုနဲ့ ကွဲပြားတဲ့ ဝေါဟာရ နှစ်ခုရှိတယ်။ ကွဲပြားပေမဲ့ တွဲသွားတာနှစ်ခုလဲဖြစ်တယ်။
လူနာတဦးရဲ့ ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင် လုပ်ပေးချင်တာကို သနားစိတ် Sympathy လို့ ခေါ်မယ်။ လူနာတဦး ဖြစ်ပျက်ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို စာနာစိတ် Empathy လို့ ခေါ်ပါရစေ။
အဆက်အစပ် သဘောအရဆိုရင် Sympathy က နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ်ထားတဲ့ စိတ်သဘော ဖြစ်ပြီး၊ Empathy ကတော့ ဆွေးမျိုး၊ မိတ်သင်္ဂဟတွေအပေါ် ထားတာမျိုး၊ အသိဥာဏ်ကလာတဲ့ ပရဟိတသဘော ဖြစ်တယ်။
ဥပမာ ခင်ဗျားမှာ ဒီရောဂါဖြစ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူးဗျာလို့ ပြောတာ-ကိုယ်အမူအယာပြတာဟာ Empathy စိတ်။ ခင်ဗျားမှာ ဒီရောဂါဖြစ်နေရတာကို ကျွန်တော် ဒီလိုအကောင်းဆုံးလုပ်ပေးပါမယ်လို့ မပြောရင်တောင်မှ တကယ် လုပ်ပေးတာမျိုးက Sympathy စိတ်။
နှစ်မျိုးက တူပေမဲ့ ခြားနာပါတယ်။ Sympathy စိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ Empathy စိတ်က ထပ်တူထပ်မျှ ခံစားတဲ့သဘောဆောင်ပါတယ်။ Empathy စိတ်ဟာ နှစ်ဦးသားအကြား ပြောမပြကြပေမဲ့ တိုင်ပင်ဆုံးဖြတ် လုပ်ဆောင်ကြတာမှာ သွားတူနေတာမျိုးပါ။ လူနည်းစုလေးတခုမှာ ရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ Sympathy စိတ်က Empathy လို တဖက်သား အနားမှာရှိမှ ဖြစ်တတ်တာ မဟုတ်ပါ။
စိတ်နှစ်မျိုးဟာ ဆက်စပ်နေပြန်တယ်။ လူနာကို ကုသပေးတဲ့နယ်ပယ်မှာ မတူတဲ့ အကျိုးတွေ ရစေတယ်။ ဆရာဝန်က Empathy စိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး ဝေဒနာရဲ့ အမျိုးအစားနဲ့ အရည်အသွေး (ဘာရောဂါလဲ၊ ဘယ်လိုဆိုးသလဲ) ဆိုတာအပေါ် အာရုံထားပါမယ်။ Sympathy စိတ်နဲ့ကြည့်တဲ့ ဆရာဝန်ကတော့ လူနာရဲ့ ခံစားမှုနဲ့ အရည်အသွေး (ဘယ်လောက်အထိ ခံစားနေရသလဲ) ဆိုတာကို မျှဝေခံစားတာမျိုး။
(သိမြင်မှုဆိုင်ရာ သဘောဝ) cognitive nature အရ Empathy စိတ်လွန်ကဲခြင်းသည် လူနာ-ဆရာဆက်ဆံရေးမှာ အကျိုးများစေတယ်။ Empathy စိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ Sympathy ဟာ သက်ရောက်မှုသဘော ရှိတဲ့အတွက် သနားစိတ်လွန်ကဲခြင်းကြောင့် ဆရာဝန်ဟာ အလုပ်ကို ဆုံးဖြတ်-ဆောင်ရွက်ရာမယ် လိုအပ်ချက်တရပ်ဖြစ်တဲ့ ကြားနေမှုသဘော ပျက်ယွင်းသွားစေနိုင်တယ်။
တိတိကျကျ ပြောရရင် Empathy စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ Sympathy စိတ်များတာက (ဂ)ငယ်မျဉ်းလို အစပိုင်းများတာက (အကောင်းသဘော) အတက်ဆီ ဦးတည်ပြီး၊ နောက် ဆက်များလာတာနဲ့ အောက်ပြန် ဆင်းသွားတာမျိုး။
သက်ရောက်မှုနှင့် စိတ်လှုတ်ရှားမှုကို အခြေခံသော Empathy စိတ်၊ အသိတရားနှင့် နားလည်မှုကို အခြေခံသော Sympathy စိတ်လို့ဆိုနိုင်တယ်။ Empathy စိတ်သည် (သိမြင်မှုဆိုင်ရာသဘောဝ)ကို အခြေပြုတဲ့အတွက် မိမိအရည်အသွေး တိုးတက်လာမှု၊ အလုပ်အပေါ် အားရကျေနပ်မှု၊ ဆေးပညာဆိုင်ရာ အကျိုးရလဒ်ကောင်းမွန်မှု ဆိုသည်များ ရလာစေမယ်။ Sympathy စိတ်ကတော့ ပြောင်းပြန်အကျိုး ရစေနိုင်တယ်။
ဟောပြောပွဲတခုမှာ တယောက်က “ပြောသွားတဲ့ဘာသာရပ်ကို သူဘယ်လောက် ဂရုတစိုက်လေ့လာသလဲ empathetic study of the subject ဆိုတာ နားလည်နိုင်တယ်။” လို့ မှတ်ချက်ချမယ်။ နောက်တယောက်က “ငါတော့ သူဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင် မရှိတဲ့အပေါ် only sympathize သနားတောင်သနားသေး။”လို့ ပြောတာမျိုး။
အခြေအနေတခုမှာ Empathetic ဖြစ်ပေမဲ့ Sympathetic မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က သူ ဘာ့လို့ ဒီလိုဖြစ်သွားရတာပါလိမ့်လို့ စောကြော ဆန်းစစ်တာဟာ Empathetic ဖြစ်တာပါ။
မိမိလူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်ဖြစ်တဲ့စိတ်မျိုးက Empathetic ဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ Empathetic ရော၊ Sympathetic ရောဖြစ်တာ။
Empathetic ဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ Communications ကြွမ်းကျင်ပါမှ Empathy ကောင်းမယ်။ မတူတာ နောက်တခုကတော့ Sympathy စိတ်ဆိုတာကို မွေးယူ၊ သင်ပေးလို့မရပါ။ Empathy စိတ်ကိုတော့ သင်ယူ လေ့ကျင့်ပေးလို့ တိုးပွါးလာနိုင်ပါတယ်။
Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေဖြစ်ကြပြီး၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံး အကြုံးဝင်ကြပါတယ်။
၅-၉-၀၉
PS
စိတ်ပညာရှင်တွေအဆိုအရ စာနာစိတ်တခုတည်းဟာ (မိုတီဗေးရှင်း) ဖြစ်ဘို့ မလုံလောက်ဘူး၊ စိတ်ရဲ့အတွင်းက လာတဲ့ ဆန္ဒပါမှ ပြီးမြောက်တယ်လို့ ဆိုပါတယ်။ စိတ်ပညာရှင်တွေ ငြင်းကြတာလဲရှိပြန်တယ်။ အစဉ်အလာအယူအဆ Folk concepts အရ တစုံတရာကို လုပ်ဆောင်တာဟာ ဆန္ဒရှိရာကနေ ပြီးမြောက်အောင်လုပ်တာက စိတ်ရဲ့အလုပ်တဲ့။ Maze’s theory အရကတော့ ဒီလို ဖြစ်တာ-လုပ်တာက သဘာဝဘဲတဲ့။ ဦးနှောက်တနေရာမှာ လူတွေဟာ ငတ်တဲ့အခါ၊ ကိုယ့်ကိုယ်ကို ကာကွယ်တာ၊ လိင်စိတ်ဖြစ်တာ စတာတွေနဲ့ပတ်သက်တာတွေအတွက် အထိန်းနေရာ ရှိတယ်တဲ့။ (ကြိုက်မရှက်၊ ငတ်မရှက်၊ ကြောက်မရှက် ဆိုတာနဲ့ သွားတူမလားဘဲ။) ဘယ်ဆရာက ဘယ်လိုပြောပြော၊ ဘယ်စာက ဘယ်လိုရေးရေး Cognitive science ထဲက Emotion research ဟာ အနှစ် ၂၀ တောင်မရှိသေးဘူး။
၇-၉-၀၉
No comments:
Post a Comment